[Zawgyi]

ကမၻာ့စီးပြားေရးဖုိရမ္က ထုတ္ျပန္တဲ့ အက်န္းမာဆုံး (၅) ႏုိင္ငံ ဘာေတြလဲ

ကမၻာ့စီးပြားေရးဖုိရမ္ (World Economic Forum) က တစ္ကမၻာလုံးဆုိင္ရာအစီရင္ခံစာတစ္ခုကုိ ေအာက္တုိဘာလ (၁၆) ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။ အေျခခံအေဆာက္အအုံ၊ တီထြင္ဆန္းသစ္မႈနဲ႔ ႏုိင္ငံေတာ္ေငြေၾကးစတဲ့ အခ်က္အလက္ေတြကုိ အေျခခံၿပီး က်န္းမာေရးညႊန္းကိန္းေတြကုိ ထုတ္ျပန္ခဲ့ပါတယ္။ ထုတ္ျပန္ခဲ့တဲ့ က်န္းမာေရးညႊန္းကိန္းေတြကုိ အေျခခံၿပီး ကမၻာ့အက်န္းမာဆုံး (၅) ႏုိင္ငံကုိ ေဖာ္ျပပါမယ္။

(၅) ဆြစ္ဇာလန္ႏုိင္ငံ

ဆြစ္ဇာလန္ႏုိင္ငံသားေတြဟာ က်န္းမာေရးအာမခံလုပ္ထားၾကသလုိ အစုိးရေဆးရုံေတြက အခမဲ့က်န္းမာေရးပဲျဖစ္ပါတယ္။ လူဦးေရ ရွစ္သန္းေက်ာ္ပဲရွိတဲ့အတြက္ အေကာင္းဆုံးဝန္ေဆာင္မႈကုိ ရရွိၾကၿပီး လုပ္ခလစာလည္း ျမင့္မားၾကပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံရဲ႕ ပ်မ္းမ်ွသက္တမ္းဟာ ၇၁.၉ႏွစ္ပဲျဖစ္ပါတယ္။ ၂ဝ၁၈ခုႏွစ္မွာေတာ့ ဂ်ပန္၊ စပိန္၊ ေဟာင္ေကာင္နဲ႔ စကၤာပူႏုိင္ငံေတြဟာ ပထမေနရာမွာ ပူးတြဲရပ္တည္ေနပါတယ္။

(၁) ဂ်ပန္ႏုိင္ငံ

က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ပတ္သက္ရင္ ဂ်ပန္ႏုိင္ငံဟာ ပထမတန္းစားပါပဲ။

ဒါ့ေၾကာင့္ ဂ်ပန္ႏုိင္ငံသားေတြဟာ အသက္ရွည္ၾကတယ္။ ဂ်ပန္ႏုိင္ငံရဲ႕ ပ်မ္းမ်ွသက္တမ္းက ၇၃.၂ႏွစ္ပါပဲ။

(၁) ေဟာင္ေကာင္ႏုိင္ငံ

လူဦးေရ ၇.၃သန္းသာရွိေသးတ့ဲ ေဟာင္ေကာင္ႏုိင္ငံဟာ က်န္းမာေရးညႊန္းကိန္းမွာေတာ့ ထိပ္တန္းပါပဲ။ ၂ဝ၁၇ခုႏွစ္တည္းက နံပါတ္ (၁) ေနရာမွာ ရပ္တည္ေနခဲ့တာျဖစ္ၿပီး အမ်ိဳးသားေတြရဲ႕ ပ်မ္းမ်ွသက္တမ္းက ၈၁.၂၄ႏွစ္ျဖစ္ပါတယ္။

ေဟာင္ေကာင္ႏုိင္သူေတြက အသက္ရွည္ၾကၿပီး ပ်မ္းမ်ွသက္တမ္းက ၈၇.၃၂ႏွစ္ျဖစ္ပါတယ္။

(၁) စပိန္ႏုိင္ငံ

ျပည္တြင္းကုန္ထုတ္လုပ္မႈတန္ဖုိးရဲ႕ ၁ဝရာခုိ္င္ႏႈန္းကုိ က်န္းမာေရးက႑ေတြမွာ အသုံးျပဳတဲ့ႏုိင္ငံက စပိန္ႏုိင္ငံပါ။

စပိန္ႏုိင္ငံသားေတြက က်န္းမာၾကံ့ခုိင္ၾကၿပီး ပ်မ္းမ်ွသက္တမ္းက ၇၂.၆ႏွစ္ျဖစ္ပါတယ္။

(၁) စကၤာပူႏုိင္ငံ

အာရွက်ားလုိ႔ တင္စားၾကတဲ့ စကၤာပူႏုိင္ငံက ေဟာင္ေကာင္ႏုိင္ငံလုိပဲ ထိပ္ဆုံးစာရင္းဝင္ေနဆဲပါ။ လူဦးေရ ၅.၇သန္းသာရွိတဲ့အတြက္ ျပည္သူေတြရဲ႕ အက်ိဳးကုိ အေကာင္းဆုံးေထာက္ပံ့ေပးႏုိင္ပါတယ္။

ႏုိင္ငံေတာ္အစုိးရရဲ႕ စီမံခန္႔ခြဲပုံေကာင္းမြန္မႈေၾကာင့္ စကၤာပူဟာ ၿမိဳ႕ ျပႏုိင္ငံျဖစ္ေပမယ့္ က႑အသီးသီးမွာ ထိပ္ဆုံးက ရပ္တည္ေနတာျဖစ္ပါတယ္။

Source – Business Insider

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်တဲ့ အကျန်းမာဆုံး (၅) နိုင်ငံ ဘာတွေလဲ

ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) က တစ်ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာတစ်ခုကို အောက်တိုဘာလ (၁၆) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အခြေခံအဆောက်အအုံ၊ တီထွင်ဆန်းသစ်မှုနဲ့ နိုင်ငံတော်ငွေကြေးစတဲ့ အချက်အလက်တွေကို အခြေခံပြီး ကျန်းမာရေးညွှန်းကိန်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးညွှန်းကိန်းတွေကို အခြေခံပြီး ကမ္ဘာ့အကျန်းမာဆုံး (၅) နိုင်ငံကို ဖော်ပြပါမယ်။

(၅) ဆွစ်ဇာလန်နိုင်ငံ

ဆွစ်ဇာလန်နိုင်ငံသားတွေဟာ ကျန်းမာရေးအာမခံလုပ်ထားကြသလို အစိုးရဆေးရုံတွေက အခမဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။ လူဦးရေ ရှစ်သန်းကျော်ပဲရှိတဲ့အတွက် အကောင်းဆုံးဝန်ဆောင်မှုကို ရရှိကြပြီး လုပ်ခလစာလည်း မြင့်မားကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ပျမ်းမျှသက်တမ်းဟာ ၇၁.၉နှစ်ပဲဖြစ်ပါတယ်။ ၂ဝ၁၈ခုနှစ်မှာတော့ ဂျပန်၊ စပိန်၊ ဟောင်ကောင်နဲ့ စင်္ကာပူနိုင်ငံတွေဟာ ပထမနေရာမှာ ပူးတွဲရပ်တည်နေပါတယ်။

(၁) ဂျပန်နိုင်ငံ

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ရင် ဂျပန်နိုင်ငံဟာ ပထမတန်းစားပါပဲ။

ဒါ့ကြောင့် ဂျပန်နိုင်ငံသားတွေဟာ အသက်ရှည်ကြတယ်။ ဂျပန်နိုင်ငံရဲ့ ပျမ်းမျှသက်တမ်းက ၇၃.၂နှစ်ပါပဲ။

(၁) ဟောင်ကောင်နိုင်ငံ

လူဦးရေ ၇.၃သန်းသာရှိသေးတဲ့ ဟောင်ကောင်နိုင်ငံဟာ ကျန်းမာရေးညွှန်းကိန်းမှာတော့ ထိပ်တန်းပါပဲ။ ၂ဝ၁၇ခုနှစ်တည်းက နံပါတ် (၁) နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပြီး အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းက ၈၁.၂၄နှစ်ဖြစ်ပါတယ်။

ဟောင်ကောင်နိုင်သူတွေက အသက်ရှည်ကြပြီး ပျမ်းမျှသက်တမ်းက ၈၇.၃၂နှစ်ဖြစ်ပါတယ်။

(၁) စပိန်နိုင်ငံ

ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၁ဝရာခိုင်နှုန်းကို ကျန်းမာရေးကဏ္ဍတွေမှာ အသုံးပြုတဲ့နိုင်ငံက စပိန်နိုင်ငံပါ။

စပိန်နိုင်ငံသားတွေက ကျန်းမာကြံ့ခိုင်ကြပြီး ပျမ်းမျှသက်တမ်းက ၇၂.၆နှစ်ဖြစ်ပါတယ်။

(၁) စင်္ကာပူနိုင်ငံ

အာရှကျားလို့ တင်စားကြတဲ့ စင်္ကာပူနိုင်ငံက ဟောင်ကောင်နိုင်ငံလိုပဲ ထိပ်ဆုံးစာရင်းဝင်နေဆဲပါ။ လူဦးရေ ၅.၇သန်းသာရှိတဲ့အတွက် ပြည်သူတွေရဲ့ အကျိုးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ စီမံခန့်ခွဲပုံကောင်းမွန်မှုကြောင့် စင်္ကာပူဟာ မြို့ ပြနိုင်ငံဖြစ်ပေမယ့် ကဏ္ဍအသီးသီးမှာ ထိပ်ဆုံးက ရပ်တည်နေတာဖြစ်ပါတယ်။

Source – Business Insider

ကျော်စိုးအောင် (အခရာ)

www.akhayar.com