[Zawgyi]

ဂုဏ္သတင္းႀကီးမားတဲ႔ ေတာ္ဝင္မ်ဳိးႏြယ္ေတြနဲ႔ သူငယ္ခ်င္းျဖစ္ခြင့္ရသူ ဆယ္လီမ်ား

ေလာကႀကီးမွာ တစ္ေယာက္တည္း ရပ္တည္ေနထိုင္ဖို႔ဆုိတာ မလြယ္ကူပါဘူး။ မိဘ၊ေဆြမ်ဳိး၊ အသိုင္းအဝိုင္းေတြနဲ႔ သူငယ္ခ်င္းေတြရဲ႕ အကူအညီအေထာက္အပံ့ဟာ တစ္ခ်ိန္ခ်ိန္မွာ လူတိုင္းလူတိုင္း လိုကို လိုအပ္ပါတယ္။ အေပါင္းအသင္းမိတ္ေဆြေကာင္းရရွိပိုင္ဆိုင္ထားျခင္းကလည္း မဂၤလာတစ္ပါးျဖစ္သလုိ အခက္အခဲနဲ႔ႀကံဳေတြ႔တဲ႔အခါ ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ အားေပးကူညီေပးသူေတြကလည္း ခ်စ္သူငယ္ခ်င္းေတြပဲ ျဖစ္ၾကပါတယ္။ ဘဝမွာ မိတ္ေဆြအေပါင္းအသင္းေကာင္းေတြ ပိုင္ဆိုင္ထားတာကလည္း ကံေကာင္းျခင္းတစ္မ်ဳိးျဖစ္ၿပီး အဲဒီ္ိလို ကံေကာင္းျခင္းေတြထဲမွာမွ ကံအေကာင္းဆံုးလို႔ ဆိုလို႔ရတဲ႔ ဆယ္လီတစ္ခ်ဳိ႕လည္း ရွိပါတယ္။ ကံအေကာင္းဆံုး ဆယ္လီလို႔ ဘာေၾကာင့္ေျပာရလဲဆိုေတာ့ ေတာ္ဝင္မ်ဳိးႏြယ္ေတြနဲ႔ သူငယ္ခ်င္းျဖစ္ခြင့္ရတဲ႔အတြက္ေၾကာင့္ ျဖစ္ပါတယ္။ အဲဒီလို ကံေကာင္းတဲ႔ ဆယ္လီေတြက ဘယ္သူေတြမ်ားလဲဆိုတာ ၾကည္႔လိုက္ၾကရေအာင္။

(၁)Prince William နဲ႔ David Beckham

Prince William နဲ႔ David Beckham ဟာ London ၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ႔ ၂၀၁၂ ခုနစ္ Olympic Bid မွာ အတူတကြ လႈပ္ရွားရင္း ပိုမိုရင္းႏွီးလာပါတယ္။ William ဟာ Kate Middleton နဲ႔ လက္ဆက္တဲ႔ သူတို႔မဂၤလာပဲြကို သူငယ္ခ်င္း နာမည္ေက်ာ္ေဘာလံုးသမား ဇနီးေမာင္ႏွံတို႔ကို တက္ေရာက္ဖို႔လည္း ဖိတ္ၾကားခဲ႔ပါတယ္။ David Beckham က Esquire မဂၢဇင္းမွာ ေျဖၾကားခဲ႔တာကေတာ့ ေတာ္ဝင္မ်ိဳးႏြယ္ေတြ ျဖစ္တဲ႔ William ၊ Harry တို႔နဲ႔ မိတ္ေဆြအေပါင္းအသင္းလုပ္ရတာ ဟိတ္ဟန္ေတြမရွိတဲ့အတြက္ေၾကာင့္ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးရွိပါတယ္တဲ့။

Prince William and David Beckham

Prince William and David Beckham

(၂) Kate Middleton နဲ႔ Victoria Beckham

Prince William နဲ႔ David Beckham တုိ႔ ရင္းႏွီးခင္မင္မႈေၾကာင့္ Kate Middleton နဲ႔ Victoria Beckham တို႔ပါ ရင္းႏွီးခင္မင္လာၾကျခင္း ျဖစ္ပါတယ္။ မိန္္းမသားေတြျဖစ္တဲ႔ ဒီသူငယ္ခ်င္းအတဲြကေတာ့ ေတြ႔လိုက္ရင္ အဝတ္အစား Brand ေတြအေၾကာင္းနဲ႔ ဖက္ရွင္အေၾကာင္းေတြကိုသာ အမ်ားဆံုးေျပာေလ့ရွိၾကတယ္လုိ႔ ေကာလာဟလေတြအရ သိရပါတယ္။

Kate Middleton and Victoria Beckham

Kate Middleton and Victoria Beckham

(၃) Prince Harry နဲ႔ Michelle Obama

သံတမန္ခ်စ္ၾကည္ေရးပဲြေတာ္ေတာ္မ်ားမ်ားမွာ Prince Harry နဲ႔ Michelle Obama တို႔ အႀကိမ္ေပါင္းမ်ားစြာ အတူတကြ တဲြဖက္လုပ္ေဆာင္ခဲ႔ၾကပါတယ္။ ၂၀၁၆ ခုနစ္မွာ Prince Harry နဲ႔ Michelle Obama တုိ႔ Orlando မွာျပဳလုပ္တဲ႔ Invictus Game မွာ အတူတကြ လုပ္ေဆာင္ရင္းကေန ပိုမိုရင္းႏွီးခင္မင္လာကာ မိတ္ေဆြေကာင္းေတြ ျဖစ္လာၾကပါတယ္။ သူတို႔ႏွစ္ေယာက္ အတူတကြတက္ေရာက္တဲ႔ ဖြင့္ပဲြေတြမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ေပြ႔ဖက္ၿပီး ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ေနၾကတာကို ေတြ႔ျမင္ဖူးပါတယ္။ Michelle ကလည္း Prince Harry နဲ႔ ပတ္သက္ၿပီး “Prince Harry ဟာ အလြန္ႏွစ္လိုဖြယ္ေကာင္းတဲ႔ မင္းသားတစ္ပါး ျဖစ္ပါတယ္ဆိုၿပီး” ေျပာၾကားဖူးပါတယ္။

Prince Harry and Michelle Obama

Prince Harry and Michelle Obama

(၄) Princess Diana နဲ႔ Elton John

British Pop Star တစ္ဦးျဖစ္တဲ့ Elton John ဟာ ေတာ္ဝင္မ်ဳိးႏြယ္ျဖစ္တဲ႔ Princess Diana နဲဲ႔ မိတ္ေဆြေကာင္းေတြ ျဖစ္ၿပီး Prince Andrew ရဲ႕ (၂၁) ႏွစ္ျပည္႔ ေမြးေန႔ပဲြမွာ ေဖ်ာ္ေျဖေပးခဲ႔တဲ႔အတြက္ Diana က ေက်းဇူးတင္ေၾကာင္း Elton John ကိုေျပာဖူးပါတယ္။ Diana ရဲ႕ အရင္းႏွီးဆံုးလူယုံတစ္ဦးေသဆံုးတဲ့ အသုဘအခမ္းအနားမွာလည္း Elton John ဟာ “Candle in the Wind” သီခ်င္းနဲ႔ သီဆိုေဖ်ာ္ေျဖေပးခဲ့ပါေသးတယ္။ Diana ေသဆံုးတဲ့ ႏွစ္ပတ္လည္ေန႔မွာ Elton John ဟာ Diana ကို ေအာက္ေမ့တဲ႔အေနနဲ႔ “20 years ago today, the world lost angel” ဆိုတဲ႔ Caption ေလးေရးသားကာ Instagram ေပၚမွာ တင္ခဲ႔တာကို ေတြ႔ရပါတယ္။

Prince Dianna and Elton John

Princess Dianna and Elton John

(၅) Sussex ၿမိဳ႕စားကေတာ္ Meghan Markle နဲ႔ Amal Clooney

လန္ဒန္ကို Meghan Markle ေျပာင္းေရြ႕ေနထုိင္စဥ္ Vogue Cover Star တစ္ဦးျဖစ္တဲ႔ Amal Clooney နဲ႔ ရင္ႏွီးမႈရရွိၿပီး သူငယ္ခ်င္းေတြ ျဖစ္လာၾကပါတယ္။ Amal ဟာ Meghan အတြက္ သူငယ္ခ်င္းေကာင္းလို႔ ေျပာလို႔ရပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ Amal ဟာ Meghan လန္ဒန္မွာ အေျခခ်ေနထုိင္ဖို႔အတြက္ အမ်ားႀကီး အကူအညီေပးခဲ႔သူ ျဖစ္ပါတယ္။ People မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္ေတြအရဆိုရင္လည္း သူတို႔ဟာ အလြန္ရင္ႏွီးတဲ႔ သူငယ္ခ်င္းအရင္းႀကီးေတြ ျဖစ္ၾကတာကို ေတြ႔ရပါတယ္။

Meghan Markle and Amal Clooney

Meghan Markle and Amal Clooney

သူငယ္ခ်င္းေကာင္းေတြဆုိတာ တစ္ဦးအျပစ္အနာအဆာေတြကို တစ္ဦးကို ဖာေထးကာကြယ္ေပးၿပီး လမ္းမွားေရာက္ေနရင္ လမ္းမွန္ကို ေရာက္ေအာင္ ေပးပို႔ေပးသူ၊ အားေပးႏွစ္သိမ့္ေပးသူ၊ တူတူကဲေဖာ္ကဲဖက္ေတြလည္းျဖစ္သလို အခက္အခဲေရာက္ေနရင္လည္း အခက္အခဲကေန ဆဲြထုတ္ေပးသူေတြလည္း ျဖစ္တဲ႔အတြက္ ကိုယ္မွာ တန္္ဖုိးမျဖတ္ႏိုင္တဲ႔ ေဘာ္ဒါေကာင္းေတြရွိရင္ ေက်းဇူးတင္ေၾကာင္း ဆက္ဆက္ေျပာၿပီး ဆက္ဆံေရးေကာင္းကို ေရရွည္တည္တံ့ေအာင္ ဆက္လက္ထိန္းသိမ္းထားၾကပါလို႔ တုိက္တြန္းခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ဂုဏ်သတင်းကြီးမားတဲ့ တော်ဝင်မျိုးနွယ်တွေနဲ့ သူငယ်ချင်းဖြစ်ခွင့်ရသူ ဆယ်လီများ

လောကကြီးမှာ တစ်ယောက်တည်း ရပ်တည်နေထိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ မိဘ၊ဆွေမျိုး၊ အသိုင်းအဝိုင်းတွေနဲ့ သူငယ်ချင်းတွေရဲ့ အကူအညီအထောက်အပံ့ဟာ တစ်ချိန်ချိန်မှာ လူတိုင်းလူတိုင်း လိုကို လိုအပ်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေကောင်းရရှိပိုင်ဆိုင်ထားခြင်းကလည်း မင်္ဂလာတစ်ပါးဖြစ်သလို အခက်အခဲနဲ့ကြုံတွေ့တဲ့အခါ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အားပေးကူညီပေးသူတွေကလည်း ချစ်သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ဘဝမှာ မိတ်ဆွေအပေါင်းအသင်းကောင်းတွေ ပိုင်ဆိုင်ထားတာကလည်း ကံကောင်းခြင်းတစ်မျိုးဖြစ်ပြီး အဲဒီလို ကံကောင်းခြင်းတွေထဲမှာမှ ကံအကောင်းဆုံးလို့ ဆိုလို့ရတဲ့ ဆယ်လီတစ်ချို့လည်း ရှိပါတယ်။ ကံအကောင်းဆုံး ဆယ်လီလို့ ဘာကြောင့်ပြောရလဲဆိုတော့ တော်ဝင်မျိုးနွယ်တွေနဲ့ သူငယ်ချင်းဖြစ်ခွင့်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလို ကံကောင်းတဲ့ ဆယ်လီတွေက ဘယ်သူတွေများလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁)Prince William နဲ့ David Beckham

Prince William နဲ့ David Beckham ဟာ London မြို့မှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၂ ခုနစ် Olympic Bid မှာ အတူတကွ လှုပ်ရှားရင်း ပိုမိုရင်းနှီးလာပါတယ်။ William ဟာ Kate Middleton နဲ့ လက်ဆက်တဲ့ သူတို့မင်္ဂလာပွဲကို သူငယ်ချင်း နာမည်ကျော်ဘောလုံးသမား ဇနီးမောင်နှံတို့ကို တက်ရောက်ဖို့လည်း ဖိတ်ကြားခဲ့ပါတယ်။ David Beckham က Esquire မဂ္ဂဇင်းမှာ ဖြေကြားခဲ့တာကတော့ တော်ဝင်မျိုးနွယ်တွေ ဖြစ်တဲ့ William ၊ Harry တို့နဲ့ မိတ်ဆွေအပေါင်းအသင်းလုပ်ရတာ ဟိတ်ဟန်တွေမရှိတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးရှိပါတယ်တဲ့။

Prince William and David Beckham

Prince William and David Beckham

(၂) Kate Middleton နဲ့ Victoria Beckham

Prince William နဲ့ David Beckham တို့ ရင်းနှီးခင်မင်မှုကြောင့် Kate Middleton နဲ့ Victoria Beckham တို့ပါ ရင်းနှီးခင်မင်လာကြခြင်း ဖြစ်ပါတယ်။ မိန်းမသားတွေဖြစ်တဲ့ ဒီသူငယ်ချင်းအတွဲကတော့ တွေ့လိုက်ရင် အဝတ်အစား Brand တွေအကြောင်းနဲ့ ဖက်ရှင်အကြောင်းတွေကိုသာ အများဆုံးပြောလေ့ရှိကြတယ်လို့ ကောလာဟလတွေအရ သိရပါတယ်။

Kate Middleton and Victoria Beckham

Kate Middleton and Victoria Beckham

(၃) Prince Harry နဲ့ Michelle Obama

သံတမန်ချစ်ကြည်ရေးပွဲတော်တော်များများမှာ Prince Harry နဲ့ Michelle Obama တို့ အကြိမ်ပေါင်းများစွာ အတူတကွ တွဲဖက်လုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနစ်မှာ Prince Harry နဲ့ Michelle Obama တို့ Orlando မှာပြုလုပ်တဲ့ Invictus Game မှာ အတူတကွ လုပ်ဆောင်ရင်းကနေ ပိုမိုရင်းနှီးခင်မင်လာကာ မိတ်ဆွေကောင်းတွေ ဖြစ်လာကြပါတယ်။ သူတို့နှစ်ယောက် အတူတကွတက်ရောက်တဲ့ ဖွင့်ပွဲတွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ပွေ့ဖက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြတာကို တွေ့မြင်ဖူးပါတယ်။ Michelle ကလည်း Prince Harry နဲ့ ပတ်သက်ပြီး “Prince Harry ဟာ အလွန်နှစ်လိုဖွယ်ကောင်းတဲ့ မင်းသားတစ်ပါး ဖြစ်ပါတယ်ဆိုပြီး” ပြောကြားဖူးပါတယ်။

Prince Harry and Michelle Obama

Prince Harry and Michelle Obama

(၄) Princess Diana နဲ့ Elton John

British Pop Star တစ်ဦးဖြစ်တဲ့ Elton John ဟာ တော်ဝင်မျိုးနွယ်ဖြစ်တဲ့ Princess Diana နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ပြီး Prince Andrew ရဲ့ (၂၁) နှစ်ပြည့် မွေးနေ့ပွဲမှာ ဖျော်ဖြေပေးခဲ့တဲ့အတွက် Diana က ကျေးဇူးတင်ကြောင်း Elton John ကိုပြောဖူးပါတယ်။ Diana ရဲ့ အရင်းနှီးဆုံးလူယုံတစ်ဦးသေဆုံးတဲ့ အသုဘအခမ်းအနားမှာလည်း Elton John ဟာ “Candle in the Wind” သီချင်းနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါသေးတယ်။ Diana သေဆုံးတဲ့ နှစ်ပတ်လည်နေ့မှာ Elton John ဟာ Diana ကို အောက်မေ့တဲ့အနေနဲ့ “20 years ago today, the world lost angel” ဆိုတဲ့ Caption လေးရေးသားကာ Instagram ပေါ်မှာ တင်ခဲ့တာကို တွေ့ရပါတယ်။

Prince Dianna and Elton John

Princess Dianna and Elton John

(၅) Sussex မြို့စားကတော် Meghan Markle နဲ့ Amal Clooney

လန်ဒန်ကို Meghan Markle ပြောင်းရွေ့နေထိုင်စဉ် Vogue Cover Star တစ်ဦးဖြစ်တဲ့ Amal Clooney နဲ့ ရင်နှီးမှုရရှိပြီး သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။ Amal ဟာ Meghan အတွက် သူငယ်ချင်းကောင်းလို့ ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ Amal ဟာ Meghan လန်ဒန်မှာ အခြေချနေထိုင်ဖို့အတွက် အများကြီး အကူအညီပေးခဲ့သူ ဖြစ်ပါတယ်။ People မဂ္ဂဇင်းရဲ့ ဖော်ပြချက်တွေအရဆိုရင်လည်း သူတို့ဟာ အလွန်ရင်နှီးတဲ့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ကြတာကို တွေ့ရပါတယ်။

Meghan Markle and Amal Clooney

Meghan Markle and Amal Clooney

သူငယ်ချင်းကောင်းတွေဆိုတာ တစ်ဦးအပြစ်အနာအဆာတွေကို တစ်ဦးကို ဖာထေးကာကွယ်ပေးပြီး လမ်းမှားရောက်နေရင် လမ်းမှန်ကို ရောက်အောင် ပေးပို့ပေးသူ၊ အားပေးနှစ်သိမ့်ပေးသူ၊ တူတူကဲဖော်ကဲဖက်တွေလည်းဖြစ်သလို အခက်အခဲရောက်နေရင်လည်း အခက်အခဲကနေ ဆွဲထုတ်ပေးသူတွေလည်း ဖြစ်တဲ့အတွက် ကိုယ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဘော်ဒါကောင်းတွေရှိရင် ကျေးဇူးတင်ကြောင်း ဆက်ဆက်ပြောပြီး ဆက်ဆံရေးကောင်းကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းထားကြပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

www.akhayar.com