ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် Clean Sheets အများဆုံးရရှိထားကြတဲ့ ဂိုးသမားများ

ဘောလုံးအသင်းတစ်သင်းမှာ ဂိုးသမားတစ်ယောက်ရဲ့ လက်စွမ်းကောင်းတွေဟာ အသင်းအတွက် ရမှတ်ပေါင်းများစွာကို ယူဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း မော်ဒန်ဘောလုံးလောကမှာ ဂိုးသမားတစ်ဦးကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတွေပေးပြီး ခေါ်ယူနေကြတာပါ။ ဒီနေရာမှာ ဖော်ပြပေးချင်တာကတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် Clean Sheets အများဆုံးရရှိထားကြတဲ့ ဂိုးသမားတွေပဲဖြစ်ပါတယ်။ ဒီဂိုးသမားတွေထဲမှာ ပရိသတ်သိပေမယ့် ထင်သလောက်နာမည်ကျော်ကြားခြင်းမရှိတဲ့ ဂိုးသမားတွေဟာလည်း ပါဝင်နေပါတယ်။

(၅) မာတင် Martyn

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသမားဟောင်း မာတင် Martyn ဟာလည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် clean sheets အများဆုံးရရှိထားကြတဲ့ ဂိုးသမားတွေထဲက တစ်ဦးပဲဖြစ်ပါတယ်။ မာတင် ဟာ ခရစ္စတယ်ပဲလေ့စ် ၊ လိဒ်စ် နဲ့ အဲဗာတန်အသင်းတွေမှာ ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ Clean Sheets (၁၃၇)ပွဲရရှိခဲ့ပါတယ်။

(၄) ဒေးဗစ်ဆီးမင်း David Seaman

အာဆင်နယ်အသင်းရဲ့ နာမည်ကျော် အင်္ဂလန်လက်ရွေးစင် ဂိုးသမားကြီး ဒေးဗစ်ဆီးမင်း David Seaman ဟာလည်း အာဆင်နယ် ၊ မန်စီးတီးအသင်းတွေနဲ့ အတူ ပရီးမီးယားလိဂ်ကစားသမားဘ၀ကို ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း(၁၄၄)ပွဲ Clean Sheets ရရှိခဲ့ပါတယ်။

(၃) ရှဝါဇာ Schwarzer

ဒီစာရင်းမှာ ရှဝါဇာ Schwarzer ပါနေတာ အနည်းငယ်ထူးဆန်းတယ်လို့ တွေးနေမိကြမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရှဝါဇာ ကသူ့ရဲ့ ကစားသမားဘ၀ကို ပရီးမီးယားလိဂ် အလယ်အလတ်အသင်းတွေနဲ့ အတူ ဖြတ်သန်းခဲ့လို့ပါပဲ။ ရှဝါဇာ ဟာ မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ် ၊ ချယ်လ်ဆီး နဲ့ လက်စတာအသင်းတွေမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပွဲပေါင်း(၁၅၃)ပွဲ Clean Sheets ရရှိခဲ့ပါတယ်။

(၂) ဒေးဗစ်ဂျိမ်းစ် David James

အမှားအယွင်းတွေကို မကြာခဏလုပ်တတ်ပြီး ကောင်းပြီဆိုရင်လည်း ဘယ်သူမှလိုက်မမီအောင် ကောင်းတတ်တဲ့ ဂိုးသမား ဒေးဗစ်ဂျိမ်းစ် David James ဟာ လီဗာပူးလ် ၊ ဗီလာ ၊ ၀က်စ်ဟမ်း ၊ မန်စီးတီး နဲ့ ပို့မောက်စ်အသင်းတွေနဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့သူဖြစ်ပြီး Clean Sheets (၁၇၂)ပွဲရရှိခဲ့ပါတယ်။

(၁) ပီတာချက် Petr Cech

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် Clean Sheets အများဆုံးရရှိထားတဲ့ ဂိုးသမားကတော့ ဒီနှစ်ဘောလုံးရာသီကုန်မှာ ကစားသမားဘ၀ကနေ အနားယူတော့မှာဖြစ်တဲ့ အာဆင်နယ်ဂိုးသမား ပီတာချက် Petr Cech ပဲဖြစ်ပါတယ်။ ပီတာချက် ရဲ့ ချယ်လ်ဆီးကစားသမားဘ၀ဟာ သူ့အတွက်အကောင်းဆုံးအချိန်တွေဖြစ်သလို အောင်မြင်မှုတွေလည်း အများကြီးရရှိခဲ့ပါတယ်။ ပီတာချက် ဟာ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း(၂၀၇)ပွဲ Clean Sheets ရရှိထားပါတယ်။

Ref: Sportskeeda
Photo: Liverpool Echo , Independent , The Telegraph , Pain in the Arsenal
Ko Kyue(Akhayar)
www.akhayar.com