အလှအပပြုပြင်တာပဲဖြစ်ဖြစ် တခြားစားသောက်နေထိုင်သွားလာတာပဲဖြစ်ဖြစ် အပျိုဘဝမှာဘာမှမဖြစ်ပေမယ့် ကိုယ်ဝန်ရှိနေချိန်မှာတော့ ရှောင်ရရှားရမှာတွေ အရမ်းများပါတယ်နော်။ ဗိုက်ထဲက ကိုယ့်ကလေးလေးကို မထိခိုက်စေဖို့ အစားအသောက် အနေအထိုင်ဆင်ခြင်ဖို့ကို မိခင်တိုင်းကဂရုတစိုက်ရှိကြပေမယ့် အလှအပနဲ့ပတ်သက်ပြီး သတိလက်လွတ်နဲ့မရှောင်ရှားမိတာမျိုးတွေရှိကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိနေချိန်မှာ မပြုလုပ်သင့်တဲ့အလှအပပြင်ဆင်မှုတွေနဲ့ ဘယ်လိုအလှအပပစ္စည်းတွေကို မသုံးသင့်ဘူးလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

Botox

ကိုယ်ဝန်ဆောင်ထားချိန်မှာ Botox ထိုးတာက ဆိုးကျိုးများမများ ပညာရှင်တွေကတိတိကျကျ ထုတ်ပြန်မထားပေမယ့် မထိုးတာကအကောင်းဆုံးပဲလို့တော့ဆိုထားပါတယ်။ ကိုယ်ဝန်ရှိနေချိန် ၊ ကလေးမွေးပြီးစအချိန် ၊ ကလေးနို့တိုက်ကျွေးနေချိန်မျိုးမှာ Botox မသုံးတာကောင်းပါတယ်လို့ www.babycenter.co.uk. Nike Air Max TN Femme က ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ အခြားသောဆေးတွေလိုပဲ Botox ဟာလည်း မိခင်နို့ရည်ထဲကနေ ကလေးဆီကိုရောက်သွားနိုင်ပါတယ်လို့ ဆိုထားပါတယ်။

ချွေးထုတ်ခန်း

ကိုယ်ဝန်ဆောင်ထားချိန် Saunas ဝင်တာမျိုးကို ကိုယ်ဝန်ဆောင်ထားချိန်မှာ မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာခြင်းက မိခင်ကိုရော သန္ဓေသားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ထားချိန် ချွေးပေါင်းခံတာ ချွေးထုတ်ခန်းဝင်တာမျိုးကို ရှောင်ခိုင်းတာဖြစ်ပါတယ်။

အသားညိုစေတဲ့ Spray

မြန်မာမိန်းကလေးတွေက ညိုတိုတိုအသားအရေရဖို့ Spray Tan သုံးတာမျိုး သိပ်မရှိပေမယ့် နိုင်ငံခြားမှာတော့ တော်တော်များများက သုံးကြပါတယ်။ ဒီလို Spray တွေမှာပါဝင်တဲ့ Dihydroxyacetone (DHA) ကကိုယ်ဝန်ဆောင်ထားချိန်နဲ့ကလေးမွေးဖွားချိန်တွေအတွက် ဆိုးကျိုးရှိစေတယ်လို့ ဆိုထားပါတယ်။ Tanning Spray အစား Cream နဲ့ Mousse Type ကိုပြောင်းလဲသုံးစွဲပေးနိုင်ပါတယ်။

ဝက်ခြံအတွက်သောက်ဆေး

ကိုယ်ဝန်လနုသေးချိန်မှာ ဝက်ခြံအတွက်သောက်ရတဲ့ သောက်ဆေးတွေကို ဖြတ်ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေကဆိုထားပါတယ်။ ဝက်ခြံကုသတဲ့ဆေးတွေမှာပါဝင်တဲ့ Retinoids ကသန္ဓေသားကို မခိုင်မြဲတာမျိုးဖြစ်စေတယ်လို့ US အခြေစိုက် ဝက်ဘ်ဆိုက် www.marchofdimes.org ကပြောထားတာပါ။

Sunscreen

နေရောင်ကာကွယ်ခြင်းအတွက် SPF ကိုစွန့်ပစ်လိုက်ရမယ်လို့မပြောလိုပေမယ့် Oxybenzone ပါတဲ့အမျိုးအစားကိုတော့ ရှောင်ရပါမယ်။ Sunscreen မှာပါဝင်လေ့ရှိတဲ့ Oxybenzone ကိုခန္ဓာကိုယ်အရေပြားကစုပ်ယူပြီး သွေးလည်ပတ်မှုလမ်းကြောင်းထဲရောက်သွားခဲ့ရင် မိခင်ဖြစ်သူရဲ့ဟော်မုန်းနဲ့ သန္ဓေသားကိုပါ ထိခိုက်စေတယ်လို့ဆိုထားပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ထားချိန် Sunscreen သုံးမယ်ဆိုရင် ပါဝင်ပစ္စည်းကိုဂရုတစိုက်ရွေးချယ်ဖို့လိုအပ်ပါတယ်။ ဂ်ဴဂ်ဴး(အခရာ) www.akhayar.com Unicode ကိုယျဝနျဆောငျထားခြိနျမှာ Botox ထိုးတာက ဆိုုးကြိုးမြားမမြား ပညာရှငျတှကေတိတိကကြြ ထုတျပွနျမထားပမေယျ့ မထိုးတာကအကောငျးဆုံးပဲလို့တော့ဆိုထားပါတယျ။ ကိုယျဝနျရှိနခြေိနျ ၊ ကလေးမှေးပွီးစအခြိနျ ၊ ကလေးနို့တိုျကျကြှေးနခြေိနျမြိုးမှာ Botox မသုံးတာကောငျးပါတယျလို့ www.babycenter.co.uk.