[Zawgyi]

လက္သည္းဆက္ျခင္းက မေျပာျပတဲ့ ဆိုးက်ိဳးမ်ား

ပ်ိဳေမေလးေတြ လက္သည္းဆိုးၾကတာကို ဝါသနာပါၾကပါတယ္။ ပံုေဖာ္ပန္းေဖာ္တာကို ႏွစ္သက္သေဘာက်တဲ့သူလည္း ရွိၾကပါေသးတယ္။ ရွိရင္းဆြဲလက္သည္းေတြကို ပံုေဖာ္၊ အေရာင္ဆိုးတာဟာ လက္သည္းကို ထင္သေလာက္မထိခိုက္ပါဘူး။ အလွအပေရးရာဟာ တစ္ေခတ္နဲ႔ တစ္ေခတ္ပိုပိုတိုးတက္လာတဲ့အခါမွာ လက္သည္းအေရာင္ဆိုး၊ ပံုေဖာ္တာအျပင္ လက္သည္းဆက္တာပါ ေခတ္စားလို႔လာပါတယ္။ လက္သည္းဆက္ျခင္းက ကိုယ့္ရဲ႕ လက္သည္းေလးေတြကို ဆိုးက်ိဳးေတြေပးနိုင္ပါတယ္။

လက္သည္းေလးေတြ ပါးေစပါတယ္

ျပီးျပည့္စံုတဲ့ လက္သည္းအေပၚမွာ Acrylic (ဒါမွမဟုတ္) Glue နဲ႔ လက္သည္းတုကို ဆက္ၾကပါတယ္။ Glue နဲ႔ ဆက္ခဲ့ရင္ေတာ့ လက္သည္း ျပဳတ္ထြက္မသြားဖို႔ အေပၚကေန Pressure ေပးျပီး လက္သည္းတုကို ကပ္ရပါတယ္။ Acrylic နဲ႔ ဆက္တာမ်ိဳးဆိုရင္ေတာ့ လက္သည္းတစ္ခုလံုးကို အုပ္ျပီး ပံုသြင္းရတာျဖစ္ပါတယ္။ လက္သည္းတုရေအာင္ ျပဳလုပ္ရတဲ့ နည္းလမ္း၂ခုလံုးက မိမိလက္သည္းကို မသိမသာနဲ႔ စားတတ္ပါတယ္။ လက္သည္းအတုဆက္တာလွေပမယ့္ အထဲမွာ ကိုယ့္လက္သည္းက ပါးပါးလိုက္လာတာကို သတိမထားမိၾကပါဘူး။

အခန္႔မသင့္ရင္ လက္သည္းလန္တတ္ပါတယ္

ဒါမ်ိဳးျဖစ္တာကေတာ့ ရွားပါတယ္။ လက္သည္းတုဆက္ထားတာျဖစ္တဲ့အတြက္ အခန္႔မသင့္လို႔ တံခါးညပ္တဲ့အခါ လက္သည္းတုကို ဆြဲမိျပီး ကိုယ့္လက္သည္းခြံပါ တစ္ပါတည္း လန္တတ္ပါတယ္။ ျဖစ္တာရွားေပမယ့္ ေၾကာက္ဖို႔ေကာင္းပါတယ္။ မေတာ္တဆျပဳတ္က်လို႔ လက္သည္းက်ိဳးတဲ့အခါ လက္သည္း အတုက်ိဳးတယ္ဆို ကိစၥမရွိေပမယ့္ ကိုယ့္လက္သည္းပါထိခိုက္ရင္ ရင္က်ိဳးရႏိုင္ပါတယ္။

လက္အသားအေရေျခာက္တတ္ပါတယ္

ဟုတ္ပါတယ္ လက္အသားအေရေျခာက္တတ္ပါတယ္။ အေၾကာင္းရင္းက လက္သည္းအတုကို Glue (သို႔) Acrylic နဲ႔ဆက္တာျဖစ္တဲ့အတြက္ လက္သည္း အသက္ရွဴေပါက္ေလးေတြပိတ္ပါတယ္။ အသက္ရွဴေပါက္ပိတ္ျပီး ရသင့္တဲ့ေလကိုမရွဴသြင္းရတဲ့အတြက္ အသားအေရေျခာက္ျခင္းျဖစ္ပါတယ္။

လက္သညး္မွာရွိတဲ့ Protein ဓာတ္ေလးေတြဆံုးရွံဳးပါတယ္

လက္သည္းဆက္တဲ့အခ်ိန္ပဲျဖစ္ျဖစ္ ခြာတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ ကိုယ့္လက္သည္းမွာရွိေနတဲ့ Protein ဓာတ္ေလးေတြက ဆက္ထားတဲ့လက္သည္းတုမွာ ကပ္ျပီး ပါသြားပါတယ္။ လက္သည္းပန္းကုန္ေလးေတြလည္း နာရပါတယ္။

လက္သည္းဆက္မယ္ဆိုရင္ အခ်ိန္အတိုတစ္ခုအထိပဲ ဆက္ေစခ်င္ပါတယ္။ ပြဲသြား ပြဲလာ အေရးၾကီးမွပဲ ဆက္ေစခ်င္တယ္။ လက္သည္းတု တစ္ခါဆက္တဲ့အခါ ကုန္က်တဲ့ ေငြပမာဏက ၄၀၀၀၀ ကေန ၆၀၀၀၀ ၾကား ဝန္းက်င္ရွိပါတယ္။ လက္သည္းတုဆက္ရတာ ကိုယ္႔့အတြက္ ေကာင္းက်ိဳးမရွိဘဲ ၆၀၀၀၀ ေလာက္အကုန္ခံျပီး လက္သည္းကို အပ်က္အစီးမခံေစခ်င္ပါဘူးေနာ္။ အားလံုးကို က်န္းက်န္းမာမာနဲ႔ လွေစခ်င္ပါတယ္လုိ႔။

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လက်သည်းဆက်ခြင်းက မပြောပြတဲ့ ဆိုးကျိုးများ

ပျိုမေလေးတွေ လက်သည်းဆိုးကြတာကို ဝါသနာပါကြပါတယ်။ ပုံဖော်ပန်းဖော်တာကို နှစ်သက်သဘောကျတဲ့သူလည်း ရှိကြပါသေးတယ်။ ရှိရင်းဆွဲလက်သည်းတွေကို ပုံဖော်၊ အရောင်ဆိုးတာဟာ လက်သည်းကို ထင်သလောက်မထိခိုက်ပါဘူး။ အလှအပရေးရာဟာ တစ်ခေတ်နဲ့ တစ်ခေတ်ပိုပိုတိုးတက်လာတဲ့အခါမှာ လက်သည်းအရောင်ဆိုး၊ ပုံဖော်တာအပြင် လက်သည်းဆက်တာပါ ခေတ်စားလို့လာပါတယ်။ လက်သည်းဆက်ခြင်းက ကိုယ့်ရဲ့ လက်သည်းလေးတွေကို ဆိုးကျိုးတွေပေးနိုင်ပါတယ်။

လက်သည်းလေးတွေ ပါးစေပါတယ်

ပြီးပြည့်စုံတဲ့ လက်သည်းအပေါ်မှာ Acrylic (ဒါမှမဟုတ်) Glue နဲ့ လက်သည်းတုကို ဆက်ကြပါတယ်။ Glue နဲ့ ဆက်ခဲ့ရင်တော့ လက်သည်း ပြုတ်ထွက်မသွားဖို့ အပေါ်ကနေ Pressure ပေးပြီး လက်သည်းတုကို ကပ်ရပါတယ်။ Acrylic နဲ့ ဆက်တာမျိုးဆိုရင်တော့ လက်သည်းတစ်ခုလုံးကို အုပ်ပြီး ပုံသွင်းရတာဖြစ်ပါတယ်။ လက်သည်းတုရအောင် ပြုလုပ်ရတဲ့ နည်းလမ်း၂ခုလုံးက မိမိလက်သည်းကို မသိမသာနဲ့ စားတတ်ပါတယ်။ လက်သည်းအတုဆက်တာလှပေမယ့် အထဲမှာ ကိုယ့်လက်သည်းက ပါးပါးလိုက်လာတာကို သတိမထားမိကြပါဘူး။

အခန့်မသင့်ရင် လက်သည်းလန်တတ်ပါတယ်

ဒါမျိုးဖြစ်တာကတော့ ရှားပါတယ်။ လက်သည်းတုဆက်ထားတာဖြစ်တဲ့အတွက် အခန့်မသင့်လို့ တံခါးညပ်တဲ့အခါ လက်သည်းတုကို ဆွဲမိပြီး ကိုယ့်လက်သည်းခွံပါ တစ်ပါတည်း လန်တတ်ပါတယ်။ ဖြစ်တာရှားပေမယ့် ကြောက်ဖို့ကောင်းပါတယ်။ မတော်တဆပြုတ်ကျလို့ လက်သည်းကျိုးတဲ့အခါ လက်သည်း အတုကျိုးတယ်ဆို ကိစ္စမရှိပေမယ့် ကိုယ့်လက်သည်းပါထိခိုက်ရင် ရင်ကျိုးရနိုင်ပါတယ်။

လက်အသားအရေခြောက်တတ်ပါတယ်

ဟုတ်ပါတယ် လက်အသားအရေခြောက်တတ်ပါတယ်။ အကြောင်းရင်းက လက်သည်းအတုကို Glue (သို့) Acrylic နဲ့ဆက်တာဖြစ်တဲ့အတွက် လက်သည်း အသက်ရှူပေါက်လေးတွေပိတ်ပါတယ်။ အသက်ရှူပေါက်ပိတ်ပြီး ရသင့်တဲ့လေကိုမရှူသွင်းရတဲ့အတွက် အသားအရေခြောက်ခြင်းဖြစ်ပါတယ်။

လက်သည်းမှာရှိတဲ့ Protein ဓာတ်လေးတွေဆုံးရှုံးပါတယ်

လက်သည်းဆက်တဲ့အချိန်ပဲဖြစ်ဖြစ် ခွာတဲ့အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်လက်သည်းမှာရှိနေတဲ့ Protein ဓာတ်လေးတွေက ဆက်ထားတဲ့လက်သည်းတုမှာ ကပ်ပြီး ပါသွားပါတယ်။ လက်သည်းပန်းကုန်လေးတွေလည်း နာရပါတယ်။

လက်သည်းဆက်မယ်ဆိုရင် အချိန်အတိုတစ်ခုအထိပဲ ဆက်စေချင်ပါတယ်။ ပွဲသွား ပွဲလာ အရေးကြီးမှပဲ ဆက်စေချင်တယ်။ လက်သည်းတု တစ်ခါဆက်တဲ့အခါ ကုန်ကျတဲ့ ငွေပမာဏက ၄၀၀၀၀ ကနေ ၆၀၀၀၀ ကြား ဝန်းကျင်ရှိပါတယ်။ လက်သည်းတုဆက်ရတာ ကိုယ့့်အတွက် ကောင်းကျိုးမရှိဘဲ ၆၀၀၀၀ လောက်အကုန်ခံပြီး လက်သည်းကို အပျက်အစီးမခံစေချင်ပါဘူးနော်။ အားလုံးကို ကျန်းကျန်းမာမာနဲ့ လှစေချင်ပါတယ်လို့။

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။