နာမည်ကျော်ဘောလုံးသမားတွေဟာ သာမန်လူတွေထက် ၀င်ငွေပိုကောင်းကြတာ အားလုံးအသိပါ။ ဒါပေမဲ့ ရရှိနေတဲ့ ငွေတွေကို ထိန်းသိမ်း စုဆောင်း တိုးပွားလာအောင် မလုပ်ဘဲ ဖြုန်းတီးမယ်ဆိုရင်တော့ မွဲသွားဖို့က လွယ်လွယ်လေးပါပဲ။ ပရိသတ်တွေအနေနဲ့လည်း ဘောလုံးသမားဘ၀ကနေ အနားယူအပြီးမှာ မွဲတေသွားကြတဲ့ နာမည်ကျော်တွေရဲ့ အကြောင်းကို ကြားဖူးနားဝရှိကြမှာပါ။ အခု ဒီ Article မှာတော့ ဒီကစားသမားတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

David James

အင်္ဂလန်နာမည်ကျော်ဂိုးသမား ဒေးဗစ်ဂျိမ်းစ် David James ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ ဒေးဗစ်ဂျိမ်းစ် ဟာ ၂၀၀၅ ခုနှစ်မှာ ဇနီးဖြစ်သူနဲ့ ကွာရှားခဲ့ပြီး လျော်ကြေးငွေများများစားစားပေးခဲ့ရတာကြောင့် သူ့ရဲ့ငွေကြေးပိုင်းထိခိုက်မှုများခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကြွေးမြီကိစ္စတွေပါရှိလာခဲ့ပြီး ဒေ၀ါလီခံခဲ့ရပြီလို့ ကြေညာခဲ့ပါတယ်။

Eboue

အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူဟောင်း အီဘိုယေး Eboue ကတော့ ဇနီးနဲ့ ရှုပ်ထွေးမှုတွေရှိတဲ့ ကွာရှင်းမှုအပြီးမှာတော့ သူပိုင်ဆိုင်တဲ့ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး လူမွဲစာရင်းဝင်ခဲ့ပါတယ်။ ဒီအခြေအနေဟာ တော်တော်ဆိုးရွားခဲ့ပြီး သူ့အနေနဲ့ သေကြောင်းကြံစည်ဖို့အထိ စဉ်းစားခဲ့တယ်လို့ အီဘိုယေး ကဖွင့်ဟခဲ့ပါတယ်။

Gascoigne

အင်္ဂလန်နာမည်ကျော် ကစားသမား ဂတ်စ်ကွိုင်း Paul Gascoigne အကြောင်းကတော့ သိပ်ပြီးများများစားစားပြောစရာမလိုပါဘူး။ ကစားသမားဘ၀မှာ ထွန်းတောက်တဲ့သူတစ်ဦးဖြစ်ခဲ့ပေမယ့် အရက်ရဲ့ကြေးကျွန်ဖြစ်ခဲ့တဲ့ အချိန်မှာတော့ အရာအားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။

Riise

လီဗာပူးလ်ဘယ်နောက်ခံလူဟောင်း ရစ္စ Riise ကတော့ ကြွေးမြီအရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ခဲ့ရသလို သူ့အေးဂျင့်က ဒေါ်လာ(၅)သန်းရလိုမှုနဲ့ တရားစွဲခဲ့တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာတော့ ဒေ၀ါလီပါခံခဲ့ရပါတယ်။

Ronaldinho

ရော်နယ်ဒင်ဟို Ronaldinho ရဲ့ ဖြစ်ရပ်ကတော့ ကစားသမားတိုင်းလိုလို သင်ခန်းစာယူရပါလိမ့်မယ်။ ကစားသမားဘ၀ လစာငွေတွေကောင်းတဲ့ အချိန်တုန်းက အလုပ်အပေါ်စည်းကမ်းမရှိခဲ့သလို ငွေကြေးဖြုန်းတီးမှုလည်းများခဲ့တာကြောင့် အခုလိုဖြစ်ခဲ့ရပါတယ်။ အပျော်အပါးဘက်ကို အားသန်ခဲ့သလို ငွေကြေးစုဆောင်းထားခြင်းလည်းမရှိတာကြောင့် ဒုက္ခရောက်ခဲ့ရတာဖြစ်ပြီး သူ့ရဲ့ဘဏ်အကောင့်ထဲမှာ ၅.၂၄ပေါင် (၁ဝ,၉ဝ၉ ကျပ်) သာကျန်ရှိတော့တဲ့ အထိအခြေအနေဆိုးခဲ့ပါတယ်။

Ref: Sportskeeda
Photo: Dream Team , Metro , Goal.com , The Independent
Ko Kyue(Akhayar)
www.akhayar.com