ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူနဲ့ ဘာစီလိုနာပွဲရှိနေပါတယ်။ ဒီနှစ်သင်းလုံးဟာ ဘောလုံးလောကမှာ ပရိသတ်အခိုင်အမာရှိနေတဲ့ အသင်းတွေဖြစ်ကြတာကြောင့် ဘယ်အသင်းကရလဒ်ကောင်းရရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အခု ဒီ Article မှာတော့ ပရ်သတ်တွေအတွက် မန်ယူနဲ့ ဘာစီလိုနာနှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Mark Hughes (Manchester United 1978-86 and 1988-95, Barcelona 1986-87)

ဝေးလ်စ်နာမည်ကျော်တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ နည်းပြလောကမှာ ကျင်လည်နေတဲ့ မာ့ဟုခ်ျ Mark Hughes ဟာ မန်ယူနဲ့ ဘာစီလိုနာနှစ်သင်းလုံးမှာ ကစားဖူးသူဖြစ်ပါတယ်။ မာ့ဟုခ်ျ ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဆုဖလားမျိုးစုံရရှိခဲ့ပေမယ့် ဘာစီလိုနာအသင်းမှာတော့ တစ်ရာသီသာခံခဲ့ပါတယ်။

Jordi Cruyff (Barcelona 1988-1996, Manchester United 1996-00)

ဘောလုံး ဂန္ထ၀င် ယိုဟန်ခရိုက်ဖ် Johan Cruyff ရဲ့သား ယော်ဒီခရိုက်ဖ် Jordi Cruyff ဟာလည်း မန်ယူနဲ့ ဘာစီလိုနာနှစ်သင်းလုံးမှာ ကစားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်သင်းလုံးမှာ အရန်ကစားသမားအဖြစ်သာဖြစ်သန်းခဲ့ရတာဖြစ်ပြီး နှစ်သင်းလုံးမှာတော့ သွင်းဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ တရုတ်စူပါလိဂ်ကလပ် Chongqing Dangdai Lifan အသင်းကို တာဝန်ယူကိုင်တွယ်နေတဲ့ ယော်ဒီခရိုက်ဖ် ဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၁)ကြိမ်ရရှိခဲ့ပါတယ်။

Blanc (Barcelona 1996-97, Manchester United 2001-03)

အောင်မြင်တဲ့ နည်းပြဘ၀ကို ပိုင်ဆိုင်ထားတဲ့ ဘလန့် Blanc ကတော့ မန်ယူနဲ့ ဘာစီလိုနာ နှစ်သင်းလုံးမှာ အချိန်သိပ်မကြာခဲ့သူပါ။ ဘလန့်ဟာ ဘာစီလိုနာအသင်းအတွက် တစ်ရာသီ ၊ မန်ယူအသင်းအတွက် နှစ်ရာသီကစားပေးခဲ့ပြီး နှစ်သင်းလုံးနဲ့တော့ ဆုဖလားအောင်မြင်မှုတွေရရှိခဲ့ပါတယ်။

Pique (Barcelona 1997-04 and 2008-present, Manchester United 2004-2008)

ပီကေး Pique ကတော့ မန်ယူနဲ့ ဘာစီလိုနာနှစ်သင်းလုံးမှာ ကစားခဲ့ဖူးတာ ပရိသတ်တွေ အားလုံးအသိပါပဲ။ မန်ယူအသင်းမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ နေခဲ့ရပေမယ့် ဘာစီလိုနာအသင်းကို ပြန်ရောက်ခဲ့ချိန်မှာ ပီကေး ဟာ ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦးအဖြစ် တက်လှမ်းနိုင်ခဲ့ပါတယ်။ ပီကေး ဟာ မန်ယူ ၊ ဘာစီလိုနာ နှစ်သင်းလုံးနဲ့လည်း ဆုဖလားအောင်မြင်မှုတွေရရှိခဲ့ပါတယ်။

အခု ပရိသတ်တွေကိုဖော်ပြပေးခဲ့တာကတော့ မန်ယူနဲ့ ဘာစီလိုနာနှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမားများ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း (၂)ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: The Sun
Photo: The Sun , The Times , mesqueunclub.gr
Ko Kyue(Akhayar)
www.akhayar.com