[Zawgyi]

PUBG ကစားလို႔အေကာင္းဆုံး Budget Smartphone 5 လုံး

ဂိမ္းကစားဖို႔ ေတာ္ရုံ Skill ရိွေနရုံနဲ႔ Winner ျဖစ္မယ္ က်ိန္းေသတြက္မရတာ ပရိသတ္ေတြ သိျပီးသားျဖစ္ၾကမွာပါ။ တခါတခါ ဖုန္းဟမ္းသြားလို႔ပဲျဖစ္ျဖစ္၊ ဖုန္းေလးေနလို႔ ဂိမ္းကစားေနရင္း ထထစ္သြားတာမ်ိဳး၊ ရပ္ေနတာမ်ိဳးျဖစ္ေနရင္ အင္မတန္ေဒါသျဖစ္စရာေကာင္းပါတယ္။ ကိုယ့္ Temper ကိုထိန္းခ်ဳပ္ႏိုင္ရင္ေတာ့ တမ်ိဳးေပါ့ေနာ္၊ ပြဲကေကာင္း ဇာတ္ရွိန္ကလည္းတက္ေနတဲ့အခ်ိန္နဲ႔ သြားတိုးရင္ေတာ့ ျဖစ္လာမယ့္အက်ိဳးဆက္က မေတြးဝံ့စရာပါပဲ။

PUBG Gameplay

ဒါေၾကာင့္မလို႔ ကိုယ့္အရည္ခ်င္းပံ့ပိုးႏိုင္ဖို႔ Gaming Gear က အသင့္တင့္ျပည့္စုံေနဖို႔လိုတယ္၊ Frame Rate အရမ္းမျမင့္၊ Display ကလည္းဝဲမဆြဲ၊ Graphics Performance ကိုလည္း HD အေနထားထိတြန္းေပႏိုင္မယ့္ Hardware ေကာင္း၊ စမတ္ဖုန္းေကာင္ရွိရင္ေတာ့ ပိုျပည့္စုံတာေပါ့ေနာ္။ ဂိမ္းကိုေတာ့ Run ႏိုင္ပါရဲ႕၊ fps Slutter (ထစ္) ေနမယ္၊ ရုပ္ထြက္ကို အနိမ့္ဆုံးထားေဆာ့ထားရလို႔ ရန္သူလား၊ အပင္လား မသဲမကြဲျဖစ္ေနတဲ့အထိ အေျခေနဆိုးေနရင္ေတာ့ Chicken Dinner ဆိုတာေဝလား၊ ေဝးလာလို႔ ေျပာရမွာပါ။ အဲ့အတြက္ PUBG ကစားဖို႔ရည္ရြယ္ထားရင္ စိတ္ခ်မ္းခ်မ္းသာသာ ကစားႏိုင္ေအာင္၊ ေကာင္းေကာင္းလက္စြမ္းျပႏိုင္ေအာင္လို႔ ျမန္မာေငြ ၂ သိန္းခြဲဝန္းက်င္ အမ်ားဆုံး ၃ သိန္းနဲ႔ ဝယ္ယူႏိုင္မယ့္ စမတ္ဖုန္း 5 လုံးကို စုစည္းတင္ျပေပးလိုက္ပါတယ္။

PUBG

5. Redmi Note 5 (Max 275,000 mmk)
Xiaomi ရဲ႕ Redmi Note 5 စမတ္ဖုန္းကိုေတာ့ လူၾကိဳက္မ်ားမယ္ထင္ပါတယ္။ RAM 6GB ၊ Storage 64GB ပါတဲ့ေမာ္ဒယ္ေတာင္မွ ျမန္မာေငြ ၂ သိန္း ၇ ေသာင္းနဲ႔ ဝယ္ႏိုင္မွာဆိုေတာ့ Multi-tasking အတြက္လည္း စိတ္မပူရပါဘူး။ Snapdragon 636 Processor ၊ Adreno 509 GPU နဲ႔ ေပါင္းစပ္ထားတဲ့ ဒီစမတ္ဖုန္းဟာဆိုရင္ HD Setting မွာ Graphics Medium နဲ႔ ကစားဖို႔အဆင္သင့္ပါပဲ။ 5.99″ Display နဲ႔ Full HD+ Resolution ကလည္း ရုပ္ရွင္ၾကည့္တာ၊ ဂိမ္းကစားတာမ်ိဳးအတြက္ ျပည့္စုံတဲ့အေနထားမွာရွိေနတယ္လုိ႔ေျပာရမွာပါ။ 12MP (f/2.1) + 5MP Dual Camera ၊ 20MP Selfie Camera ပါဝင္တာကလည္း အၾကိဳက္ေတြ႔ေစဦးမွာပါ၊ Fast Battery Charging ၊ 4,000 mAh Battery က ၄၊ ၅ ပြဲကစားဖို႔အတြက္ ေအးေဆးပါပဲ။

Redmi Note 5

4. Meizu M6 Note
ဒီ Meizu ဖုန္းေလးက 2017 ေမာ္ဒယ္ျဖစ္ေနတယ္ဆိုေပမယ့္ 1080p Resolution Screen + 5.5″ Display နဲ႔ PUBG ၊ Mobile Legends ဂိမ္းေတြ ကိုင္တြယ္ေပးဖို႔ အဆင္သင့္ပါပဲ။ Snapdragon 625 Processor ၊ 4GB RAM ၊ 64GB Storage နဲ႔ Adreno 506 GPU အသုံးျပဳထားတဲ့ M6 Note စမတ္ဖုန္းကို ျမန္မာေငြ ၂ သိန္း ၇ေသာင္း ၉ေထာင္က်ပ္နဲ႔ ဝယ္ယူႏိုင္ပါမယ္။ Redmi Note 5 နဲ႔ ယွဥ္ရင္ အားေပ်ာ႔သေယာင္ရွိေပမယ့္ ကင္မရာပိုင္းမွာ အားသာခ်က္ကေလးရွိပါတယ္။ 12MP (f/1.9)+ 5MP Dual Camera ၊ 16MP Selife Camera သုံးထားတယ္။ Fast Battery Charging ပါရွိျပီး 4,000 mAh Battery သုံးေပးထားေသးလို႔ Long Session Gaming အတြက္အိုေကပါပဲ။

M6 Note

3. Mi 6X
ျမန္မာေငြ ၂ သိန္းခြဲနဲ႔ ဝယ္ယူရရွိႏိုင္မယ့္ Mi 6X ကေတာ့ Mid-range စြမ္းေဆာင္ရည္ပိုင္ဆိုင္ထားတဲ့ စမတ္ဖုန္းလို႔ေျပာရင္ မွားမယ္မထင္ပါဘူး။ Display အရည္ေသြးကစ ဖုန္း Performance ပိုင္းမွာပါ ျပည့္စုံေကာင္းမြန္ေနတဲ့ Mi 6X မွာ Snapdragon 660 (Kyro) Processor ၊ 4GB RAM နဲ႔ 64GB Storage ပါဝင္တယ္၊ Adreno 512 GPU နဲ႔ 4K ဗီဒီယိုကိုင္တြယ္ေပးႏိုင္တဲ့အထိ အိုေကေနတယ္။ ဒါေၾကာင့္ ကင္မရာပိုင္း ပိုအဆင့္ျမင့္သလို 12MP (f/1.8)+ 20MP (f/1.8) Dual Camera ၊ 20MP (f/2.2) Selfie Camera ပါဝင္တယ္။ အရည္ေသြးျမင့္ 5.99″ Display နဲ႔ Full HD+ Resolution သုံးထားတယ္၊ Type-C Adapter နဲ႔ Quick Charge (3.0) ေထာက္ပံ့ထားတယ္၊ ဒီလိုျပည့္စုံေနတာကိုမွ နည္းနည္းေလးအားမရစရာက 3,000 mAh Battery ပဲပါတာေလးပါပဲ။

Mi 6X

2. Zenfone Max Pro M1
Asus မိတ္ဆက္ထားတဲ့ Max Pro M1 စမတ္ဖုန္းနဲ႔ အေတာ္ေလးရင္းႏွီးၾကမယ္ထင္ပါတယ္။ Budget တန္းမွာ လူၾကိဳက္အမ်ားဆုံးစမတ္ဖုန္းအျဖစ္ ရပ္တည္ေနျပီး ျမန္မာေငြ ၂ သိန္းခြဲဝန္းက်င္နဲ႔ ဝယ္ယူႏိုင္ပါမယ္။ ဒီလိုေစ်းသက္သာေနလို႔ စြမ္းေဆာင္ရည္ေလွ်ာ႔မထားဘဲ Budget တန္းမွာျမင္ရခဲတဲ့ IPS LCD သုံးထားပါတယ္။ 5.99″ ရွိသလို Full HD+ Resolution ပါဝင္တယ္။ Snapdragon 636 (Kyro) Processor ၊ 3GB RAM ၊ 64GB Storage သုံးထားျပီး Adreno 509 GPU နဲ႔တြဲဖက္ထားပါတယ္။ ကင္မရာကလည္း 4K Footage ရိုက္ကူးေပးႏိုင္ျပီး 13MP (f/2.2)+ 5MP (2.4) Dual Camera ၊ 8MP Selfie Camera သုံးထားေပမယ့္ Specification အရဆိုရင္ Mi 6X ထက္ စြမ္းေဆာင္ရည္ပိုနည္းမယ္လို႔ ေျပာႏိုင္ပါတယ္။ Fast Battery Charging မပါေပမယ့္လို႔ 5,000 mAh Battery ထည့္ေပးထားတာက ဂိမ္းၾကာၾကာကစားခ်င္သူအၾကိဳက္လို႔ပဲေျပာရမွာပါ။

Zenfone Max Pro M1

1. Redmi Note 6 Pro
Xiaomi ရဲ႕ Note 6 Pro က PUBG ကစားဖို႔ ျပည့္စုံတယ္ဆိုေပမယ့္လို႔ အရည္ေသြးျမင့္ Display ၊ Selfie ဝါသနာအိုးေတြအတြက္ Dual Selfie Camera ပါဝင္ေသးလို႔ Alternate Model အေနနဲ႔ ထည့္သြင္းထားတာပါ။ LTPS (Low Temperature Polysilicon) အမ်ိဳးစား IPS Panel အသုံးျပဳထားျပီး သာမန္ Panel ေတြထက္ ပါဝါအစားပိုနည္းမယ္၊ 6.26″ Display ကို Gorilla Glass (အမ်ိဳးမည္မသိရ) နဲ႔ ကာကြယ္ထားမယ္၊ Full HD+ Resolution ပါဝင္မယ္၊ 12MP (f/1.9)+5MP (f/2.2) Dual Rear Camera ၊ 20MP (f/2.0)+2MP(f/2.2) Selfie Camera ပါဝင္တာက ေက်နပ္စရာပါ။

Redmi Note 6 Pro

ျမန္မာေငြ ၃ သိန္းခန္႔က်သင့္မယ့္ Note 6 Pro မွာ Snapdragon 636 Processor ၊ 3GB RAM ၊ 64GB Storage ပါရွိျပီး Adreno 509 GPU နဲ႔ တြဲဖက္ထားပါတယ္။ Fast Battery Charging စနစ္ပါရွိျပီး 4,000 mAh Battery ပါဝင္ေသးလို႔ PUBG ကစားဖို႔သာမက ဘက္စုံသုံး စမတ္ဖုန္းေကာင္းလိုက္ရွာေနရင္ ဒီ Budget ေမာ္ဒယ္ 5 မ်ိဳးကို အရင္စဥ္းစားၾကည့္ပါလို႔ ေျပာရင္း နိဂုံးခ်ဳပ္လိုက္ရပါတယ္။

2B (akhayar)
www.akhayar.com

[Unicode]

PUBG ကစားလို့အကောင်းဆုံး Budget Smartphone 5 လုံး

ဂိမ်းကစားဖို့ တော်ရုံ Skill ရှိနေရုံနဲ့ Winner ဖြစ်မယ် ကျိန်းသေတွက်မရတာ ပရိသတ်တွေ သိပြီးသားဖြစ်ကြမှာပါ။ တခါတခါ ဖုန်းဟမ်းသွားလို့ပဲဖြစ်ဖြစ်၊ ဖုန်းလေးနေလို့ ဂိမ်းကစားနေရင်း ထထစ်သွားတာမျိုး၊ ရပ်နေတာမျိုးဖြစ်နေရင် အင်မတန်ဒေါသဖြစ်စရာကောင်းပါတယ်။ ကိုယ့် Temper ကိုထိန်းချုပ်နိုင်ရင်တော့ တမျိုးပေါ့နော်၊ ပွဲကကောင်း ဇာတ်ရှိန်ကလည်းတက်နေတဲ့အချိန်နဲ့ သွားတိုးရင်တော့ ဖြစ်လာမယ့်အကျိုးဆက်က မတွေးဝံ့စရာပါပဲ။

PUBG Gameplay

ဒါကြောင့်မလို့ ကိုယ့်အရည်ချင်းပံ့ပိုးနိုင်ဖို့ Gaming Gear က အသင့်တင့်ပြည့်စုံနေဖို့လိုတယ်၊ Frame Rate အရမ်းမမြင့်၊ Display ကလည်းဝဲမဆွဲ၊ Graphics Performance ကိုလည်း HD အနေထားထိတွန်းပေနိုင်မယ့် Hardware ကောင်း၊ စမတ်ဖုန်းကောင်ရှိရင်တော့ ပိုပြည့်စုံတာပေါ့နော်။ ဂိမ်းကိုတော့ Run နိုင်ပါရဲ့၊ fps Slutter (ထစ်) နေမယ်၊ ရုပ်ထွက်ကို အနိမ့်ဆုံးထားဆော့ထားရလို့ ရန်သူလား၊ အပင်လား မသဲမကွဲဖြစ်နေတဲ့အထိ အခြေနေဆိုးနေရင်တော့ Chicken Dinner ဆိုတာဝေလား၊ ဝေးလာလို့ ပြောရမှာပါ။ အဲ့အတွက် PUBG ကစားဖို့ရည်ရွယ်ထားရင် စိတ်ချမ်းချမ်းသာသာ ကစားနိုင်အောင်၊ ကောင်းကောင်းလက်စွမ်းပြနိုင်အောင်လို့ မြန်မာငွေ ၂ သိန်းခွဲဝန်းကျင် အများဆုံး ၃ သိန်းနဲ့ ဝယ်ယူနိုင်မယ့် စမတ်ဖုန်း 5 လုံးကို စုစည်းတင်ပြပေးလိုက်ပါတယ်။

PUBG

5. Redmi Note 5 (Max 275,000 mmk)
Xiaomi ရဲ့ Redmi Note 5 စမတ်ဖုန်းကိုတော့ လူကြိုက်များမယ်ထင်ပါတယ်။ RAM 6GB ၊ Storage 64GB ပါတဲ့မော်ဒယ်တောင်မှ မြန်မာငွေ ၂ သိန်း ၇ သောင်းနဲ့ ဝယ်နိုင်မှာဆိုတော့ Multi-tasking အတွက်လည်း စိတ်မပူရပါဘူး။ Snapdragon 636 Processor ၊ Adreno 509 GPU နဲ့ ပေါင်းစပ်ထားတဲ့ ဒီစမတ်ဖုန်းဟာဆိုရင် HD Setting မှာ Graphics Medium နဲ့ ကစားဖို့အဆင်သင့်ပါပဲ။ 5.99″ Display နဲ့ Full HD+ Resolution ကလည်း ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာမျိုးအတွက် ပြည့်စုံတဲ့အနေထားမှာရှိနေတယ်လို့ပြောရမှာပါ။ 12MP (f/2.1) + 5MP Dual Camera ၊ 20MP Selfie Camera ပါဝင်တာကလည်း အကြိုက်တွေ့စေဦးမှာပါ၊ Fast Battery Charging ၊ 4,000 mAh Battery က ၄၊ ၅ ပွဲကစားဖို့အတွက် အေးဆေးပါပဲ။

Redmi Note 5

4. Meizu M6 Note
ဒီ Meizu ဖုန်းလေးက 2017 မော်ဒယ်ဖြစ်နေတယ်ဆိုပေမယ့် 1080p Resolution Screen + 5.5″ Display နဲ့ PUBG ၊ Mobile Legends ဂိမ်းတွေ ကိုင်တွယ်ပေးဖို့ အဆင်သင့်ပါပဲ။ Snapdragon 625 Processor ၊ 4GB RAM ၊ 64GB Storage နဲ့ Adreno 506 GPU အသုံးပြုထားတဲ့ M6 Note စမတ်ဖုန်းကို မြန်မာငွေ ၂ သိန်း ၇သောင်း ၉ထောင်ကျပ်နဲ့ ဝယ်ယူနိုင်ပါမယ်။ Redmi Note 5 နဲ့ ယှဉ်ရင် အားပျော့သယောင်ရှိပေမယ့် ကင်မရာပိုင်းမှာ အားသာချက်ကလေးရှိပါတယ်။ 12MP (f/1.9)+ 5MP Dual Camera ၊ 16MP Selife Camera သုံးထားတယ်။ Fast Battery Charging ပါရှိပြီး 4,000 mAh Battery သုံးပေးထားသေးလို့ Long Session Gaming အတွက်အိုကေပါပဲ။

M6 Note

3. Mi 6X
မြန်မာငွေ ၂ သိန်းခွဲနဲ့ ဝယ်ယူရရှိနိုင်မယ့် Mi 6X ကတော့ Mid-range စွမ်းဆောင်ရည်ပိုင်ဆိုင်ထားတဲ့ စမတ်ဖုန်းလို့ပြောရင် မှားမယ်မထင်ပါဘူး။ Display အရည်သွေးကစ ဖုန်း Performance ပိုင်းမှာပါ ပြည့်စုံကောင်းမွန်နေတဲ့ Mi 6X မှာ Snapdragon 660 (Kyro) Processor ၊ 4GB RAM နဲ့ 64GB Storage ပါဝင်တယ်၊ Adreno 512 GPU နဲ့ 4K ဗီဒီယိုကိုင်တွယ်ပေးနိုင်တဲ့အထိ အိုကေနေတယ်။ ဒါကြောင့် ကင်မရာပိုင်း ပိုအဆင့်မြင့်သလို 12MP (f/1.8)+ 20MP (f/1.8) Dual Camera ၊ 20MP (f/2.2) Selfie Camera ပါဝင်တယ်။ အရည်သွေးမြင့် 5.99″ Display နဲ့ Full HD+ Resolution သုံးထားတယ်၊ Type-C Adapter နဲ့ Quick Charge (3.0) ထောက်ပံ့ထားတယ်၊ ဒီလိုပြည့်စုံနေတာကိုမှ နည်းနည်းလေးအားမရစရာက 3,000 mAh Battery ပဲပါတာလေးပါပဲ။

Mi 6X

2. Zenfone Max Pro M1
Asus မိတ်ဆက်ထားတဲ့ Max Pro M1 စမတ်ဖုန်းနဲ့ အတော်လေးရင်းနှီးကြမယ်ထင်ပါတယ်။ Budget တန်းမှာ လူကြိုက်အများဆုံးစမတ်ဖုန်းအဖြစ် ရပ်တည်နေပြီး မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်နဲ့ ဝယ်ယူနိုင်ပါမယ်။ ဒီလိုဈေးသက်သာနေလို့ စွမ်းဆောင်ရည်လျှော့မထားဘဲ Budget တန်းမှာမြင်ရခဲတဲ့ IPS LCD သုံးထားပါတယ်။ 5.99″ ရှိသလို Full HD+ Resolution ပါဝင်တယ်။ Snapdragon 636 (Kyro) Processor ၊ 3GB RAM ၊ 64GB Storage သုံးထားပြီး Adreno 509 GPU နဲ့တွဲဖက်ထားပါတယ်။ ကင်မရာကလည်း 4K Footage ရိုက်ကူးပေးနိုင်ပြီး 13MP (f/2.2)+ 5MP (2.4) Dual Camera ၊ 8MP Selfie Camera သုံးထားပေမယ့် Specification အရဆိုရင် Mi 6X ထက် စွမ်းဆောင်ရည်ပိုနည်းမယ်လို့ ပြောနိုင်ပါတယ်။ Fast Battery Charging မပါပေမယ့်လို့ 5,000 mAh Battery ထည့်ပေးထားတာက ဂိမ်းကြာကြာကစားချင်သူအကြိုက်လို့ပဲပြောရမှာပါ။

Zenfone Max Pro M1

1. Redmi Note 6 Pro
Xiaomi ရဲ့ Note 6 Pro က PUBG ကစားဖို့ ပြည့်စုံတယ်ဆိုပေမယ့်လို့ အရည်သွေးမြင့် Display ၊ Selfie ဝါသနာအိုးတွေအတွက် Dual Selfie Camera ပါဝင်သေးလို့ Alternate Model အနေနဲ့ ထည့်သွင်းထားတာပါ။ LTPS (Low Temperature Polysilicon) အမျိုးစား IPS Panel အသုံးပြုထားပြီး သာမန် Panel တွေထက် ပါဝါအစားပိုနည်းမယ်၊ 6.26″ Display ကို Gorilla Glass (အမျိုးမည်မသိရ) နဲ့ ကာကွယ်ထားမယ်၊ Full HD+ Resolution ပါဝင်မယ်၊ 12MP (f/1.9)+5MP (f/2.2) Dual Rear Camera ၊ 20MP (f/2.0)+2MP(f/2.2) Selfie Camera ပါဝင်တာက ကျေနပ်စရာပါ။

Redmi Note 6 Pro

မြန်မာငွေ ၃ သိန်းခန့်ကျသင့်မယ့် Note 6 Pro မှာ Snapdragon 636 Processor ၊ 3GB RAM ၊ 64GB Storage ပါရှိပြီး Adreno 509 GPU နဲ့ တွဲဖက်ထားပါတယ်။ Fast Battery Charging စနစ်ပါရှိပြီး 4,000 mAh Battery ပါဝင်သေးလို့ PUBG ကစားဖို့သာမက ဘက်စုံသုံး စမတ်ဖုန်းကောင်းလိုက်ရှာနေရင် ဒီ Budget မော်ဒယ် 5 မျိုးကို အရင်စဉ်းစားကြည့်ပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။

2B (akhayar)
www.akhayar.com