[Zawgyi]










ကြည်သာ (Akhayar)

www.akhayar.com


[Unicode]

အမျိုးသမီးအဆိုတော် ၄ ယောက်သီချင်းတစ်ပုဒ်ထဲမှာတွေ့ရတော့မယ်

ခင်ဘုဏ်း ၊ မေစံပယ်ညို ၊ ယုဇန နဲ့ ရေဗက္ကဝင်း တို့ ၄ ယောက်အတူသီဆိုထားတဲ့ သီချင်းကို Online မှာ ဖြန့် ဖို့ အတွက် MTV ရိုက်ကူးခဲ့ကြတယ် လို့သိရပါတယ်။

တစ်နေရာထဲမှာတွေ့ရမယ့် အမျိုးသမီးအဆိုတော် ၄ ဦး

တစ်နေရာထဲမှာတွေ့ရမယ့် အမျိုးသမီးအဆိုတော် ၄ ဦး

တကယ့်ကို ကောင်းမွန်တဲ့ အမျိုးသမီးအဆိုတော် ၄ ဦး ကို တစ်နေရာတည်း မှာ သီချင်းတစ်ပုဒ်ထဲမှာ ခံစားရတော့မှာလည်း ဖြစ်ပါတယ်။ ခင်ဘုဏ်း ၊ မေစံပယ်ညို ၊ ယုဇန နဲ့ ရေဗက္ကဝင်း တို့ ကို မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ အတွက် ပရိသတ်ကြီးလည်း သူတို့ရဲ့ သံစဉ်သီချင်းတွေကို ခံစားနားဆင်နေချင်ကြမယ် လို့ထင်ပါတယ်။

တစ်နေရာထဲမှာတွေ့ရမယ့် အမျိုးသမီးအဆိုတော် ၄ ဦး

တစ်နေရာထဲမှာတွေ့ရမယ့် အမျိုးသမီးအဆိုတော် ၄ ဦး

သူတို့တွေရဲ့ တစ်ယောက်ချင်းစီ အလိုက်နာမည်ကြီးခဲ့တဲ့ သီချင်းလေးတွေဖြစ်တဲ့ အဆိုတော် ခင်ဘုဏ်း ရဲ့ “မိုးပြေးလေး ပါပဲ အသည်းထဲ ခဏ ဝင်ခဲ့ ရွာပါဆိုတော့လည်းပဲ အဝေးဆုံးကိုပြေးခဲ့…” အဆိုတော် ယုဇန ရဲ့ နာမည်ကြီးတဲ့ သီချင်းတွေထဲမှ “အကြင်နာဆုံးကျောင်းတွေပိတ်လို့ထားခဲ့ ….အဝေးကို မင်းထွက်သွားခဲ့…နွေရာသီကိုရောက်ခဲ့ပြီ …”၊ အဆိုတော် ရေဗက္ကဝင်း ရဲ့ “ငါဟာ အိန်ဂျယ် ငါနေတာပုလင်းတစ်လုံးရဲ့ အထဲ … အိန်ဂျယ်…”မေစံပါယ်ညိုရဲ့ “ရှင်သန်ရာဘဝထဲမှာ မင်းအချစ်နဲ့ဝေးရင်လေ အရာရာလေ အသက်မဲ့သွား အိုး…နုလုံးသားလေးဟာ သေဆုံးချိန်မှာ အဓိပ္ပါယ်မဲ့ ကိုယ့်ရဲ့အလွမ်းနေ့ရက်ရှည်များ”ဆိုတဲ့ သီချင်းလေးတွေကို ညည်းရင်းနဲ့ သူတို့ ကို အတူတူ တွေ့ရတော့မယ် ဆိုတဲ့ ဒီသတင်းလေးကို ဖတ်ရင်းသူတို့ ကို အားပေးကြပါဦး လို့သတင်းကောင်းပါးလိုက်ပါရစေ။

Photo Credit: May Sabel Nyo Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။