[Zawgyi]

လူပ်ဳိႀကီးဘဲြ႔ကို ခံယူထားတဲ႔ ေဟာလိဝုဒ္ရဲ႕ မင္းသားေခ်ာမ်ား

အိမ္ေထာင္မႈ ဘုရားတည္ ေဆးမင္ရည္စုပ္ထုိး ဤသံုးမ်ဳိးခ်က္မပိုင္လွ်င္ ေနာင္ျပင္ရန္ခက္သည့္အမ်ဳိးဆိုတဲ႔ ဆိုရုိးစကားကို လိုက္နာၿပီး အိမ္ေထာင္မျပဳဘဲ လူပ်ဳိႀကီးအျဖစ္နဲ႔ ေနၾကတဲ႔ ေဟာလိဝုဒ္အမ်ဳိးသားသရုပ္ေဆာင္ေတြ အမ်ားျပားရွိပါတယ္။ အဲ႔ဒီအမ်ဳိးသားသရုပ္ေဆာင္ေတြက ဘယ္သူေတြမ်ားလဲဆိုတာ သိေအာင္ ၾကည့္ၾကည့္လိုက္ရေအာင္။

(၁) Jake Gyllenhaal

ဒီမင္းသားႀကီးဟာ နာမည္ႀကီးဒိတ္ဒိတ္ၾကဲ အဆုိေတာ္၊ မင္းသမီးေတြျဖစ္တဲ႔ Taylor Swift ၊ Kristen Dunst ၊ Natalie Portman ၊ Reese Witherspoon နဲ႔ Minka Kelly တို႔နဲ႔ ဒိတ္ဖူးေပမယ့္ အခုခ်ိန္ထိ တစ္ကိုယ္တည္း လူပ်ဳိႀကီး ျဖစ္ေနတုန္းပါ။ သူမွာ မိန္းမပ်ဳိတုိ႔ ေၾကြတတ္တဲ႔ စဲြေဆာင္မႈရွိတဲ့အျပံဳး၊ ႀကီးမားတဲ႔မ်က္လံုးျပာႀကီးေတြ ပိုင္္ဆိုင္ထားေပမယ့္ စစ္မွန္တဲ႔ ဖူးစာဖက္ကို ရွာမေတြ႔ေသးတဲ႔အတြက္ေၾကာင့္ပဲ လူပ်ဳိႀကီးဘဲြ႔ကို ခံယူထားေလသလား မသိပါဘူး။

Jake Gyllenhaal

Jake Gyllenhaal

(၂) Taylor Lautner

ျမန္မာပရိသတ္ေတြအေနနဲ႔ ဒီမင္းသားကိုေတာ့ Twilight ရုပ္ရွင္ထဲက ဝံပုေလြေလးအေနနဲ႔ လူသိမ်ားၾကပါတယ္။ အသက္ (၂၆) ႏွစ္အရြယ္ ေဘာ္ဒီေတာင့္ေတာင့္နဲ႔ ညိႈ႔ဓာတ္ျပင္းတဲ႔ ဒီဝံပုေလြမင္းသားေလးဟာလည္း ခုခ်ိန္ထိ Single ပဲ ရွိပါေသးတယ္။ အလုပ္ေတြ၊ Workout Plan ေတြနဲ႔ ခႏၶာကိုယ္ၾကံ႕ခိုင္ေအာင္ ႀကိဳးစားေနရတဲ႔အတြက္ အခုခ်ိန္ထိ လူပ်ဳိႀကီးဘဝကို ေက်ေက်နပ္နပ္ ခံယူထားသူ ျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ မွန္ကန္တဲ႔ ဖူးစာရွင္နဲ႔ ေတြ႔ၿပီး ေရႊလက္တဲြရမယ္လို႔ ယံုၾကည္ေနတဲ့ သူလည္း ျဖစ္ပါတယ္။

Taylor Lautner

Taylor Lautner

(၃) Zac Efron

အသက္ (၃၁) ႏွစ္အရြယ္ ရွိေနေပမယ့္ High School Musical ရုိက္စကထက္ေတာင္ ပုိေခ်ာ၊ ပိုမိုက္လာတဲ႔ ဒီမင္းသားကလည္း ခုခ်ိန္ထိ တစ္ကိုယ္တည္း လူပ်ဳိႀကီးပါ။ Date လုပ္တယ္ဆိုတာ လြယ္ကူတဲ႔အရာမဟုတ္ဘဲ ခက္ခဲပါတယ္။ အထူးသျဖင့္ သူကေလွ်ာက္သြားၿပီး ထူးျခားတဲ႔ စြန္႔စားမႈေတြကို လုပ္ရတာ ေပ်ာ္ေမြ႔ေနတဲ႔အတြက္ Date ဘက္ကို မလွည့္ျဖစ္ပါဘူး။ ရူးသြပ္တဲ႔အရာေတြေနာက္ကို လိုက္ၿပီးလုပ္ရတာက တစ္စံုတစ္ေယာက္နဲ႔ တူတူရွိေနရတာထက္ ပိုေပ်ာ္စရာေကာင္းပါတယ္။

Zac Efron

Zac Efron

(၄) Leonardo DiCaprio

ေအာ္စကာဆုပိုင္ရွင္ ဒီမင္းသားႀကီးက ေမာ္ဒယ္လ္ေတြ၊ မင္းသမီးေတြအေျမာက္အျမားနဲ႔ တဲြခဲ႔ဖူးသူျဖစ္ပါတယ္။ အသက္အရြယ္အားျဖင့္လည္း ေလးဆယ္ေက်ာ္ဆိုတဲ့ သက္လတ္ပိုင္းအရြယ္ကို ေရာက္ေနၿပီျဖစ္ေပမယ့္ အိမ္ေထာင္မျပဳဘဲ လူပ်ဳိႀကီးဆိုတဲ႔ဂုဏ္ပုဒ္ကို အၾကာႀကီးထိန္းၿပီး ေနထုိင္ခဲ႔သူျဖစ္ပါတယ္။ အခုလတ္တေလာမွာေတာ့ လူပ်ဳိႀကီးဘဝကို လက္ျပႏႈတ္ဆက္ဖို႔ အလားအလာ ရွိေနသူလည္းျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မင္းသမီး Camila Morrone နဲ႔ ၂၀၁၉ မွာ ေရႊလက္တဲြေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။

Leonardo DiCaprio

Leonardo DiCaprio

(၅) Chris Pine

Wonder Woman ထဲက မင္းသားႀကီး Chris Pine က လည္း အသက္ ၃၈ ႏွစ္အရြယ္ေရာက္ေနသည့္တိုင္ ဘဝကို လူပ်ဳိိႀကီးအျဖစ္နဲ႔ ျဖတ္သန္းေနသူျဖစ္ပါတယ္။ ဒီမင္းသားဟာ အရက္မူးၿပီး ကားေမာင္းခဲ႔တဲ့အတြက္ နာမည္ထြက္ခဲ့ဖူးသလို ဆိုရွယ္မီဒီယာကိုလည္း လံုးဝမသံုးသေလာက္ရွိတဲ႔အတြက္ေၾကာင့္ နာမည္ႀကီးပါတယ္။ ဒါ့အျပင္ အခ်စ္ဇာတ္လမ္းေတြထက္ အလုပ္ကို ပိုဦးစားေပးတဲ႔ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။ Date ေတြလုပ္ဖို႔ထက္ အဓိပၸါယ္ရွိတဲ့အရာေတြကိုသာ ေရွ႕ဆက္လုပ္ေဆာင္ဖို႔ စိတ္ကူးရွိတဲ့ ဒီမင္းသားဟာ အနာဂတ္မွာလည္း လူပ်ဳိႀကီးအျဖစ္နဲ႔ပဲ ဆက္လက္ရွိေနဖို႔ မ်ားပါတယ္။

Chris Pine

Chris Pine

H.H(Akhayar)

www.akhayar.com

[Unicode]

လူပျိုကြီးဘွဲ့ကို ခံယူထားတဲ့ ဟောလိဝုဒ်ရဲ့ မင်းသားချောများ

အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုပ်ထိုး ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုးဆိုတဲ့ ဆိုရိုးစကားကို လိုက်နာပြီး အိမ်ထောင်မပြုဘဲ လူပျိုကြီးအဖြစ်နဲ့ နေကြတဲ့ ဟောလိဝုဒ်အမျိုးသားသရုပ်ဆောင်တွေ အများပြားရှိပါတယ်။ အဲ့ဒီအမျိုးသားသရုပ်ဆောင်တွေက ဘယ်သူတွေများလဲဆိုတာ သိအောင် ကြည့်ကြည့်လိုက်ရအောင်။

(၁) Jake Gyllenhaal

ဒီမင်းသားကြီးဟာ နာမည်ကြီးဒိတ်ဒိတ်ကြဲ အဆိုတော်၊ မင်းသမီးတွေဖြစ်တဲ့ Taylor Swift ၊ Kristen Dunst ၊ Natalie Portman ၊ Reese Witherspoon နဲ့ Minka Kelly တို့နဲ့ ဒိတ်ဖူးပေမယ့် အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတုန်းပါ။ သူမှာ မိန်းမပျိုတို့ ကြွေတတ်တဲ့ စွဲဆောင်မှုရှိတဲ့အပြုံး၊ ကြီးမားတဲ့မျက်လုံးပြာကြီးတွေ ပိုင်ဆိုင်ထားပေမယ့် စစ်မှန်တဲ့ ဖူးစာဖက်ကို ရှာမတွေ့သေးတဲ့အတွက်ကြောင့်ပဲ လူပျိုကြီးဘွဲ့ကို ခံယူထားလေသလား မသိပါဘူး။

Jake Gyllenhaal

Jake Gyllenhaal

(၂) Taylor Lautner

မြန်မာပရိသတ်တွေအနေနဲ့ ဒီမင်းသားကိုတော့ Twilight ရုပ်ရှင်ထဲက ဝံပုလွေလေးအနေနဲ့ လူသိများကြပါတယ်။ အသက် (၂၆) နှစ်အရွယ် ဘော်ဒီတောင့်တောင့်နဲ့ ညှို့ဓာတ်ပြင်းတဲ့ ဒီဝံပုလွေမင်းသားလေးဟာလည်း ခုချိန်ထိ Single ပဲ ရှိပါသေးတယ်။ အလုပ်တွေ၊ Workout Plan တွေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်အောင် ကြိုးစားနေရတဲ့အတွက် အခုချိန်ထိ လူပျိုကြီးဘဝကို ကျေကျေနပ်နပ် ခံယူထားသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မှန်ကန်တဲ့ ဖူးစာရှင်နဲ့ တွေ့ပြီး ရွှေလက်တွဲရမယ်လို့ ယုံကြည်နေတဲ့ သူလည်း ဖြစ်ပါတယ်။

Taylor Lautner

Taylor Lautner

(၃) Zac Efron

အသက် (၃၁) နှစ်အရွယ် ရှိနေပေမယ့် High School Musical ရိုက်စကထက်တောင် ပိုချော၊ ပိုမိုက်လာတဲ့ ဒီမင်းသားကလည်း ခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးပါ။ Date လုပ်တယ်ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘဲ ခက်ခဲပါတယ်။ အထူးသဖြင့် သူကလျှောက်သွားပြီး ထူးခြားတဲ့ စွန့်စားမှုတွေကို လုပ်ရတာ ပျော်မွေ့နေတဲ့အတွက် Date ဘက်ကို မလှည့်ဖြစ်ပါဘူး။ ရူးသွပ်တဲ့အရာတွေနောက်ကို လိုက်ပြီးလုပ်ရတာက တစ်စုံတစ်ယောက်နဲ့ တူတူရှိနေရတာထက် ပိုပျော်စရာကောင်းပါတယ်။

Zac Efron

Zac Efron

(၄) Leonardo DiCaprio

အော်စကာဆုပိုင်ရှင် ဒီမင်းသားကြီးက မော်ဒယ်လ်တွေ၊ မင်းသမီးတွေအမြောက်အမြားနဲ့ တွဲခဲ့ဖူးသူဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်လည်း လေးဆယ်ကျော်ဆိုတဲ့ သက်လတ်ပိုင်းအရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုဘဲ လူပျိုကြီးဆိုတဲ့ဂုဏ်ပုဒ်ကို အကြာကြီးထိန်းပြီး နေထိုင်ခဲ့သူဖြစ်ပါတယ်။ အခုလတ်တလောမှာတော့ လူပျိုကြီးဘဝကို လက်ပြနှုတ်ဆက်ဖို့ အလားအလာ ရှိနေသူလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းသမီး Camila Morrone နဲ့ ၂၀၁၉ မှာ ရွှေလက်တွဲတော့မယ်လို့ သတင်းထွက်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Leonardo DiCaprio

Leonardo DiCaprio

(၅) Chris Pine

Wonder Woman ထဲက မင်းသားကြီး Chris Pine က လည်း အသက် ၃၈ နှစ်အရွယ်ရောက်နေသည့်တိုင် ဘဝကို လူပျိုကြီးအဖြစ်နဲ့ ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒီမင်းသားဟာ အရက်မူးပြီး ကားမောင်းခဲ့တဲ့အတွက် နာမည်ထွက်ခဲ့ဖူးသလို ဆိုရှယ်မီဒီယာကိုလည်း လုံးဝမသုံးသလောက်ရှိတဲ့အတွက်ကြောင့် နာမည်ကြီးပါတယ်။ ဒါ့အပြင် အချစ်ဇာတ်လမ်းတွေထက် အလုပ်ကို ပိုဦးစားပေးတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ Date တွေလုပ်ဖို့ထက် အဓိပ္ပါယ်ရှိတဲ့အရာတွေကိုသာ ရှေ့ဆက်လုပ်ဆောင်ဖို့ စိတ်ကူးရှိတဲ့ ဒီမင်းသားဟာ အနာဂတ်မှာလည်း လူပျိုကြီးအဖြစ်နဲ့ပဲ ဆက်လက်ရှိနေဖို့ များပါတယ်။

Chris Pine

Chris Pine

H.H(Akhayar)

www.akhayar.com