1. Amazon Echo

2017 မှာ လူတိုင်းသုံးဖူးသင့်တဲ့ နည်းပညာထုတ်ကုန် စာရင်းမှာ  Amazon Echo ရဲ့အသံနဲ့ ဖွင့်နိုင်တဲ့ Speaker လည်း အပါအ၀င် ဖြစ်ပါတယ်။ တစ်ခြား Bluetooth Speaker တွေလိုပဲ Amazon Echo ဟာ 360 Degree Audio ရဲ့ စွမ်းဆောင်မှုကိုရရှိစေမှာပါ။ Speaker ရဲ့ထိပ်မှာ Multi-Directional Microphones ၇ခုပါဝင်တာကြောင့် သင့်အိမ်ရဲ့ဘယ်နေရာကနေမဆို Alexa App ကိုအသုံးပြုပြီး Command ပေးနိုင်ပါတယ်။ သင့်အနေနဲ့ Command ပေးပြီးအသုံးမပြုချင်ရင်လည်း Manual Controlsကို အသုံးပြုလို့ရပါတယ်။ တစ်ခြား Features တွေအနေနဲ့ကတော့ Alexa ဟာ Google Calendar နဲ့ချိတ်ဆက်နိုင်တာကြောင့် သင့်ရဲ့နေ့စဉ်ကိစ္စတွေကို မမေ့လျော့အောင် Schedule လုပ်နိုင်ပါသေးတယ်။

2.Nintendo Switch

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ထုတ်လုပ်ခဲ့တဲ့ Nintendo Switchဟာ လည်း 2017ရဲ့ လူတိုင်းမှာရှိသင့်တဲ့စာရင်းထဲမှာပါဝင်ခဲ့ပြန်ပါတယ်။ စထွက်ထွက်ချင်းမှာပဲရလဒ်ကောင်းတွေရခဲ့တဲ့ Nintendo Switch ဟာဒီဇိုင်းလည်းလှတဲ့အပြင် ကိုယ်သွားလိုတဲ့နေရာတိုင်းကို အလွယ်တကူယူသွားနိုင်တာကလည်း ဗီဒီယိုဂိမ်းလောကရဲ့ ချစ်စရာကောင်းတဲ့တိုးတက်လာမှု တစ်ခုပဲဖြစ်ပါတယ်။ Nitendo Switch မှာ မိမိလိုချင်တဲ့အချက်အလက်တွေကိုလည်း အသေးစိတ်အပြောင်းအလဲ လုပ်ပေးနိုင်ပါတယ်။

3. Play Station 4

Bloodborne ၊ Horizon Zero Dawn ၊ Uncharted 4 တို့ပါဝင်တဲ့ PlayStation 4 ဂိမ်းတွေဟာ ၂၀၁၃ ခုနှစ်ကတည်းက တီထွင်ခဲ့တာဖြစ်ပြီး လူကြိုက်များတဲ့ ဂိမ်းတွေလည်းဖြစ်ပါတယ်။ ဒါ့အပြင် PlayStation 4 ကနေ သီချင်းတွေ Download ဆွဲချင်ရင်တော့ External Hard Drive ဒါမှမဟုတ် Amazon ၊ Netflix နဲ့ တခြားApp တွေကနေရယူနိုင်ပါတယ်။  နောက်ပြီး ဂိမ်းကစားနေရင်းနဲ့ သင့်စိတ်ကြိုက် သီချင်းကိုလည်း နားထောင်နိုင်တာကြောင့် ဒီDevice ဟာလူတိုင်းမှာရှိသင့်တဲ့စာရင်းမှာပါဝင်တာဖြစ်ပါတယ်။ ဒါ့အပြင် Sony’s Excellent TV Streaming Service နဲ့ PlayStation Vue ကိုလည်းအသုံးပြုနိုင်တာကြောင့် Roku ဒါမှမဟုတ် Apple TV ကို PS4 သာရှိရင်မလိုအပ်ဘူးလို့ဆိုထားတာကို တွေ့ရပါတယ်။

4. AirPods

Apple ရဲ့ AirPods ဟာသင့်ကို သီချင်းနားထောင်တဲ့အခါ ကြည်လင်ပြတ်သားတဲ့ အသံကိုပေးစွမ်းနိုင်မှာပါ။ ဒါကသီချင်းနားထောင်ရုံ သက်သက် မဟုတ်ပဲ သင်လုပ်ချင်တာကိုလည်းလုပ်နိုင်ပါသေးတယ်။ AirPods ကိုနားကနေ ခွာလိုက်တာနဲ့တစ်ပြိုင်နက် သီချင်းကိုရပ်ထားပေးသွားမှာဖြစ်ပြီး နားမှာပြန်တပ်လိုက်တာနဲ့ သီချင်းသံကိုကြားရမှာပါ။ ဒါ့အပြင် AirPods နဲ့ဖုန်းပြောတာတွေလည်းလုပ်နိုင်ပါသေးတယ်။ ဒါ့အပြင် သူငယ်ချင်းနဲ့အတူ AirPods တစ်ယောက်တစ်ဖက်စီတပ်ပြီး နှစ်သက်ရာသီချင်းကို အတူတစ်ကွ နားထောင်နိုင်ပါတယ်။ iPhone ကိုင်တဲ့သူတွေအတွက် AirPods ဟာ အကောင်းဆုံးဖြစ်ပါတယ်လို့သိရပါတယ်။

Jan (Akhayar)

Ref : BusinessInsider