[Zawgyi]

သင့္ Hard Disk Drive မၾကာခင္ပ်က္စီးေတာ့မယ္ဆိုတာသိႏိုင္မယ့္အခ်က္ ၄ခ်က္

HDD = Hard Disk Drive
က်ေနာ္တို႔မၾကာခဏ ျမင္ေနရတယ္။ ၾကားေနရတယ္။ “Hard Disk ၊ Hard Disk ၊ မင္း Hard Disk ၊ ငါ့ Hard Disk …. ” အစရွိသျဖင့္ေပါ့။ ရုပ္ရွင္ေတြပဲ တဝႀကီးကူးကူး ၊ Software နဲ႔ Game ေတြ Video မွတ္တမ္းနဲ႔ သီခ်င္းေတြပဲသိမ္းသိမ္း Data ေတြႀကီးႀကီးမားမားနဲ႔အလုပ္လုပ္ေနတဲ့ IT သမားေတြ၊ Video Editor နဲ႔ Photographer ေတြၾကားမွာမရွိမျဖစ္အသံုးျပဳေနရတဲ့ (တသသကိုင္ေနတယ္ဆိုပိုမွန္မယ္ထင္ပါတယ္) Storage Device တစ္ခုပါပဲ။ မရွိမျဖစ္သံုးေနရတဲ့ ပစၥည္းေတြက နည္းနည္းေတာ့ ႏုတယ္ပဲေျပာရမလား… မၾကာခဏဆိုသလို “Hard Disk လစ္သြားၿပန္ၿပီေဟ့ ၊ ငါ့ဟာေလးေတြကုန္ပါၿပီ ၊ Project ေတြေတာ့ ဂန္႔ၿပီ၊ ေခြးျဖစ္ၿပီေဟ့” ဆိုတဲ့အသံေလးေတြ Facebook Post ေလးေတြ မၾကာခဏဆိုသလို က်ေနာ္တို႔ပတ္ဝန္းက်င္မွာ ျမင္ေတြ႕ေနရ ၾကားေနရျပန္ပါတယ္။

ဒီလိုျဖစ္ရပ္ဆိုးေတြႀကံဳလာရင္ Recover လုပ္လို႔ရတယ္ဆိုရင္ေတာင္ ရာႏႈန္းျပည့္ျပန္ရဖို႔နည္းသလို၊ တစ္ခါတစ္ေလမွာ လံုးဝ ျပန္မရေတာ့တဲ့အထိ အျဖစ္ေတြဆိုးသြားတတ္ၾကပါတယ္။ Hard Disk Drive ေတြဟာ အခန္႔မသင့္လို႔ ၊ Over Voltage ျဖစ္လို႔ ရုတ္တရက္ပ်က္သြားတာမ်ိဳး ၊ Format မွားခ်မိတာမ်ိဳးဆုိတာေတြရွိေပမယ့္ ဒါက Human Error ေတြျဖစ္လို႔ ကိုယ့္အျပစ္နဲ႕ကိုယ္ျဖစ္တဲ့အတြက္ ကယ္စရာနည္းလမ္းမရွိပါဘူး။ တယုတယနဲ႔ အသံုးျပဳေနေပမယ့္ ပစၥည္းသခၤါရ လူသခၤါရဆိုတဲ့ မၿမဲေသာ တရားသေဘာအရ အခ်ိန္တန္ရင္ပ်က္မွာပါ။ ပ်က္မယ္ဆိုေပမယ့္ ပ်က္ခါနီးမွာ ဘယ္လို လကၡဏာမ်ိဳးေလးေတြျပတတ္တယ္ဆိုတာ သိထားရင္ေတာ့ ကိုယ့္ရဲ႕ Data ေတြအတြက္ အေကာင္းဆံုးျပင္ဆင္ႏိုင္မွာပါ။

Hard Disk Drive တစ္လံုးရဲ႕ပ်မ္းမွ်သက္တမ္း
Desktop PC ေတြထဲမွာသံုးတဲ့ Internal Hard Disk Drive ေတြရဲ႕ပ်မ္းမွ်သက္တမ္းဟာ ၅ ႏွစ္ကေန ၁၀ ႏွစ္အတြင္းရွိၿပီး External Hard Disk ေတြရဲ႕ ပ်မ္းမွ်သက္တမ္းကေတာ့ ၃ ႏွစ္ကေန ၅ ႏွစ္အတြင္းရွိပါတယ္။ ( Factory Fault နဲ႔ Human ေတြေၾကာင့္ဆိုရင္ေတာ့ ဒီေန႔ဝယ္ၿပီး မနက္ျဖန္ပ်က္သြားႏိုင္ပါတယ္)

Hard Disk Drive မ်ားပ်က္ခါနီးျဖစ္ေပၚတတ္ေသာ လကၡဏာ ၄ခ်က္

နံပါတ္ ၁ အေနနဲ႔အျဖစ္အမ်ားဆံုး လကၡဏာကေတာ့ ကြန္ပ်ဴတာအသံုးျပဳရတာ ေလးလံလာျခင္းျဖစ္ပါတယ္။ Window OS တစ္ခုလံုးဟာ Hard Disk Drive ေပၚမွာ Run ထားတာျဖစ္တဲ့အတြက္ Hard Disk မေကာင္းေတာ့တဲ့အခါမွာ ေကာင္းမြန္တဲ့ Read/Write Speed ေတြမရရွိျခင္း ၊ File System မ်ားခ်ိဳ႕ယြင္းျခင္း စတဲ့ျပႆနာေတြကေနအစၿပဳၿပီး ကြန္ပ်ဴတာဟာ အမွားအယြင္းမရွိ၊ အစစအရာရာျပည့္စံုေနပါလ်က္နဲ႔ စိတ္ပ်က္ေလာက္ေအာင္ေလးလံလာတာမ်ိဳးျဖစ္လာတတ္ပါတယ္။ သင့္ရဲ႕ကြန္ပ်ဴတာဟာ အခုေျပာတဲ့ပံုစံမ်ိဳးျဖစ္ေနၿပီဆိုရင္ သိမ္မၾကာခင္ Hard Disk လဲရဖို႔ေသခ်ာသေလာက္ရွိေနပါၿပီ။

နံပါတ္ ၂ အခ်က္ကေတာ့ ကြန္ပ်ဴတာေပၚမွာရွိတဲ့ Files ေတြ ဖြင့္လို႔မရေတာ့တာမ်ိဳး၊ ဖြင့္တဲ့အခါ ေလးလံေနတာမ်ိဳး၊ အမ်ိဳးအစားသတ္မွတ္လို႔မရတဲ့ Unknown File Format ေတြအလိုေလ်ာက္ျဖစ္သြားတာမ်ိဳး။
အဲ့လိုေတြျဖစ္ေနတတ္တယ္ဆုိရင္လည္း Hard Disk ပ်က္ဖို႔အေၾကာင္းဖန္လာတယ္လို႔ဆိုရမွာပါ။

နံပါတ္ ၃ အခ်က္ကေတာ့ က်ေနာ္တို႔မၾကာခဏျမင္ဖူးတတ္တဲ့ Error ပါ၊ Bad Sectors ေတြမ်ားလာတဲ့ျပႆနာျဖစ္ပါတယ္။ ဒီေနရာမွာ Bad Sector အေၾကာင္းကို အနည္းငယ္ရွင္းျပေပးပါရေစ၊ Bad Sector မွာ လူသားေတြေၾကာင့္ျဖစ္တတ္တဲ့ (Physical) “Hard” Bad Sector နဲ႔ Program Error ေတြ(Logical)ေ ၾကာင့္ျဖစ္တတ္တဲ့ “Soft” Bad Sector ဆိုၿပီး ၂မ်ိဳးရွိပါတယ္။ အဲ့ဒီ့ ၂ မ်ိဳးထဲကမွ လူသားေတြကိုင္တြယ္အသံုးျပဳမႈ၊ မေတာ္တဆထိခိုက္မႈ၊ ဖုန္နဲ႔ဂ်ီးေတြေၾကာင့္ပ်က္ဆီးမႈေတြက ျပန္ျပင္ဖို႔မလြယ္ကူပါဘူး။ Program Error Code ေတြေၾကာင့္ျဖစ္တတ္တဲ့ “Soft” Bad Sectors Error ေတြကေတာ့ Software ေတြနဲ႔ျပန္ျပင္လို႔ရပါတယ္။ ကိုယ့္ရဲ႕ကြန္ပ်ဴတာမွာ Bad Sectors ေတြမ်ားေနတယ္၊ ျပန္ၿပီး Fix လုပ္လို႔လည္းမရေတာ့ဘူးဆိုရင္ေတာ့ ထံုးစံအတိုင္း Hard Disk Drive အသစ္တစ္လံုးလဲဖို႔စဥ္းစားထားရေတာ့မွာျဖစ္ပါတယ္။ Bad Sectors ေတြကို စစ္ဖို႔ Bad Sectors Repair Tool Software ေတြ အလြယ္တကူရွာယူႏိုင္ပါတယ္။ Software မလိုပဲစစ္ခ်င္ရင္ေတာ့ နည္းလမ္းကို ဒီေနရာမွာဝင္ၾကည့္ႏိုင္ပါတယ္။

၄။ ။ အကယ္၍မ်ားသင့္ရဲ႕ Hard Disk ကေန “ကလစ္” “ကလစ္” ၊ “ဂ်စ္ဂ်စ္” “ဂ်စ္ဂ်စ္” ဆိုတဲ့ အသံေလးေတြၾကားေနရၿပီဆိုရင္ေတာ့ စိတ္မေကာင္းစရာပါပဲ။ သင့္ရဲ႕ External Hard Disk Drive ေလးပ်က္ဖို႔အရမ္းနီးေနပါၿပီ။ လက္ရွိထည့္ထားတဲ့ Data ေတြကို အသစ္တစ္ခုမွာ အျမန္ဆံုး Backup လုပ္ဖို႔နဲ႔ လက္ရွိ Data ေတြကိုထပ္မထည့္ဖို႔အႀကံဳျပဳပါတယ္။

အခုေဖာ္ျပခဲ့တဲ့အခ်က္ေလးေတြကေတာ့ ထင္သာျမင္သာရွိၿပီး အလြယ္တကူခန္႔မွန္းႏိုင္မယ့္ နည္းလမ္းေလးေတြပဲျဖစ္ပါတယ္။ Akhayar-Tech ရဲ႕ Fans ေတြအေနနဲ႔လည္း ဒီလိုအျဖစ္မ်ိဳးေလးေတြႀကံဳေတြ႕ဘူးၾကလား ? အဲ့လိုျဖစ္လာခဲ့ရင္ေရာ ဘယ္လိုေျဖရွင္းၾကသလဲဆိုတာ Comment မွာပဲျဖစ္ျဖစ္ ဝင္ေရာက္ကူညီအႀကံေပးၾကဖို႔ ဖိတ္ေခၚလိုက္ရပါတယ္။

Ref; Gadgetsnow
Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင့် Hard Disk Drive မကြာခင်ပျက်စီးတော့မယ်ဆိုတာသိနိုင်မယ့်အချက် ၄ချက်

HDD = Hard Disk Drive
ကျနော်တို့မကြာခဏ မြင်နေရတယ်။ ကြားနေရတယ်။ “Hard Disk ၊ Hard Disk ၊ မင်း Hard Disk ၊ ငါ့ Hard Disk …. ” အစရှိသဖြင့်ပေါ့။ ရုပ်ရှင်တွေပဲ တဝကြီးကူးကူး ၊ Software နဲ့ Game တွေ Video မှတ်တမ်းနဲ့ သီချင်းတွေပဲသိမ်းသိမ်း Data တွေကြီးကြီးမားမားနဲ့အလုပ်လုပ်နေတဲ့ IT သမားတွေ၊ Video Editor နဲ့ Photographer တွေကြားမှာမရှိမဖြစ်အသုံးပြုနေရတဲ့ (တသသကိုင်နေတယ်ဆိုပိုမှန်မယ်ထင်ပါတယ်) Storage Device တစ်ခုပါပဲ။ မရှိမဖြစ်သုံးနေရတဲ့ ပစ္စည်းတွေက နည်းနည်းတော့ နုတယ်ပဲပြောရမလား… မကြာခဏဆိုသလို “Hard Disk လစ်သွားပြန်ပြီဟေ့ ၊ ငါ့ဟာလေးတွေကုန်ပါပြီ ၊ Project တွေတော့ ဂန့်ပြီ၊ ခွေးဖြစ်ပြီဟေ့” ဆိုတဲ့အသံလေးတွေ Facebook Post လေးတွေ မကြာခဏဆိုသလို ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရ ကြားနေရပြန်ပါတယ်။

ဒီလိုဖြစ်ရပ်ဆိုးတွေကြုံလာရင် Recover လုပ်လို့ရတယ်ဆိုရင်တောင် ရာနှုန်းပြည့်ပြန်ရဖို့နည်းသလို၊ တစ်ခါတစ်လေမှာ လုံးဝ ပြန်မရတော့တဲ့အထိ အဖြစ်တွေဆိုးသွားတတ်ကြပါတယ်။ Hard Disk Drive တွေဟာ အခန့်မသင့်လို့ ၊ Over Voltage ဖြစ်လို့ ရုတ်တရက်ပျက်သွားတာမျိုး ၊ Format မှားချမိတာမျိုးဆိုတာတွေရှိပေမယ့် ဒါက Human Error တွေဖြစ်လို့ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တဲ့အတွက် ကယ်စရာနည်းလမ်းမရှိပါဘူး။ တယုတယနဲ့ အသုံးပြုနေပေမယ့် ပစ္စည်းသင်္ခါရ လူသင်္ခါရဆိုတဲ့ မမြဲသော တရားသဘောအရ အချိန်တန်ရင်ပျက်မှာပါ။ ပျက်မယ်ဆိုပေမယ့် ပျက်ခါနီးမှာ ဘယ်လို လက္ခဏာမျိုးလေးတွေပြတတ်တယ်ဆိုတာ သိထားရင်တော့ ကိုယ့်ရဲ့ Data တွေအတွက် အကောင်းဆုံးပြင်ဆင်နိုင်မှာပါ။

Hard Disk Drive တစ်လုံးရဲ့ပျမ်းမျှသက်တမ်း
Desktop PC တွေထဲမှာသုံးတဲ့ Internal Hard Disk Drive တွေရဲ့ပျမ်းမျှသက်တမ်းဟာ ၅ နှစ်ကနေ ၁၀ နှစ်အတွင်းရှိပြီး External Hard Disk တွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၃ နှစ်ကနေ ၅ နှစ်အတွင်းရှိပါတယ်။ ( Factory Fault နဲ့ Human တွေကြောင့်ဆိုရင်တော့ ဒီနေ့ဝယ်ပြီး မနက်ဖြန်ပျက်သွားနိုင်ပါတယ်)

Hard Disk Drive များပျက်ခါနီးဖြစ်ပေါ်တတ်သော လက္ခဏာ ၄ချက်

နံပါတ် ၁ အနေနဲ့အဖြစ်အများဆုံး လက္ခဏာကတော့ ကွန်ပျူတာအသုံးပြုရတာ လေးလံလာခြင်းဖြစ်ပါတယ်။ Window OS တစ်ခုလုံးဟာ Hard Disk Drive ပေါ်မှာ Run ထားတာဖြစ်တဲ့အတွက် Hard Disk မကောင်းတော့တဲ့အခါမှာ ကောင်းမွန်တဲ့ Read/Write Speed တွေမရရှိခြင်း ၊ File System များချို့ယွင်းခြင်း စတဲ့ပြဿနာတွေကနေအစပြုပြီး ကွန်ပျူတာဟာ အမှားအယွင်းမရှိ၊ အစစအရာရာပြည့်စုံနေပါလျက်နဲ့ စိတ်ပျက်လောက်အောင်လေးလံလာတာမျိုးဖြစ်လာတတ်ပါတယ်။ သင့်ရဲ့ကွန်ပျူတာဟာ အခုပြောတဲ့ပုံစံမျိုးဖြစ်နေပြီဆိုရင် သိမ်မကြာခင် Hard Disk လဲရဖို့သေချာသလောက်ရှိနေပါပြီ။

နံပါတ် ၂ အချက်ကတော့ ကွန်ပျူတာပေါ်မှာရှိတဲ့ Files တွေ ဖွင့်လို့မရတော့တာမျိုး၊ ဖွင့်တဲ့အခါ လေးလံနေတာမျိုး၊ အမျိုးအစားသတ်မှတ်လို့မရတဲ့ Unknown File Format တွေအလိုလျောက်ဖြစ်သွားတာမျိုး။
အဲ့လိုတွေဖြစ်နေတတ်တယ်ဆိုရင်လည်း Hard Disk ပျက်ဖို့အကြောင်းဖန်လာတယ်လို့ဆိုရမှာပါ။

နံပါတ် ၃ အချက်ကတော့ ကျနော်တို့မကြာခဏမြင်ဖူးတတ်တဲ့ Error ပါ၊ Bad Sectors တွေများလာတဲ့ပြဿနာဖြစ်ပါတယ်။ ဒီနေရာမှာ Bad Sector အကြောင်းကို အနည်းငယ်ရှင်းပြပေးပါရစေ၊ Bad Sector မှာ လူသားတွေကြောင့်ဖြစ်တတ်တဲ့ (Physical) “Hard” Bad Sector နဲ့ Program Error တွေ(Logical)ေ ကြာင့်ဖြစ်တတ်တဲ့ “Soft” Bad Sector ဆိုပြီး ၂မျိုးရှိပါတယ်။ အဲ့ဒီ့ ၂ မျိုးထဲကမှ လူသားတွေကိုင်တွယ်အသုံးပြုမှု၊ မတော်တဆထိခိုက်မှု၊ ဖုန်နဲ့ဂျီးတွေကြောင့်ပျက်ဆီးမှုတွေက ပြန်ပြင်ဖို့မလွယ်ကူပါဘူး။ Program Error Code တွေကြောင့်ဖြစ်တတ်တဲ့ “Soft” Bad Sectors Error တွေကတော့ Software တွေနဲ့ပြန်ပြင်လို့ရပါတယ်။ ကိုယ့်ရဲ့ကွန်ပျူတာမှာ Bad Sectors တွေများနေတယ်၊ ပြန်ပြီး Fix လုပ်လို့လည်းမရတော့ဘူးဆိုရင်တော့ ထုံးစံအတိုင်း Hard Disk Drive အသစ်တစ်လုံးလဲဖို့စဉ်းစားထားရတော့မှာဖြစ်ပါတယ်။ Bad Sectors တွေကို စစ်ဖို့ Bad Sectors Repair Tool Software တွေ အလွယ်တကူရှာယူနိုင်ပါတယ်။ Software မလိုပဲစစ်ချင်ရင်တော့ နည်းလမ်းကို ဒီနေရာမှာဝင်ကြည့်နိုင်ပါတယ်။

၄။ ။ အကယ်၍များသင့်ရဲ့ Hard Disk ကနေ “ကလစ်” “ကလစ်” ၊ “ဂျစ်ဂျစ်” “ဂျစ်ဂျစ်” ဆိုတဲ့ အသံလေးတွေကြားနေရပြီဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။ သင့်ရဲ့ External Hard Disk Drive လေးပျက်ဖို့အရမ်းနီးနေပါပြီ။ လက်ရှိထည့်ထားတဲ့ Data တွေကို အသစ်တစ်ခုမှာ အမြန်ဆုံး Backup လုပ်ဖို့နဲ့ လက်ရှိ Data တွေကိုထပ်မထည့်ဖို့အကြုံပြုပါတယ်။

အခုဖော်ပြခဲ့တဲ့အချက်လေးတွေကတော့ ထင်သာမြင်သာရှိပြီး အလွယ်တကူခန့်မှန်းနိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ Akhayar-Tech ရဲ့ Fans တွေအနေနဲ့လည်း ဒီလိုအဖြစ်မျိုးလေးတွေကြုံတွေ့ဘူးကြလား ? အဲ့လိုဖြစ်လာခဲ့ရင်ရော ဘယ်လိုဖြေရှင်းကြသလဲဆိုတာ Comment မှာပဲဖြစ်ဖြစ် ဝင်ရောက်ကူညီအကြံပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Ref; Gadgetsnow
Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။