[Zawgyi]

လက္ထပ္ခါနီးမွ ပရိသတ္ေတြကုိ အသိေပးခဲ့တဲ့ ကုိရီးယားထိပ္တန္းအႏုပညာရွင္မ်ား

ကုိရီးယားအႏုပညာရွင္ေတြအတြက္ေတာ့ ခ်စ္သူရည္းစားထားတာက တကယ့္ကုိ လူသိမခံ၀ံ့တ့ဲလ်ိဳ႕၀ွက္ခ်က္တစ္ခုလုိပါပဲ။ ေအာင္ျမင္ေက်ာ္ၾကားလာတာနဲ႕အမွ် သူတုိ႕ကုိ မ်က္စိေဒါက္ေထာက္ေစာင့္ၾကည့္ေနၾကတဲ့ မီဒီယာအသိုင္း၀ိုင္းနဲ႕ ပရိသတ္ေတြရွိၾကတာမုိ႕ တခ်ိဳ႕ေသာ ကုိရီးယားအႏုပညာရွင္ေတြက သူတုိ႕ရဲ႕ အခ်စ္ေရးနဲ႕ပတ္သက္ျပီး သုိသုိသိပ္သိပ္ ေနတတ္ၾကပါတယ္။

အခုေဖာ္ျပေပးမယ့္ ထိပ္တန္းအႏုပညာရွင္ေတြကေတာ့ လက္ထပ္ပြဲက်င္းပခါနီးမွ ပရိသတ္ေတြကုိ အသိေပးၾကသလုိ တခ်ိဳ႕ကလည္း အိမ္ေထာင္ရွိလုိ႕ရွိမွန္းမသိေလာက္ေအာင္ အေနအထုိင္သုိသိပ္ၾကသူေတြျဖစ္ပါတယ္။

Kim-Min-Seo

(၁) Kim Min Seo
ေတာင္ကုိရီးယားရဲ႕ နာမည္ေက်ာ္မင္းသမီး Kim Min Seo ကေတာ့ Good Doctor ၊ Moon Embracing the Sun ၊ and Witch at Court စတဲ့ ဇာတ္လမ္းတြဲေတြမွာ ပရိသတ္ေတြနဲ႕ ရင္းႏွီးျပီးသားမင္းသမီးတစ္လက္ျဖစ္ပါတယ္။ သူမရဲ႕ ခ်စ္သူကေတာ့ အႏုပညာအသုိင္း၀ုိင္းထဲက မဟုတ္တဲ့အတြက္ အစပုိင္းမွာ လူသိမခံခဲ့ေပမယ့္ သူတုိ႕စုံတြဲလက္ထပ္ခါနီးမွ ပရိသတ္ကုိ တရား၀င္အသိေပးခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ သူမရဲ႕ အေနထုိင္သုိသိပ္မႈေၾကာင့္ အေတာ္ေလးအ့့ံအားသင့္ခဲ့ရပါတယ္။

Park Eun ji

(၂) Park Eun Ji
ခ်စ္စရာေကာင္းတဲ့ ရုပ္သံအစီစဥ္တင္ဆက္သူတစ္ဦးျဖစ္တဲ့ Park Eun Ji ကလည္း ကုိရီးယားမွာ မင္းသမီးေတြနည္းတူ လွပေက်ာ့ရွင္းတာမုိ႕ ပရိသတ္စိတ္၀င္စားမႈရရွိထားသူျဖစ္ပါတယ္။ Jealousy Incarnate မွာ ပါ၀င္သရုပ္ေဆာင္ဖူးတဲ့ သူမဟာ ကုိရီးယား -အေမရိကန္ကျပား ရုံးသမားတစ္ေယာက္နဲ႕ လက္ထပ္ထားေၾကာင္း အခ်ိန္အေတာ္ၾကာမွ ထုတ္ေျပာခဲ့တာပါ။ ဘယ္သူနဲ႕တြဲေနမွန္းမသိေအာင္ အေနအထုိင္ပိရိသူမုိ႕ သူမကလည္း ေခသူမဟုတ္ပါဘူး။

Choi Ji woo

(၃) Choi Ji Woo
သူမကေတာ့ The Winter Sonata ဆုိတဲ့ ဇာတ္လမ္းတြဲေလးမွာ ျမန္မာပရိသတ္ေတြမ်က္မွန္းတန္းမိျပီးသား နာမည္ၾကီးမင္းသမီးတစ္လက္မုိ႕ မသိတဲ့သူကခပ္ရွားရွားပါပဲ။ ၀ါရင့္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေနျပီျဖစ္တဲ့ မင္းသမီး Choi Ji Woo ဟာ လူမႈကြန္ရက္မွာ သူမရဲ႕ မဂၤလာသတင္းနဲ႕ပတ္သက္ျပီး ေရးထားတဲ့ လက္ေရးစာမူတစ္ေစာင္ကုိ တင္ခဲ့ခ်ိန္မွာမွ အားလုံးက အံ့အားသင့္ခဲ့ရတာပါ။ သူမရဲ႕ ခ်စ္သူက အျပင္ေလာကက သာမန္လူတစ္ေယာက္ျဖစ္တာမုိ႕ လက္ထပ္ပြဲက်မွသာ ျမင္ဖူးခဲ့ၾကတာျဖစ္ပါတယ္။

Bae Yong Jun x Park Soo Jin

(၄) Bae Yong Jun x Park Soo Jin
ေတာင္ကုိရီးယားရဲ႕ ထိပ္တန္းမင္းသားတစ္လက္ျဖစ္တဲ့ Bae Yong Jun ကလည္း အဆုိေတာ္ Park Soo Jin နဲ႕လက္ရွိမွာ ေပ်ာ္ရႊင္ဖြယ္မိသားစုဘ၀ေလးပုိင္ဆုိင္ထားတာျဖစ္ပါတယ္။ သူတုိ႕စုံတြဲ ပီရိလုိက္ပုံကေတာ့ ေစ့စပ္ပြဲလုပ္တဲ့အခ်ိန္မွသာ သတင္းေတြေပါက္ၾကားခဲ့တာျဖစ္ျပီး သမီးေလးေမြးဖြားတဲ့အခ်ိန္မွ လူသိရွင္ၾကား တရား၀င္ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။

Haha and Byul

(၅) Haha နဲ႕ Byul
ေနာက္ထပ္အႏုပညာရွင္ႏွစ္ဦးကေတာ့ Haha နဲ႕ Byul တုိ႕စုံတြဲေလးပါ။ သူတုိ႕ႏွစ္ဦးဟာ သူငယ္ခ်င္းေတြအျဖစ္ ေျခာက္ႏွစ္ၾကာေနခဲ့ျပီးမွ ခ်စ္သူရည္းစားဘ၀ေရာက္ခဲ့တာျဖစ္ပါတယ္။ သူတုိ႕ႏွစ္ေယာက္တြဲေနတာကုိ သူငယ္ခ်င္းအေပါင္းေတြကုိ မသိေစခ်င္ခဲ့တာမုိ႕ အခ်စ္ေရးကုိ လ်ဳိ႕၀ွက္ထားခဲ့ၾကတာပါ။၂၀၁၂ ခုနွစ္တုန္းက ေစ့စပ္ပြဲလုပ္ခါနီးမွသာ အားလုံးကုိ အသိေပးေၾကညာခဲ့တာျဖစ္ျပီး အခုဆုိရင္ေတာ့ သူတုိ႕မွာ သားသမီးနွစ္ေယာက္ပုိင္ဆုိင္ထားျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းေနပါတယ္။

Stella (Akhayar)

www.Akhayar.com 

[Unicode] 

လက်ထပ်ခါနီးမှ ပရိသတ်တွေကို အသိပေးခဲ့တဲ့ ကိုရီးယားထိပ်တန်းအနုပညာရှင်များ

ကိုရီးယားအနုပညာရှင်တွေအတွက်တော့ ချစ်သူရည်းစားထားတာက တကယ့်ကို လူသိမခံဝံ့တဲ့လျို့ဝှက်ချက်တစ်ခုလိုပါပဲ။ အောင်မြင်ကျော်ကြားလာတာနဲ့အမျှ သူတို့ကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေကြတဲ့ မီဒီယာအသိုင်းဝိုင်းနဲ့ ပရိသတ်တွေရှိကြတာမို့ တချို့သော ကိုရီးယားအနုပညာရှင်တွေက သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ် နေတတ်ကြပါတယ်။

အခုဖော်ပြပေးမယ့် ထိပ်တန်းအနုပညာရှင်တွေကတော့ လက်ထပ်ပွဲကျင်းပခါနီးမှ ပရိသတ်တွေကို အသိပေးကြသလို တချို့ကလည်း အိမ်ထောင်ရှိလို့ရှိမှန်းမသိလောက်အောင် အနေအထိုင်သိုသိပ်ကြသူတွေဖြစ်ပါတယ်။

Kim-Min-Seo

(၁) Kim Min Seo
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီး Kim Min Seo ကတော့ Good Doctor ၊ Moon Embracing the Sun ၊ and Witch at Court စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားမင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမရဲ့ ချစ်သူကတော့ အနုပညာအသိုင်းဝိုင်းထဲက မဟုတ်တဲ့အတွက် အစပိုင်းမှာ လူသိမခံခဲ့ပေမယ့် သူတို့စုံတွဲလက်ထပ်ခါနီးမှ ပရိသတ်ကို တရားဝင်အသိပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမရဲ့ အနေထိုင်သိုသိပ်မှုကြောင့် အတော်လေးအံ့အားသင့်ခဲ့ရပါတယ်။

Park Eun ji

(၂) Park Eun Ji
ချစ်စရာကောင်းတဲ့ ရုပ်သံအစီစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ Park Eun Ji ကလည်း ကိုရီးယားမှာ မင်းသမီးတွေနည်းတူ လှပကျော့ရှင်းတာမို့ ပရိသတ်စိတ်ဝင်စားမှုရရှိထားသူဖြစ်ပါတယ်။ Jealousy Incarnate မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူမဟာ ကိုရီးယား -အမေရိကန်ကပြား ရုံးသမားတစ်ယောက်နဲ့ လက်ထပ်ထားကြောင်း အချိန်အတော်ကြာမှ ထုတ်ပြောခဲ့တာပါ။ ဘယ်သူနဲ့တွဲနေမှန်းမသိအောင် အနေအထိုင်ပိရိသူမို့ သူမကလည်း ခေသူမဟုတ်ပါဘူး။

Choi Ji woo

(၃) Choi Ji Woo
သူမကတော့ The Winter Sonata ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ မြန်မာပရိသတ်တွေမျက်မှန်းတန်းမိပြီးသား နာမည်ကြီးမင်းသမီးတစ်လက်မို့ မသိတဲ့သူကခပ်ရှားရှားပါပဲ။ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ မင်းသမီး Choi Ji Woo ဟာ လူမှုကွန်ရက်မှာ သူမရဲ့ မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး ရေးထားတဲ့ လက်ရေးစာမူတစ်စောင်ကို တင်ခဲ့ချိန်မှာမှ အားလုံးက အံ့အားသင့်ခဲ့ရတာပါ။ သူမရဲ့ ချစ်သူက အပြင်လောကက သာမန်လူတစ်ယောက်ဖြစ်တာမို့ လက်ထပ်ပွဲကျမှသာ မြင်ဖူးခဲ့ကြတာဖြစ်ပါတယ်။

Bae Yong Jun x Park Soo Jin

(၄) Bae Yong Jun x Park Soo Jin
တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Bae Yong Jun ကလည်း အဆိုတော် Park Soo Jin နဲ့လက်ရှိမှာ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူတို့စုံတွဲ ပီရိလိုက်ပုံကတော့ စေ့စပ်ပွဲလုပ်တဲ့အချိန်မှသာ သတင်းတွေပေါက်ကြားခဲ့တာဖြစ်ပြီး သမီးလေးမွေးဖွားတဲ့အချိန်မှ လူသိရှင်ကြား တရားဝင်ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

Haha and Byul

(၅) Haha နဲ့ Byul
နောက်ထပ်အနုပညာရှင်နှစ်ဦးကတော့ Haha နဲ့ Byul တို့စုံတွဲလေးပါ။ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေအဖြစ် ခြောက်နှစ်ကြာနေခဲ့ပြီးမှ ချစ်သူရည်းစားဘဝရောက်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်တွဲနေတာကို သူငယ်ချင်းအပေါင်းတွေကို မသိစေချင်ခဲ့တာမို့ အချစ်ရေးကို လျို့ဝှက်ထားခဲ့ကြတာပါ။၂၀၁၂ ခုနှစ်တုန်းက စေ့စပ်ပွဲလုပ်ခါနီးမှသာ အားလုံးကို အသိပေးကြေညာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ သူတို့မှာ သားသမီးနှစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။

Stella (Akhayar)

www.Akhayar.com