[Zawgyi]

Priyanka Chopra မဂၤလာပဲြမွာ ျပင္ႏုိင္ေျခရွိတဲ႔ Make-up Look ေလးမ်ား

လူတိုင္းသိၾကတဲ႔အတိုင္း Priyanka Chopra နဲ႔ Nick Jonas တုိ႔ဟာ မၾကာခင္မွာ ႀကီးႀကီးက်ယ္က်ယ္ လက္ထပ္ပဲြက်င္းပၾကေတာ့မွာ ျဖစ္တဲ႔အတြက္ အင္တာနက္မွာ သူတုိ႔အတဲြေတြရဲ႕ သတင္းေတြက ပလူပ်ံေနပါတယ္။ သတို႔သမီးေလာင္း Chopra ရဲ႕ သတို႔သမီးမိတ္ကပ္ကို ဘယ္လုိေလးျပင္ဆင္ၿပီး ပဲြထြက္လာမလဲဆိုတာကိုလည္း အလွအပခ်စ္သူေတြနဲ႔ Chopra ရဲ႕ Fan ေတြက မ်က္ေျခမပ်က္ေစာင့္ၾကည့္ေနၾကပါတယ္။ ဘယ္လုိဖက္ရွင္အမိုက္စားနဲ႔ ပဲြထြက္မလဲဆိုတာကို ဖက္ရွင္စိတ္ဝင္္စားသူတုိင္းက အရမ္းကို သိခ်င္ေနၾကပါတယ္။ ေဘာလိဝုဒ္ရဲ႕ အႀကီးအက်ယ္ဆံုး မဂၤလာပဲြျဖစ္လာႏိုင္ေျခရွိတဲ႔ သူမမဂၤလာပဲြမွာ ဘယ္လို ၿဖီးလိမ္းျပင္ဆင္ၿပီး ပဲြထြက္မလဲဆိုတာကို သိခ်င္ေနသူေတြနဲ႔ သတုိးသမီးေလာင္းေလးေတြ အိုင္ဒီယာရေစဖို႔ ကၽြမ္းက်င္သူေတြ သံုးသပ္ေပးတဲ႔ သူမရဲ႕ျပင္ဆင္ႏိုင္ေျခရွိတဲ႔ Make-up Look ေလးတခ်ဳိ႕နဲ႔ ဖက္ရွင္တခ်ဳိ႕ကို စုစည္းတင္ျပေပးလိုက္ပါတယ္။

Oxblood Lips

Oxblood ဆုိတာ အနီေရာင္ကုိမွ ရင့္တဲ႔အေမွာင္ဘက္သြားတဲ႔ အေရာင္မ်ဳိးကို ေခၚတာျဖစ္ပါတယ္။ အနီမႈိင္းမႈိင္းနဲ႔ ဆင္တူသလုိလုိ ရွိေပမယ့္ ခရမ္းေရာင္နဲ႔ အေမွာင္ဘက္သြားတဲ႔ အညိဳေရာင္ကို စပ္ထားတဲ႔ အေရာင္မ်ဳိးျဖစ္ပါတယ္။ Chopra ဟာ Matte Oxblood အေရာင္ရွိတဲ႔ ႏႈတ္ခမ္းနီကို ဆိုးၿပီး မ်က္လံုးကို ပတၱျမားေရာင္ Shadow ျခယ္သၿပီး ဆံပင္ကိုအေျပာင္သိမ္းစည္းထားတဲ႔ ပံုေလးနဲ႔ 2017 ခုနစ္ Emmy Award ပဲြကို တက္ေရာက္ခဲ႔တုန္းက လူတိုင္းရဲ႕ အၾကည့္ေတြကို သိမ္းပိုက္ႏိုင္ခဲ႔ပါတယ္။ မဂၤလာပဲြမွာ သူမဟာ အဲလို ခပ္ဆန္းဆန္း Make-up Look ေလးျပင္ၿပီး ပဲြထြက္ဖို႔ အလားအလာရွိမလားဆိုၿပီး ထင္ေၾကးေပးေနၾကပါတယ္။

ေရႊေရာင္မိန္းကေလးအသြင္

သူမဟာ မႏွစ္က Golden Globe Award ပဲြတက္စဥ္တုန္းက မိန္းကေလးေတြအားလံုးရဲ႕အၾကည့္ကို ရရွိပုိင္ဆိုင္ႏို္င္ဖို႔ ေရႊေရာင္မိန္းကေလးအသြင္ ျပင္ဆင္ၿပီး တက္ခဲ႔တာကို ေတြ႔ရပါတယ္။ ေရႊေရာင္တလက္လက္ေတာက္ေနတဲ႔ ဝတ္စံုကိုဝတ္ဆင္ၿပီး ေရႊေရာင္ Tone ရွိတဲ႔ ကာလာေလးနဲ႔ မ်က္လံုးအတြင္းသားကို ျခယ္ကာ ျပင္ဆင္ထားတာ ေတြ႔ရပါတယ္။ အဲ့ပဲြမွာလည္း Oxblood Matte ႏႈတ္ခမ္းနီေလးကို ယံုၾကည္မႈရွိရွိဆိုးထားၿပီး ဝတ္စံုနဲ႔ လိုက္ေအာင္ Sexy က်က်ေလးျဖစ္ေအာင္ ျပင္ဆင္ထားတာ ေတြ႔ရပါတယ္။ သူမဟာ အဲ႔တုန္းက Make-up Look ေလးကို အရမ္းႀကိဳက္တယ္လု႔ိ ေျပာဖူးလုိ႔ အဲလိုမ်ဳိးျပင္ဆင္မလားဆိုၿပီး မိတ္ကပ္ဆရာေတြက သံုးသပ္ေနၾကပါတယ္။

ေခတ္သစ္သတို႔သမီးပံုစံ

သူမဟာ ေခတ္ကို လံုးဝအဆက္ျပတ္မခံႏိုင္တဲ႔ ေဘာလိဝုဒ္မင္းသမီးေတြထဲက တစ္ဦးျဖစ္သလို ဖက္ရွင္အသစ္အဆန္းေတြကို ထိပ္ဆံုးကဝတ္တဲ႔ မင္းသမီးတစ္လက္လို႔ ျဖစ္လို႔ လံုးဝမထင္မွတ္ထားတဲ႔ ဖက္ရွင္၊မိတ္ကပ္ေတြနဲ႔ အံ့ၾသေအာင္လုပ္ၿပီး ပဲြထြက္လာေလမလားလို႔ မွတ္ခ်က္ေပးေနၾကပါတယ္။ သူမဟာ Bridal Edition မဂၢဇင္းအတြက္ သတို႔သမီးဝတ္စံုနဲ႔ ဓာတ္ပံုရုိက္တုန္းက လံုးဝအသက္ရႈမွားေလာက္တဲ႔ မိတ္ကပ္အျပင္အဆင္ ဝတ္စားဆင္ယင္မႈနဲ႔ ရုိက္ကူးခဲ႔ပါတယ္။ ဆံပင္ကိုအမိုက္စားထံုးဖဲြ႔ၿပီး ႏႈတ္ခမ္းနီကို Nude ကာလာေလးဆိုးထားကာ ရဲရင့္ေတာက္ပတဲ႔ မ်က္လံုးပံုစံေလး ျပင္ၿပီး ရုိက္ကူးခဲ႔တာ လက္ေတြ႔ဘဝထဲက အမိုက္စား သတုိ႔သမီးေလာင္းေလးလားလို႔ ထင္မွတ္မွားရပါတယ္။အဲဒီရုိက္ကူးေရးတုန္းက ဝတ္စံုကလည္း တကယ္ကို အလန္းႀကီးပါ။

ရုိးရာဓေလ့ပံုစံ

သူမဟာ အလန္းစားဖက္ရွင္ဒီဇိုင္းေတြနဲ႔ အထာက်က်ဝတ္တတ္တဲ႔သူ ျဖစ္ေပမယ့္လည္း ေစ့စပ္ပဲြမွာ ရုိးရာအက်ီၤကို ဝတ္ဆင္ၿပီး သဘာဝက်က်ေလး ျပင္ဆင္ထားတာကို ၾကည့္ျခင္းအားျဖင့္ မဂၤလာပဲြမွာ ရုိးရာဓေလ့ထံုးစံအတုိင္း ျပင္ဆင္ၿပီး ပဲြထြက္လာႏိုင္ေျခရွိတယ္လို႔ သံုးသပ္ေပးေနၾကပါတယ္။ သူမဟာ ရုိးရာဝတ္စံုေလးနဲ႔ အလြန္ၾကည့္ေကာင္းၿပီး က်က္သေရရွိရွိေလးျဖစ္ေနတာမို႔ မဂၤလာပဲြမွာ ရုိးရာဝတ္စံုနဲ႔ ပြဲတစ္ပဲြေတာ့ ထြက္လိမ့္မယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။ သူမဟာ ရုိးရာဝတ္စံုနဲ႔ဆို ဆံပင္ကိုဘာမွ မျပင္ဆင္ပဲ ဒီတိုင္းေလးခ်ထားၿပီး မိတ္ကပ္ကို သဘာဝက်က်ေလးနဲ႔ ေပါ့ေပါ့ပါးပါးေလးပဲ လိမ္းျခယ္ထားတာဟာ သူမနဲ႔ အလြန္လိုက္ဖက္လွပါတယ္။

ပန္းေသြးေရာင္ႏုႏုငယ္ငယ္ပံုစံ

Chopra ဟာ Magazine တစ္ခုအတြက္ ရုိက္ကူးေပးတုန္းက ပန္းေသြေရာင္ Make-up Look ေလးနဲ႔ ႏုဖက္ေနတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္မို႔ မိတ္ကပ္ပညာရွင္ေတြက သူမဟာ ပန္းေရာင္ႏႈတ္ခမ္းနီေလးဆိုးၿပီး အႏုအရြေလးျပင္ကာ အလွဆံုးပဲြထြက္ေကာင္း ထြက္လာႏိုင္တယ္လို႔လည္း မွတ္ခ်က္ေပးေနၾကပါတယ္။

ပရိသတ္ႀကီးေရာ ဘယ္ Make-up Look ေလးကို အႀကိဳက္ဆံုးျဖစ္ၿပီး ကိုယ္သာ Chopra ေနရာမွာဆို ဘယ္လုိ Make-up Look ေလးကို ေရြးခ်ယ္ျဖစ္မလဲ၊ သူမနဲ႔ ဘယ္ Make-up Look ေလးက အလိုက္ဖက္ဆံုးေလးလဲဆိုတာကို ေျပာေပးသြားပါဦးေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

Priyanka Chopra မင်္ဂလာပွဲမှာ ပြင်နိုင်ခြေရှိတဲ့ Make-up Look လေးများ

လူတိုင်းသိကြတဲ့အတိုင်း Priyanka Chopra နဲ့ Nick Jonas တို့ဟာ မကြာခင်မှာ ကြီးကြီးကျယ်ကျယ် လက်ထပ်ပွဲကျင်းပကြတော့မှာ ဖြစ်တဲ့အတွက် အင်တာနက်မှာ သူတို့အတွဲတွေရဲ့ သတင်းတွေက ပလူပျံနေပါတယ်။ သတို့သမီးလောင်း Chopra ရဲ့ သတို့သမီးမိတ်ကပ်ကို ဘယ်လိုလေးပြင်ဆင်ပြီး ပွဲထွက်လာမလဲဆိုတာကိုလည်း အလှအပချစ်သူတွေနဲ့ Chopra ရဲ့ Fan တွေက မျက်ခြေမပျက်စောင့်ကြည့်နေကြပါတယ်။ ဘယ်လိုဖက်ရှင်အမိုက်စားနဲ့ ပွဲထွက်မလဲဆိုတာကို ဖက်ရှင်စိတ်ဝင်စားသူတိုင်းက အရမ်းကို သိချင်နေကြပါတယ်။ ဘောလိဝုဒ်ရဲ့ အကြီးအကျယ်ဆုံး မင်္ဂလာပွဲဖြစ်လာနိုင်ခြေရှိတဲ့ သူမမင်္ဂလာပွဲမှာ ဘယ်လို ဖြီးလိမ်းပြင်ဆင်ပြီး ပွဲထွက်မလဲဆိုတာကို သိချင်နေသူတွေနဲ့ သတိုးသမီးလောင်းလေးတွေ အိုင်ဒီယာရစေဖို့ ကျွမ်းကျင်သူတွေ သုံးသပ်ပေးတဲ့ သူမရဲ့ပြင်ဆင်နိုင်ခြေရှိတဲ့ Make-up Look လေးတချို့နဲ့ ဖက်ရှင်တချို့ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

Oxblood Lips

Oxblood ဆိုတာ အနီရောင်ကိုမှ ရင့်တဲ့အမှောင်ဘက်သွားတဲ့ အရောင်မျိုးကို ခေါ်တာဖြစ်ပါတယ်။ အနီမှိုင်းမှိုင်းနဲ့ ဆင်တူသလိုလို ရှိပေမယ့် ခရမ်းရောင်နဲ့ အမှောင်ဘက်သွားတဲ့ အညိုရောင်ကို စပ်ထားတဲ့ အရောင်မျိုးဖြစ်ပါတယ်။ Chopra ဟာ Matte Oxblood အရောင်ရှိတဲ့ နှုတ်ခမ်းနီကို ဆိုးပြီး မျက်လုံးကို ပတ္တမြားရောင် Shadow ခြယ်သပြီး ဆံပင်ကိုအပြောင်သိမ်းစည်းထားတဲ့ ပုံလေးနဲ့ 2017 ခုနစ် Emmy Award ပွဲကို တက်ရောက်ခဲ့တုန်းက လူတိုင်းရဲ့ အကြည့်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မင်္ဂလာပွဲမှာ သူမဟာ အဲလို ခပ်ဆန်းဆန်း Make-up Look လေးပြင်ပြီး ပွဲထွက်ဖို့ အလားအလာရှိမလားဆိုပြီး ထင်ကြေးပေးနေကြပါတယ်။

ရွှေရောင်မိန်းကလေးအသွင်

သူမဟာ မနှစ်က Golden Globe Award ပွဲတက်စဉ်တုန်းက မိန်းကလေးတွေအားလုံးရဲ့အကြည့်ကို ရရှိပိုင်ဆိုင်နိုင်ဖို့ ရွှေရောင်မိန်းကလေးအသွင် ပြင်ဆင်ပြီး တက်ခဲ့တာကို တွေ့ရပါတယ်။ ရွှေရောင်တလက်လက်တောက်နေတဲ့ ဝတ်စုံကိုဝတ်ဆင်ပြီး ရွှေရောင် Tone ရှိတဲ့ ကာလာလေးနဲ့ မျက်လုံးအတွင်းသားကို ခြယ်ကာ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ အဲ့ပွဲမှာလည်း Oxblood Matte နှုတ်ခမ်းနီလေးကို ယုံကြည်မှုရှိရှိဆိုးထားပြီး ဝတ်စုံနဲ့ လိုက်အောင် Sexy ကျကျလေးဖြစ်အောင် ပြင်ဆင်ထားတာ တွေ့ရပါတယ်။ သူမဟာ အဲ့တုန်းက Make-up Look လေးကို အရမ်းကြိုက်တယ်လု့ိ ပြောဖူးလို့ အဲလိုမျိုးပြင်ဆင်မလားဆိုပြီး မိတ်ကပ်ဆရာတွေက သုံးသပ်နေကြပါတယ်။

ခေတ်သစ်သတို့သမီးပုံစံ

သူမဟာ ခေတ်ကို လုံးဝအဆက်ပြတ်မခံနိုင်တဲ့ ဘောလိဝုဒ်မင်းသမီးတွေထဲက တစ်ဦးဖြစ်သလို ဖက်ရှင်အသစ်အဆန်းတွေကို ထိပ်ဆုံးကဝတ်တဲ့ မင်းသမီးတစ်လက်လို့ ဖြစ်လို့ လုံးဝမထင်မှတ်ထားတဲ့ ဖက်ရှင်၊မိတ်ကပ်တွေနဲ့ အံ့သြအောင်လုပ်ပြီး ပွဲထွက်လာလေမလားလို့ မှတ်ချက်ပေးနေကြပါတယ်။ သူမဟာ Bridal Edition မဂ္ဂဇင်းအတွက် သတို့သမီးဝတ်စုံနဲ့ ဓာတ်ပုံရိုက်တုန်းက လုံးဝအသက်ရှုမှားလောက်တဲ့ မိတ်ကပ်အပြင်အဆင် ဝတ်စားဆင်ယင်မှုနဲ့ ရိုက်ကူးခဲ့ပါတယ်။ ဆံပင်ကိုအမိုက်စားထုံးဖွဲ့ပြီး နှုတ်ခမ်းနီကို Nude ကာလာလေးဆိုးထားကာ ရဲရင့်တောက်ပတဲ့ မျက်လုံးပုံစံလေး ပြင်ပြီး ရိုက်ကူးခဲ့တာ လက်တွေ့ဘဝထဲက အမိုက်စား သတို့သမီးလောင်းလေးလားလို့ ထင်မှတ်မှားရပါတယ်။အဲဒီရိုက်ကူးရေးတုန်းက ဝတ်စုံကလည်း တကယ်ကို အလန်းကြီးပါ။

ရိုးရာဓလေ့ပုံစံ

သူမဟာ အလန်းစားဖက်ရှင်ဒီဇိုင်းတွေနဲ့ အထာကျကျဝတ်တတ်တဲ့သူ ဖြစ်ပေမယ့်လည်း စေ့စပ်ပွဲမှာ ရိုးရာအကျီၤကို ဝတ်ဆင်ပြီး သဘာဝကျကျလေး ပြင်ဆင်ထားတာကို ကြည့်ခြင်းအားဖြင့် မင်္ဂလာပွဲမှာ ရိုးရာဓလေ့ထုံးစံအတိုင်း ပြင်ဆင်ပြီး ပွဲထွက်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ပေးနေကြပါတယ်။ သူမဟာ ရိုးရာဝတ်စုံလေးနဲ့ အလွန်ကြည့်ကောင်းပြီး ကျက်သရေရှိရှိလေးဖြစ်နေတာမို့ မင်္ဂလာပွဲမှာ ရိုးရာဝတ်စုံနဲ့ ပွဲတစ်ပွဲတော့ ထွက်လိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ သူမဟာ ရိုးရာဝတ်စုံနဲ့ဆို ဆံပင်ကိုဘာမှ မပြင်ဆင်ပဲ ဒီတိုင်းလေးချထားပြီး မိတ်ကပ်ကို သဘာဝကျကျလေးနဲ့ ပေါ့ပေါ့ပါးပါးလေးပဲ လိမ်းခြယ်ထားတာဟာ သူမနဲ့ အလွန်လိုက်ဖက်လှပါတယ်။

ပန်းသွေးရောင်နုနုငယ်ငယ်ပုံစံ

Chopra ဟာ Magazine တစ်ခုအတွက် ရိုက်ကူးပေးတုန်းက ပန်းသွေရောင် Make-up Look လေးနဲ့ နုဖက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ မိတ်ကပ်ပညာရှင်တွေက သူမဟာ ပန်းရောင်နှုတ်ခမ်းနီလေးဆိုးပြီး အနုအရွလေးပြင်ကာ အလှဆုံးပွဲထွက်ကောင်း ထွက်လာနိုင်တယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။

ပရိသတ်ကြီးကော ဘယ် Make-up Look လေးကို အကြိုက်ဆုံးဖြစ်ပြီး ကိုယ်သာ Chopra နေရာမှာဆို ဘယ်လို Make-up Look လေးကို ရွေးချယ်ဖြစ်မလဲ၊ သူမနဲ့ ဘယ် Make-up Look လေးက အလိုက်ဖက်ဆုံးလေးလဲ ဆိုတာကို ပြောပေးသွားပါဦးနော်။

H.H(Akhayar)

www.akhayar.com