[Zawgyi]

၂ဝ၁၈ခုႏွစ္မွာ ဝန္ထမ္းေတြ အေပ်ာ္ရႊင္ဆုံး ကုမၸဏီ (၅) ခု

ဝန္ထမ္းေတြဘဝမွာ လစာဟာ အေရးႀကီးတယ္ဆုိေပမယ့္ လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ဖုိ႔ဆုိရင္ လစာတစ္ခုတည္း မဟုတ္ျပန္ပါဘူး။ လုပ္ငန္းပတ္ဝန္းက်င္ ေကာင္းမြန္မႈ၊ အခ်င္းခ်င္းေလးစားမႈနဲ႔ မိသားစုဆန္မႈေတြဟာ အလုပ္မွာ ေပ်ာ္ရႊင္ေစတဲ့အေၾကာင္းအရင္းေတြပါ။ အလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီ Comparably ဟာ ၂ဝ၁၇ခုႏွစ္ စက္တင္ဘာလက ၂ဝ၁၈ခုႏွစ္ စက္တင္ဘာလအတြင္း အေမရိကန္ႏုိင္ငံမွာရွိတဲ့ ဝန္ထမ္းေတြရဲ႕ အျမင္ေတြကုိ စစ္တမ္းေကာက္ယူခဲ့ပါတယ္။ ဝန္ထမ္း (၅ဝဝ) ေက်ာ္ရဲ႕အျမင္အမ်ိဳးမ်ိဳးကုိ သုံးသပ္ၿပီး ၂ဝ၁၈ခုႏွစ္အတြက္ ဝန္ထမ္းေတြ အေပ်ာ္ရႊင္ဆုံး ကုမၸဏီ (၅) ခု ထုတ္ျပန္ခဲ့ပါတယ္။

(၅) Salesforce

ကယ္လီဖုိးနီးယားျပည္နယ္ ဆန္ဖရန္စစၥကုိၿမိဳ႕ မွာ အေျခစုိက္တဲ့ Salesforce ကုမၸဏီဟာ ဝန္ထမ္းေပါင္း သုံးေသာင္းေက်ာ္နဲ႔ လည္ပတ္ေနၿပီး ဒီစာရင္းမွာေတာ့ နံပါတ္ (၅) ေနရာမွာပါ။ ၿပီးခဲ့တဲ့ ၂ဝ၁၇ခုႏွစ္မွာ ဝင္ေငြ ၈.၃၉ ဘီလီယံရွိတယ္လုိ႔ သိရပါတယ္။

(၄) Delta Air Lines

ေဂ်ာ္ဂ်ီယာျပည္နယ္ အတၱလန္တာၿမိဳ႕မွာ အေျခစုိက္တဲ့ Delta Air Lines ဟာ (၅၄) ႏုိင္ငံကုိ ခရီးစဥ္ေပါင္း (၃၁၉) နဲ႔ ေန႔စဥ္ေျပးဆြဲေနပါတယ္။ ဝန္ထမ္းေပါင္း ရွစ္ေသာင္းေျခာက္ေထာင္ေက်ာ္ရွိတယ္လုိ႔ သိရၿပီး ၂ဝ၁၇ခုႏွစ္မွာ ဝင္ေငြ ၄၁.၂၄၄ ဘီလီယံရွိပါတယ္။

(၃) Google

ဝန္ထမ္းေတြရဲ႕ အက်ိဳးစီးပြားကုိ ထည့္သြင္းစဥ္းစားတဲ့ ကုမၸဏီထဲမွာဆုိ Google က ထိပ္ဆုံးပါ။ ဝန္ထမ္းေတြ ရုံးတက္လာရင္ေတာင္ အေကာင္းဆုံးဝန္ေဆာင္မႈေတြနဲ႔ ျဖည့္ဆည္းေပးတာပါ။ ရုံးခန္းဆုိတာႀကီးကုိ ဒုတိယေနအိမ္လို ဖန္တီးေပးထားပါတယ္။ Google မွာ ဝန္ထမ္းေပါင္း ရွစ္ေသာင္းခြဲရွိၿပီး Sundar Pichai က CEO အျဖစ္နဲ႔ တာဝန္ယူထားပါတယ္။

(၂) Netflix

ရုပ္သံလုိင္းကုမၸဏီ Netflix ဟာ ဒီစာရင္းမွာ နံပါတ္ (၂) ပါ။ ဝန္ထမ္းေတြဟာ လစာျမင့္မားတဲ့အျပင္ ေပ်ာ္ရႊင္ေအာင္ ထားတဲ့အတြက္ ထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ (၁၉ဝ) ႏုိင္ငံမွာ ရုပ္သံလုိင္းေတြ ေထာက္ပံ့ထားၿပီး ဝန္ထမ္းငါးေထာင္ေက်ာ္ရွိပါတယ္။ ၂ဝ၁၇ခုႏွစ္မွာ ၁၁.၆၉၂ ဘီလီယံရွိတယ္လုိ႔ သိရပါတယ္။

(၁) HubSpot

၂ဝ၁၈ခုႏွစ္ရဲ႕ ဝန္ထမ္းေတြ အေပ်ာ္ရႊင္ဆုံးကုမၸဏီက HubSpot ပါပဲ။ ေစ်းကြက္ရွာေဖြေရးကုမၸဏီျဖစ္တဲ့ HubSpot ဟာ ဝန္ထမ္းတစ္ေထာင္ေက်ာ္သာရွိေပမယ့္ ဝင္ေငြဟာ ေဒၚလာ ၃၇၅.၆ သန္းအထိ ရွိခဲ့ပါတယ္။

မန္ေနဂ်ာေတြဟာလည္း လက္ေအာက္ငယ္သားေတြရဲ႕ အက်ိဳးစီးပြားကုိ ၾကည့္ရႈတဲ့အျပင္ လစာလည္း ေကာင္းတဲ့အတြက္ နံပါတ္ (၁) မွာ ရပ္တည္ေနတာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်မှာ ဝန်ထမ်းတွေ အပျော်ရွှင်ဆုံး ကုမ္ပဏီ (၅) ခု

ဝန်ထမ်းတွေဘဝမှာ လစာဟာ အရေးကြီးတယ်ဆိုပေမယ့် လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ဆိုရင် လစာတစ်ခုတည်း မဟုတ်ပြန်ပါဘူး။ လုပ်ငန်းပတ်ဝန်းကျင် ကောင်းမွန်မှု၊ အချင်းချင်းလေးစားမှုနဲ့ မိသားစုဆန်မှုတွေဟာ အလုပ်မှာ ပျော်ရွှင်စေတဲ့အကြောင်းအရင်းတွေပါ။ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ Comparably ဟာ ၂ဝ၁၇ခုနှစ် စက်တင်ဘာလက ၂ဝ၁၈ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ အမြင်တွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဝန်ထမ်း (၅ဝဝ) ကျော်ရဲ့အမြင်အမျိုးမျိုးကို သုံးသပ်ပြီး ၂ဝ၁၈ခုနှစ်အတွက် ဝန်ထမ်းတွေ အပျော်ရွှင်ဆုံး ကုမ္ပဏီ (၅) ခု ထုတ်ပြန်ခဲ့ပါတယ်။

(၅) Salesforce

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ မှာ အခြေစိုက်တဲ့ Salesforce ကုမ္ပဏီဟာ ဝန်ထမ်းပေါင်း သုံးသောင်းကျော်နဲ့ လည်ပတ်နေပြီး ဒီစာရင်းမှာတော့ နံပါတ် (၅) နေရာမှာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၇ခုနှစ်မှာ ဝင်ငွေ ၈.၃၉ ဘီလီယံရှိတယ်လို့ သိရပါတယ်။

(၄) Delta Air Lines

ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ အခြေစိုက်တဲ့ Delta Air Lines ဟာ (၅၄) နိုင်ငံကို ခရီးစဉ်ပေါင်း (၃၁၉) နဲ့ နေ့စဉ်ပြေးဆွဲနေပါတယ်။ ဝန်ထမ်းပေါင်း ရှစ်သောင်းခြောက်ထောင်ကျော်ရှိတယ်လို့ သိရပြီး ၂ဝ၁၇ခုနှစ်မှာ ဝင်ငွေ ၄၁.၂၄၄ ဘီလီယံရှိပါတယ်။

(၃) Google

ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားတဲ့ ကုမ္ပဏီထဲမှာဆို Google က ထိပ်ဆုံးပါ။ ဝန်ထမ်းတွေ ရုံးတက်လာရင်တောင် အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ဖြည့်ဆည်းပေးတာပါ။ ရုံးခန်းဆိုတာကြီးကို ဒုတိယနေအိမ်လို ဖန်တီးပေးထားပါတယ်။ Google မှာ ဝန်ထမ်းပေါင်း ရှစ်သောင်းခွဲရှိပြီး Sundar Pichai က CEO အဖြစ်နဲ့ တာဝန်ယူထားပါတယ်။

(၂) Netflix

ရုပ်သံလိုင်းကုမ္ပဏီ Netflix ဟာ ဒီစာရင်းမှာ နံပါတ် (၂) ပါ။ ဝန်ထမ်းတွေဟာ လစာမြင့်မားတဲ့အပြင် ပျော်ရွှင်အောင် ထားတဲ့အတွက် ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ (၁၉ဝ) နိုင်ငံမှာ ရုပ်သံလိုင်းတွေ ထောက်ပံ့ထားပြီး ဝန်ထမ်းငါးထောင်ကျော်ရှိပါတယ်။ ၂ဝ၁၇ခုနှစ်မှာ ၁၁.၆၉၂ ဘီလီယံရှိတယ်လို့ သိရပါတယ်။

(၁) HubSpot

၂ဝ၁၈ခုနှစ်ရဲ့ ဝန်ထမ်းတွေ အပျော်ရွှင်ဆုံးကုမ္ပဏီက HubSpot ပါပဲ။ ဈေးကွက်ရှာဖွေရေးကုမ္ပဏီဖြစ်တဲ့ HubSpot ဟာ ဝန်ထမ်းတစ်ထောင်ကျော်သာရှိပေမယ့် ဝင်ငွေဟာ ဒေါ်လာ ၃၇၅.၆ သန်းအထိ ရှိခဲ့ပါတယ်။

မန်နေဂျာတွေဟာလည်း လက်အောက်ငယ်သားတွေရဲ့ အကျိုးစီးပွားကို ကြည့်ရှုတဲ့အပြင် လစာလည်း ကောင်းတဲ့အတွက် နံပါတ် (၁) မှာ ရပ်တည်နေတာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com