[Zawgyi]
Bunny Phyoe
Bunny Phyoe
Amera Hpone
Amera Hpone
“Hello!
See you ဗျ …
'4pm' Program
‘4pm’ Program
Yoe Lu (Akhayar)
www.akhayar.com
[Unicode]
“4pm” အစီအစဉ်နဲ့ Trend သီချင်းတွေ ဖွင့်ပြမယ့် ဘန်နီဖြိုး နဲ့ အမရာဘုဏ်း
ဇူလိုင်လ ၉ရက်နေ့ ၂၀၁၈ ခုနှစ်က ‘Neon Dreams’ ဆိုတဲ့ အယ်လ်ဘမ်ထွက်ရှိထားတဲ့ အဆိုတော်ဘန်နီဖြိုးနဲ့ Frenzo Production ရဲ့ အမျိုးသမီးအဆိုတော်လေး အမရာဘုဏ်းတို့ကတော့ လူငယ်တွေအတွက် အစီအစဉ်သစ်လေးတစ်ခုကို တင်လိုက်ပြန်ပါပြီ။
Bunny Phyoe
Bunny Phyoe
Amera Hpone
Amera Hpone
သူတို့နှစ်ယောက်ပေါင်းပြီး City FM 89.0 MHz ကနေ ညနေ ၄ နာရီမှာ “4pm” ဆိုတဲ့ အစီအစဉ်လေးနဲ့ သီချင်းတွေ ဖွင့်ပြမှာပါတဲ့။ ဒီအကြောင်းကို
“Hello!
ကျွန်တော်နဲ့ အမရာ နဲ့နှစ်ယောက်အတူတင်ဆက်မယ့် “4pm” အစီအစဉ်နဲ့မိတ်ဆက်ပေးပါမယ်ဗျာ။
“4pm” အစီအစဉ်ဟာ – ဒီနေ့ ညနေ ၄ နာရီမှာ City FM 89.0MHz ကနေစတင်ထုတ်လွှင့်မယ့် အစီအစဉ်အသစ်ဖြစ်ပါတယ်။
“4pm” အစီအစဉ်ဟာ – လက်ရှိ trending ဖြစ်နေတဲ့ International songs တွေရော တစ်ချိန်တုန်းကအသားကုန် hot ဖြစ်ခဲ့တဲ့ သီချင်းတွေကိုရောရွေးချယ်ဖွင့်ပြပေးသွားမှာဖြစ်ပြီးတော့ အဲ့ဒီသီချင်းတွေရဲ့အကြောင်းတွေကို ကျွန်တော်တို့နှစ်ယောက်က လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနဲ့ပဲ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာ။
ကဲ … အချိန်က August 1 ရက်နေ့ကစပြီး အပတ်စဉ် တနင်္လာ နဲ့ ဗုဒ္ဓဟူး နေ့တို့ရဲ့ ညနေ ၄ နာရီ တိုင်းမှာဖြစ်ပြီးတော့
နေရာက City FM 89.0MHz မှာဖြစ်ပါတယ်။
နားထောင်ပေးပြီး လိုတာတွေရှိရင်ပြောပြပေးပါဗျာ … အစီအစဉ်အသစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အတူတူ improve လုပ်သွားရအောင်ပါ
See you ဗျ …
#4pm #BunnyPhyoe #AmeraHpone #CityFM
*B*” ဆိုပြီး သူ့ Timeline မှာ တင်ထားခဲ့ပါတယ်။
'4pm' Program
‘4pm’ Program
မနက်ဖြန် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီမှာ သူတို့အစီအစဉ်တွေလာတော့မှာဆိုတော့ ဘာသီချင်းတွေ ဖွင့်ပြမယ်ထင်လဲ ပရိသတ်ကြီးရေ။
Yoe Lu (Akhayar)
www.akhayar.com
Photo Credit : Bunny Phyoe’s Facebook Account and Bm Photography