[Zawgyi] 

4K Display ေတြကို Content ဖန္တီးတဲ့လုပ္ငန္းခြင္ေတြမွာ အသံုးတြင္က်ယ္လာပါၿပီ။ 4K Monitor ေတြကို ေနာက္ထပ္ေတြ႕ရမယ့္ေနရာကေတာ့ Gamer ေတြရဲ႕ စားပြဲခံုေတြပါ။ Gaming နဲ႔ Content ဖန္တီးသူေတြၾကားမွာ ေစ်းကြက္ေကာင္းတစ္ခုကို ပိုင္ဆိုင္ထားတဲ့ 4K Monitor ေတြကို အရင္ကထက္ပိုိၿပီး အဆင့္ျမင့္ေအာင္ ဖန္တီးလာၾကပါၿပီ။ 

4K Monitor ေစ်းကြက္မွာ Samsung နဲ႔ LG လိုမ်ိဳး နာမည္ႀကီး ကုမၸဏီေတြကိုေတာ့ သင္ရင္းႏွီးမွာပါ။ ဒါေပမယ့္ Philips ရဲ႕ Monitor ေတြကိုေတာ့ သင့္အေနနဲ႔ရင္းႏွီးမွာ မဟုတ္ပါဘူး။ Momentum လို႔ နာမည္ေပးထားတဲ့ 4K Monitor ကေတာ့ Philips ရဲ႕တန္ဖိုးႀကီး ထုတ္ကုန္တစ္ခုအေနနဲ႔ မၾကာခင္ ေစ်းကြက္တင္လာေတာ့မွာပါ။ 43 Inch ရွိတဲ့ 4K Monitor ကို Philips က $1000 ဝန္းက်င္နဲ႔ ေရာင္းခ်မယ္လို႔သိရပါတယ္။ ေရာင္းခ်မယ့္ တန္ဖိုးအတိုင္း ထည့္ထားေပးတဲ့ နည္းပညာကလည္း တစ္ကယ္ကိုေကာင္းပါတယ္။ 

Philips Momentum 436M6

4K ျဖစ္တဲ့အျပင္ HDR လည္းပါပါေသးတယ္။ HDR ကိုေတာ့ HDR 1000 အဆင့္သတ္မွတ္ခ်က္ကို မွီေအာင္ဖန္တီးေပးထားပါတယ္။ HDR အဆင့္သတ္မွတ္ခ်က္သံုးမ်ိဳးရွိပါတယ္။ HDR4 400 ၊ HDR 600 နဲ႔ HDR 1000 ဆိုၿပီး သံုမ်ိဳးကြဲေနပါတယ္။ အဲ့ဒီ HDR သံုးမ်ိဳးမွာ အဓိကကြာျခားခ်က္ကေတာ့ အလင္းထုတ္ေပးတဲ့ ပမာဏ အနည္းအမ်ားမတူတာပဲျဖစ္ပါတယ္။ HDR 1000 ဆိုတာကေတာ့ သာမန္ Monitor ေတြက ထုတ္ေပးႏိုင္တဲ့ အလင္းပမာဏထက္ ႏွစ္ဆကေန ေလးဆေလာက္အထိ ပိုမ်ားတဲ့ အလင္းအားကိုထုတ္ေပးႏိုင္တာပါ။ 

အလင္းေရာင္ ပမဏအမ်ားႀကီးကို ထုတ္ေပးႏိုင္တာေၾကာင့္ အလင္းေရာင္အဆင့္ေတြကလည္း ပိုမ်ားလာပါတယ္။ အလင္းေရာင္အဆင့္ေတြ ပိုမ်ားလာတဲ့အတြက္ အေရာင္အမ်ိဳးမ်ိဳးကို Monitor မွာ ပိုတိတိက်က်ေဖာ္ျပလာႏိုင္ပါတယ္။ HDR အျပင္ Monitor မွာသံုးထားတဲ့ Display က Quantum Dot နည္းပညာပဲျဖစ္ပါတယ္။ Quantum Dot နည္္းပညာကို Samsung ရဲ႕ QLED TV ေတြမွာလည္း အေတြ႔မ်ားပါတယ္။ အဲ့ဒီအတြက္ေၾကာင့္ ဒီ Philips ရဲ႕ Monitor ကို ဓာတ္ပံုျပင္တာ၊ ႐ုပ္ရွင္ဖန္တီးတာ၊ ဂိမ္းဖန္တီးတာ စတဲ့လုပ္ငန္းခြင္ေတြမွာ အသံုးျပဳႏိုင္သလို အိမ္မွာ Blu-Ray ဒါမွမဟုတ္ Netflix နဲ႔ HDR ႐ုပ္ရွင္ေတြၾကည့္ဖို႔အတြက္လည္း သံုးလို႔ေကာင္းမယ့္ Monitor တစ္ခုပါ။ 4K HDR ပါတဲ့ Monitor ေတြထဲမွာ အခုထက္ ေစ်းသက္သာတာေတြရွိေပမယ့္ HDR 1000 အထိရႏိုင္မွာေတာ့ မဟုတ္ပါဘူး။ Philips သတ္မွတ္ထားတဲ့ $1000 ကိုမ်ားတယ္လို႔ေတာ့ မေျပာႏိုင္ပါဘူး။ သင္ေရာ Philips ရဲ႕ Momentum ကိုသေဘာက်ပါသလား။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Philips ရဲ့ $1000 တန် 4K HDR Monitor သို့မဟုတ် Momentum 436M6

4K Display တွေကို Content ဖန်တီးတဲ့လုပ်ငန်းခွင်တွေမှာ အသုံးတွင်ကျယ်လာပါပြီ။ 4K Monitor တွေကို နောက်ထပ်တွေ့ရမယ့်နေရာကတော့ Gamer တွေရဲ့ စားပွဲခုံတွေပါ။ Gaming နဲ့ Content ဖန်တီးသူတွေကြားမှာ ဈေးကွက်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ 4K Monitor တွေကို အရင်ကထက်ပိုပြီး အဆင့်မြင့်အောင် ဖန်တီးလာကြပါပြီ။ 

4K Monitor ဈေးကွက်မှာ Samsung နဲ့ LG လိုမျိုး နာမည်ကြီး ကုမ္ပဏီတွေကိုတော့ သင်ရင်းနှီးမှာပါ။ ဒါပေမယ့် Philips ရဲ့ Monitor တွေကိုတော့ သင့်အနေနဲ့ရင်းနှီးမှာ မဟုတ်ပါဘူး။ Momentum လို့ နာမည်ပေးထားတဲ့ 4K Monitor ကတော့ Philips ရဲ့တန်ဖိုးကြီး ထုတ်ကုန်တစ်ခုအနေနဲ့ မကြာခင် ဈေးကွက်တင်လာတော့မှာပါ။ 43 Inch ရှိတဲ့ 4K Monitor ကို Philips က $1000 ဝန်းကျင်နဲ့ ရောင်းချမယ်လို့သိရပါတယ်။ ရောင်းချမယ့် တန်ဖိုးအတိုင်း ထည့်ထားပေးတဲ့ နည်းပညာကလည်း တစ်ကယ်ကိုကောင်းပါတယ်။ 

Philips Momentum 436M6

4K ဖြစ်တဲ့အပြင် HDR လည်းပါပါသေးတယ်။ HDR ကိုတော့ HDR 1000 အဆင့်သတ်မှတ်ချက်ကို မှီအောင်ဖန်တီးပေးထားပါတယ်။ HDR အဆင့်သတ်မှတ်ချက်သုံးမျိုးရှိပါတယ်။ HDR4 400 ၊ HDR 600 နဲ့ HDR 1000 ဆိုပြီး သုံမျိုးကွဲနေပါတယ်။ အဲ့ဒီ HDR သုံးမျိုးမှာ အဓိကကွာခြားချက်ကတော့ အလင်းထုတ်ပေးတဲ့ ပမာဏ အနည်းအများမတူတာပဲဖြစ်ပါတယ်။ HDR 1000 ဆိုတာကတော့ သာမန် Monitor တွေက ထုတ်ပေးနိုင်တဲ့ အလင်းပမာဏထက် နှစ်ဆကနေ လေးဆလောက်အထိ ပိုများတဲ့ အလင်းအားကိုထုတ်ပေးနိုင်တာပါ။ 

အလင်းရောင် ပမဏအများကြီးကို ထုတ်ပေးနိုင်တာကြောင့် အလင်းရောင်အဆင့်တွေကလည်း ပိုများလာပါတယ်။ အလင်းရောင်အဆင့်တွေ ပိုများလာတဲ့အတွက် အရောင်အမျိုးမျိုးကို Monitor မှာ ပိုတိတိကျကျဖော်ပြလာနိုင်ပါတယ်။ HDR အပြင် Monitor မှာသုံးထားတဲ့ Display က Quantum Dot နည်းပညာပဲဖြစ်ပါတယ်။ Quantum Dot နည်းပညာကို Samsung ရဲ့ QLED TV တွေမှာလည်း အတွေ့များပါတယ်။ အဲ့ဒီအတွက်ကြောင့် ဒီ Philips ရဲ့ Monitor ကို ဓာတ်ပုံပြင်တာ၊ ရုပ်ရှင်ဖန်တီးတာ၊ ဂိမ်းဖန်တီးတာ စတဲ့လုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်သလို အိမ်မှာ Blu-Ray ဒါမှမဟုတ် Netflix နဲ့ HDR ရုပ်ရှင်တွေကြည့်ဖို့အတွက်လည်း သုံးလို့ကောင်းမယ့် Monitor တစ်ခုပါ။ 4K HDR ပါတဲ့ Monitor တွေထဲမှာ အခုထက် ဈေးသက်သာတာတွေရှိပေမယ့် HDR 1000 အထိရနိုင်မှာတော့ မဟုတ်ပါဘူး။ Philips သတ်မှတ်ထားတဲ့ $1000 ကိုများတယ်လို့တော့ မပြောနိုင်ပါဘူး။ သင်ရော Philips ရဲ့ Momentum ကိုသဘောကျပါသလား။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။