[Zawgyi]

ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိေစဖို႔ ဆယ္လီမမေတြရဲ႕ အၾကံေပးခ်က္ (၅) ခ်က္

လူေတြ အထူးသျဖင့္ အမ်ိဳးသမီးေတြဟာ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈ၊ စကားတင္းဆိုမႈေတြကို ခံႏုိင္ရည္မရွိၾကပါဘူး။ ပတ္ဝန္းက်င္ဆိုတာကလည္း ကုိယ္က ေကာင္းတာလုပ္ေနရင္ေတာင္ ၾကံဖန္ျပီး အျပစ္ျမင္တတ္ၾကတဲ့ အမ်ိဳးမလား။ ဒါေၾကာင့္္ မိန္းကေလးေတြဟာ ကိုယ္ဝတ္ထားစားထားတာကို ေဝဖန္ခံရတဲ့အခါ၊ ကုိယ့္ရဲ႕ ခႏၶာကုိယ္ကို ရယ္ပြဲဖြဲ႔ခံရတဲ့အခါ အိမ္ျပန္ မွန္ၾကည့္ စိတ္ဓာတ္က် ငိုရတာေတြ ျဖစ္လာရတာေပါ့။

ဒီလိုမ်ိဳး မျဖစ္ေအာင္ ကိုယ့္အေျခအေန ကိုယ့္ခႏၶာကိုယ္ပံုစံ ဘယ္လိုပဲ ရွိရွိ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိေစဖို႔ နာမည္ေက်ာ္ အမ်ိဳးသမီးေတြက ခုလိုမ်ိဳး အၾကံဥာဏ္ေကာင္းေတြ ေပးခဲ့ၾကပါတယ္။

၁) တရားထိုင္ပါ

Cleo Wade

Cleo Wade

လူဟာ ပင္ပန္း၊ စိတ္ရႈပ္၊ ဖ်ားနာေနတဲ့ အခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိႏုိင္ဘူးဆိုတာေတာ့ အမွန္တရားပါပဲ။ ကိုယ့္ကုိယ္ကိုယ္ ယံုၾကည္မႈရွိတယ္ဆိုတာက ေအးေဆးသက္သာရွိျခင္းကေန လာတာပါ။ နာမည္ေက်ာ္ကဗ်ာဆရာမျဖစ္တဲ့ Cleo Wade ကေတာ့ “တစ္ခုခုလုပ္ေတာ့မယ္ဆုိရင္ မလုပ္ခင္ တရားထုိင္တာပါပဲ၊ ခႏၶာကုိယ္အျပင္ပန္းအလွကို ဂရုစိုက္ဖို႔ လိုသလို အတြင္းစိတ္ကိုလည္း ဂရုစုိက္ေပးဖို႔ လိုပါတယ္” တဲ့။

၂) စိတ္ေပ်ာ္ရာကို ရွာေဖြျပီး အားပါးတရျပဳလုပ္ပါ

Priyanka Chopra

Priyanka Chopra

ကိုယ္သီခ်င္းနားေထာင္ရတာ ၾကိဳက္လား၊ ရုပ္ရွင္ၾကည့္ရရင္ ေပ်ာ္ေနလား။ ဒါဆုိရင္ ဒါေတြကို အားပါးတရျပဳလုပ္လိုက္ပါ။ Miss Universe ေဟာင္း Priyanka Chopra ကေတာ့ “ ကၽြန္မက  အားလပ္ခ်ိန္တိုိင္း TV Shows ေတြ ၾကည့္ရတာ ၾကိဳက္ပါတယ္၊ ဒါေၾကာင့္ပဲ အားျပီဆိုတာနဲ႔ နားၾကပ္တပ္ျပီး ေရွ႕က TV ကို အားရပါးရၾကည့္ေတာ့တာပါပဲ။ ဒီလို လုပ္ေပးလိုက္တာနဲ႔ တျခားသူေတြကို အာရံုစိုက္ေနရတာေတြ ေလ်ာ့သြားျပီး ကုိယ့္ကုိယ္ကုိယ္လည္း ျပန္ရွာေဖြေတြ႔ရွိတယ္၊ ဘာမွလည္း ေတာင္ေတာင္အီအီမစဥ္းစားျဖစ္ေတာ့ဘူး” လုို႔ သူ႔ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပခဲ့ပါတယ္။

၃) ကိုယ့္ခႏၶာကိုယ္မွာ ကိုယ္သေဘာက်တဲ့အရာေတြကို တန္ဖိုးထားတတ္ပါေစ

Negin Mirsalehi

Negin Mirsalehi

ကုိယ့္ခႏၶာကိုယ္မွာ ကိုယ္မၾကိဳက္တဲ့အရာေတြ အမ်ားၾကီးရွိသလို၊ ၾကိဳက္တဲ့ အစိတ္အပိုင္းေတြလည္း ရွိဦးမွာပါ။ ကို္ယ့္ခႏၶာကိုယ္မွာ ကိုယ္ၾကိဳက္တဲ့ အစိတ္အပိုင္းကို အာရံုစိုက္ျပီး လွေအာင္ျပဳျပင္ပါ။ Fashion Blogger တစ္ေယာက္ျဖစ္တဲ့ Negin Mirsalehi ကေတာ့ “ ကၽြန္မအတြက္ကေတာ့ ကၽြန္မဆံပင္ကို အၾကိဳက္ဆံုးပါပဲ။ အထက္တန္းတုန္းက တျခားေကာင္မေလးေတြကုိယ့္ကုိယ္ကိုယ္ ယံုၾကည္မႈကင္းမဲ့ေနခ်ိန္မွာ ကၽြန္မကေတာ့ ကၽြန္မ ဆံပင္ကို လွေအာင္ထိန္းသိမ္းျပီး ယံုၾကည္မႈရွိေအာင္ေနပါတယ္” လို႔ ေျပာျပခဲ့ပါတယ္။

၄) ရိုးရွင္းတဲ့ ေပ်ာ္ရႊင္မႈေတြမွာ ေမြ႔ေလ်ာ္ပါ

Teresa Palmer

Teresa Palmer

မင္းသမီး Teresa Palmer အတြက္ကေတာ့ က်န္းက်န္းမာမာရွိတာနဲ႔ အစားအေသာက္ေကာင္းေကာင္းစားရတာဟာ ကိုယ့္ကုိယ္ကိုယ္ ယံုၾကည္မႈရွိေစတဲ့ အခ်က္ေတြပါပဲတဲ့။ သူက ဒါကို “ ရိုးရုိးသားသားေပ်ာ္ရရင္ ကၽြန္မ က်န္းက်န္းမာမာရွိေနတဲ့အခ်ိန္က အေပ်ာ္ရႊင္ဆံုးနဲ႔ ကိုယ့္ကုိယ္ကိုယ္ ယံုၾကည္မႈအရွိဆံုးအခ်ိန္ေတြပါပဲ။ ျပီးေတာ့ လူေတြ ေျပာမွာ ေၾကာက္ျပီး အိမ္ထဲမွာပဲ ကုပ္မေနဘဲ အျပင္ထြက္ လမ္းေလွ်ာက္ လန္းလန္းဆန္းဆန္းေနပါ။” လို႔ ဆိုခဲ့ပါတယ္။ ကိုယ့္ကုိယ္ကိုယ္ ဂရုစိုက္ေနရင္ တျခားသူေတြေျပာတာကို ဂရုမစိုက္မိေတာ့ဘူးဆိုတဲ့ သေဘာပါ။

၅) ယံုၾကည္မႈအားနည္းေနတယ္ထင္ရင္၊ ႏႈတ္ခမ္းကာလာကို အနီေရာင္တင္ပါ။

Jaime King

Jaime King

အနီေရာင္ဆိုတာ ရဲရင့္ျခင္းရဲ႕ သေကၤတပါတဲ့။ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ Jaime King ကေတာ့ ကုိယ့္ကိုယ္ကိုယ္အားမရတုိင္း နႈတ္ခမ္းိကု အနီရဲရဲဆုိးသြားလိုက္တာပါပဲတဲ့။ “အနီေရာင္နႈတ္ခမ္းဆိုးေဆးဟာ အမ်ိဳးသမီးေတြကို အားရွိေစျပီး လြတ္လပ္တက္ၾကြတဲ့ ပံုလည္း ေပါက္ေစပါတယ္” လို႔ အၾကံေပးသြားခဲ့ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : byrdie.com
[Unicode]

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့ ဆယ်လီမမတွေရဲ့ အကြံပေးချက် (၅) ချက်

လူတွေ အထူးသဖြင့် အမျိုးသမီးတွေဟာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု၊ စကားတင်းဆိုမှုတွေကို ခံနိုင်ရည်မရှိကြပါဘူး။ ပတ်ဝန်းကျင်ဆိုတာကလည်း ကိုယ်က ကောင်းတာလုပ်နေရင်တောင် ကြံဖန်ပြီး အပြစ်မြင်တတ်ကြတဲ့ အမျိုးမလား။ ဒါကြောင့်် မိန်းကလေးတွေဟာ ကိုယ်ဝတ်ထားစားထားတာကို ဝေဖန်ခံရတဲ့အခါ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ရယ်ပွဲဖွဲ့ခံရတဲ့အခါ အိမ်ပြန် မှန်ကြည့် စိတ်ဓာတ်ကျ ငိုရတာတွေ ဖြစ်လာရတာပေါ့။

ဒီလိုမျိုး မဖြစ်အောင် ကိုယ့်အခြေအနေ ကိုယ့်ခန္ဓာကိုယ်ပုံစံ ဘယ်လိုပဲ ရှိရှိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့ နာမည်ကျော် အမျိုးသမီးတွေက ခုလိုမျိုး အကြံဉာဏ်ကောင်းတွေ ပေးခဲ့ကြပါတယ်။

၁) တရားထိုင်ပါ

Cleo Wade

Cleo Wade

လူဟာ ပင်ပန်း၊ စိတ်ရှုပ်၊ ဖျားနာနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိနိုင်ဘူးဆိုတာတော့ အမှန်တရားပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာက အေးဆေးသက်သာရှိခြင်းကနေ လာတာပါ။ နာမည်ကျော်ကဗျာဆရာမဖြစ်တဲ့ Cleo Wade ကတော့ “တစ်ခုခုလုပ်တော့မယ်ဆိုရင် မလုပ်ခင် တရားထိုင်တာပါပဲ၊ ခန္ဓာကိုယ်အပြင်ပန်းအလှကို ဂရုစိုက်ဖို့ လိုသလို အတွင်းစိတ်ကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်” တဲ့။

၂) စိတ်ပျော်ရာကို ရှာဖွေပြီး အားပါးတရပြုလုပ်ပါ

Priyanka Chopra

Priyanka Chopra

ကိုယ်သီချင်းနားထောင်ရတာ ကြိုက်လား၊ ရုပ်ရှင်ကြည့်ရရင် ပျော်နေလား။ ဒါဆိုရင် ဒါတွေကို အားပါးတရပြုလုပ်လိုက်ပါ။ Miss Universe ဟောင်း Priyanka Chopra ကတော့ “ ကျွန်မက  အားလပ်ချိန်တိုင်း TV Shows တွေ ကြည့်ရတာ ကြိုက်ပါတယ်၊ ဒါကြောင့်ပဲ အားပြီဆိုတာနဲ့ နားကြပ်တပ်ပြီး ရှေ့က TV ကို အားရပါးရကြည့်တော့တာပါပဲ။ ဒီလို လုပ်ပေးလိုက်တာနဲ့ တခြားသူတွေကို အာရုံစိုက်နေရတာတွေ လျော့သွားပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ရှာဖွေတွေ့ရှိတယ်၊ ဘာမှလည်း တောင်တောင်အီအီမစဉ်းစားဖြစ်တော့ဘူး” လို့ သူ့ရဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။

၃) ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ်သဘောကျတဲ့အရာတွေကို တန်ဖိုးထားတတ်ပါစေ

Negin Mirsalehi

Negin Mirsalehi

ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ်မကြိုက်တဲ့အရာတွေ အများကြီးရှိသလို၊ ကြိုက်တဲ့ အစိတ်အပိုင်းတွေလည်း ရှိဦးမှာပါ။ ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ်ကြိုက်တဲ့ အစိတ်အပိုင်းကို အာရုံစိုက်ပြီး လှအောင်ပြုပြင်ပါ။ Fashion Blogger တစ်ယောက်ဖြစ်တဲ့ Negin Mirsalehi ကတော့ “ ကျွန်မအတွက်ကတော့ ကျွန်မဆံပင်ကို အကြိုက်ဆုံးပါပဲ။ အထက်တန်းတုန်းက တခြားကောင်မလေးတွေကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့နေချိန်မှာ ကျွန်မကတော့ ကျွန်မ ဆံပင်ကို လှအောင်ထိန်းသိမ်းပြီး ယုံကြည်မှုရှိအောင်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

၄) ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေမှာ မွေ့လျော်ပါ

Teresa Palmer

Teresa Palmer

မင်းသမီး Teresa Palmer အတွက်ကတော့ ကျန်းကျန်းမာမာရှိတာနဲ့ အစားအသောက်ကောင်းကောင်းစားရတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့ အချက်တွေပါပဲတဲ့။ သူက ဒါကို “ ရိုးရိုးသားသားပျော်ရရင် ကျွန်မ ကျန်းကျန်းမာမာရှိနေတဲ့အချိန်က အပျော်ရွှင်ဆုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရှိဆုံးအချိန်တွေပါပဲ။ ပြီးတော့ လူတွေ ပြောမှာ ကြောက်ပြီး အိမ်ထဲမှာပဲ ကုပ်မနေဘဲ အပြင်ထွက် လမ်းလျှောက် လန်းလန်းဆန်းဆန်းနေပါ။” လို့ ဆိုခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေရင် တခြားသူတွေပြောတာကို ဂရုမစိုက်မိတော့ဘူးဆိုတဲ့ သဘောပါ။

၅) ယုံကြည်မှုအားနည်းနေတယ်ထင်ရင်၊ နှုတ်ခမ်းကာလာကို အနီရောင်တင်ပါ။

Jaime King

Jaime King

အနီရောင်ဆိုတာ ရဲရင့်ခြင်းရဲ့ သင်္ကေတပါတဲ့။ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Jaime King ကတော့ ကိုယ့်ကိုယ်ကိုယ်အားမရတိုင်း နှုတ်ခမ်းိကု အနီရဲရဲဆိုးသွားလိုက်တာပါပဲတဲ့။ “အနီရောင်နှုတ်ခမ်းဆိုးဆေးဟာ အမျိုးသမီးတွေကို အားရှိစေပြီး လွတ်လပ်တက်ကြွတဲ့ ပုံလည်း ပေါက်စေပါတယ်” လို့ အကြံပေးသွားခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : byrdie.com