[Zawgyi]

Zombie ဇာတ္ကားေတြအမ်ားၾကီးထဲကမွ ၾကည့္သင့္တဲ့ ဇာတ္ကားေကာင္း (၅) ကား

စေန၊ တနဂၤေႏြ ရုပ္ရွင္ၾကည့္ျပီး အခ်ိန္ျဖဳန္းေတာ့မယ္ဆုိရင္ ထိတ္လန္႔ေျခာက္ျခားရသကို တခမ္းတနားခံစားရေစမယ့္ Zombie ဇာတ္ကားေကာင္းေလးေတြကို ညႊန္းခ်င္ပါတယ္။ တကယ္ေတာ့ Zombie ဇာတ္ကားဆုိတာ ဆူလြယ္နပ္လြယ္ေပါေပါထုတ္၊ ေပါေပါရိုက္ေနၾကတဲ့ ဇာတ္လမ္းမ်ိဳးထဲမွာပါပါတယ္၊ ဒါေၾကာင့္ပဲ Zombie ဇာတ္ကားေတြကို အမ်ားၾကီးေတြ႔ရမွာ ျဖစ္ျပီး ဒီထဲကမွ တကယ္မိုက္တဲ့ ဇာတ္ကားမ်ိဳးေတြကိုပဲ ညႊန္းေပးခ်င္တာပါ။

၅) World War Z (2013)

World War Z

World War Z

ဒီဇာတ္ကားကေတာ့ A-list မင္းသား Brad Pitt ပါဝင္တဲ့ Zombie ဇာတ္ကားမို႔ စတည္းက စိတ္ဝင္စားခ်င္စရာပါ။ ဒီဇာတ္ကားကို ဒါရိုက္တာ Marc Forster က ရိုက္ကူးထားျပီး ဘတ္ဂ်တ္သန္း ၁၉၀ နဲ႔ရိုက္ကူးခဲ့တာျဖစ္ပါတယ္။ အရမ္းမိုက္တဲ့ Special Effects ေတြ သံုးထားျပီး Zombie ေတြဟာ အရင္လို ေႏွးေကြးေလးလံေနတဲ့ ပံုစံမဟုတ္တဲ့အတြက္ လူသားကမာၻနဲ႔ Zombie ေတြၾကား ပိုျပီး အၾကိတ္အနယ္ရွိလာတာပါ။ အက္ရွင္နဲ႔ Zombie ေတြကိုပါ ေရာေမႊထားတဲ့ အတြက္ သြက္သြက္လက္လက္ ေၾကာက္ေၾကာက္လန္႔လန္႔ၾကည့္ရမွာလည္း ျဖစ္ပါတယ္။ ဒီလို ဇာတ္ကားေကာင္းတစ္ကားျဖစ္လို႔လည္း Zombie ဇာတ္ကားသမုိင္းမွာ Box Office ဝင္ေငြ ေဒၚလာ သန္း ၅၄၀နဲ႔ ဝင္ေငြအေကာင္းဆံုးဇာတ္ကားျဖစ္ခဲ့တာ ျဖစ္ပါတယ္။

၄) Shaun of the Dead (2004)

World War Z

Shaun of the dead

အေပၚက Zombie ဇာတ္ကားတစ္ကားၾကည့္ျပီးျပီဆုိရင္ေတာ့ Parody လို အေျပာင္အပ်က္ဇာတ္ကားေလးလည္း ၾကည့္ျပီး အေၾကာက္ေျဖသင့္ပါတယ္။ ‘Shaun of the dead (2004)’ ဟာ Zombie ဇာတ္ကားေတြကို ဟာသပံုစံနဲ႔ ရို္က္ကူးထားတဲ့ ဇာတ္ကားျဖစ္ေပမယ့္ ေဝဖန္ေရးဆရာေတြဆီက ခ်ီးက်ဴးမႈေတြ ရခဲ့သလို ဝင္ေငြအရလည္း အထုိက္အေလ်ာက္ေကာင္းခဲ့တဲ့ ဇာတ္ကားမို႔ Zombie ကို ဟာသေႏွာျပီး ၾကည့္ခ်င္ရင္ ဒီဇာတ္ကားကို ၾကည့္ပါ။

၃)  28 Days Later (2002)

28 Days Later

28 Days Later

’28 Days Later’ ဇာတ္ကားကေတာ့ နာမည္ၾကီး ဒါရုိက္တာ Danny Boyles ရဲ႕ လက္ရာ ျဖစ္ပါတယ္။ ဒါရုိက္တာ Danny Boyles ဟာ Slumdog Millionaire နဲ႔ Steve Jobs လို ဇာတ္ကားေကာင္းေတြ ရိုက္ကူးခဲ့သူျဖစ္ျပီးေတာ့ ဒီ ’28 Days Later’ ဇာတ္ကားဟာလည္း ဝင္ေငြအရေရာ၊ အႏုပညာအရေရာ ေအာင္ျမင္ခဲ့ပါတယ္။ ဇာတ္ကားအစမွာ ဗုိင္းရပ္စ္ပိုးတစ္မ်ိဳး ကူးစက္ခံေနရတဲ့ ခ်င္ပန္ဇီေမ်ာက္ေတြကို တိရစာၦန္အခြင့္အေရးလႈပ္ရွားသူတစ္ေယာက္က လႊတ္ေပးခဲ့ရာက Zombie ကပ္ေဘးၾကီး စျဖစ္လာခဲ့ပါတယ္။ ဒီလို ကပ္ေဘးၾကီး ျဖစ္ျပီး ၂၈ ရက္အၾကာမွာ ေဆးရံုတစ္ခုက Coma ဝင္ေနတဲ့ လူနာ Jim ဟာ ႏုိးထလာခဲ့တဲ့ အခါ သူဘယ္လိုေတြ ရင္ဆုိင္ျဖတ္သန္းမလဲ၊ ဘာေတြ ၾကံဳရဦးမွာလဲ၊ ရႈစားၾကည့္ပါဦး။

၂) Dawn of the Dead (2004)

Dawn of the Dead

Dawn of the Dead

Dawn of the Dead (2004) ဇာတ္ကားကေတာ့ ကၽြန္ေတာ္အၾကိဳက္ဆံုး Zombie ဇာတ္ကားေတြထဲက တစ္ခုပါပဲ။ ရက္စက္ၾကမ္းၾကဳတ္တဲ့ Zombie ေတြရဲ႕ သတ္ျဖတ္မႈေတြၾကားမွာ ေျပးလႊားေနၾကတဲ့ လူတစ္စုဟာ Shopping Mall ၾကီး တစ္ခုကို ပုန္းခုိစရာတစ္ခုအေနနဲ႔ အသံုးျပဳျပီး ပုန္းေရွာင္ေနၾကပါတယ္။ Shopping Mall ၾကီးထဲ တစ္စတစ္စနဲ႔ ရိကၡာျပတ္လာတဲ့အခါ ထြက္ေျပးဖို႔ ဘယ္လိုၾကံမလဲ။ေပးလာသူ ဒုကၡသည္အခ်င္းခ်င္း လူေတြရဲ႕ စိတ္ေနသေဘာထားေတြေရာ၊ အသည္းတထိတ္ထိတ္ခံစားခ်က္ေတြကိုေရာ တျပိဳင္တည္းရရွိခံစားရမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းအစတည္းက ခပ္သြက္သြက္အက္ရွင္ေတြနဲ႔ ရႈစားရမွာမို႔ ပ်င္းေနရမွာ မဟုတ္ပါဘူး။

၁) Night of the Living Dead (1968)

Night of the Living Dead

Night of the Living Dead

Zombie ဇာတ္ကားေတြရဲ႕ ဘုိးေအၾကီး၊ Zombie ဇာတ္ကားေတြရဲ႕ ျမစ္ဖ်ားခံရာ Night of the Living Dead (1968) ကေတာ့ အဲဒီေခတ္အဲဒီအခါက ဂႏၱဝင္ဇာတ္ကားပါပဲ။ ဒီဇာတ္ကားမတုိင္ခင္က Zombie ဆိိုတာ Voodoo လို ေမွာ္အစြမ္းေတြနဲ႔ ထိန္းခ်ဳပ္ခံရတဲ့ လူေတြျဖစ္ျပီး ဒီဇာတ္ကားက စျပီးေတာ့ လံုးဝကို Concept ေျပာင္းသြားခဲ့ပါတယ္။ Zombie ဆိုတာ ေသရာကေန ျပန္ရွင္သန္လာျပီး အသားစားတဲ့ သူေတြအျဖစ္ ဒီဇာတ္ကားမွာ ရုိက္ကူးတင္ဆက္ထားခဲ့ပါတယ္။ ဒီဇာတ္ကားကို ဘတ္ဂ်တ္ေဒၚလာ ၁ သိန္းေက်ာ္နဲ႔ ရုိက္ကူးခဲ့ေပမယ့္ ဝင္ေငြ ေဒၚလာ သန္း ၃၀ ေလာက္ ရရွိခဲ့တာ ျဖစ္တဲ့အတြက္ ဝင္ေငြေကာင္းတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္ကားက အရမ္းေဟာင္းေနတဲ့အတြက္ Online မွာ ျပန္ရွာေဖြျပီး ၾကည့့္ဖို႔ပဲ ရွိပါေတာ့တယ္။

ဒီပိတ္ရက္မွာေတာ့ ဒီဇာတ္ကားေတြ ၾကည့္ရင္း ဇိမ္က်က်ႏွပ္ႏိုင္ၾကပါေစ။

Yoe Lu (Akhayar)

www.akhayar.com

Source : thecinemaholic.com
[Unicode]

Zombie ဇာတ်ကားတွေအများကြီးထဲကမှ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း (၅) ကား

စနေ၊ တနင်္ဂနွေ ရုပ်ရှင်ကြည့်ပြီး အချိန်ဖြုန်းတော့မယ်ဆိုရင် ထိတ်လန့်ခြောက်ခြားရသကို တခမ်းတနားခံစားရစေမယ့် Zombie ဇာတ်ကားကောင်းလေးတွေကို ညွှန်းချင်ပါတယ်။ တကယ်တော့ Zombie ဇာတ်ကားဆိုတာ ဆူလွယ်နပ်လွယ်ပေါပေါထုတ်၊ ပေါပေါရိုက်နေကြတဲ့ ဇာတ်လမ်းမျိုးထဲမှာပါပါတယ်၊ ဒါကြောင့်ပဲ Zombie ဇာတ်ကားတွေကို အများကြီးတွေ့ရမှာ ဖြစ်ပြီး ဒီထဲကမှ တကယ်မိုက်တဲ့ ဇာတ်ကားမျိုးတွေကိုပဲ ညွှန်းပေးချင်တာပါ။

၅) World War Z (2013)

World War Z

World War Z

ဒီဇာတ်ကားကတော့ A-list မင်းသား Brad Pitt ပါဝင်တဲ့ Zombie ဇာတ်ကားမို့ စတည်းက စိတ်ဝင်စားချင်စရာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ Marc Forster က ရိုက်ကူးထားပြီး ဘတ်ဂျတ်သန်း ၁၉၀ နဲ့ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အရမ်းမိုက်တဲ့ Special Effects တွေ သုံးထားပြီး Zombie တွေဟာ အရင်လို နှေးကွေးလေးလံနေတဲ့ ပုံစံမဟုတ်တဲ့အတွက် လူသားကမ္ဘာနဲ့ Zombie တွေကြား ပိုပြီး အကြိတ်အနယ်ရှိလာတာပါ။ အက်ရှင်နဲ့ Zombie တွေကိုပါ ရောမွှေထားတဲ့ အတွက် သွက်သွက်လက်လက် ကြောက်ကြောက်လန့်လန့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။ ဒီလို ဇာတ်ကားကောင်းတစ်ကားဖြစ်လို့လည်း Zombie ဇာတ်ကားသမိုင်းမှာ Box Office ဝင်ငွေ ဒေါ်လာ သန်း ၅၄၀နဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ခဲ့တာ ဖြစ်ပါတယ်။

၄) Shaun of the Dead (2004)

World War Z

Shaun of the dead

အပေါ်က Zombie ဇာတ်ကားတစ်ကားကြည့်ပြီးပြီဆိုရင်တော့ Parody လို အပြောင်အပျက်ဇာတ်ကားလေးလည်း ကြည့်ပြီး အကြောက်ဖြေသင့်ပါတယ်။ ‘Shaun of the dead (2004)’ ဟာ Zombie ဇာတ်ကားတွေကို ဟာသပုံစံနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပေမယ့် ဝေဖန်ရေးဆရာတွေဆီက ချီးကျူးမှုတွေ ရခဲ့သလို ဝင်ငွေအရလည်း အထိုက်အလျောက်ကောင်းခဲ့တဲ့ ဇာတ်ကားမို့ Zombie ကို ဟာသနှောပြီး ကြည့်ချင်ရင် ဒီဇာတ်ကားကို ကြည့်ပါ။

၃)  28 Days Later (2002)

28 Days Later

28 Days Later

’28 Days Later’ ဇာတ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ Danny Boyles ရဲ့ လက်ရာ ဖြစ်ပါတယ်။ ဒါရိုက်တာ Danny Boyles ဟာ Slumdog Millionaire နဲ့ Steve Jobs လို ဇာတ်ကားကောင်းတွေ ရိုက်ကူးခဲ့သူဖြစ်ပြီးတော့ ဒီ ’28 Days Later’ ဇာတ်ကားဟာလည်း ဝင်ငွေအရရော၊ အနုပညာအရရော အောင်မြင်ခဲ့ပါတယ်။ ဇာတ်ကားအစမှာ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ခံနေရတဲ့ ချင်ပန်ဇီမျောက်တွေကို တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတစ်ယောက်က လွှတ်ပေးခဲ့ရာက Zombie ကပ်ဘေးကြီး စဖြစ်လာခဲ့ပါတယ်။ ဒီလို ကပ်ဘေးကြီး ဖြစ်ပြီး ၂၈ ရက်အကြာမှာ ဆေးရုံတစ်ခုက Coma ဝင်နေတဲ့ လူနာ Jim ဟာ နိုးထလာခဲ့တဲ့ အခါ သူဘယ်လိုတွေ ရင်ဆိုင်ဖြတ်သန်းမလဲ၊ ဘာတွေ ကြုံရဦးမှာလဲ၊ ရှုစားကြည့်ပါဦး။

၂) Dawn of the Dead (2004)

Dawn of the Dead

Dawn of the Dead

Dawn of the Dead (2004) ဇာတ်ကားကတော့ ကျွန်တော်အကြိုက်ဆုံး Zombie ဇာတ်ကားတွေထဲက တစ်ခုပါပဲ။ ရက်စက်ကြမ်းကြုတ်တဲ့ Zombie တွေရဲ့ သတ်ဖြတ်မှုတွေကြားမှာ ပြေးလွှားနေကြတဲ့ လူတစ်စုဟာ Shopping Mall ကြီး တစ်ခုကို ပုန်းခိုစရာတစ်ခုအနေနဲ့ အသုံးပြုပြီး ပုန်းရှောင်နေကြပါတယ်။ Shopping Mall ကြီးထဲ တစ်စတစ်စနဲ့ ရိက္ခာပြတ်လာတဲ့အခါ ထွက်ပြေးဖို့ ဘယ်လိုကြံမလဲ။ပေးလာသူ ဒုက္ခသည်အချင်းချင်း လူတွေရဲ့ စိတ်နေသဘောထားတွေရော၊ အသည်းတထိတ်ထိတ်ခံစားချက်တွေကိုရော တပြိုင်တည်းရရှိခံစားရမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအစတည်းက ခပ်သွက်သွက်အက်ရှင်တွေနဲ့ ရှုစားရမှာမို့ ပျင်းနေရမှာ မဟုတ်ပါဘူး။

၁) Night of the Living Dead (1968)

Night of the Living Dead

Night of the Living Dead

Zombie ဇာတ်ကားတွေရဲ့ ဘိုးအေကြီး၊ Zombie ဇာတ်ကားတွေရဲ့ မြစ်ဖျားခံရာ Night of the Living Dead (1968) ကတော့ အဲဒီခေတ်အဲဒီအခါက ဂန္တဝင်ဇာတ်ကားပါပဲ။ ဒီဇာတ်ကားမတိုင်ခင်က Zombie ဆိုတာ Voodoo လို မှော်အစွမ်းတွေနဲ့ ထိန်းချုပ်ခံရတဲ့ လူတွေဖြစ်ပြီး ဒီဇာတ်ကားက စပြီးတော့ လုံးဝကို Concept ပြောင်းသွားခဲ့ပါတယ်။ Zombie ဆိုတာ သေရာကနေ ပြန်ရှင်သန်လာပြီး အသားစားတဲ့ သူတွေအဖြစ် ဒီဇာတ်ကားမှာ ရိုက်ကူးတင်ဆက်ထားခဲ့ပါတယ်။ ဒီဇာတ်ကားကို ဘတ်ဂျတ်ဒေါ်လာ ၁ သိန်းကျော်နဲ့ ရိုက်ကူးခဲ့ပေမယ့် ဝင်ငွေ ဒေါ်လာ သန်း ၃၀ လောက် ရရှိခဲ့တာ ဖြစ်တဲ့အတွက် ဝင်ငွေကောင်းတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားက အရမ်းဟောင်းနေတဲ့အတွက် Online မှာ ပြန်ရှာဖွေပြီး ကြည့်ဖို့ပဲ ရှိပါတော့တယ်။

ဒီပိတ်ရက်မှာတော့ ဒီဇာတ်ကားတွေ ကြည့်ရင်း ဇိမ်ကျကျနှပ်နိုင်ကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : thecinemaholic.com