အဆီပိုတွေကင်းပြီး မြင်သူတကာငေးလောက်အောင် ကျစ်လှသွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့က မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိမ်မက်ပါ။ အဲဒီလိုသွယ်လျလှပဖို့အတွက် ပြင်းထန်တဲ့ Diet တွေ၊ လေ့ကျင်ခန်းတွေ ပြုလုပ်ကြတဲ့အခါ ခန္ဓာကိုယ်ကိုထိခိုက်ပြီး ကျန်းမာရေးချို့ယွင်းလာတာတွေ ဖြစ်တာကိုလည်း ကြားဖူးကြမှာပါ။ ဝိတ်လည်းထင်သလောက်မကျ ကျန်းမာရေးလည်းထိခိုက်လာလို့ စိတ်ဓာတ်ကျနေပြီဆိုရင်တော့ လျှို့ဝှက်နည်းလမ်းကောင်းလေးတွေကို လက်တို့ပေးချင်ပါတယ်။ လျှို့ဝှက်နည်းလမ်းလေးတွေကတော့ လေ့ကျင်ခန်းတောင် လုပ်စရာမလိုဘဲ ကိုယ်ရဲ့နေ့စဉ်လုပ်နေကျ အလေ့အထလေးတွေ ပုံမှန်ပြုလုပ်ပေးရုံနဲ့ အဆီတွေကို မြန်မြန်လောင်ကျွမ်းသွားအောင် ကူညီပေးမှာဖြစ်ပါတယ်။ ဘာလို့အလေ့အထလေးတွေမို့လို့ လေ့ကျင်ခန်းတောင်လုပ်စရာမလိုဘဲ အဆီတွေလောင်ကျွမ်းပြီး ဝိတ်ကျသွားစေတာလည်း သိစေဖို့အတွက် အောက်မှာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

(၁) ပုံမှန်လုပ်နေကျအရာတွေကိုဆက်လက်လုပ်ဆောင်ပေးခြင်း

ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ ပုံမှန်လုပ်နေကျ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေကို မှန်မှန်လေးပြုလုပ်ပေးတာက ကောင်းသလို လေ့ကျင်ခန်းလုပ်ပြီးနောက် ဖြစ်လာတဲ့ ရလဒ်ကလည်း အရေးကြီးပါသေးတယ်။ US Medical Center တစ်ခုရဲ့အဆိုအရ အကြောဆန့်လေ့ဆန့်ထရှိတဲ့လူက ပုံမှန်လေးအကြောဆန့်ပေးခြင်းအားဖြင့် ကယ်လိုရီ ၃၅၀ လောင်ကျွမ်းစေနိုင်ပါတယ်။ အလုပ်စားပွဲမှာထိုင်နေရင် ခြေထောက်နဲ့ စည်းဝါးလိုက်နေခြင်းကလည်း သိသိသာသာ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။ အလုပ်စားပွဲမှာထိုင်တာ တစ်နာရီကြာတိုင်း ထပြီး လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ခြေလက်ဆန့်တာပဲဖြစ်ဖြစ် ပြုလုပ်လေ့ရှိရင် ပုံမှန်လေးဆက်ပြီးလုပ်ြ်ခင်းဖြင့် ကယ်လိုရီလောင်ကျွမ်း နိုင်ပါတယ်။

Fidgeting

Fidgeting

(၂) လုံလောက်စွာအိပ်စက်ပေးပါ

လုံလောက်စွာအိပ်စက်ပေးခြင်းက အလွန်အကြူး အစာစားချင်စိတ် ဖြစ်ပေါ်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အမေရိကန်တွေရဲ့လေ့လာမှုအရ လူတွေ အိပ်ရေးမဝတဲ့အခါမျိုးမှာ ကာဗွန်ဟိုက်ဒရိတ်ဓာတ်များတဲ့ အစားအစာတွေကို ပိုမိုစားချင်စိတ် ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်။ အိပ်ရေးမဝတဲ့အခါမှာ စွမ်းအင်တွေ ချက်ချင်းပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ခန္ဓာကိုယ်က အချိုဓာတ်များတဲ့ အစားအစာတွေကို ပိုမိုတောင့်တလာတတ်ပါတယ်။ အလွန်အကြူးစားသုံးခြင်း မဖြစ်ပေါ်စေဖို့အတွက် အိပ်ချိန်ကို အနည်းဆုံး ရှစ်နာရီလောက်ထားရှိကာ အိပ်စက်ပေးသင့်ပါတယ်။

Sleeping

Sleeping

(၃)အအေးဓာတ်နဲ့ထိပ်တိုက်တွေ့ဆုံလိုက်ပါ

ဝိတ်ကျစေဖို့အတွက် အအေးဓာတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ရုံးကအနွေးထည်တွေကို ချောင်ထိုးထားလိုက်ပါလို့ ပြောရင် အံ့သြသွားမလားမသိဘူး။ အမှန်မှာတော့ ခန္ဓာကိုယ်ကအေးလာရင် ပြန်လည်နွေးထွေးစေဖို့အတွက် ပြုလုပ်ရတဲ့အခါမှာ ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းရပါတယ်။ Clinical Investigation ဂျာနယ်ရဲ့ လေ့လာမှုတွေအရ ထုတ်ပြန်ထားတာကတော့ ခန္ဓာကိုယ်ကအေးရာကနေ နွေးထွေးအောင်ပြုလုပ်တဲ့အခါမှာ တစ်နာရီကို ခုနစ်ကယ်လိုရီလောင်ကျွမ်းတာကို တွေ့ရှိရပါတယ်။

(၄) များများရယ်မောပေးပါ

ရယ်မောခြင်းက အသက်ရှည်ဆေးဆိုရင်လည်း မမှားသလို ဝိတ်ကျဆေးဆိုလည်း မမှားပါဘူး။ အမေရိကန်တွေရဲ့လေ့လာချက်တွေအရ (၁၀) မိနစ်ရယ်မောခြင်းက (၁၀)ကယ်လိုရီလောင်ကျွမ်းတာနဲ့ ညီမျှပါတယ်။ လူတစ်ယောက် ရယ်မောတဲ့အခါမှာ ခန္ဓာကိုယ်ကြွက်သားတစ်ခုလုံး အလုပ်လုပ်ရတဲ့အတွက် နှလုံးခုန်နှုန်းလည်း တိုးလာပါတယ်။

Laugh a lot

Laugh a lot

(၅) စိတ်ကိုအေးချမ်းအောင်ထားပါ

စိတ်ဖိစီးမှုတွေများရင် အစာတွေ ပိုစားတယ်ဆိုတာကို ကြားဖူးကြမှာပါ။ ဒါကြောင့်မို့ ဝိတ်ကျချင်တယ်ဆိုရင်တော့ တတ်နိုင်သမျှ စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်သင့်ပါတယ်။ စိတ်ဖိစီးမှုလျော့နည်းတဲ့အခါ အလွန်အကျူး စားချင်စိတ်တွေ မဖြစ်ပေါ်စေတော့ပါဘူး။ စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ်မှာ Stress Hormones လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်တွေတိုးလာစေတဲ့ Cortisol တွေ ပိုမိုထွက်ပေါ်လာတတ်ပါတယ်။ အဲဒီလို Cortisol တွေပိုမိုထွက်ပေါ်လာတဲ့အခါ သကြားဓာတ်ပါတဲ့ အစာအစားတွေကို ပိုမိုစားချင်စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ စိတ်ဖိစီးမှု နေ့စဉ်နေ့တိုင်းဖြစ်နေပြီဆိုရင်တော့ နှလုံးရောဂါဖြစ်နိုင်ခြေနှုန်း ပိုမိုမြင့်တက်လာနိုင်ပြီး စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ကျရောဂါတွေပါ ဖြစ်ပေါ်လာတတ်ပါတယ်။ လူတိုင်းက စိတ်ဖိစီးမှုနဲ့တော့ မကင်းနိုင်ပေမယ့်လည်း စိတ်ဖိစီးမှုကို လျော့နည်းအောင် ယောဂကျင့်ပေးတာမျိုး၊ ဝင်လေထွက်လေရှုတာမျိုး၊ ပျော်ရွှင်လန်းဆန်းစေတဲ့ သီချင်းမျိုးတွေ နားထောင်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

Have a peaceful mind

Have a peaceful mind

ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ Diet တွေ၊ Fitness Plan တွေနဲ့ ဒီအချက်တွေကိုပါ ပေါင်းစပ်လုပ်ဆောင်လိုက်မယ်ဆိုရင် စိတ်ကူးအိပ်မက်လေးတွေ အကောင်အထည်ပေါ်လာပြီး ဘာဝတ်ဝတ် လိုက်ဖက်မှုရှိတဲ့ ခန္ဓာကိုယ်အလှစစ်လေးကို ရရှိပိုင်ဆိုင်လာမှာ အသေအချာပါပဲ။

H.H(Akhayar)

www.akhayar.com