[Zawgyi]

ဂင္းနစ္ကမၻာ႔စံခ်ိန္မွတ္တမ္းေကာင္းေတြ ပုိင္ဆုိင္ခဲ့တဲ့ ေဘာလုံးသမားမ်ား

ၿပီးခဲ့တဲ့ရက္ပုိင္းတုန္းက ခ်ယ္လ္ဆီးကြင္းလယ္လူ ဖာဘရီဂတ္စ္ Fabregas ဟာ ပရီးမီးယားလိဂ္မွာ ပဲြအနညး္ဆုံးနဲ႔ ဂုိးဖန္တီးမႈ(၁၀၀)ျပည့္ခဲ့တဲ့အတြက္ ဂင္းနစ္ကမၻာ႔စံခ်ိန္ဂုဏ္ျပဳမွတ္တမ္းကုိ လက္ခံရရွိခဲ့ပါတယ္။ ဂင္းနစ္မွတ္တမ္းမွာ ထည့္သြင္းေဖာ္ျပခံရဖုိ႔ဆုိရင္ သူမ်ားေတြထက္ ထူးျခားတဲ့စြမ္းေဆာင္ရည္ ျပသႏုိင္မွျဖစ္မွာပါ။ ေဘာလုံးသမားေတြထဲမွာ ဖာဘရီဂတ္စ္လုိပဲ ဂင္းနစ္ကမၻာ႔စံခ်ိန္မွတ္တမ္းေကာင္း ပုိင္ဆုိင္ခဲ့သူေတြ အမ်ားႀကီးရွိခဲ့တယ္။ သူတို႔ေတြထဲက ကစားသမားတခ်ိဳ႕ကုိ ပရိသတ္ေတြ ဗဟုသတရေစဖုိ႔ ေဖာ္ျပလုိက္ပါတယ္ . . .

ဂ်က္စ္ေဖာင္တိန္ Just Fontaine (ျပင္သစ္)

Just-Fontaine

Just-Fontaine

ျပင္သစ္ဂႏၳ၀င္ တိုက္စစ္မွဴး ဂ်က္စ္ေဖာင္တိန္ဟာ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ခုတညး္မွာ သြင္းဂုိးအမ်ားဆုံးအျဖစ္ ဂင္းနစ္စံခ်ိန္၀င္ထားသူျဖစ္ပါတယ္။ ၁၉၅၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ျပင္သစ္အသင္းအတြက္ (၆)ပဲြကစား (၁၃)ဂုိးအထိ သြင္းယူခဲ့ၿပီး ေရႊဖိနပ္ဆုကုိလည္း ဆြတ္ခူးခဲ့သူပါ။ ဒါေပမ့ဲ သူ႔ ျပင္သစ္အသင္းကေတာ့ ကံမေကာင္းခဲ့ဘဲ ခ်န္ပီယံဆုနဲ႔ လဲြေခ်ာ္ခဲ့ၿပီး တတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတယ္။

႐ုိဂ်ယ္ရီယုိဆယ္နီ Rogerio Ceni (ဘရာဇီးလ္)

Rogerio-Ceni

Rogerio-Ceni

ေဆာ္ေပၚလုိအသင္းရဲ႕ ဂႏၳ၀င္ဂုိးသမားႀကီး ဆယ္နီက ဂုိးသမားေတြထဲမွာ ဘယ္သူမွ လုိက္မမီႏုိင္တဲ့ စံခ်ိန္တင္ထားသူပါပဲ။ သူဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀မွာ (၁၃၁)ဂုိးအထိ သြင္းခဲ့ၿပီး ဂုိးသမားထဲမွာ သြင္းဂုိးအမ်ားဆုံးအျဖစ္ ရပ္တည္ေနသလုိ ကလပ္တစ္သငး္တည္းအတြက္ ပဲြအမ်ားဆုံးကစားသူ (ေဆာ္ေပၚလုိ -၁၂၃၇ပဲြ)၊ အသင္းေခါင္းေဆာင္အျဖစ္ ပဲြအမ်ားဆုံးကစားသူစတဲ့ စံခ်ိန္ေတြကုိပါ ပုိင္ဆုိင္ထားပါတယ္။

ဂ်ံဳးစ္ဆမ္ျမဴရယ္လ္ဆန္ Jone Samuelsen (ေနာ္ေ၀)

Jone-Samuelsen

Jone-Samuelsen

ဒီကစားသမားကုိေတာ့ ပရိသတ္ေတြ သိပ္မသိေပမယ့္ သူ႔ရဲ႕ ဂင္းနစ္ကမၻာ႔စံခ်ိန္ကေတာ့ အံ့အားသင့္စရာပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဆမ္ျမဴရယ္လ္ဆန္ဟာ အဓိကၿပိဳင္ပဲြတစ္ခုမွာ အကြာအေ၀း အမ်ားဆုံး ေခါင္းတိုက္သြင္းဂုိး သြင္းယူခဲ့လုိ႔ျဖစ္ပါတယ္။ ၂၀၁၁၊ စက္တင္ဘာ (၂၅)ရက္က Tromso အသင္းနဲ႔ ကစားခဲ့တဲ့ပဲြမွာ ODD Grenland အသင္းအတြက္ ဆမ္ျမဴရယ္လ္ဆန္ဟာ (၅၈.၁၃)မီတာ (၆၅.၅၇ ကုိက္)ကေန ေခါင္းတိုက္ဂုိးသြင္းခဲ့ၿပီး ဒါဟာ ကမၻာ႔စံခ်ိန္ျဖစ္ခဲ့တယ္။

ဆမ္ျမဴရယ္လ္ဆန္ရဲ႕ ေခါင္းတုိက္သြင္းဂုိး ၾကည့္ရန္လင့္ခ္

ပီလီ Pele (ဘရာဇီးလ္)

Pele

Pele

ဘရာဇီးလ္လုိ႔ဆုိလုိက္တာနဲ႔ ပထမဆုံးေျပးျမင္မိတာက ပီလီပါပဲ။ ပီလီလုိ ေျခစြမ္းပုိင္းေရာ၊ ေအာင္ျမင္မႈပုိင္းမွာပါ ျပည့္စုံတဲ့ကစားသမားမ်ိဳး ဘရာဇီးလ္အသင္းမွာ ေနာက္ထပ္ ေပၚလာဖုိ႔ မလြယ္ကူေတာ့ပါဘူး။ ဘရာဇီးလ္အသင္းနဲ႔အတူ ကမၻာ႔ဖလားခ်န္ပီယံဆု (၃)ႀကိမ္ရရွိခဲ့ၿပီး သမုိင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ အႀကိမ္အမ်ားဆုံးရယူခဲ့သူအျဖစ္ စံခ်ိန္တင္ထားတယ္။ ေနာက္ၿပီး ကစားသမားဘ၀တစ္ေလွ်ာက္လုံး (၁၂၇၉)ဂုိးအထိ သြင္းယူခဲ့တာေၾကာင့္ ေဘာလုံးသမားေတြထဲမွာ သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္လည္း သတ္မွတ္ခံထားရသူပါ။

ဘီဂုိဗစ္ Asmir Begovic (ေဘာ့စနီးယား)

Asmir-Begovic

Asmir-Begovic

စတုတ္စီးတီးဂုိးသမားေဟာင္း ဘီဂုိဗစ္ကလည္း ဂင္းနစ္ကမၻာ႔စံခ်ိန္စာအုပ္ထဲမွာ ထည့္သြင္းေဖာ္ျပခံထားရသူပါ။ ၂၀၁၃၊ ႏုိ၀င္ဘာလ(၂)ရက္က ေဆာက္သမ္တန္နဲ႔ ကစားခဲ့တဲ့ပဲြမွာ ဘီဂုိဗစ္ဟာ သူ႔ဘက္ ပယ္နယ္တီဧရိယာထဲကေန ကန္တင္လုိက္တဲ့ေဘာလုံးက ၿပိဳင္ဘက္ဂုိးေပါက္ထဲ တန္း၀င္သြားခဲ့ၿပီး အဲဒီဂုိးကုိ ပရိသတ္ေတြ အမွတ္ရေနဆဲျဖစ္ပါလိမ့္မယ္။ ဒီဂုိးအကြာအေ၀းက (၉၇.၅)ကုိက္အထိရွိလုိ႔ အကြာအေ၀းအမ်ားဆုံး သြင္းဂုိးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

ဘီဂုိဗစ္ရဲ႕ သြင္းဂုိးကုိ ၾကည့္ရန္ လင့္ခ္

REF:sportskeeda
Photo:YouTube,Esportes,Sportsbibelen,CNN International,Stoke City FC,Goal Profits
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ဘောလုံးသမားများ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ် Fabregas ဟာ ပရီးမီးယားလိဂ်မှာ ပွဲအနည်းဆုံးနဲ့ ဂိုးဖန်တီးမှု(၁၀၀)ပြည့်ခဲ့တဲ့အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်ဂုဏ်ပြုမှတ်တမ်းကို လက်ခံရရှိခဲ့ပါတယ်။ ဂင်းနစ်မှတ်တမ်းမှာ ထည့်သွင်းဖော်ပြခံရဖို့ဆိုရင် သူများတွေထက် ထူးခြားတဲ့စွမ်းဆောင်ရည် ပြသနိုင်မှဖြစ်မှာပါ။ ဘောလုံးသမားတွေထဲမှာ ဖာဘရီဂတ်စ်လိုပဲ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့သူတွေ အများကြီးရှိခဲ့တယ်။ သူတို့တွေထဲက ကစားသမားတချို့ကို ပရိသတ်တွေ ဗဟုသတရစေဖို့ ဖော်ပြလိုက်ပါတယ် . . .

ဂျက်စ်ဖောင်တိန် Just Fontaine (ပြင်သစ်)

Just-Fontaine

Just-Fontaine

ပြင်သစ်ဂန္ထဝင် တိုက်စစ်မှူး ဂျက်စ်ဖောင်တိန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာ သွင်းဂိုးအများဆုံးအဖြစ် ဂင်းနစ်စံချိန်ဝင်ထားသူဖြစ်ပါတယ်။ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် (၆)ပွဲကစား (၁၃)ဂိုးအထိ သွင်းယူခဲ့ပြီး ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးခဲ့သူပါ။ ဒါပေမဲ့ သူ့ ပြင်သစ်အသင်းကတော့ ကံမကောင်းခဲ့ဘဲ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပြီး တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတယ်။

ရိုဂျယ်ရီယိုဆယ်နီ Rogerio Ceni (ဘရာဇီးလ်)

Rogerio-Ceni

Rogerio-Ceni

ဆော်ပေါ်လိုအသင်းရဲ့ ဂန္ထဝင်ဂိုးသမားကြီး ဆယ်နီက ဂိုးသမားတွေထဲမှာ ဘယ်သူမှ လိုက်မမီနိုင်တဲ့ စံချိန်တင်ထားသူပါပဲ။ သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ (၁၃၁)ဂိုးအထိ သွင်းခဲ့ပြီး ဂိုးသမားထဲမှာ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေသလို ကလပ်တစ်သင်းတည်းအတွက် ပွဲအများဆုံးကစားသူ (ဆော်ပေါ်လို -၁၂၃၇ပွဲ)၊ အသင်းခေါင်းဆောင်အဖြစ် ပွဲအများဆုံးကစားသူစတဲ့ စံချိန်တွေကိုပါ ပိုင်ဆိုင်ထားပါတယ်။

ဂျုံးစ်ဆမ်မြူရယ်လ်ဆန် Jone Samuelsen (နော်ဝေ)

Jone-Samuelsen

Jone-Samuelsen

ဒီကစားသမားကိုတော့ ပရိသတ်တွေ သိပ်မသိပေမယ့် သူ့ရဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ကတော့ အံ့အားသင့်စရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆမ်မြူရယ်လ်ဆန်ဟာ အဓိကပြိုင်ပွဲတစ်ခုမှာ အကွာအဝေး အများဆုံး ခေါင်းတိုက်သွင်းဂိုး သွင်းယူခဲ့လို့ဖြစ်ပါတယ်။ ၂၀၁၁၊ စက်တင်ဘာ (၂၅)ရက်က Tromso အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ODD Grenland အသင်းအတွက် ဆမ်မြူရယ်လ်ဆန်ဟာ (၅၈.၁၃)မီတာ (၆၅.၅၇ ကိုက်)ကနေ ခေါင်းတိုက်ဂိုးသွင်းခဲ့ပြီး ဒါဟာ ကမ္ဘာ့စံချိန်ဖြစ်ခဲ့တယ်။

ဆမ်မြူရယ်လ်ဆန်ရဲ့ ခေါင်းတိုက်သွင်းဂိုး ကြည့်ရန်လင့်ခ်

ပီလီ Pele (ဘရာဇီးလ်)

Pele

Pele

ဘရာဇီးလ်လို့ဆိုလိုက်တာနဲ့ ပထမဆုံးပြေးမြင်မိတာက ပီလီပါပဲ။ ပီလီလို ခြေစွမ်းပိုင်းရော၊ အောင်မြင်မှုပိုင်းမှာပါ ပြည့်စုံတဲ့ကစားသမားမျိုး ဘရာဇီးလ်အသင်းမှာ နောက်ထပ် ပေါ်လာဖို့ မလွယ်ကူတော့ပါဘူး။ ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု (၃)ကြိမ်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို အကြိမ်အများဆုံးရယူခဲ့သူအဖြစ် စံချိန်တင်ထားတယ်။ နောက်ပြီး ကစားသမားဘဝတစ်လျှောက်လုံး (၁၂၇၉)ဂိုးအထိ သွင်းယူခဲ့တာကြောင့် ဘောလုံးသမားတွေထဲမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

ဘီဂိုဗစ် Asmir Begovic (ဘော့စနီးယား)

Asmir-Begovic

Asmir-Begovic

စတုတ်စီးတီးဂိုးသမားဟောင်း ဘီဂိုဗစ်ကလည်း ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြခံထားရသူပါ။ ၂၀၁၃၊ နိုဝင်ဘာလ(၂)ရက်က ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဘီဂိုဗစ်ဟာ သူ့ဘက် ပယ်နယ်တီဧရိယာထဲကနေ ကန်တင်လိုက်တဲ့ဘောလုံးက ပြိုင်ဘက်ဂိုးပေါက်ထဲ တန်းဝင်သွားခဲ့ပြီး အဲဒီဂိုးကို ပရိသတ်တွေ အမှတ်ရနေဆဲဖြစ်ပါလိမ့်မယ်။ ဒီဂိုးအကွာအဝေးက (၉၇.၅)ကိုက်အထိရှိလို့ အကွာအဝေးအများဆုံး သွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဘီဂိုဗစ်ရဲ့ သွင်းဂိုးကို ကြည့်ရန် လင့်ခ်

REF:sportskeeda
Photo:YouTube,Esportes,Sportsbibelen,CNN International,Stoke City FC,Goal Profits
Naing Linn(Akhayar)
www.akhayar.com