[Zawgyi]

ကိုရီးယားမေလးေတြ ပိန္သြယ္သြယ္ေလးနဲ႔ လွဖုိ႔ ဒီလိုစားၾကတယ္ဆိုပဲ

ပိန္တဲ႔သူေတြက ဝခ်င္ၾကၿပီး ဝတဲ႔သူေတြက ပိန္ခ်င္ၾကတာ သဘာဝပါပဲ။ ပိန္တဲ့သူေတြက ဝခ်င္လို႔ ဝတဲ႔သူေတြကဆီကေန နည္းလမ္းေကာင္းေတြ ေတာင္းတတ္ၾကသလို ဝတဲ႔သူေတြကလည္း ပိန္တဲ႔သူေတြဆီကေန ဘယ္လိုပိန္သြယ္ေအာင္ေနထိုင္ၾကရမလဲဆိုၿပီး နည္းလမ္းေကာင္းေတြ ေတာင္းတတ္ၾကပါတယ္။ ဒါေပမယ္႔ ခုေနာက္ပိုင္း ေခတ္ေရစီးေၾကာင္းအရ ကိုရီးယားမေလးေတြလုိ ပိန္ပိန္ပါးပါး Slim Body နဲ႔ Flat ေလးေတြျဖစ္ဖို႔က မိန္းကေလးေတြတုိင္း ေတာင့္တၾကတဲ႔ စိတ္ကူးေလးပါပဲ။ ဒါေၾကာင့္ အဲဒီလို ခႏၶာကုိယ္ေလးရေစဖို႔ က်စ္လစ္ပိန္သြယ္တဲ႔သူေတြသာ စားေလ့စားထရွိတဲ႔ အစားအစာေတြကို ဝကစ္ေလးေတြနဲ႔ ခႏၶာကိုယ္ျပည့္ျပည့္ၿဖိဳးၿဖိဳးေလးေတြျဖစ္ေနလို႔ စိတ္ညစ္ေနတဲ႔သူေတြ စားၾကည္႔ႏိုင္ေအာင္ မွ်ေဝေပးလုိက္တယ္ေနာ္။

(၁) ႏုိ႔နဲ႔ႏို႔ထြက္ပစၥည္းမ်ား

Harvard တကၠသိုလ္၊ Case Western Reserve တကၠသိုလ္နဲ႔ Brown တကၠသိုလ္တို႔မွ သုေတသနျပဳလုပ္သူေတြက အရြယ္ေရာက္ၿပီးသားလူေပါင္း ၇,၀၀၀ ေက်ာ္ကို စားေသာက္ေနထုိင္မႈ ပံုစံနဲ႔ပတ္သက္ၿပီး ေလ့လာစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ရာကေန ေတြ႔ရွွိခဲ႔တာကေတာ့ အဆီထုတ္ထားတဲ့ ႏို႔ထြက္ပစၥည္းေတြနဲ႔ အဆီနည္းတဲ႔ ႏို႔ထြက္ပစၥည္းေတြကို တစ္ေန႔ႏွစ္ႀကိမ္ စားသံုးတဲ႔ ၃၇ ရာခုိင္ႏႈန္းေသာ လူေတြဟာ အဝလြန္တဲ႔ လကၡဏာေတြ ျဖစ္လာပါတယ္။ ႏုိ႔နဲ႔ ဒိန္ခ်ဥ္ထဲက ျမင္႔မားတဲ႔ ကယ္လ္ဆီယမ္ဓာတ္က Fat Metabolism ေတြကို ထိန္းညိွေပးၿပီး အဆီေတြကို ခႏၶာကိုယ္ကေန မ်ားမ်ားစြန္႔ထုတ္ႏိုင္ဖို႔အတြက္ ကူညီေပးပါတယ္။ ယခင္ေလ့လာမႈေတြအရလည္း ႏို႔ထြက္ပစၥည္းေတြ မ်ားမ်ားစားသံုးျခင္းက ဗိုက္အဆီေတြကို ေလ်ာ့က်ေစပါတယ္။ ပိန္သြယ္တဲ့ အမ်ဳိးသမီးေတြကုိ ေမးလိုက္ရင္လည္း ႏို႔ကို မေသာက္ဘဲ မေနႏိုင္ဘူးဆိုၿပီး ေျဖၾကားထားတာကိုလည္း ေတြ႔ရပါတယ္။ ဒါေၾကာင့္မို႔ သူတို႔က ပိန္ပိန္သြယ္သြယ္ေလးနဲ႔ အရပ္ေတြလည္း ရွည္ေနရတာ ျဖစ္ပါတယ္။

(၂) ေထာပတ္သီး

ေထာပတ္သီးက အဆီမ်ားတဲ႔ အစားအစာလို႔ထင္ၿပီး လူေတာ္ေတာ္မ်ားမ်ားက ေရွာင္ရွားၾကပါတယ္။ Nutrition Journal ေတြရဲ႕ ေတြ႕ရွိခ်က္အရ ေန႔လည္စာကို ေထာပတ္သီးတစ္ျခမ္း စားေပးျခင္းျဖင္႔ အခ်ိန္ေတာ္ေတာ္ၾကာၾကာ အဆာခံေစၿပီး ေနာက္ထပ္ ဘာမွထပ္ၿပီး မစားခ်င္ေလာက္ေအာင္ ဗိုက္ျပည္႔ေနေစပါတယ္။ ဒါ့အျပင္ ေထာပတ္သီးမွာ ပါဝင္တဲ႔ Monounsaturated Fats က ေသြးတြင္း သၾကားဓာတ္ကို တည္ၿငိမ္ေစၿပီး အဆာခံႏိုင္ေအာင္ အဓိက ကူညီေပးတဲ႔ အရာျဖစ္ပါတယ္။ ဒါေၾကာင္႔မို႔လည္း ပိန္သြယ္တဲ႔ မိန္းကေလးေတြဟာ ေထာပတ္သီးနဲ႔ ေထာပတ္္သီး ေဖ်ာ္ရည္တို႔ကို ေသာက္ေလ့ေသာက္ထ ရွိၾကတာ ျဖစ္ပါတယ္။

Avocado

Avocado

(၃) ငရုတ္သီး

ပိန္တဲ႔လူေတြ အစပ္အရမ္းႀကိဳက္တယ္လို႔ မေျပာခ်င္ေပမယ္႔လည္း အစပ္အရမ္းႀကိဳက္တဲ႔သူေတြက ပိန္ပိန္ေလးေတြ ျဖစ္ေနတာ ေတြ႔ရပါတယ္။ ဒါ့အျပင္ Purdue တကၠသိုလ္မွ သိပၸံပညာရွင္မ်ားက အစားအစာေတြထဲမွာ Cayenne Red Pepper လို႔ေခၚတဲ႔ ငရုတ္သီးကို အစားအစာေတြထဲမွာ ထည္႔ၿပီးစားတဲ့အခါ အဆီမ်ားတာေတြ၊ငန္တာေတြနဲ႔ ခ်ဳိလြန္းတာေတြ စားခ်င္စိတ္ မရွိေတာ့တာကို ေတြ႔ရပါတယ္။ ေနာက္ထပ္ေလ့လာမႈေတြအရလည္း ငရုတ္သီးမွာပါဝင္တဲ့ Capsaicin က ဇီဝကမၼျဖစ္စဥ္ေတြ ပိုမိုတိုးတက္ေကာင္းမြန္ေအာင္ ျပဳလုပ္ေပးပါတယ္။

Chili Peppers

Chili Peppers

(၄) Green Tea

ေမာ္ဒယ္လို ခႏၶာကုိယ္ေလးေတြ ပိုင္ဆိုင္တဲ႔ မိန္းကေလးေတြ ဘာေသာက္ေလ့ေသာက္ထရွိလဲ ၾကည္႔လိုက္ရင္ ေကာ္ဖီေတြ၊ ေဆာ္ဒါေတြ မဟုတ္ပါဘူး။ သူတို႔ေသာက္တဲ႔ အေဖ်ာ္ယမကာေလးေတြဟာ က်န္းမာေရးနဲ႔ညီညႊတ္တဲ႔ Green Tea လို ေဖ်ာ္ရည္ေတြ ျဖစ္ပါတယ္။ ဂ်ပန္ေတြ က်န္းမာသက္ရွည္ၿပီး အဆီကင္းတဲ႔ ခႏၶာကိုယ္ကို ရရွိေနတာကလည္း တစ္ေန႔ကို Green Tea ငါးခြက္ေလာက္ ေသာက္သံုးတဲ႔အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ အထူးသျဖင္႔ Green Tea မွာပါဝင္တဲ႔ Catechins က အဆီမ်ားကို လ်င္ျမန္စြာ ေလာင္ကၽြမ္းေစႏိုင္လို႔ ဝမ္းဗိုက္အဆီ ေလ်ာ့က်ေစႏိုင္ပါတယ္။

Green Tea

Green Tea

(၅) အခံြမာသီးမ်ား

ပိန္ပိန္ေသးေသးေလးေတြ စားတဲ႔ အဆာေျပအစားအစာေတြကလည္း တကယ္ကို သူတို႔ခႏၶာကိုယ္အတြက္ အက်ဳိးရွိေစတဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ေလ့လာခ်က္ေတြအရ သူတို႔ဟာ သေရစာ စားတဲ႔အခါမွာ အခံြမာသီးေတြကိုသာ အမ်ားဆံုးစားတာကို ေတြ႔ရွိရပါတယ္။ အဂၤလန္ႏိုင္ငံက ေဆးပညာေလ့လာသူတစ္ဦး ရွာေဖြေတြ႔ရွိထားတာကလည္း အခံြမာသီးေတြ ပံုမွန္စားတဲ႔သူေတြက မစားတဲ႔သူေတြထက္ ပိုၿပီး အဆီက် သြယ္လ်ေနတာကို ေတြ႔ရပါတယ္။ အခြံမာသီးေတြမွာ ပရုိတိန္းဓာတ္နဲ႔ အမွ်င္ေတြ ၾကြယ္ဝစြာပါဝင္လို႔ မၾကာခဏဆာေလာင္တာမ်ဳိး မျဖစ္ေတာ့ပါဘူး။ ဒါေၾကာင့္မို႔ ကယ္လိုရီနဲ႔ အဆီဓာတ္ေတြ ေလ်ာ့နည္းစြာပါဝင္တဲ႔ ဗာဒံေစ့၊ ေျမပဲတို႔ကဲ့သုိ႔ေသာ္ အခံြမာသီးေတြကို ဗိုက္ဆာရင္ သေရစာအေနနဲ႔ စမ္းစားၾကည္႔ပါ။

Nuts

Nuts

ကဲ…ဝကစ္ေလးေတြနဲ႔ ဖက္တီးပုတ္ႀကီးေတြလို႔ အျမဲအေခၚမခံမရေစဖို႔ အခ်ိန္မဆဲြဘဲ အခုခ်က္ခ်င္းစမ္းစားၾကည္႔လိုက္ၾကေတာ့ေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကိုရီးယားမလေးတွေ ပိန်သွယ်သွယ်လေးနဲ့ လှဖို့ ဒီလိုစားကြတယ်ဆိုပဲ

ပိန်တဲ့သူတွေက ဝချင်ကြပြီး ဝတဲ့သူတွေက ပိန်ချင်ကြတာ သဘာဝပါပဲ။ ပိန်တဲ့သူတွေက ဝချင်လို့ ဝတဲ့သူတွေကဆီကနေ နည်းလမ်းကောင်းတွေ တောင်းတတ်ကြသလို ဝတဲ့သူတွေကလည်း ပိန်တဲ့သူတွေဆီကနေ ဘယ်လိုပိန်သွယ်အောင်နေထိုင်ကြရမလဲဆိုပြီး နည်းလမ်းကောင်းတွေ တောင်းတတ်ကြပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း ခေတ်ရေစီးကြောင်းအရ ကိုရီးယားမလေးတွေလို ပိန်ပိန်ပါးပါး Slim Body နဲ့ Flat လေးတွေဖြစ်ဖို့က မိန်းကလေးတွေတိုင်း တောင့်တကြတဲ့ စိတ်ကူးလေးပါပဲ။ ဒါကြောင့် အဲဒီလို ခန္ဓာကိုယ်လေးရစေဖို့ ကျစ်လစ်ပိန်သွယ်တဲ့သူတွေသာ စားလေ့စားထရှိတဲ့ အစားအစာတွေကို ဝကစ်လေးတွေနဲ့ ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးလေးတွေဖြစ်နေလို့ စိတ်ညစ်နေတဲ့သူတွေ စားကြည့်နိုင်အောင် မျှဝေပေးလိုက်တယ်နော်။

(၁) နို့နဲ့နို့ထွက်ပစ္စည်းများ

Harvard တက္ကသိုလ်၊ Case Western Reserve တက္ကသိုလ်နဲ့ Brown တက္ကသိုလ်တို့မှ သုတေသနပြုလုပ်သူတွေက အရွယ်ရောက်ပြီးသားလူပေါင်း ၇,၀၀၀ ကျော်ကို စားသောက်နေထိုင်မှု ပုံစံနဲ့ပတ်သက်ပြီး လေ့လာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာကနေ တွေ့ရှိခဲ့တာကတော့ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို တစ်နေ့နှစ်ကြိမ် စားသုံးတဲ့ ၃၇ ရာခိုင်နှုန်းသော လူတွေဟာ အဝလွန်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နို့နဲ့ ဒိန်ချဉ်ထဲက မြင့်မားတဲ့ ကယ်လ်ဆီယမ်ဓာတ်က Fat Metabolism တွေကို ထိန်းညှိပေးပြီး အဆီတွေကို ခန္ဓာကိုယ်ကနေ များများစွန့်ထုတ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။ ယခင်လေ့လာမှုတွေအရလည်း နို့ထွက်ပစ္စည်းတွေ များများစားသုံးခြင်းက ဗိုက်အဆီတွေကို လျော့ကျစေပါတယ်။ ပိန်သွယ်တဲ့ အမျိုးသမီးတွေကို မေးလိုက်ရင်လည်း နို့ကို မသောက်ဘဲ မနေနိုင်ဘူးဆိုပြီး ဖြေကြားထားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့ သူတို့က ပိန်ပိန်သွယ်သွယ်လေးနဲ့ အရပ်တွေလည်း ရှည်နေရတာ ဖြစ်ပါတယ်။

(၂) ထောပတ်သီး

ထောပတ်သီးက အဆီများတဲ့ အစားအစာလို့ထင်ပြီး လူတော်တော်များများက ရှောင်ရှားကြပါတယ်။ Nutrition Journal တွေရဲ့ တွေ့ရှိချက်အရ နေ့လည်စာကို ထောပတ်သီးတစ်ခြမ်း စားပေးခြင်းဖြင့် အချိန်တော်တော်ကြာကြာ အဆာခံစေပြီး နောက်ထပ် ဘာမှထပ်ပြီး မစားချင်လောက်အောင် ဗိုက်ပြည့်နေစေပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ပါဝင်တဲ့ Monounsaturated Fats က သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေပြီး အဆာခံနိုင်အောင် အဓိက ကူညီပေးတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ပိန်သွယ်တဲ့ မိန်းကလေးတွေဟာ ထောပတ်သီးနဲ့ ထောပတ်သီး ဖျော်ရည်တို့ကို သောက်လေ့သောက်ထ ရှိကြတာ ဖြစ်ပါတယ်။

Avocado

Avocado

(၃) ငရုတ်သီး

ပိန်တဲ့လူတွေ အစပ်အရမ်းကြိုက်တယ်လို့ မပြောချင်ပေမယ့်လည်း အစပ်အရမ်းကြိုက်တဲ့သူတွေက ပိန်ပိန်လေးတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် Purdue တက္ကသိုလ်မှ သိပ္ပံပညာရှင်များက အစားအစာတွေထဲမှာ Cayenne Red Pepper လို့ခေါ်တဲ့ ငရုတ်သီးကို အစားအစာတွေထဲမှာ ထည့်ပြီးစားတဲ့အခါ အဆီများတာတွေ၊ငန်တာတွေနဲ့ ချိုလွန်းတာတွေ စားချင်စိတ် မရှိတော့တာကို တွေ့ရပါတယ်။ နောက်ထပ်လေ့လာမှုတွေအရလည်း ငရုတ်သီးမှာပါဝင်တဲ့ Capsaicin က ဇီဝကမ္မဖြစ်စဉ်တွေ ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။

Chili Peppers

Chili Peppers

(၄) Green Tea

မော်ဒယ်လို ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်တဲ့ မိန်းကလေးတွေ ဘာသောက်လေ့သောက်ထရှိလဲ ကြည့်လိုက်ရင် ကော်ဖီတွေ၊ ဆော်ဒါတွေ မဟုတ်ပါဘူး။ သူတို့သောက်တဲ့ အဖျော်ယမကာလေးတွေဟာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ Green Tea လို ဖျော်ရည်တွေ ဖြစ်ပါတယ်။ ဂျပန်တွေ ကျန်းမာသက်ရှည်ပြီး အဆီကင်းတဲ့ ခန္ဓာကိုယ်ကို ရရှိနေတာကလည်း တစ်နေ့ကို Green Tea ငါးခွက်လောက် သောက်သုံးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် Green Tea မှာပါဝင်တဲ့ Catechins က အဆီများကို လျင်မြန်စွာ လောင်ကျွမ်းစေနိုင်လို့ ဝမ်းဗိုက်အဆီ လျော့ကျစေနိုင်ပါတယ်။

Green Tea

Green Tea

(၅) အခွံမာသီးများ

ပိန်ပိန်သေးသေးလေးတွေ စားတဲ့ အဆာပြေအစားအစာတွေကလည်း တကယ်ကို သူတို့ခန္ဓာကိုယ်အတွက် အကျိုးရှိစေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့လာချက်တွေအရ သူတို့ဟာ သရေစာ စားတဲ့အခါမှာ အခွံမာသီးတွေကိုသာ အများဆုံးစားတာကို တွေ့ရှိရပါတယ်။ အင်္ဂလန်နိုင်ငံက ဆေးပညာလေ့လာသူတစ်ဦး ရှာဖွေတွေ့ရှိထားတာကလည်း အခွံမာသီးတွေ ပုံမှန်စားတဲ့သူတွေက မစားတဲ့သူတွေထက် ပိုပြီး အဆီကျ သွယ်လျနေတာကို တွေ့ရပါတယ်။ အခွံမာသီးတွေမှာ ပရိုတိန်းဓာတ်နဲ့ အမျှင်တွေ ကြွယ်ဝစွာပါဝင်လို့ မကြာခဏဆာလောင်တာမျိုး မဖြစ်တော့ပါဘူး။ ဒါကြောင့်မို့ ကယ်လိုရီနဲ့ အဆီဓာတ်တွေ လျော့နည်းစွာပါဝင်တဲ့ ဗာဒံစေ့၊ မြေပဲတို့ကဲ့သို့သော် အခွံမာသီးတွေကို ဗိုက်ဆာရင် သရေစာအနေနဲ့ စမ်းစားကြည့်ပါ။

Nuts

Nuts

ကဲ…ဝကစ်လေးတွေနဲ့ ဖက်တီးပုတ်ကြီးတွေလို့ အမြဲအခေါ်မခံမရစေဖို့ အချိန်မဆွဲဘဲ အခုချက်ချင်းစမ်းစားကြည့်လိုက်ကြတော့နော်။

H.H(Akhayar)

www.akhayar.com