[Zawgyi]

စံခ်ိန္မွတ္တမ္းသစ္ေတြ ထြက္ေပၚခဲတ့ဲ့ ၂၀၁၈-၁၉ ပရီးမီးယားလိဂ္

ပရီးမီးယားလိဂ္သမုိင္းမွာ ‘Untouchable’ ျဖစ္ေနဆဲ စံခ်ိန္မွတ္တမ္းေကာင္းေတြ ရွိေနတုန္းပါပဲ။ ဥပမာဆုိရင္ နယူးကာဆယ္ ဂႏၳ၀င္တိုက္စစ္မွဴး အလန္ရွီးယား Alan Shearer ရဲ႕ သြင္းဂုိးအမ်ားဆုံး(၂၆၀ ဂုိး) စံခ်ိန္၊ ဗီလာနဲ႔ မန္စီးတီး ကစားသမားေဟာင္း ဘယ္ရီ Gareth Barry ရဲ႕ လိဂ္ပဲြအမ်ားဆုံး (၆၅၃ပဲြ)စံခ်ိန္ စသျဖင့္ေပါ့။ ဒါေပမဲ့ တခ်ိဳ႕စံခ်ိန္ေတြကေတာ့ က်ိဳးျပတ္သြားၿပီျဖစ္ပါတယ္။ ဒီရာသီမွာလည္း သမုိင္း၀င္ စံခ်ိန္သစ္စုိက္ထူခဲ့ၾကတဲ့ ကစားသမား၊ နည္းျပေတြ ထြက္ေပၚလာပါၿပီ။ သူတို႔ေတြက ဘယ္သူလဲ၊ ဘယ္လုိ စံခ်ိန္ေတြ ရယူခဲ့လဲဆုိတာ ၾကည့္လုိက္ရေအာင္လား . . .

မီလ္နာ James Milner ရဲ႕ ပယ္နယ္တီမွတ္တမ္း

James-Milner

James-Milner

လီဗာပူးလ္အသငး္ရဲ႕ အဂၤလန္၀ါရင့္ကြင္းလယ္လူ မီလ္နာဟာ ဒီရာသီမွာ ထူးထူးျခားျခား ပယ္နယ္တီ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကုိ ပုိင္ဆုိင္ခဲ့တယ္။ မီလ္နာဟာ ၾသဂုတ္လ(၁၈)ရက္က ခရစၥတယ္ပဲေလ့စ္နဲ႔ ကစားခဲ့တဲ့ပဲြမွာ ပယ္နယ္တီကေန လီဗာပူးလ္အသင္းအတြက္ ဂုိးသြင္းခဲ့ၿပီး ဒါဟာ သူ႔အတြက္ (၈)ပဲြဆက္ ပယ္နယ္တီကေန ဂုိးသြင္းခဲ့တာပဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ပဲြဆက္အမ်ားဆုံး ပယ္နယ္တီသြင္းယူခဲ့သူက ကာဇုိလာ Santi Carzola ၊ အာတီတာ Mikel Arteta ၊ ဒန္နီမာဖီ Danny Murphy ၊ မုိလ္ဘီ Jan Molby တို႔ျဖစ္ၿပီး (၇)ပဲြဆက္ ဂုိးသြင္းခဲ့တာပါ။ အဲဒီစံခ်ိန္ကုိ မီလ္နာက တစ္ပဲြအသာနဲ႔ ခ်ိဳးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

မွတ္တမ္းေကာင္းတစ္ခု ရယူခဲ့တဲ့ ဆက္ဆီႏြန္ Ryan Sessegnon

Ryan-Sessegnon

Ryan-Sessegnon

ဖူလ္ဟမ္အသင္းရဲ႕ အဂၤလန္လူငယ္တိုက္စစ္မွဴး ႐ုိင္ယန္ဆက္ဆီႏြန္ကလည္း ဒီရာသီမွာ ပရီးမီးယားလိဂ္ စံခ်ိန္မွတ္တမ္းေကာင္း တစ္ခုကုိ ပိုင္ဆုိင္ခဲ့တယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလလယ္တုန္းက ကာဒစ္ဖ္နဲ႔ ကစားခဲ့တဲ့ပဲြမွာ အသင္းအတြက္ ဂုိးသြင္းခဲ့တာေၾကာင့္ ၂၁ ရာစုမွာ ေမြးဖြားခဲ့တ့ဲ ကစားသမားေတြထဲ ပရီးမီးယားလိဂ္မွာ ဂုိးသြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္ခဲ့တယ္။ ဒါေပမဲ့ ဆက္ဆီႏြန္ရဲ႕ အသင္းဟာ ဒီရာသီမွာ ရလဒ္ေတြဆုိးရြားေနၿပီး အမွတ္ေပးဇယားေအာက္ေျခေရာက္ေနလုိ႔ ဆက္ဆီႏြန္အေနနဲ႔ ဒီထက္ ပုိေျခစြမ္းျပဖုိ႔ေတာ့ လုိေနပါၿပီ။

သြင္းဂုိးစံခ်ိန္တင္ခဲ့တဲ့ စပါး-လီဗာပူးလ္ပဲြ

Liverpool-vs-Tottenham

Liverpool-vs-Tottenham

စပါးနဲ႔ လီဗာပူးလ္အသင္းတို႔ ဆုံေတြ႕ခဲ့တဲ့ပဲြဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ႏွစ္သင္းေပါင္း သြင္းဂုိးအမ်ားဆုံးအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ အရင္က ပရီးမီးယားလိဂ္ စံခ်ိန္ျဖစ္ခဲ့တာ အာဆင္နယ္-အဲဗာတန္ပဲြျဖစ္ၿပီး ဒီႏွစ္သင္းဆုံေတြ႕တဲ့ပဲြမွာ စုစုေပါင္း(၁၅၁)ဂုိးအထိ သြင္းယူခဲ့တာပါ။ စပါးနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ဒီရာသီမတိုင္ခင္က (၁၄၉)ဂုိးနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ေနေပမယ့္ ၿပီးခ့ဲတဲ့ စက္တင္ဘာလတုန္းက ဒီႏွစ္သင္း ဆုံေတြ႕ခဲ့ေတာ့ လီဗာပူးလ္အသင္းက (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တာေၾကာင့္ အာဆင္နယ္-အဲဗာတန္အသင္းတို႔ရဲ႕ စံခ်ိန္ကုိ ေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။

(၁၄)ႏွစ္ၾကာျမင့္ေနတဲ့ စံခ်ိန္ကို ခ်ိဳးျဖတ္ခဲ့သူ ဆာရီ Maurizio Sarri

Maurizio-Sarri

Maurizio-Sarri

ဒီရာသီမွ အဂၤလန္ေျမကုိ ေျခခ်ခဲ့တဲ့ ခ်ယ္လ္ဆီးနည္းျပဆာရီဟာ ပရီးမီးယားလိဂ္အဖြင့္ရာသီမွာပဲ စံခ်ိန္သစ္တစ္ခု ရရွိခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းကုိ ပရီးမီးယားလိဂ္ရာသီအစ (၁၂)ပဲြဆက္ ႐ႈံးပဲြမရွိေအာင္ စြမ္းေဆာင္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္တုန္းက ေနာ္တင္ဟမ္အသင္းနည္းျပ Frank Clark တင္ရွိခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ္ရာသီမွာ ပဲြဆက္အမ်ားဆုံး ႐ႈံးပဲြမရွိတဲ့ မွတ္တမ္းကုိ တစ္ပဲြအသာနဲ႔ ခ်ိဳးျဖတ္ခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ႐ႈံးပဲြမရွိေသးတဲ့ (၃)သင္းထဲမွာ ပါ၀င္ေနသလုိ ဥေရာပမွာ ၿပိဳင္ပဲြစုံ ႐ႈံးပဲြမရွိေသးတဲ့ တစ္သင္းတည္းေသာ ကလပ္ျဖစ္ေနပါတယ္။

REF:sportskeeda
Photo:Cartilage Free Captain,Football FanCast,sportskeeda,Mypleskit Press
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စံချိန်မှတ်တမ်းသစ်တွေ ထွက်ပေါ်ခဲတဲ့ ၂၀၁၈-၁၉ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်သမိုင်းမှာ ‘Untouchable’ ဖြစ်နေဆဲ စံချိန်မှတ်တမ်းကောင်းတွေ ရှိနေတုန်းပါပဲ။ ဥပမာဆိုရင် နယူးကာဆယ် ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယား Alan Shearer ရဲ့ သွင်းဂိုးအများဆုံး(၂၆၀ ဂိုး) စံချိန်၊ ဗီလာနဲ့ မန်စီးတီး ကစားသမားဟောင်း ဘယ်ရီ Gareth Barry ရဲ့ လိဂ်ပွဲအများဆုံး (၆၅၃ပွဲ)စံချိန် စသဖြင့်ပေါ့။ ဒါပေမဲ့ တချို့စံချိန်တွေကတော့ ကျိုးပြတ်သွားပြီဖြစ်ပါတယ်။ ဒီရာသီမှာလည်း သမိုင်းဝင် စံချိန်သစ်စိုက်ထူခဲ့ကြတဲ့ ကစားသမား၊ နည်းပြတွေ ထွက်ပေါ်လာပါပြီ။ သူတို့တွေက ဘယ်သူလဲ၊ ဘယ်လို စံချိန်တွေ ရယူခဲ့လဲဆိုတာ ကြည့်လိုက်ရအောင်လား . . .

မီလ်နာ James Milner ရဲ့ ပယ်နယ်တီမှတ်တမ်း

James-Milner

James-Milner

လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်ဝါရင့်ကွင်းလယ်လူ မီလ်နာဟာ ဒီရာသီမှာ ထူးထူးခြားခြား ပယ်နယ်တီ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ မီလ်နာဟာ သြဂုတ်လ(၁၈)ရက်က ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပယ်နယ်တီကနေ လီဗာပူးလ်အသင်းအတွက် ဂိုးသွင်းခဲ့ပြီး ဒါဟာ သူ့အတွက် (၈)ပွဲဆက် ပယ်နယ်တီကနေ ဂိုးသွင်းခဲ့တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲဆက်အများဆုံး ပယ်နယ်တီသွင်းယူခဲ့သူက ကာဇိုလာ Santi Carzola ၊ အာတီတာ Mikel Arteta ၊ ဒန်နီမာဖီ Danny Murphy ၊ မိုလ်ဘီ Jan Molby တို့ဖြစ်ပြီး (၇)ပွဲဆက် ဂိုးသွင်းခဲ့တာပါ။ အဲဒီစံချိန်ကို မီလ်နာက တစ်ပွဲအသာနဲ့ ချိုးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

မှတ်တမ်းကောင်းတစ်ခု ရယူခဲ့တဲ့ ဆက်ဆီနွန် Ryan Sessegnon

Ryan-Sessegnon

Ryan-Sessegnon

ဖူလ်ဟမ်အသင်းရဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူး ရိုင်ယန်ဆက်ဆီနွန်ကလည်း ဒီရာသီမှာ ပရီးမီးယားလိဂ် စံချိန်မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလလယ်တုန်းက ကာဒစ်ဖ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းခဲ့တာကြောင့် ၂၁ ရာစုမှာ မွေးဖွားခဲ့တဲ့ ကစားသမားတွေထဲ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဆက်ဆီနွန်ရဲ့ အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး အမှတ်ပေးဇယားအောက်ခြေရောက်နေလို့ ဆက်ဆီနွန်အနေနဲ့ ဒီထက် ပိုခြေစွမ်းပြဖို့တော့ လိုနေပါပြီ။

သွင်းဂိုးစံချိန်တင်ခဲ့တဲ့ စပါး-လီဗာပူးလ်ပွဲ

Liverpool-vs-Tottenham

Liverpool-vs-Tottenham

စပါးနဲ့ လီဗာပူးလ်အသင်းတို့ ဆုံတွေ့ခဲ့တဲ့ပွဲဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နှစ်သင်းပေါင်း သွင်းဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အရင်က ပရီးမီးယားလိဂ် စံချိန်ဖြစ်ခဲ့တာ အာဆင်နယ်-အဲဗာတန်ပွဲဖြစ်ပြီး ဒီနှစ်သင်းဆုံတွေ့တဲ့ပွဲမှာ စုစုပေါင်း(၁၅၁)ဂိုးအထိ သွင်းယူခဲ့တာပါ။ စပါးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီမတိုင်ခင်က (၁၄၉)ဂိုးနဲ့ ဒုတိယအများဆုံးဖြစ်နေပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဒီနှစ်သင်း ဆုံတွေ့ခဲ့တော့ လီဗာပူးလ်အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အာဆင်နယ်-အဲဗာတန်အသင်းတို့ရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

(၁၄)နှစ်ကြာမြင့်နေတဲ့ စံချိန်ကို ချိုးဖြတ်ခဲ့သူ ဆာရီ Maurizio Sarri

Maurizio-Sarri

Maurizio-Sarri

ဒီရာသီမှ အင်္ဂလန်မြေကို ခြေချခဲ့တဲ့ ချယ်လ်ဆီးနည်းပြဆာရီဟာ ပရီးမီးယားလိဂ်အဖွင့်ရာသီမှာပဲ စံချိန်သစ်တစ်ခု ရရှိခဲ့တယ်။ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ရာသီအစ (၁၂)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တုန်းက နော်တင်ဟမ်အသင်းနည်းပြ Frank Clark တင်ရှိခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာ ပွဲဆက်အများဆုံး ရှုံးပွဲမရှိတဲ့ မှတ်တမ်းကို တစ်ပွဲအသာနဲ့ ချိုးဖြတ်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ (၃)သင်းထဲမှာ ပါဝင်နေသလို ဥရောပမှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော ကလပ်ဖြစ်နေပါတယ်။

REF:sportskeeda
Photo:Cartilage Free Captain,Football FanCast,sportskeeda,Mypleskit Press
Naing Linn(Akhayar)
www.akhayar.com