[Zawgyi]

စီးရီးေအရဲ႕ လက္ရိွအေကာင္းဆံုးတိုက္စစ္ကစားသမားမ်ား

စီးရီးေအဆိုတာ အစဥ္အလာၾကီးမားတဲ႔ ေဘာလံုးျပိဳင္ပြဲတစ္ခု ၊ ျပီးေတာ႔ နာမည္ေက်ာ္ ကလပ္အသင္းေတြရိွျပီး နာမည္ေက်ာ္ကစားသမားေတြကို ပိုင္ဆိုင္ထားတဲ႔ လိဂ္ျပိဳင္ပြဲဆိုရင္လည္း မမွားပါဘူး။ ေခတ္အဆက္ဆက္ စီးရီးေအျပိဳင္ပြဲမွာ ကစားသမားေကာင္းေတြရိွေနျပီး ဒီအထဲမွာ တိုက္စစ္ကစားသမားေကာင္းေတြဟာလည္း အပါအ၀င္ပါပဲ။ ေျပာရရင္ေတာ႔ ဘက္ဂီယို Baggio ၊ ဘာတစၥတူတာ Batistuta ၊ ဒယ္ပီယာ႐ို Del Piero ၊ ေရာ္နယ္လ္ဒို Ronaldo ၊ ဗီယာရီ Vieri ၊ ခရက္စပို Crespo ၊ ရွက္ဗ္ခ်န္ကို Shevchenko ၊ အင္ဇာဂီ Inzaghi စတဲ႔ ကစားသမားေတြအျပင္ အျခား တိုက္စစ္ကစားသမားေကာင္းေတြလည္း အမ်ားၾကီးရိွခဲ႔ပါတယ္။ က်ဆင္းမႈေတြရိွခဲ႔တဲ႔ စီးရီးေအ ဟာ အခုဆို ျပန္လည္ဦးေမာ႔လာသလို ဒီ Article မွာေတာ႔ Akhayar Sports ပရိသတ္ေတြအတြက္ စီးရီးေအရဲ႕ လက္ရိွအေကာင္းဆံုး တိုက္စစ္ကစားသမားေတြကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

(၅) အင္ဆစ္ဂ္နီ Insigne

Insigne

Insigne

နာပိုလီတိုက္စစ္ကစားသမား အင္ဆစ္ဂ္နီ Insigne ဟာ လက္ရိွစီးရီးေအရဲ႕အေကာင္းဆံုးတိုက္စစ္ကစားသမားေတြထဲက တစ္ဦးပါ။ အင္ဆစ္ဂ္နီ ရဲ႕ လ်င္ျမန္တဲ႔ တိုးအား ၊ ႐ုန္းအားနဲ႔ လြန္းထိိုးကစားႏိုင္မႈေတြဟာ ျပိဳင္ဘက္ေတြအတြက္ေတာ႔ အိပ္မက္ဆိုးေတြျဖစ္ေစပါတယ္။ နာပိုလီအသင္းရဲ႕ လက္ရိွပံုစံေကာင္းေတြမွာ အင္ဆစ္ဂ္နီ ရဲ႕ စြမ္းေဆာင္ရည္ေတြဟာ အဓိကေနရာမွာရိွေနပါတယ္။

(၄) မာတင္စ္ Mertens

Mertens

Mertens

နာပိုလီအသင္းရဲ႕ ေနာက္ထပ္တိုက္စစ္ကစားသမား တစ္ဦးျဖစ္တဲ႔ မာတင္စ္ Mertens ဟာလည္း လက္ရိွစီးရီးေအရဲ႕အေကာင္းဆံုး တိုက္စစ္ကစားသမား ေတြထဲမွာပါ၀င္ေနပါတယ္။ ေတာင္ပံတစ္ေလွ်ာက္ အေကာင္းဆံုးထိုးေဖာက္ကစားႏိုင္ျပီး အဆံုးသတ္ပိုင္းေသခ်ာမႈေတြကေတာ႔ မာတင္စ္ ရဲ႕ အရည္အခ်င္းေတြလို႔ပဲေျပာရမွာပါ။

(၃) အီမိုဘီလီ Immobile

Immobile

Immobile

လာဇီယိုအသင္းရဲ႕ တိုက္စစ္မွဴး အီမိုဘီလီ Immobile ဟာလည္း ဒီစာရင္းမွာပါ၀င္ေနပါတယ္။ စီးရီးေအ အလယ္အလတ္အသင္းေတြမွာ ကစားကတည္းက ေျခစြမ္းေကာင္းေတြျပသေနတဲ႔ အီမိုဘီလီ ဟာ လက္ရိွမွာေတာ႔ လာဇီယိုအသင္းရဲ႕ တိုက္စစ္ကိုအေကာင္းဆံုးဦးေဆာင္ျပီး ေျခစြမ္းေကာင္းေတြျပသေနသူပဲျဖစ္ပါတယ္။

(၂) ပီယာတက္ Piątek

Piątek

Piątek

ဒီႏွစ္ေဘာလံုးရာသီမွာ စတင္ထြန္းေတာက္လာျပီး ဥေရာပထိပ္တန္းအသင္းၾကီးေတြရဲ႕ ပစ္မွတ္ျဖစ္လာသူကေတာ႔ ဂ်ီႏိုအာတိုက္စစ္မွဴး ပီယာတက္ Piątek ပါပဲ။ ပီယာတက္ရဲ႕ အသက္ဟာ ငယ္ရြယ္ေသးတာေၾကာင္႔ အခုထက္ပိုျပီး တိုးတက္လာဦးမွာကေတာ႔ အေသအခ်ာပါပဲ။ ဒီႏွစ္ေဘာလံုးရာသီမွာလည္း ပီယာတက္ ဟာ လက္ရိွအခ်ိန္ထိ ဂ်ီႏိုအာအသင္းအတြက္ ျပိဳင္ပြဲစံု(၁၃)ပြဲကစား (၁၃)ဂိုးသြင္းယူထားပါတယ္။

(၁) စီေရာ္နယ္လ္ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

ဒီစာရင္းရဲ႕ ထိပ္ဆံုးေနရာမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္း တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒို Cristiano Ronaldo က ျခြင္းခ်က္မရိွ ရပ္တည္ေနပါတယ္။ စီေရာ္နယ္လ္ဒို ဟာ စီးရီးေအမွာ အစပိုင္းခက္ခဲခဲ႔ေပမယ္႔ လက္ရိွမွာေတာ႔ သူ႔အတြက္ အရာရာလြယ္ကူခဲ႔ပါျပီ။ စီးရီးေအမွာ ဂိုးေတြဆက္တိုက္သြင္းယူေနတဲ႔ စီေရာ္နယ္လ္ဒို ဟာ အခြင္႔အေရးတစ္ၾကိမ္ရရင္ပဲ သြင္းဂိုးတစ္ဂိုးအျဖစ္ ေျပာင္းလဲေနသူပါ။

Ref: Sportskeeda
Photo: These Football Times , Goal.com , OrissaPOST
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စီးရီးအေရဲ့ လက်ရှိအကောင်းဆုံးတိုက်စစ်ကစားသမားများ

စီးရီးအေဆိုတာ အစဉ်အလာကြီးမားတဲ့ ဘောလုံးပြိုင်ပွဲတစ်ခု ၊ ပြီးတော့ နာမည်ကျော် ကလပ်အသင်းတွေရှိပြီး နာမည်ကျော်ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ လိဂ်ပြိုင်ပွဲဆိုရင်လည်း မမှားပါဘူး။ ခေတ်အဆက်ဆက် စီးရီးအေပြိုင်ပွဲမှာ ကစားသမားကောင်းတွေရှိနေပြီး ဒီအထဲမှာ တိုက်စစ်ကစားသမားကောင်းတွေဟာလည်း အပါအဝင်ပါပဲ။ ပြောရရင်တော့ ဘက်ဂီယို Baggio ၊ ဘာတစ္စတူတာ Batistuta ၊ ဒယ်ပီယာရို Del Piero ၊ ရော်နယ်လ်ဒို Ronaldo ၊ ဗီယာရီ Vieri ၊ ခရက်စပို Crespo ၊ ရှက္ဗ်ချန်ကို Shevchenko ၊ အင်ဇာဂီ Inzaghi စတဲ့ ကစားသမားတွေအပြင် အခြား တိုက်စစ်ကစားသမားကောင်းတွေလည်း အများကြီးရှိခဲ့ပါတယ်။ ကျဆင်းမှုတွေရှိခဲ့တဲ့ စီးရီးအေ ဟာ အခုဆို ပြန်လည်ဦးမော့လာသလို ဒီ Article မှာတော့ Akhayar Sports ပရိသတ်တွေအတွက် စီးရီးအေရဲ့ လက်ရှိအကောင်းဆုံး တိုက်စစ်ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၅) အင်ဆစ်ဂ်နီ Insigne

Insigne

Insigne

နာပိုလီတိုက်စစ်ကစားသမား အင်ဆစ်ဂ်နီ Insigne ဟာ လက်ရှိစီးရီးအေရဲ့အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲက တစ်ဦးပါ။ အင်ဆစ်ဂ်နီ ရဲ့ လျင်မြန်တဲ့ တိုးအား ၊ ရုန်းအားနဲ့ လွန်းထိုးကစားနိုင်မှုတွေဟာ ပြိုင်ဘက်တွေအတွက်တော့ အိပ်မက်ဆိုးတွေဖြစ်စေပါတယ်။ နာပိုလီအသင်းရဲ့ လက်ရှိပုံစံကောင်းတွေမှာ အင်ဆစ်ဂ်နီ ရဲ့ စွမ်းဆောင်ရည်တွေဟာ အဓိကနေရာမှာရှိနေပါတယ်။

(၄) မာတင်စ် Mertens

Mertens

Mertens

နာပိုလီအသင်းရဲ့ နောက်ထပ်တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ မာတင်စ် Mertens ဟာလည်း လက်ရှိစီးရီးအေရဲ့အကောင်းဆုံး တိုက်စစ်ကစားသမား တွေထဲမှာပါဝင်နေပါတယ်။ တောင်ပံတစ်လျှောက် အကောင်းဆုံးထိုးဖောက်ကစားနိုင်ပြီး အဆုံးသတ်ပိုင်းသေချာမှုတွေကတော့ မာတင်စ် ရဲ့ အရည်အချင်းတွေလို့ပဲပြောရမှာပါ။

(၃) အီမိုဘီလီ Immobile

Immobile

Immobile

လာဇီယိုအသင်းရဲ့ တိုက်စစ်မှူး အီမိုဘီလီ Immobile ဟာလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ စီးရီးအေ အလယ်အလတ်အသင်းတွေမှာ ကစားကတည်းက ခြေစွမ်းကောင်းတွေပြသနေတဲ့ အီမိုဘီလီ ဟာ လက်ရှိမှာတော့ လာဇီယိုအသင်းရဲ့ တိုက်စစ်ကိုအကောင်းဆုံးဦးဆောင်ပြီး ခြေစွမ်းကောင်းတွေပြသနေသူပဲဖြစ်ပါတယ်။

(၂) ပီယာတက် Piątek

Piątek

Piątek

ဒီနှစ်ဘောလုံးရာသီမှာ စတင်ထွန်းတောက်လာပြီး ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာသူကတော့ ဂျီနိုအာတိုက်စစ်မှူး ပီယာတက် Piątek ပါပဲ။ ပီယာတက်ရဲ့ အသက်ဟာ ငယ်ရွယ်သေးတာကြောင့် အခုထက်ပိုပြီး တိုးတက်လာဦးမှာကတော့ အသေအချာပါပဲ။ ဒီနှစ်ဘောလုံးရာသီမှာလည်း ပီယာတက် ဟာ လက်ရှိအချိန်ထိ ဂျီနိုအာအသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲကစား (၁၃)ဂိုးသွင်းယူထားပါတယ်။

(၁) စီရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာတော့ ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo က ခြွင်းချက်မရှိ ရပ်တည်နေပါတယ်။ စီရော်နယ်လ်ဒို ဟာ စီးရီးအေမှာ အစပိုင်းခက်ခဲခဲ့ပေမယ့် လက်ရှိမှာတော့ သူ့အတွက် အရာရာလွယ်ကူခဲ့ပါပြီ။ စီးရီးအေမှာ ဂိုးတွေဆက်တိုက်သွင်းယူနေတဲ့ စီရော်နယ်လ်ဒို ဟာ အခွင့်အရေးတစ်ကြိမ်ရရင်ပဲ သွင်းဂိုးတစ်ဂိုးအဖြစ် ပြောင်းလဲနေသူပါ။

Ref: Sportskeeda
Photo: These Football Times , Goal.com , OrissaPOST
Ko Kyue(Akhayar)
www.akhayar.com