[Zawgyi]

ခ်န္ပီယံလိဂ္ျပိဳင္ပြဲ အဖြင္႔ပြဲမွာ စြမ္းေဆာင္ရည္ေကာင္းျပသႏိုင္ခဲ႔ၾကတဲ႔ ကစားသမားမ်ား

၂၀၁၈ – ၂၀၁၉ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ အဖြင္႔ပြဲစဥ္ေတြဟာျပီးဆံုးခဲ႔ပါျပီ။ အဖြင္႔ပြဲစဥ္ေတြမွာ အေကာင္းဆံုးေျခစြမ္းေတြကို ျပသခဲ႔ၾကတဲ႔ ကစားသမားေတြမ်ားစြာရိွခဲ႔ျပီး ဒီထဲကေန အေကာင္းဆံုးကစားသမား(၄)ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၄) မက္ဆီ Messi

Lionel-Messi

Lionel-Messi

မက္ဆီ Messi ဟာ တားဆီးရခက္ခဲတဲ႔ ကစားသမားဆိုတာ အားလံုးအသိပါ။ မက္ဆီ ရဲ႕ ဦးေဆာင္မႈေၾကာင္႔ ဘာစီလိုနာအသင္းဟာ လမ္းေၾကာင္းမွန္ေပၚမွာရိွေနတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ျပီးခဲ႔တဲ႔ ခ်န္ပီယံလိဂ္ PSV အသင္းနဲ႔ပြဲစဥ္မွာလည္း မက္ဆီ ဟာ အသင္းကိုအေကာင္းဆံုး ဦးေဆာင္ကစားခဲ႔သလို အသင္းအတြက္ ဟက္ထရစ္သြင္းယူေပးႏိုင္ခဲ႔ပါတယ္။ ဘာစီလုိနာ တိုက္စစ္မွဴး မက္ဆီဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြတစ္ေလွ်ာက္ ဟက္ထရစ္(၈)ႀကိမ္နဲ႔ ဟက္ထရစ္အမ်ာ်းဆုံး သြင္းယူခဲ့တဲ့ စံခ်ိန္မွတ္တမ္း ရယူႏိုင္ခဲ႔သလို မက္ဆီရဲ႕ ခ်န္ပီယံလိဂ္သြင္းဂုိးအေရအတြက္ကလည္း (၁၀၃)ဂုိးအထိရိွလာခဲ႔ပါျပီ။

(၃) မီလ္နာ Milner

Milner

Milner

လီဗာပူးလ္အသင္းဟာ PSG အသင္းကို အႏိုင္ရရိွခဲ႔တဲ႔ပြဲမွာ မီလ္နာ Milner ဟာ အသင္းရဲ႕ကြင္းလယ္မွာ ပံုစံေကာင္းကိုျပသႏိုင္ခဲ႔ပါတယ္။ မီလ္နာ Milner ဟာ ကြင္းလယ္မွာ ခံစစ္ ၊ တိုက္စစ္မွ်တစြာ ကစားခဲ႔ျပီး PSG အသင္းရဲ႕ ကြင္းလယ္ကစားကြက္ကို အခက္အခဲေတြ႕ေအာင္ လုပ္ေဆာင္ႏိုင္ခဲ႔သလို အသင္းအတြက္(၁)ဂိုးသြင္းယူေပးႏိုင္ခဲ႔ပါတယ္။

(၂) ဖီကာ Fekir

Fekir

Fekir

လိုင္ယြန္အသင္းဟာ မန္စီးတီးအသင္းကို အႏိုင္ရရိွခဲ႔တဲ႔ ပြဲမွာ ဖီကာ Fekir ရဲ႕စြမ္းေဆာင္ရည္ေတြဟာ အဓိကေနရာမွာ ရိွေနခဲ႔တာပါ။ ဖီကာဟာ အဲဒီပြဲမွာ လိုင္ယြန္အသင္းရဲ႕တိုက္စစ္ကို အေကာင္းဆံုးပံုေဖာ္ေပးႏိုင္ခဲ႔သလို အသင္းအတြက္ (၁)ဂိုးသြင္း (၁)ဂိုးဖန္တီးေပးခဲ႔ပါတယ္။

(၁) ေပါ႔ဘာ Pogba

Pogba

Pogba

ယန္းဘိြဳင္းစ္အသင္းကို ဂိုးျပတ္အႏိုင္ရရိွခဲ႔တဲ႔ပြဲမွာ ေပါ႔ဘာ Pogba ဟာ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ႔ျပီး အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ ထိုက္တန္တဲ႔ေျခစြမ္းမ်ိဳးကို ျပသႏိုင္ခဲ႔ပါတယ္။ ေပါ႔ဘာဟာ မန္ယူအသင္းရဲ႕ကြင္းလယ္ကို ဦးေဆာင္ကစားခဲ႔ျပီး ပြဲကိုအလွည္႔အေျပာင္းျဖစ္ေစမယ္႔ စြမ္းေဆာင္ရည္ေတြကိုျပသခဲ႔ပါတယ္။ မန္ယူအသင္းရရိွခဲ႔တဲ႔ (၃)ဂိုးလံုးမွာ ေပါ႔ဘာဟာ ပါ၀င္ပတ္သက္ခဲ႔တာျဖစ္ျပီး (၂)ဂိုးသြင္း (၁)ဂိုးဖန္တီးေပးခဲ႔တာပါ။

အခုေဖာ္ျပေပးခဲ႔တဲ႔ ကစားသမားစာရင္းဟာ sportskeeda အားကစား၀က္ဘ္ဆိုက္က ေဖာ္ျပေပးခဲ့တာကုိ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးခဲ့တာပါ။ ရင္ခုန္စရာေကာင္းခဲ႔တဲ႔ ခ်န္ပီယံလိဂ္ညေတြမွာ ပရိသတ္ေတြရဲ႕ အၾကိဳက္ကစားသမားေတြက ဘယ္သူေတြမ်ားပါလဲ …

Ref: Sportskeeda
Photo: 1 News Net , Stadium Astro , Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ပြိုင်ပွဲ အဖွင့်ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ကြတဲ့ ကစားသမားများ

၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွေဟာပြီးဆုံးခဲ့ပါပြီ။ အဖွင့်ပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ကြတဲ့ ကစားသမားတွေများစွာရှိခဲ့ပြီး ဒီထဲကနေ အကောင်းဆုံးကစားသမား(၄)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

(၄) မက်ဆီ Messi

Lionel-Messi

Lionel-Messi

မက်ဆီ Messi ဟာ တားဆီးရခက်ခဲတဲ့ ကစားသမားဆိုတာ အားလုံးအသိပါ။ မက်ဆီ ရဲ့ ဦးဆောင်မှုကြောင့် ဘာစီလိုနာအသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်လို့တောင် ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် PSV အသင်းနဲ့ပွဲစဉ်မှာလည်း မက်ဆီ ဟာ အသင်းကိုအကောင်းဆုံး ဦးဆောင်ကစားခဲ့သလို အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ဟက်ထရစ်(၈)ကြိမ်နဲ့ ဟက်ထရစ်အမျာျးဆုံး သွင်းယူခဲ့တဲ့ စံချိန်မှတ်တမ်း ရယူနိုင်ခဲ့သလို မက်ဆီရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်ကလည်း (၁၀၃)ဂိုးအထိရှိလာခဲ့ပါပြီ။

(၃) မီလ်နာ Milner

Milner

Milner

လီဗာပူးလ်အသင်းဟာ PSG အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မီလ်နာ Milner ဟာ အသင်းရဲ့ကွင်းလယ်မှာ ပုံစံကောင်းကိုပြသနိုင်ခဲ့ပါတယ်။ မီလ်နာ Milner ဟာ ကွင်းလယ်မှာ ခံစစ် ၊ တိုက်စစ်မျှတစွာ ကစားခဲ့ပြီး PSG အသင်းရဲ့ ကွင်းလယ်ကစားကွက်ကို အခက်အခဲတွေ့အောင် လုပ်ဆောင်နိုင်ခဲ့သလို အသင်းအတွက်(၁)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

(၂) ဖီကာ Fekir

Fekir

Fekir

လိုင်ယွန်အသင်းဟာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဖီကာ Fekir ရဲ့စွမ်းဆောင်ရည်တွေဟာ အဓိကနေရာမှာ ရှိနေခဲ့တာပါ။ ဖီကာဟာ အဲဒီပွဲမှာ လိုင်ယွန်အသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးပုံဖော်ပေးနိုင်ခဲ့သလို အသင်းအတွက် (၁)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးခဲ့ပါတယ်။

(၁) ပေါ့ဘာ Pogba

Pogba

Pogba

ယန်းဘွိုင်းစ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပေါ့ဘာ Pogba ဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်နဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းရဲ့ကွင်းလယ်ကို ဦးဆောင်ကစားခဲ့ပြီး ပွဲကိုအလှည့်အပြောင်းဖြစ်စေမယ့် စွမ်းဆောင်ရည်တွေကိုပြသခဲ့ပါတယ်။ မန်ယူအသင်းရရှိခဲ့တဲ့ (၃)ဂိုးလုံးမှာ ပေါ့ဘာဟာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပြီး (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးခဲ့တာပါ။

အခုဖော်ပြပေးခဲ့တဲ့ ကစားသမားစာရင်းဟာ sportskeeda အားကစားဝက်ဘ်ဆိုက်က ဖော်ပြပေးခဲ့တာကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးခဲ့တာပါ။ ရင်ခုန်စရာကောင်းခဲ့တဲ့ ချန်ပီယံလိဂ်ညတွေမှာ ပရိသတ်တွေရဲ့ အကြိုက်ကစားသမားတွေက ဘယ်သူတွေများပါလဲ …

Ref: Sportskeeda
Photo: 1 News Net , Stadium Astro , Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com