[Zawgyi]

လက္ရွိေဘာလုံးေလာကမွာ ဂုိး(၄၀၀)ေက်ာ္ သြင္းယူထားတဲ့ ကစားသမားမ်ား

ေဘာလုံးေလာကမွာ ဂုိး(၄၀၀)ေက်ာ္ သြင္းႏုိင္ဖုိ႔ဆုိတာ မလြယ္ကူတဲ့ စြမ္းေဆာင္ရည္တစ္ခုပါ။ အရင္တုန္းက ဘရာဇီးလ္ဂႏၳ၀င္ တိုက္စစ္မွဴးႀကီး ပီလီ Pele ဆုိရင္ ကစားသမား ဘ၀တစ္ေလွ်ာက္လုံး ဂုိး(၁၀၀၀)ေက်ာ္ သြင္းခဲ့တဲ့ စံခ်ိန္မွတ္တမ္း ရရွိဖူးေပမယ့္ တျခားဂႏၳ၀င္ကစားသမားေတြျဖစ္တဲ့ မာရာဒုိနာ Maradona ၊ ႐ုိမာရီယုိ Romario ၊ ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff တို႔ေတာင္ အဲဒီေလာက္အထိ မစြမ္းေဆာင္ႏုိင္ခဲ့ၾကဘူး။ အခု ေမာ္ဒန္ေဘာလုံးေလာကမွာေတာ့ နည္းစနစ္ေတြ ပုိျမင့္မားတာေၾကာင့္ အဲဒီေလာက္ ဂုိးအေရအတြက္ မေျပာနဲ႔ ဂုိး(၄၀၀)ေက်ာ္ သြင္းဖုိ႔ေတာင္ အရမ္းခက္သြားပါၿပီ။ ဒါေၾကာင္ အဲဒီလုိ ခက္ခဲတဲ့ မွတ္တမ္းကုိ ရယူခဲ့ၿပီး လက္ရွိေဘာလုံးေလာကမွာ က်င္လည္ေနၾကတဲ့ ကစားသမားေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္ . . . . .

ေဒးဗစ္ဗီလာ David Villa (၄၁၅ ဂုိး)

David-Villa

David-Villa

စပိန္ ၀ါရင့္တိုက္စစ္မွဴးႀကီး ေဒးဗစ္ဗီလာဟာ ဥေရာပေဘာလုံးေျမကေန ေပ်ာက္ကြယ္သြားတာ ႏွစ္အေတာ္ၾကာခဲ့ပါၿပီ။ အခုေလာေလာဆယ္ အေမရိကန္ ေမဂ်ာလိဂ္ကလပ္ နယူးေယာက္စီးတီးအသင္းမွာ ကစားေနတဲ့ ဗီလာဟာ အသက္(၃၆)ႏွစ္အရြယ္ရွိၿပီျဖစ္လုိ႔ ကစားသမားဘ၀ ေန၀င္ခ်ိန္ကုိ ေရာက္ေနၿပီျဖစ္ေပမယ့္လည္း တစ္ခ်ိန္တုန္းကေတာ့ သူဟာ စပိန္ေဘာလုံးေလာကရဲ႕ ဂုိးသြင္းစက္တစ္လုံးျဖစ္ခဲ့တယ္။ စပိန္အသင္းအတြက္ သူ သြင္းယူခဲ့တဲ့ (၅၉)ဂုိးစံခ်ိန္ကုိ အခုအထိ ဘယ္သူမွ မခ်ိဳးျဖတ္ႏုိင္ေသးပါဘူး။

ဆြာရက္ဇ္ Suarez (၄၃၀ ဂုိး)

Luis-Suarez

Luis-Suarez

ကစားသမားဘ၀တစ္ေလွ်ာက္ မတူညီတဲ့ လိဂ္(၄)ခု (ဥ႐ုေဂြး၊ နယ္သာလန္၊ အဂၤလန္၊ စပိန္) မွာ ဂုိးသြင္းဖူးတဲ့ မွတ္တမ္းေကာင္းတစ္ခု ပုိင္ဆုိင္ထားသူပါ။ အသက္ (၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဆြာရက္ဇ္ဟာ ဥေရာပသြင္းဂုိးအမ်ားဆုံး ေရႊဖိနပ္ဆု (ESM)ကုိ (၂)ႀကိမ္ ဆြတ္ခူးခဲ့ၿပီး အခု ဘာစီလုိနာအသင္းမွာလည္း ေျခစြမ္းျပ ဂုိးေတြသြင္းယူေနဆဲျဖစ္ပါတယ္။

အီဘရာဟီမုိဗစ္ Ibrahimovic (၅၀၅ ဂုိး)

Ibrahimovic-

Ibrahimovic-

ကစားသမား ဘ၀တစ္ေလွ်ာက္ (၈၇၆)ပဲြကစား (၅၀၅)ဂုိး သြင္းထားတဲ့ ဆြီဒင္ နာမည္ေက်ာ္တိုက္စစ္မွဴးႀကီး အီဘရာဟီမုိဗစ္ဟာ အခု စာရင္းမွာ တတိယေနရာ ရရွိခဲ့သလုိ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ဂုိးေပါင္း (၅၀၀)ေက်ာ္ သြင္းယူခဲ့တဲ့ (၂၈)ဦးေျမာက္ ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။ ခ်န္ပီယံလိဂ္မွာ မတူညီတဲ့ အသင္း(၆)သင္း (ေအဂ်က္စ္၊ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္၊ ဘာစီလုိနာ၊ ေအစီမီလန္၊ PSG ) အတြက္ ဂုိးသြင္းခဲ့တဲ့ ပထမဆုံးကစားသမား၊ မတူညီတဲ့ လိဂ္(၄)ခု (နယ္သာလန္၊ အီတလီ၊ စပိန္၊ ျပင္သစ္)မွာ အမွတ္ေပးဖလား(၁၂)ႀကိမ္အထိ ရခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမား စတဲ့ ဂုဏ္ပုဒ္ေတြလည္း ပုိင္ဆုိင္ထားပါတယ္။

မက္ဆီ Messi (၆၄၆ ဂုိး)

Messi

Messi

ေဘာလုံးသမုိင္းတစ္ေလွ်ာက္ မက္ဆီထက္ ဂုိးအေရအတြက္ ပုိသြင္းခဲ့တဲ့ ကစားသမားက (၆)ဦးသာ ရွိခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းအတြက္ ေအာင္ျမင္မႈ မရခဲ့ေပမယ့္လည္း ဘာစီလုိနာန႔ဲအတူ ဆုဖလား (၃၃)ခုအထိ ရရွိခဲ့ၿပီး Ballon d’Or ဆု အပါအ၀င္ တစ္ဦးခ်င္း အေကာင္းဆုံးဆုေတြကုိလည္း ရယူထားသူပါ။

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo (၆၇၆ ဂုိး)

Cristiano-Ronaldo

Cristiano-Ronaldo

လက္ရွိ ေဘာလုံးေလာကမွာ က်င္လည္ေနတဲ့ ကစားသမားေတြထဲ စီေရာ္နယ္လ္ဒုိက သြင္းဂုိးအမ်ားဆုံးအျဖစ္ ဦးေဆာင္ေနပါတယ္။ စီေရာ္နယ္လ္ဒုိဟာ ကလပ္အသင္း ကစားသမားဘ၀မွာ (၅၇၃)ဂုိး၊ ႏုိင္ငံအသင္းအတြက္ (၈၅)ဂုိး သြင္းယူထားၿပီး ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး၊ ေပၚတူဂီအသင္းအတြက္ သြင္းဂုိးအမ်ားဆုံး ကစားသမားလည္းျဖစ္ပါတယ္။

အခု ေဖာ္ျပခဲ့တဲ့ ကစားသမားေတြကေတာ့ လက္ရွိေဘာလုံးေလာကမွာ ရွိေနတဲ့ ကစားသမားေတြထဲက သြင္းဂုိး အမ်ားဆုံးျဖစ္ေနသူေတြပါပဲ။ ကလပ္အသင္းအတြက္ သြင္းခဲ့တဲ့ ဂုိးေတြ၊ ႏုိင္ငံတကာအဆင့္မွာလည္း လူငယ္အသင္းက စၿပီး လက္ေရြးစင္အသင္းႀကီးအတြက္ သြင္းခဲ့တဲ့ ဂုိးအေရအတြက္ကုိပါ ထည့္သြင္း တြက္ခ်က္ထားတာျဖစ္ပါတယ္။ Akhayar Sports ပရိသတ္ေတြလည္း ကုိယ္အားေပးတဲ့ ကစားသမား ဂုိးဘယ္ေလာက္ သြင္းထားလဲဆုိတာ သူမ်ားကုိ ၾကြားလုိ႔ရေအာင္ ဗဟုသုတအေနနဲ႔ ေဖာ္ျပလုိက္တာပဲ ျဖစ္ပါတယ္ . . .

REF:sportskeeda.com
Photo:Evening Standard,AS,Goal.com,SantaBanta
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လက်ရှိဘောလုံးလောကမှာ ဂိုး(၄၀၀)ကျော် သွင်းယူထားတဲ့ ကစားသမားများ

ဘောလုံးလောကမှာ ဂိုး(၄၀၀)ကျော် သွင်းနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ စွမ်းဆောင်ရည်တစ်ခုပါ။ အရင်တုန်းက ဘရာဇီးလ်ဂန္ထဝင် တိုက်စစ်မှူးကြီး ပီလီ Pele ဆိုရင် ကစားသမား ဘဝတစ်လျှောက်လုံး ဂိုး(၁၀၀၀)ကျော် သွင်းခဲ့တဲ့ စံချိန်မှတ်တမ်း ရရှိဖူးပေမယ့် တခြားဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ မာရာဒိုနာ Maradona ၊ ရိုမာရီယို Romario ၊ ယိုဟန်ခရိုက်ဖ် Johan Cruyff တို့တောင် အဲဒီလောက်အထိ မစွမ်းဆောင်နိုင်ခဲ့ကြဘူး။ အခု မော်ဒန်ဘောလုံးလောကမှာတော့ နည်းစနစ်တွေ ပိုမြင့်မားတာကြောင့် အဲဒီလောက် ဂိုးအရေအတွက် မပြောနဲ့ ဂိုး(၄၀၀)ကျော် သွင်းဖို့တောင် အရမ်းခက်သွားပါပြီ။ ဒါကြောင် အဲဒီလို ခက်ခဲတဲ့ မှတ်တမ်းကို ရယူခဲ့ပြီး လက်ရှိဘောလုံးလောကမှာ ကျင်လည်နေကြတဲ့ ကစားသမားတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် . . . . .

ဒေးဗစ်ဗီလာ David Villa (၄၁၅ ဂိုး)

David-Villa

David-Villa

စပိန် ဝါရင့်တိုက်စစ်မှူးကြီး ဒေးဗစ်ဗီလာဟာ ဥရောပဘောလုံးမြေကနေ ပျောက်ကွယ်သွားတာ နှစ်အတော်ကြာခဲ့ပါပြီ။ အခုလောလောဆယ် အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှာ ကစားနေတဲ့ ဗီလာဟာ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်လို့ ကစားသမားဘ၀ နေဝင်ချိန်ကို ရောက်နေပြီဖြစ်ပေမယ့်လည်း တစ်ချိန်တုန်းကတော့ သူဟာ စပိန်ဘောလုံးလောကရဲ့ ဂိုးသွင်းစက်တစ်လုံးဖြစ်ခဲ့တယ်။ စပိန်အသင်းအတွက် သူ သွင်းယူခဲ့တဲ့ (၅၉)ဂိုးစံချိန်ကို အခုအထိ ဘယ်သူမှ မချိုးဖြတ်နိုင်သေးပါဘူး။

ဆွာရက်ဇ် Suarez (၄၃၀ ဂိုး)

Luis-Suarez

Luis-Suarez

ကစားသမားဘဝတစ်လျှောက် မတူညီတဲ့ လိဂ်(၄)ခု (ဥရုဂွေး၊ နယ်သာလန်၊ အင်္ဂလန်၊ စပိန်) မှာ ဂိုးသွင်းဖူးတဲ့ မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ထားသူပါ။ အသက် (၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု (ESM)ကို (၂)ကြိမ် ဆွတ်ခူးခဲ့ပြီး အခု ဘာစီလိုနာအသင်းမှာလည်း ခြေစွမ်းပြ ဂိုးတွေသွင်းယူနေဆဲဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် Ibrahimovic (၅၀၅ ဂိုး)

Ibrahimovic-

Ibrahimovic-

ကစားသမား ဘဝတစ်လျှောက် (၈၇၆)ပွဲကစား (၅၀၅)ဂိုး သွင်းထားတဲ့ ဆွီဒင် နာမည်ကျော်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ အခု စာရင်းမှာ တတိယနေရာ ရရှိခဲ့သလို ဘောလုံးသမိုင်းတစ်လျှောက် ဂိုးပေါင်း (၅၀၀)ကျော် သွင်းယူခဲ့တဲ့ (၂၈)ဦးမြောက် ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်း(၆)သင်း (အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ PSG ) အတွက် ဂိုးသွင်းခဲ့တဲ့ ပထမဆုံးကစားသမား၊ မတူညီတဲ့ လိဂ်(၄)ခု (နယ်သာလန်၊ အီတလီ၊ စပိန်၊ ပြင်သစ်)မှာ အမှတ်ပေးဖလား(၁၂)ကြိမ်အထိ ရခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား စတဲ့ ဂုဏ်ပုဒ်တွေလည်း ပိုင်ဆိုင်ထားပါတယ်။

မက်ဆီ Messi (၆၄၆ ဂိုး)

Messi

Messi

ဘောလုံးသမိုင်းတစ်လျှောက် မက်ဆီထက် ဂိုးအရေအတွက် ပိုသွင်းခဲ့တဲ့ ကစားသမားက (၆)ဦးသာ ရှိခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် အောင်မြင်မှု မရခဲ့ပေမယ့်လည်း ဘာစီလိုနာနဲ့အတူ ဆုဖလား (၃၃)ခုအထိ ရရှိခဲ့ပြီး Ballon d’Or ဆု အပါအဝင် တစ်ဦးချင်း အကောင်းဆုံးဆုတွေကိုလည်း ရယူထားသူပါ။

စီရော်နယ်လ်ဒို Cristiano Ronaldo (၆၇၆ ဂိုး)

Cristiano-Ronaldo

Cristiano-Ronaldo

လက်ရှိ ဘောလုံးလောကမှာ ကျင်လည်နေတဲ့ ကစားသမားတွေထဲ စီရော်နယ်လ်ဒိုက သွင်းဂိုးအများဆုံးအဖြစ် ဦးဆောင်နေပါတယ်။ စီရော်နယ်လ်ဒိုဟာ ကလပ်အသင်း ကစားသမားဘဝမှာ (၅၇၃)ဂိုး၊ နိုင်ငံအသင်းအတွက် (၈၅)ဂိုး သွင်းယူထားပြီး ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး၊ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။

အခု ဖော်ပြခဲ့တဲ့ ကစားသမားတွေကတော့ လက်ရှိဘောလုံးလောကမှာ ရှိနေတဲ့ ကစားသမားတွေထဲက သွင်းဂိုး အများဆုံးဖြစ်နေသူတွေပါပဲ။ ကလပ်အသင်းအတွက် သွင်းခဲ့တဲ့ ဂိုးတွေ၊ နိုင်ငံတကာအဆင့်မှာလည်း လူငယ်အသင်းက စပြီး လက်ရွေးစင်အသင်းကြီးအတွက် သွင်းခဲ့တဲ့ ဂိုးအရေအတွက်ကိုပါ ထည့်သွင်း တွက်ချက်ထားတာဖြစ်ပါတယ်။ Akhayar Sports ပရိသတ်တွေလည်း ကိုယ်အားပေးတဲ့ ကစားသမား ဂိုးဘယ်လောက် သွင်းထားလဲဆိုတာ သူများကို ကြွားလို့ရအောင် ဗဟုသုတအနေနဲ့ ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ် . . .

REF:sportskeeda.com
Photo:Evening Standard,AS,Goal.com,SantaBanta
Naing Linn(Akhayar)
www.akhayar.com