ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူနဲ့ ဘာစီလိုနာပွဲရှိနေပါတယ်။ ဒီနှစ်သင်းလုံးဟာ ဘောလုံးလောကမှာ ပရိသတ်အခိုင်အမာရှိနေတဲ့ အသင်းတွေဖြစ်ကြတာကြောင့် ဘယ်အသင်းကရလဒ်ကောင်းရရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အခု ဒီ Article မှာတော့ ပရ်သတ်တွေအတွက် မန်ယူနဲ့ ဘာစီလိုနာနှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Valdes (Barcelona 1995-2014, Manchester United 2015-16)

ဗဲလ်ဒက်စ် Valdes ဟာ ဘာစီလိုနာအသင်းရဲ့ ဂိုးပေါက်ကို ကာလရှည် ကာကွယ်ခဲ့သူဖြစ်ပြီး အသင်းရဲ့ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ အချိန်မှာ အဓိကနေရာကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းမှာတော့ ဗဲလ်ဒက်စ် ဟာ (၂)ပွဲသာကစားခွင့်ရရှိခဲ့ပြီး နည်းပြ ဗန်ဟားလ် Van Gaal နဲ့ အဆင်မပြေမှုတွေရှိခဲ့ပါတယ်။

Larsson (Barcelona 2004-06, Manchester United 2007)

ဘာစီလိုနာအသင်းမှာ အရန်တိုက်စစ်မှူးတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ပြီး ထိုက်သင့်တဲ့ ခြေစွမ်းတွေကို ပြသခဲ့တဲ့ လာဆင် Larsson ဟာ မန်ယူအသင်းမှာတော့ ကာလတို လာရောက်ကစားခဲ့သူဖြစ်ပါတယ်။ လာဆင် ဟာ ဘာစီလိုနာအသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့သလို မန်ယူအသင်းမှာ ကစားတော့လည်း မန်ယူပရိသတ်တွေ စိတ်ကျေနပ်လောက်စေမယ့် ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။

Ibrahimovic (Barcelona 2009-11, Manchester United 2016-18)

ဘောလုံးလောကရဲ့ နတ်ဘုရားကြီးလို့ တင်စားခံထားရတဲ့ အီဘရာဟီမိုဗစ် Ibrahimovic ကတော့ မန်ယူနဲ့ ဘာစီလိုနာနှစ်သင်းလုံးမှာ ခြေစွမ်းကောင်းတွေကို ပြသခဲ့သူပါ။ နည်းပြဂွါဒီယိုလာ Guardiola နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် အီဘရာဟီမိုဗစ် ဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပြီး မန်ယူအသင်းမှာ ကစားတဲ့အချိန်မှာတော့ ပရိသတ်အကြိုက် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ် ဟာ မန်ယူ ၊ ဘာစီလိုနာ နှစ်သင်းလုံးနဲ့ ဆုဖလားအောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

Sanchez (Barcelona 2011-14, Manchester United 2018-present)

ဘာစီလိုနာအသင်းမှာ အောင်မြင်တဲ့ ကစားသမားဘ၀ကို ပိုင်ဆိုင်ခဲ့တဲ့ ဆန်းချက်ဇ် Sanchez ဟာ မန်ယူအသင်းမှာတော့ ဒဏ်ရာပြဿနာတွေ ၊ ပုံမှန်ခြေစွမ်းမရမှုတွေနဲ့ ရင်ဆိုင်နေရပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ လက်ရှိမှာ ဆန်းချက်ဇ် ဟာ အနာဂတ်လူပ်ခတ်နေသူဖြစ်ပြီး မန်ယူအသင်းမှာဆက်ရှိနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဆန်းချက်ဇ် ဟာ ဘာစီလိုနာအသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့မေယ့် မန်ယူအသင်းနဲ့တော့ FA Cup ဒုတိယဆုသာရရှိထားပါတယ်။

မန်ယူနဲ့ ဘာစီလိုနာနှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: The Sun
Photo: The Sun , Manchester United
Ko Kyue(Akhayar)
www.akhayar.com