[Zawgyi]

အသက္ ၄၈ နွစ္ျပည့္သြားၿပီျဖစ္တဲ့ ဖိုးဖိုးလြင္မိုး

ဒီကေန႔ စက္တင္ဘာလ ၁၇ ရက္ေန႔ကေတာ့ လြင္မိုး ရဲ ႔အသက္ ၄၈ နွစ္ျပည့္ေမြးေန႔ျဖစ္ပါတယ္။ ဖိုးဖိုးလြင္မိုး ကေတာ့ အခုဆိုရင္ ေျမးေလး Liam ရွိတဲ့ ၾသစေတးလ် ကို ေရာက္ရွိလို႔ေနတာျဖစ္ပါတယ္။ ေျမးေလးကို ေတြ႕ေတြ႕ခ်င္းမွာ ပဲ လက္ကေန မခ်နိုင္ေအာင္ကို ခ်စ္လြန္းတဲ့ အတြက္ မီဒီယာေတြမွာေတာင္ေဖာ္ျပျခင္း ခံခဲ့ရပါေသးတယ္။

လြင္မိုးဟာ တစ္ေခတ္တစ္ခါက သရုပ္ေဆာင္ေကာင္းတဲ့ မင္းသားတစ္ေယာက္ျဖစ္သလို ပရိသတ္ေတြရဲ ႔ အားေပးျခင္းကိုလည္း ရရွိခဲ့တဲ့ မင္းသားတစ္လက္ပါ။ အခုေနာက္ပိုင္းမွာစီးပြားေရးလုပ္ငန္းေတြလုပ္ေဆာင္လာတာေၾကာင့္ အနုပညာအလုပ္ေတြကို အရင္ကေလာက္လုပ္ေဆာင္နိုင္ျခင္း မရွိေတာ့ေပမယ့္လည္း ပရိသတ္ရင္ထဲမွာေတာ့ အျမဲ အသိအမွတ္ျပဳ အမွတ္ရေနတဲ့ မင္းသားျဖစ္ပါတယ္။

လတ္တေလာကေတာ့ သရုပ္ေဆာင္ သက္မြန္ျမင့္ ၊ ေနတိုး တို႔နဲ႔ “တာတူး” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားကို ရိုက္ကူးထားတဲ့ အတြက္ လြင္မိုး ရဲ ႔သရုပ္ေဆာင္ခ်က္ေတြကိုေတာ့ “တာတူး” ရုပ္ရွင္ဇာတ္ကားႀကီး ရံုတင္တဲ့ အခါမွာ ခံစားၾကည့္ရႈရဦးမွာ ျဖစ္ပါတယ္။ ဒီကေန႔ က်ေရာက္တဲ့ ၄၈ နွစ္ျပည့္ေမြးေန႕မွ ေနာင္နွစ္ေပါင္း ၁၀၀ တိုင္တိုင္ သက္ရွည္က်န္းမာၿပီး ခ်စ္ရတဲ့မိသားစု ေတြနဲ႔ ေပ်ာ္ရႊင္စြာေနထိုင္ရပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္။

Photo Credit: Lwin Moe Facebook ၊ May Thu Instagram

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အသက် ၄၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖိုးဖိုးလွင်မိုး

ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ကတော့ လွင်မိုး ရဲ့အသက် ၄၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဖိုးဖိုးလွင်မိုး ကတော့ အခုဆိုရင် မြေးလေး Liam ရှိတဲ့ သြစတေးလျ ကို ရောက်ရှိလို့နေတာဖြစ်ပါတယ်။ မြေးလေးကို တွေ့တွေ့ချင်းမှာ ပဲ လက်ကနေ မချနိုင်အောင်ကို ချစ်လွန်းတဲ့ အတွက် မီဒီယာတွေမှာတောင်ဖော်ပြခြင်း ခံခဲ့ရပါသေးတယ်။

လွင်မိုးဟာ တစ်ခေတ်တစ်ခါက သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးခြင်းကိုလည်း ရရှိခဲ့တဲ့ မင်းသားတစ်လက်ပါ။ အခုနောက်ပိုင်းမှာစီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်လာတာကြောင့် အနုပညာအလုပ်တွေကို အရင်ကလောက်လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေမယ့်လည်း ပရိသတ်ရင်ထဲမှာတော့ အမြဲ အသိအမှတ်ပြု အမှတ်ရနေတဲ့ မင်းသားဖြစ်ပါတယ်။

လတ်တလောကတော့ သရုပ်ဆောင် သက်မွန်မြင့် ၊ နေတိုး တို့နဲ့ “တာတူး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ အတွက် လွင်မိုး ရဲ့သရုပ်ဆောင်ချက်တွေကိုတော့ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့ အခါမှာ ခံစားကြည့်ရှုရဦမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၄၈ နှစ်ပြည့်မွေးနေ့မှ နောင်နှစ်ပေါင်း ၁၀၀ တိုင်တိုင် သက်ရှည်ကျန်းမာပြီး ချစ်ရတဲ့မိသားစု တွေနဲ့ ပျော်ရွှင်စွာနေထိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Lwin Moe Facebook ၊ May Thu Instagram

ကြည်သာ (Akhayar)

www.akhayar.com