[Zawgyi]

ရင္းႏွီးျမွဳပ္ႏွံမႈ ဂုရုႀကီးျဖစ္သူ Warren Buffet ရဲ႕ ခ်မ္းသာႀကီးပြားေရး လမ္းညႊန္ခ်က္မ်ား

ေလာကႀကီးမွာ မၾကြယ္ဝ မခ်မ္းသာခ်င္တဲ့သူရယ္လို႔ မရွိပါဘူး။ ခ်မ္းသာၿပီးရင္ ပိုပိုခ်မ္းသာလာခ်င္တဲ့သူေတြသာ မ်ားပါတယ္။ ဒီလိုခ်မ္းသာခ်င္သူေတြအတြက္ အသက္(၈၈) ႏွစ္ အရြယ္ ဘီလ်ံနာသူေဌးႀကီးလည္းျဖစ္ၿပီး ရင္းႏွီးျမွဳပ္ႏွံမႈ ဂုရုႀကီးလည္းျဖစ္သူ Warren Buffet ရဲ႕ ခ်မ္းသာၾကြယ္ဝဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ အဲ႔ဒီနည္းလမ္းေကာင္းေလးေတြကေတာ့…..

(၁) ေငြမေခ်းခင္အႀကိမ္ႀကိမ္စဥ္းစားပါ

Warren အၾကံျပဳေလ့ရွိတာက ေငြေခ်းေတာ့မယ္လို႔ စဥ္းစားရင္ ေငြမျဖစ္မေနလိုအပ္ေနတာ ေသခ်ာလား အျပန္ျပန္အလွန္လွန္ ေသခ်ာစဥ္းစားၿပီးမွ ေခ်းပါ။ ဘာေၾကာင့္လဲဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားဟာ အသံုးနဲ႔အျဖဳန္းကို ေရာေထြးကာ ေငြေခ်းၿပီး အက်ပ္အတည္းကို ေျဖရွင္းႏိုင္တာမ်ဳိး မဟုတ္ဘဲ ျဖဳန္းမိတာက ပိုမ်ားတဲ႔အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ အရက္ေသာက္ျခင္းနဲ႔ ေငြေခ်းျခင္းမွာ လူေတာ္ေတာ္မ်ားဟာ က်ရႈံးတာကို သူက ေတြ႔ျမင္ဖူးတဲ႔အတြက္ေၾကာင့္ အဲဒီလိုေျပာျခင္းလည္း ျဖစ္ပါတယ္။ စမတ္က်တဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြဟာ ေငြမေခ်းဘဲ ေငြကိုတိုးပြားေအာင္ တတ္ႏိုင္သမွ် ႀကိဳးစားလုပ္ေဆာင္ႏိုင္သူေတြ ျဖစ္ပါတယ္။ မေခ်းဌားမိဖို႔အတြက္ဆို ေငြေခ်းမယ္လို႔ စဥ္းစားမိတိုင္း အတတ္ႏိုင္ဆံုး ေသခ်ာေလးျပန္လည္စဥ္းစားျခင္း ျပဳလုပ္ၾကည့္ပါ။

(၂) အေျမာ္အျမင္ရွိရွိစုေဆာင္းပါ

Warren အၾကံေပးေလ့ရွိတာက ေငြတိုးပြားလာဖို႔အတြက္ ရင္းႏွီးျမွဳပ္ဖို႔ဆို ေငြကို ေသခ်ာေလး စီစီစစ္စစ္ ေခၽြတာစုေဆာင္းတာကို ဦးစားေပး လုပ္ေဆာင္သင့္ပါတယ္။ သူေျပာေလ့ရွိတာက သံုးလို႔စဲြလို႔ ကုုန္မွ ေငြကို စုေဆာင္းတာမ်ဳိး မျပဳလုပ္ဘဲ စုဖို႔အတြက္ သီးသန္႔ေလးေသခ်ာဖယ္ထားတာက ပိုေကာင္းပါတယ္။ ေငြစုေဆာင္းဖို႔အတြက္ဆို ေငြဝင္ႏိုင္တဲ႔ လမ္းေၾကာင္းေတြအကုန္လံုးကို ေသခ်ာေလး သိထားကာ ေငြဝင္ေအာင္ အတတ္ႏိုင္ဆံုး ကိုယ္ဘက္က ဖန္တီးယူဖုိ႔လည္း လိုပါတယ္။

(၃) နားလည္ကၽြမ္းက်င္တဲ႔ စီးပြားေရးလုပ္ငန္းမွာပဲ ရင္းႏွီးျမွဳပ္ႏွံံပါ

ရင္ႏွီးျမွဳပ္ႏွံမႈ ကေဝႀကီး Warren လက္ကိုင္က်င့္သံုးေလ့ရွိတဲ႔ အေလ့အက်င့္တစ္ခုကေတာ့ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္တိုင္း ကၽြမ္းက်င္ရင္းႏွီးတဲ႔ စီးပြားေရးလုပ္ငန္းမွာပဲ ေငြကုိ ရင္ႏွီးျမွဳပ္ႏွံျခင္းပဲ ျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ကုမၸဏီတစ္ခုမွာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္မယ္ဆို နားလည္တတ္ကၽြမ္းတဲ့ ေနရာမွာ ရင္းႏွီးျမွဳပ္ႏွံျခင္းျဖင့္ ဒီကုမၸဏီဟာ ႏွစ္စဥ္အက်ဳိးအျမတ္ ဘယ္ေလာက္ရရွိေနသလဲ အလြယ္တကူ သိရွိေအာင္ ေလ့လာႏိုင္ျခင္း၊ ရင္းႏွီးျမွဳပ္ႏွံရင္ ေအာင္ျမင္ႏိုင္ေခ်ရွိမရွိ ျမန္ျမန္ဆန္ဆန္ ေလ့လာဆန္းစစ္ႏိုင္ျခင္း၊ ဘယ္ေလာက္ရင္ႏွီးျမွဳပ္ႏွံရင္ ဘယ္ေလာက္ေအာင္ျမင္ႏိုင္တယ္ဆိုတာကိုလည္း ေကာင္းေကာင္းသိႏိုင္တဲ႔အတြက္ေၾကာင့္ နားလည္ကၽြမ္းက်င္တဲ႔ နယ္ပယ္ကို ေရြးခ်ယ္ခိုင္းျခင္း ျဖစ္ပါတယ္။ နားလည္ကၽြမ္းက်င္တဲ႔ နယ္ပယ္ျဖစ္တဲ႔အတြက္ ရင္းႏွီးျမွဳပ္ႏွံမႈ နယ္ပယ္ကို ေရြးခ်ယ္တဲ႔အခါ ကိုယ္နဲ႔ အကိုက္ညီဆံုး ရင္ႏွီးျမွဳပ္ႏွံမႈကို ေရြးခ်ယ္ႏိုင္ပါတယ္။

(၄) အသစ္သစ္ေတြကို ေလ့လာသင္ယူပါ

Warren ယံုၾကည္တာက အသစ္သစ္ေတြကို ေလ့လာသင္ယူျခင္းက ကုိယ့္ကုိယ္ကိုယ္အတြက္ အေကာင္းမြန္ဆံုး ရင္းႏွီးျမွဳပ္ႏွံျခင္းပဲ ျဖစ္ပါတယ္။ Warren ရဲဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ဆထက္တပိုး တိုးတက္ေအာင္ျမင္ေနျခင္းကလည္း စာအုပ္စာေပေတြ ဖတ္ရႈေလ့လာၿပီး ဗဟုသုတေတြ ရွာေဖြသင္ယူေလ့လာျခင္းကေန ရရွိတယ္ဆိုတာ ျငင္းစရာမလိုပါဘူး။ Warren အခိုင္အမာ ေျပာဆိုခဲ႔တာ တစ္ခုကေတာ့ ကိုယ္ပုိင္အစြမ္းအစေတြ တိုးပြားလာေအာင္ ကိုယ့္ကိုယ္ကိုယ္ အေကာင္းဆံုးရင္းႏွီးျမွုဳပ္ႏွံတာက ဘယ္ေတာ့မွ မရႈံးတဲ႔ စီးပြားေရးပါ။ ကိုယ္ပိုင္အစြမ္းအစေတြ တိုးလာေလ စီးပြားေရးလုပ္ငန္းေတြပါ လိုက္ႀကီးပြားတုိးတက္လာကာ အစစအရာရာ တိုးတက္ႀကီးပြားလာပါလိမ့္မယ္။ ဒါေၾကာင့္မို႔ အသစ္သစ္ေတြ သင္ယူေလ့လာျခင္းျဖင့္ ကိုယ့္ကိုယ္ကိုယ္အတြက္ အေကာင္းဆံုးရင္းႏွီးျမွဳပ္ႏွံလုိက္ပါ။

(၅) ဝန္ထမ္းဘဝကိုသတိၱရွိရွိအဆံုးသတ္လိုက္ပါ

Rich Kid မဟုတ္တဲ႔ လူငယ္လူရြယ္ေတြအတြက္ေတာ့ ဒီအႀကံျပဳခ်က္ဟာ လုိက္လုပ္ဖို႔ မလြယ္ကူတဲ့ အရာ၊ ခက္ခဲတဲ႔အရာဆိုတာ လူငယ္လူရြယ္တိုင္း သိၾကမွာပါ။ မျဖစ္ႏို္္င္တာမ်ဳိးေတာ့ မဟုတ္ေပမယ့္ ဒီအႀကံျပဳခ်က္ကို လုပ္တဲ႔အခါ မေရမတြက္ႏိုင္တဲ႔ အခက္အခဲေတြကို ႀကံဳေတြ႔ရမွာေတာ့ အေသအခ်ာပါပဲ။ အၾကံျပဳခ်က္အတုိင္း အလုပ္ထြက္လိုက္ၿပီး ပညာအသစ္သင္ယူတာပဲျဖစ္ျဖစ္၊ ကိုယ္ပိုင္စီးပြားေရး စလုပ္တာပဲျဖစ္ျဖစ္ ကိုယ္ရွာေဖြစုေဆာင္းထားသမွ်ကို ပံုေအာၿပီး ရင္းႏွီးျမွုဳပ္ႏွံရမွာ ျဖစ္သလို စိန္ေခၚမႈေတြကိုလည္း ေက်ာ္ျဖတ္ရမွာ အေသအခ်ာပါပဲ။ ဒါေပ့မယ့္ အခက္အခဲအားလံုးကို ၾကံံ႕ၾကံ႕ခိုင္ ေက်ာ္ျဖတ္ၿပီးသြားရင္ ေရရွည္မွာ ဝန္ထမ္းဘဝထက္ ပိုမိုသာလြန္ေကာင္းမြန္တဲ႔ ဘဝကို ရရွိမွာကေတာ့ အေသအခ်ာပါပဲ။ အဲ႔မတိုင္ခင္မွာေတာ့ အခက္အခဲကို လက္မေလ်ာ့ဘဲ တြန္းလွန္ႏိုင္ဖို႔ေတာ့ လိုပါတယ္။

ကဲ…နည္းလမ္းေလးေတြသိၿပီးဆိုေတာ့ ၾကြယ္ဝခ်မ္းသာတဲ႔သူေတြ ျဖစ္ဖို႔အတြက္ မဆုတ္မနစ္တဲ့ ဇဲြလံုလနဲ႔ ေပါင္းစပ္ၿပီး အားသြန္ခြန္စိုက္ ႀကိဳးစားၾကည္႔လိုက္ၾကပါ။

H.H(Akhayar)

www.akhayar.com

[Unicode]

ရင်းနှီးမြှုပ်နှံမှု ဂုရုကြီးဖြစ်သူ Warren Buffet ရဲ့ ချမ်းသာကြီးပွားရေး လမ်းညွှန်ချက်များ

လောကကြီးမှာ မကြွယ်ဝ မချမ်းသာချင်တဲ့သူရယ်လို့ မရှိပါဘူး။ ချမ်းသာပြီးရင် ပိုပိုချမ်းသာလာချင်တဲ့သူတွေသာ များပါတယ်။ ဒီလိုချမ်းသာချင်သူတွေအတွက် အသက်(၈၈) နှစ် အရွယ် ဘီလျံနာသူဌေးကြီးလည်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဂုရုကြီးလည်းဖြစ်သူ Warren Buffet ရဲ့ ချမ်းသာကြွယ်ဝဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးခဲ့ပါတယ်။ အဲ့ဒီနည်းလမ်းကောင်းလေးတွေကတော့…..

(၁) ငွေမချေးခင်အကြိမ်ကြိမ်စဉ်းစားပါ

Warren အကြံပြုလေ့ရှိတာက ငွေချေးတော့မယ်လို့ စဉ်းစားရင် ငွေမဖြစ်မနေလိုအပ်နေတာ သေချာလား အပြန်ပြန်အလှန်လှန် သေချာစဉ်းစားပြီးမှ ချေးပါ။ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများဟာ အသုံးနဲ့အဖြုန်းကို ရောထွေးကာ ငွေချေးပြီး အကျပ်အတည်းကို ဖြေရှင်းနိုင်တာမျိုး မဟုတ်ဘဲ ဖြုန်းမိတာက ပိုများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အရက်သောက်ခြင်းနဲ့ ငွေချေးခြင်းမှာ လူတော်တော်များဟာ ကျရှုံးတာကို သူက တွေ့မြင်ဖူးတဲ့အတွက်ကြောင့် အဲဒီလိုပြောခြင်းလည်း ဖြစ်ပါတယ်။ စမတ်ကျတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ငွေမချေးဘဲ ငွေကိုတိုးပွားအောင် တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်နိုင်သူတွေ ဖြစ်ပါတယ်။ မချေးဌားမိဖို့အတွက်ဆို ငွေချေးမယ်လို့ စဉ်းစားမိတိုင်း အတတ်နိုင်ဆုံး သေချာလေးပြန်လည်စဉ်းစားခြင်း ပြုလုပ်ကြည့်ပါ။

(၂) အမြော်အမြင်ရှိရှိစုဆောင်းပါ

Warren အကြံပေးလေ့ရှိတာက ငွေတိုးပွားလာဖို့အတွက် ရင်းနှီးမြှုပ်ဖို့ဆို ငွေကို သေချာလေး စီစီစစ်စစ် ချွေတာစုဆောင်းတာကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ သူပြောလေ့ရှိတာက သုံးလို့စွဲလို့ ကုန်မှ ငွေကို စုဆောင်းတာမျိုး မပြုလုပ်ဘဲ စုဖို့အတွက် သီးသန့်လေးသေချာဖယ်ထားတာက ပိုကောင်းပါတယ်။ ငွေစုဆောင်းဖို့အတွက်ဆို ငွေဝင်နိုင်တဲ့ လမ်းကြောင်းတွေအကုန်လုံးကို သေချာလေး သိထားကာ ငွေဝင်အောင် အတတ်နိုင်ဆုံး ကိုယ်ဘက်က ဖန်တီးယူဖို့လည်း လိုပါတယ်။

(၃) နားလည်ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းမှာပဲ ရင်းနှီးမြှုပ်နှံံပါ

ရင်နှီးမြှုပ်နှံမှု ကဝေကြီး Warren လက်ကိုင်ကျင့်သုံးလေ့ရှိတဲ့ အလေ့အကျင့်တစ်ခုကတော့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တိုင်း ကျွမ်းကျင်ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းမှာပဲ ငွေကို ရင်နှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်ဆို နားလည်တတ်ကျွမ်းတဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဒီကုမ္ပဏီဟာ နှစ်စဉ်အကျိုးအမြတ် ဘယ်လောက်ရရှိနေသလဲ အလွယ်တကူ သိရှိအောင် လေ့လာနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံရင် အောင်မြင်နိုင်ချေရှိမရှိ မြန်မြန်ဆန်ဆန် လေ့လာဆန်းစစ်နိုင်ခြင်း၊ ဘယ်လောက်ရင်နှီးမြှုပ်နှံရင် ဘယ်လောက်အောင်မြင်နိုင်တယ်ဆိုတာကိုလည်း ကောင်းကောင်းသိနိုင်တဲ့အတွက်ကြောင့် နားလည်ကျွမ်းကျင်တဲ့ နယ်ပယ်ကို ရွေးချယ်ခိုင်းခြင်း ဖြစ်ပါတယ်။ နားလည်ကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်ကို ရွေးချယ်တဲ့အခါ ကိုယ်နဲ့ အကိုက်ညီဆုံး ရင်နှီးမြှုပ်နှံမှုကို ရွေးချယ်နိုင်ပါတယ်။

(၄) အသစ်သစ်တွေကို လေ့လာသင်ယူပါ

Warren ယုံကြည်တာက အသစ်သစ်တွေကို လေ့လာသင်ယူခြင်းက ကိုယ့်ကိုယ်ကိုယ်အတွက် အကောင်းမွန်ဆုံး ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။ Warren ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆထက်တပိုး တိုးတက်အောင်မြင်နေခြင်းကလည်း စာအုပ်စာပေတွေ ဖတ်ရှုလေ့လာပြီး ဗဟုသုတတွေ ရှာဖွေသင်ယူလေ့လာခြင်းကနေ ရရှိတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ Warren အခိုင်အမာ ပြောဆိုခဲ့တာ တစ်ခုကတော့ ကိုယ်ပိုင်အစွမ်းအစတွေ တိုးပွားလာအောင် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးရင်းနှီးမြှုုပ်နှံတာက ဘယ်တော့မှ မရှုံးတဲ့ စီးပွားရေးပါ။ ကိုယ်ပိုင်အစွမ်းအစတွေ တိုးလာလေ စီးပွားရေးလုပ်ငန်းတွေပါ လိုက်ကြီးပွားတိုးတက်လာကာ အစစအရာရာ တိုးတက်ကြီးပွားလာပါလိမ့်မယ်။ ဒါကြောင့်မို့ အသစ်သစ်တွေ သင်ယူလေ့လာခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံလိုက်ပါ။

(၅) ဝန်ထမ်းဘဝကိုသတ္တိရှိရှိအဆုံးသတ်လိုက်ပါ

Rich Kid မဟုတ်တဲ့ လူငယ်လူရွယ်တွေအတွက်တော့ ဒီအကြံပြုချက်ဟာ လိုက်လုပ်ဖို့ မလွယ်ကူတဲ့ အရာ၊ ခက်ခဲတဲ့အရာဆိုတာ လူငယ်လူရွယ်တိုင်း သိကြမှာပါ။ မဖြစ်နို်င်တာမျိုးတော့ မဟုတ်ပေမယ့် ဒီအကြံပြုချက်ကို လုပ်တဲ့အခါ မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ကြုံတွေ့ရမှာတော့ အသေအချာပါပဲ။ အကြံပြုချက်အတိုင်း အလုပ်ထွက်လိုက်ပြီး ပညာအသစ်သင်ယူတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေး စလုပ်တာပဲဖြစ်ဖြစ် ကိုယ်ရှာဖွေစုဆောင်းထားသမျှကို ပုံအောပြီး ရင်းနှီးမြှုုပ်နှံရမှာ ဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း ကျော်ဖြတ်ရမှာ အသေအချာပါပဲ။ ဒါပေ့မယ့် အခက်အခဲအားလုံးကို ကြံံ့ကြံ့ခိုင် ကျော်ဖြတ်ပြီးသွားရင် ရေရှည်မှာ ဝန်ထမ်းဘဝထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ ဘဝကို ရရှိမှာကတော့ အသေအချာပါပဲ။ အဲ့မတိုင်ခင်မှာတော့ အခက်အခဲကို လက်မလျော့ဘဲ တွန်းလှန်နိုင်ဖို့တော့ လိုပါတယ်။

ကဲ…နည်းလမ်းလေးတွေသိပြီးဆိုတော့ ကြွယ်ဝချမ်းသာတဲ့သူတွေ ဖြစ်ဖို့အတွက် မဆုတ်မနစ်တဲ့ ဇွဲလုံလနဲ့ ပေါင်းစပ်ပြီး အားသွန်ခွန်စိုက် ကြိုးစားကြည့်လိုက်ကြပါ။

H.H(Akhayar)

www.akhayar.com