[Zawgyi]

ခ်န္ပီယံလိဂ္ဖလား မရဖူးခဲ့တဲ့ ဂႏၳ၀င္ကစားသမားမ်ား

တကယ္လုိ႔ ေဘာလုံးေလာကသာ ျပဇာတ္႐ုံႀကီးတစ္ခုသာဆုိရင္ ခ်န္ပီယံလိဂ္ဆုိတာက ကစားသမားတစ္ဦး အတြက္ အေကာင္းဆုံး တင္ဆက္ျပသခြင့္ရမယ့္ ဇာတ္ခုံလုိ႔ ဆုိရမလား။ ေဘာလုံးသမားတစ္ဦး ထိပ္သီးအသင္းေတြကုိ ေျပာင္းေရႊ႕ ကစားၾကတယ္ဆုိတာကလည္း ဥေရာပရဲ႕ ဂုဏ္သိကၡာအျမင့္မားဆုံး ခ်န္ပီယံလိဂ္ ဆုဖလား ကုိင္ေျမႇာက္ခြင့္ရဖုိ႔ပဲ မဟုတ္လား။ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဖလားကုိ ကုိင္ေျမႇာက္ခြင့္ ရခဲ့တဲ့ Finest Players ေတြက အမ်ားႀကီးပါပဲ။ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ မက္ဆီ Messi ၊ ဇာဗီ Xavi ၊ ေပါလ္စခုိးလ္ Paul Scholes စသျဖင့္ေပ့ါ။ ခ်န္ပီယံလိဂ္ဖလား ရယူဖူးမွ ဂႏၳ၀င္ျဖစ္မယ္ဆုိရင္ ဒီဖလားကုိ မရခဲ့ေပမယ့္ ဂႏၳ၀င္အျဖစ္ သတ္မွတ္ခံထားရတဲ့ ကစားသမားေတြအတြက္ မတရားဘူးလုိ႔ ဆုိရမယ္။ သူတို႔ေတြထဲမွာ ဒီဆုဖလား ရဖုိ႔ လက္တစ္ကမ္းအလုိမွ လက္လႊတ္ခဲ့ရသူ၊ တျခား ဆုဖလားေတြ အမ်ားႀကီးရခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ ဖလားတစ္လုံးသာ ကြက္လပ္ျဖစ္ခဲ့ရသူေတြ အမ်ားႀကီးပါပဲ။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္ဖလား မရခဲ့ဖူးတဲ့ ဂႏၳ၀င္ကစားသမားထဲက ပရိသတ္နဲ႔ ရင္းႏွီးၿပီးသား ကစားသမား (၅)ဦးကုိ ျပန္ေျပာင္း ေဖာ္ျပခ်င္ပါတယ္ . .

၅ . ေဖဘီယုိကင္နဗာ႐ုိ Fabio Cannavaro

Fabio-Cannavaro

Fabio-Cannavaro

ဒီ အီတလီဂႏၳ၀င္ႀကီးဟာ အမွတ္ေပးဖလားမ်ိဳးစုံ၊ Ballon d’Or ဆု ၊ ကမၻာ႔ဖလားလုိ ထိတ္ထိတ္ႀကဲ ဆုဖလားေတြ ရယူႏုိင္ခဲ့တယ္။ ဒါေပမဲ့ ကံဆုိးစြာနဲ႔ပဲ သူ႔ ကစားသမားဘ၀တစ္ေလွ်ာက္မွာ ခ်န္ပီယံလိဂ္ဖလားကုိ ကုိင္ေျမႇာက္ခြင့္ မရခဲ့ဘူး။ ပုိဆုိးတာက ကင္နဗာ႐ုိဟာ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြေတာင္ တစ္ခါမွ မေရာက္ဖူးဘဲ အျမင့္ဆုံးအဆင့္ဆုိလုိ႔ ၂၀၀၃ ခုႏွစ္က အင္တာမီလန္နဲ႔ ဆီမီးဖုိင္နယ္ ေရာက္ခဲ့ဖူးတာပါ။

ကင္နဗာ႐ုိရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Parma
UEFA Cup (1): 1998–99
Coppa Italia (2): 1998–99, 2001–02
Supercoppa Italiana (1): 1999

Real Madrid
La Liga (2): 2006–07, 2007–08

Italy
FIFA World Cup (1): 2006

၄.နစၥတယ္႐ြိဳင္း Nistelrooy

Nistelrooy

Nistelrooy

ခ်န္ပီယံလိဂ္ၿပိဳင္ပဲြရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴးေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ (၇၃)ပဲြမွာ (၅၆)ဂုိး သြင္းခ့ဲတဲ့ ဒတ္ခ်္၀ါရင့္တိုက္စစ္မွဴးႀကီး နစၥတယ္႐ြိဳင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြ တစ္ေလွ်ာက္ စတုတၳဂုိးသြင္း အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသူပါ။ ဒါေပမဲ့ သူ႔ရဲ႕ သြင္းဂုိးေတြ ၊ ဂုိးသြင္းစြမ္းရည္ေတြက ခ်န္ပီယံလိဂ္ဖလား ရယူဖုိ႔အတြက္ အေထာက္အကူ မျဖစ္ေစခဲ့ဘူး။ ကင္နဗာ႐ုိလုိပဲ နစၥတယ္႐ြိဳင္းလည္း ခ်န္ပီယံလိဂ္မွာ ဆီမီးဖုိင္နယ္အဆင့္ကုိ အျမင့္ဆုံးေရာက္ခဲ့ဖူးၿပီး ၂၀၀၂ ခုႏွစ္က မန္ယူအသင္းနဲ႔ ေရာက္ရွိခဲ့တာပဲျဖစ္ပါတယ္။

နစၥတယ္ရြိဳင္းရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

PSV
Eredivisie: 1999–2000, 2000–01
Johan Cruyff Shield: 1998

Manchester United
Premier League: 2002–03
FA Cup: 2003–04
Football League Cup: 2005–06
FA Community Shield: 2003

Real Madrid
La Liga: 2006–07, 2007–08
Supercopa de España: 2008

၃. ဘူဖြန္ Buffon

Buffon

Buffon

ဒီစာရင္းထဲမွာ ဘူဖြန္လုိ ကစားသမားမ်ိဳး ပါ၀င္ေနတာက တကယ့္ကုိ စိတ္မေကာင္းစရာပါပဲ။ စီးရီးေအ ခ်န္ပီယံ (၁၁)ႀကိမ္၊ ၂၀၀၆ ကမၻာ႔ဖလားခ်န္ပီယံ အီတလီဂုိးသမားႀကီးက ခ်န္ပီယံလိဂ္မွာေတာ့ က်႐ႈံးခဲ့ရတယ္။ ပုိ၀မ္းနည္းစရာေကာင္းတာက ၂၀၁၄-၁၅၊ ၂၀၁၆-၁၇ (၂)ႀကိမ္တိုင္တိုင္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြ ကစားခြင့္ရခဲ့ေပမယ့္ ဘာစီလုိနာ၊ ရီးယဲလ္တို႔ကုိ ႐ႈံးနိမ့္ခဲ့လုိ႔ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ အေကာင္းဆုံး အ႐ႈံးသမားဆုိတဲ့ ဂုဏ္ပုဒ္ကုိ မပုိင္ဆုိင္ရဖုိ႔အတြက္ ဒီရာသီမွာ PSG အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏုိင္ဖုိ႔က ဘူဖြန္အတြက္ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ ျဖစ္လာပါၿပီ။

ဘူဖြန္ရဲ႕ ကစားသမားဘ၀ ေအာငျ္မင္မႈမ်ား

Parma
Coppa Italia: 1998–99
Supercoppa Italiana: 1999
UEFA Cup: 1998–99

Juventus
Serie A: 2001–02, 2002–03, 2004–05,[nb 10] 2005–06,[nb 10] 2011–12, 2012–13, 2013–14, 2014–15, 2015–16, 2016–17, 2017–18
Serie B: 2006–07
Coppa Italia: 2014–15, 2015–16, 2016–17, 2017–18
Supercoppa Italiana: 2002, 2003, 2012, 2013, 2015

Paris Saint-Germain
Trophée des Champions: 2018[282]

International
Italy
FIFA World Cup: 2006

၂.အီဘရာဟီမုိဗစ္ Ibrahimovic

Ibrahimovic

Ibrahimovic

အီဘရာဟီမုိဗစ္ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ မတူညီတဲ့ ကလပ္အသင္း(၇)သင္းနဲ႔ ပါ၀င္ဆင္ႏႊဲခဲ့ဖူးေပမယ့္ တစ္ခါမွ ခ်န္ပီယံ မျဖစ္ခဲ့တာက အံ့ၾသစရာပါပဲ။ အီဘရာဟီမုိဗစ္အတြက္ ခ်န္ပီယံလိဂ္ဖလားက လုံး၀ ကံမစပ္ဘူးလုိ႔ ဆုိရမယ္။ အီဘရာဟီမုိဗစ္ရဲ႕ ကစားသမားဘ၀မွာ PSG ကလဲြၿပီး သူ ကစားခဲ့ဖူးတဲ့ ေအဂ်က္စ္၊ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္၊ ဘာစီလုိနာ၊ ေအစီမီလန္၊ မန္ယူအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ဖလား ရခဲ့ဖူးတဲ့ အသင္းျဖစ္ပါတယ္။ အီဘရာဟီမုိဗစ္ဟာ ခ်န္ပီယံလိဂ္နဲ႔ ဘယ္ေလာက္အထိ ကံမစပ္သလဲဆုိရင္၊ ၂၀၀၉-၁၀ ရာသီမွာ အင္တာမီလန္ဗုိလ္စဲြေတာ့ အဲဒီရာသီမစခင္မွာ ဘာစီလုိနာကုိ ေျပာင္းခဲ့တယ္။ ၂၀၁၀-၁၁ ရာသီမွာ ဘာစီလုိနာအသင္း ခ်န္ပီယံလိဂ္ဖလားရခ့ဲေတာ့လည္း အီဘရာဟီမုိဗစ္က ေအစီမီလန္အသင္းမွာ အငွားသြားကစားေနခ်ိန္ျဖစ္ပါတယ္။

အီဘရာဟီမုိဗစ္ရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား
Ajax
Eredivisie: 2001–02, 2003–04
KNVB Cup: 2001–02
Johan Cruyff Shield: 2002

Inter Milan
Serie A: 2006–07, 2007–08, 2008–09
Supercoppa Italiana: 2006, 2008

Barcelona
La Liga: 2009–10
Supercopa de España: 2009, 2010
UEFA Super Cup: 2009
FIFA Club World Cup: 2009

A.C. Milan
Serie A: 2010–11
Supercoppa Italiana: 2011

Paris Saint-Germain
Ligue 1: 2012–13, 2013–14, 2014–15, 2015–16
Coupe de France: 2014–15, 2015–16
Coupe de la Ligue: 2013–14, 2014–15, 2015–16
Trophée des Champions: 2013, 2014, 2015

Manchester United
EFL Cup: 2016–17
UEFA Europa League: 2016–17[334]
FA Community Shield: 2016

၁.ေရာ္နယ္လ္ဒုိ Ronaldo

Ronaldo

Ronaldo

“ဒုိႀကီး”လုိ႔ ျမန္မာပရိသတ္ေတြ ခ်စ္စႏုိးေခၚၾကတဲ့ ဘရာဇီးလ္ တိုက္စစ္မွဴးႀကီး ေရာ္နယ္လ္ဒုိ ခ်န္ပီယံလိဂ္ ဖလား မရဖူးတာက ေဘာလုံးေလာကအတြက္ တကယ့္ကုိ Great Loss ပါပဲ။ Ballon d’Or (၂)ႀကိမ္၊ ဖီဖာ ကမၻာ႔အေကာင္းဆုံးကစားသမားဆု ရရွိခဲ့သူ ေရာ္နယ္လ္ဒုိကလည္း အီဘရာဟီမုိဗစ္လုိ ခ်န္ပီယံလိဂ္ ဖလားနဲ႔ ကံမစပ္ခဲ့ဘူး။ ၂၀၀၆-၀၇ ရာသီ၀က္မွာ ေအစီမီလန္အသင္းဆီ ေရာက္ခဲ့ၿပီး အဲဒီႏွစ္မွာ ေအစီမီလန္အသင္း ခ်န္ပီယံလိဂ္ဖလား ရခဲ့ေပမယ့္ ေရာ္နယ္လ္ဒုိဟာ ရီးယဲလ္နဲ႔ Cup Tie မိခဲ့လုိ႔ ခ်န္ပီယံလိဂ္မွာ ပါ၀င္ကစားခြင့္ မရခဲ့ပါဘူး။

ေရာ္နယ္္လ္ဒုိရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Cruzeiro
Campeonato Mineiro: 1994
Copa do Brasil: 1993

PSV Eindhoven
KNVB Cup: 1996
Johan Cruijff-schaal: 1996

Barcelona
Copa del Rey: 1997
UEFA Cup Winners’ Cup: 1997
Supercopa de España: 1996

Inter Milan
UEFA Cup: 1998

Real Madrid
La Liga (2): 2002–03, 2006–07
Intercontinental Cup: 2002
Supercopa de España: 2003

Corinthians
Campeonato Paulista: 2009
Copa do Brasil: 2009

ခ်န္ပီယံလိဂ္ဖလားဆုိတာက နတ္ႀကီးတယ္ဆုိတာ ဒီကစားသမားေတြကုိ ၾကည့္ရင္ ပရိသတ္ေတြ နားလည္ၾကမွာပါ။ ဒီကစားသမားေတြဟာ ခ်န္ပီယံလိဂ္ဖလား မရခဲ့ဖူးေပမယ့္ ေဘာလုံးေလာကရဲ႕ ဂႏၳ၀င္စာရင္းမွာ မပါမျဖစ္ ထည့္သြင္းရမယ့္သူေတြပဲ ျဖစ္ပါေတာ့တယ္ . . .

REF:sportskeeda
Photo:Eurosport,Zimbio,AS,SPORTbible,YouTube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဖလား မရဖူးခဲ့တဲ့ ဂန္ထဝင်ကစားသမားများ

တကယ်လို့ ဘောလုံးလောကသာ ပြဇာတ်ရုံကြီးတစ်ခုသာဆိုရင် ချန်ပီယံလိဂ်ဆိုတာက ကစားသမားတစ်ဦး အတွက် အကောင်းဆုံး တင်ဆက်ပြသခွင့်ရမယ့် ဇာတ်ခုံလို့ ဆိုရမလား။ ဘောလုံးသမားတစ်ဦး ထိပ်သီးအသင်းတွေကို ပြောင်းရွှေ့ ကစားကြတယ်ဆိုတာကလည်း ဥရောပရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး ချန်ပီယံလိဂ် ဆုဖလား ကိုင်မြှောက်ခွင့်ရဖို့ပဲ မဟုတ်လား။ ဘောလုံးသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရခဲ့တဲ့ Finest Players တွေက အများကြီးပါပဲ။ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Messi ၊ ဇာဗီ Xavi ၊ ပေါလ်စခိုးလ် Paul Scholes စသဖြင့်ပေ့ါ။ ချန်ပီယံလိဂ်ဖလား ရယူဖူးမှ ဂန္ထဝင်ဖြစ်မယ်ဆိုရင် ဒီဖလားကို မရခဲ့ပေမယ့် ဂန္ထဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမားတွေအတွက် မတရားဘူးလို့ ဆိုရမယ်။ သူတို့တွေထဲမှာ ဒီဆုဖလား ရဖို့ လက်တစ်ကမ်းအလိုမှ လက်လွှတ်ခဲ့ရသူ၊ တခြား ဆုဖလားတွေ အများကြီးရခဲ့ပေမယ့် ချန်ပီယံလိဂ် ဖလားတစ်လုံးသာ ကွက်လပ်ဖြစ်ခဲ့ရသူတွေ အများကြီးပါပဲ။ ဒါကြောင့် ချန်ပီယံလိဂ်ဖလား မရခဲ့ဖူးတဲ့ ဂန္ထဝင်ကစားသမားထဲက ပရိသတ်နဲ့ ရင်းနှီးပြီးသား ကစားသမား (၅)ဦးကို ပြန်ပြောင်း ဖော်ပြချင်ပါတယ် . .

၅ . ဖေဘီယိုကင်နဗာရို Fabio Cannavaro

Fabio-Cannavaro

Fabio-Cannavaro

ဒီ အီတလီဂန္ထဝင်ကြီးဟာ အမှတ်ပေးဖလားမျိုးစုံ၊ Ballon d’Or ဆု ၊ ကမ္ဘာ့ဖလားလို ထိတ်ထိတ်ကြဲ ဆုဖလားတွေ ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူ့ ကစားသမားဘဝတစ်လျှောက်မှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့် မရခဲ့ဘူး။ ပိုဆိုးတာက ကင်နဗာရိုဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတောင် တစ်ခါမှ မရောက်ဖူးဘဲ အမြင့်ဆုံးအဆင့်ဆိုလို့ ၂၀၀၃ ခုနှစ်က အင်တာမီလန်နဲ့ ဆီမီးဖိုင်နယ် ရောက်ခဲ့ဖူးတာပါ။

ကင်နဗာရိုရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

Parma
UEFA Cup (1): 1998–99
Coppa Italia (2): 1998–99, 2001–02
Supercoppa Italiana (1): 1999

Real Madrid
La Liga (2): 2006–07, 2007–08

Italy
FIFA World Cup (1): 2006

၄.နစ္စတယ်ရွိုင်း Nistelrooy

Nistelrooy

Nistelrooy

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂန္ထဝင်တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ချန်ပီယံလိဂ် (၇၃)ပွဲမှာ (၅၆)ဂိုး သွင်းခဲ့တဲ့ ဒတ်ချ်ဝါရင့်တိုက်စစ်မှူးကြီး နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်လျှောက် စတုတ္ထဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေသူပါ။ ဒါပေမဲ့ သူ့ရဲ့ သွင်းဂိုးတွေ ၊ ဂိုးသွင်းစွမ်းရည်တွေက ချန်ပီယံလိဂ်ဖလား ရယူဖို့အတွက် အထောက်အကူ မဖြစ်စေခဲ့ဘူး။ ကင်နဗာရိုလိုပဲ နစ္စတယ်ရွိုင်းလည်း ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို အမြင့်ဆုံးရောက်ခဲ့ဖူးပြီး ၂၀၀၂ ခုနှစ်က မန်ယူအသင်းနဲ့ ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

PSV
Eredivisie: 1999–2000, 2000–01
Johan Cruyff Shield: 1998

Manchester United
Premier League: 2002–03
FA Cup: 2003–04
Football League Cup: 2005–06
FA Community Shield: 2003

Real Madrid
La Liga: 2006–07, 2007–08
Supercopa de España: 2008

၃. ဘူဖွန် Buffon

Buffon

Buffon

ဒီစာရင်းထဲမှာ ဘူဖွန်လို ကစားသမားမျိုး ပါဝင်နေတာက တကယ့်ကို စိတ်မကောင်းစရာပါပဲ။ စီးရီးအေ ချန်ပီယံ (၁၁)ကြိမ်၊ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီဂိုးသမားကြီးက ချန်ပီယံလိဂ်မှာတော့ ကျရှုံးခဲ့ရတယ်။ ပိုဝမ်းနည်းစရာကောင်းတာက ၂၀၁၄-၁၅၊ ၂၀၁၆-၁၇ (၂)ကြိမ်တိုင်တိုင် ဂျူဗင်တပ်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခွင့်ရခဲ့ပေမယ့် ဘာစီလိုနာ၊ ရီးယဲလ်တို့ကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်ကို မပိုင်ဆိုင်ရဖို့အတွက် ဒီရာသီမှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့က ဘူဖွန်အတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာပါပြီ။

ဘူဖွန်ရဲ့ ကစားသမားဘ၀ အောြင်မင်မှုများ

Parma
Coppa Italia: 1998–99
Supercoppa Italiana: 1999
UEFA Cup: 1998–99

Juventus
Serie A: 2001–02, 2002–03, 2004–05,[nb 10] 2005–06,[nb 10] 2011–12, 2012–13, 2013–14, 2014–15, 2015–16, 2016–17, 2017–18
Serie B: 2006–07
Coppa Italia: 2014–15, 2015–16, 2016–17, 2017–18
Supercoppa Italiana: 2002, 2003, 2012, 2013, 2015

Paris Saint-Germain
Trophée des Champions: 2018[282]

International
Italy
FIFA World Cup: 2006

၂.အီဘရာဟီမိုဗစ် Ibrahimovic

Ibrahimovic

Ibrahimovic

အီဘရာဟီမိုဗစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ ကလပ်အသင်း(၇)သင်းနဲ့ ပါဝင်ဆင်နွှဲခဲ့ဖူးပေမယ့် တစ်ခါမှ ချန်ပီယံ မဖြစ်ခဲ့တာက အံ့သြစရာပါပဲ။ အီဘရာဟီမိုဗစ်အတွက် ချန်ပီယံလိဂ်ဖလားက လုံး၀ ကံမစပ်ဘူးလို့ ဆိုရမယ်။ အီဘရာဟီမိုဗစ်ရဲ့ ကစားသမားဘဝမှာ PSG ကလွဲပြီး သူ ကစားခဲ့ဖူးတဲ့ အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ မန်ယူအသင်းတို့ဟာ ချန်ပီယံလိဂ်ဖလား ရခဲ့ဖူးတဲ့ အသင်းဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ချန်ပီယံလိဂ်နဲ့ ဘယ်လောက်အထိ ကံမစပ်သလဲဆိုရင်၊ ၂၀၀၉-၁၀ ရာသီမှာ အင်တာမီလန်ဗိုလ်စွဲတော့ အဲဒီရာသီမစခင်မှာ ဘာစီလိုနာကို ပြောင်းခဲ့တယ်။ ၂၀၁၀-၁၁ ရာသီမှာ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားရခဲ့တော့လည်း အီဘရာဟီမိုဗစ်က အေစီမီလန်အသင်းမှာ အငှားသွားကစားနေချိန်ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ရဲ့ ကစားသမားဘဝ အောင်မြင်မှုများ
Ajax
Eredivisie: 2001–02, 2003–04
KNVB Cup: 2001–02
Johan Cruyff Shield: 2002

Inter Milan
Serie A: 2006–07, 2007–08, 2008–09
Supercoppa Italiana: 2006, 2008

Barcelona
La Liga: 2009–10
Supercopa de España: 2009, 2010
UEFA Super Cup: 2009
FIFA Club World Cup: 2009

A.C. Milan
Serie A: 2010–11
Supercoppa Italiana: 2011

Paris Saint-Germain
Ligue 1: 2012–13, 2013–14, 2014–15, 2015–16
Coupe de France: 2014–15, 2015–16
Coupe de la Ligue: 2013–14, 2014–15, 2015–16
Trophée des Champions: 2013, 2014, 2015

Manchester United
EFL Cup: 2016–17
UEFA Europa League: 2016–17[334]
FA Community Shield: 2016

၁.ရော်နယ်လ်ဒို Ronaldo

Ronaldo

Ronaldo

“ဒိုကြီး”လို့ မြန်မာပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ဘရာဇီးလ် တိုက်စစ်မှူးကြီး ရော်နယ်လ်ဒို ချန်ပီယံလိဂ် ဖလား မရဖူးတာက ဘောလုံးလောကအတွက် တကယ့်ကို Great Loss ပါပဲ။ Ballon d’Or (၂)ကြိမ်၊ ဖီဖာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူ ရော်နယ်လ်ဒိုကလည်း အီဘရာဟီမိုဗစ်လို ချန်ပီယံလိဂ် ဖလားနဲ့ ကံမစပ်ခဲ့ဘူး။ ၂၀၀၆-၀၇ ရာသီဝက်မှာ အေစီမီလန်အသင်းဆီ ရောက်ခဲ့ပြီး အဲဒီနှစ်မှာ အေစီမီလန်အသင်း ချန်ပီယံလိဂ်ဖလား ရခဲ့ပေမယ့် ရော်နယ်လ်ဒိုဟာ ရီးယဲလ်နဲ့ Cup Tie မိခဲ့လို့ ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။

ရော်နယ်လ်ဒိုရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

Cruzeiro
Campeonato Mineiro: 1994
Copa do Brasil: 1993

PSV Eindhoven
KNVB Cup: 1996
Johan Cruijff-schaal: 1996

Barcelona
Copa del Rey: 1997
UEFA Cup Winners’ Cup: 1997
Supercopa de España: 1996

Inter Milan
UEFA Cup: 1998

Real Madrid
La Liga (2): 2002–03, 2006–07
Intercontinental Cup: 2002
Supercopa de España: 2003

Corinthians
Campeonato Paulista: 2009
Copa do Brasil: 2009

ချန်ပီယံလိဂ်ဖလားဆိုတာက နတ်ကြီးတယ်ဆိုတာ ဒီကစားသမားတွေကို ကြည့်ရင် ပရိသတ်တွေ နားလည်ကြမှာပါ။ ဒီကစားသမားတွေဟာ ချန်ပီယံလိဂ်ဖလား မရခဲ့ဖူးပေမယ့် ဘောလုံးလောကရဲ့ ဂန္ထဝင်စာရင်းမှာ မပါမဖြစ် ထည့်သွင်းရမယ့်သူတွေပဲ ဖြစ်ပါတော့တယ် . . .

REF:sportskeeda
Photo:Eurosport,Zimbio,AS,SPORTbible,YouTube
Naing Linn(Akhayar)
www.akhayar.com