[Zawgyi]

ရီးယဲလ္နည္းျပသစ္ ျဖစ္လာရင္ ကြန္တီ Antonio Conte ေခၚယူဖုိ႔ ရွိေနတဲ့ ကစားသမားမ်ား

ရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က အဓိက ၿပိဳင္ဘက္ ဘာစီလုိနာကုိ (၅-၁)ဂုိးနဲ႔ အရွက္တကဲြ ႐ႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ နည္းျပလုိပယ္တက္ဂီ Julen Lopetegui ရဲ႕ အနာဂတ္က အဆုံးသတ္ဖုိ႔ ပုိနီးစပ္လာပါၿပီ။ ဒီေန႔ (တနလၤာ)မွာပဲ ရီးယဲလ္အသင္း ဘုတ္အဖဲြ႕ဟာ လုိပယ္တက္ဂီကုိ ရာထူးက ထုတ္ပယ္ၿပီး ခ်ယ္လ္ဆီးနည္းျပေဟာင္း ကြန္တီ Antonio Conte ကုိ နည္းျပသစ္ခန္႔ေတာ့မယ္ဆုိတဲ့ သတင္းေတြလည္း က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနတယ္။ အေျခအေနေတြအရလည္း ရီးယဲလ္နည္းျပျဖစ္ဖုိ႔ ကြန္တီဟာ ရာခုိင္ႏႈန္းမ်ားေနပါၿပီ။ တကယ္လုိ႔ ရီးယဲလ္နည္းျပသစ္အျဖစ္ ကြန္တီသာ ခန္႔အပ္ခံခဲ့ရရင္ ဘယ္သူေတြကုိ ေခၚယူအားျဖည့္မလဲဆုိတာ ခန္႔မွန္းၾကည့္လုိက္ရေအာင္ . . . .

အီကာဒီ Mauro Icardi (အင္တာမီလန္)

Mauro-Icardi

Mauro-Icardi

ရီးယဲလ္အသင္းဟာ တိုက္စစ္မွာ ႐ုန္းကန္ေနရတဲ့ တိုက္စစ္မွဴး ဘန္ဇီမာ Karim Benzema ေနရာကုိ ထိပ္တန္းအဆင့္ ကစားသမားတစ္ဦးနဲ႔ အစားထုိးဖုိ႔ အရင္ကတည္းက ျပင္ဆင္ခဲ့တာပါ။ အဲဒီအတြက္ အီကာဒီကုိ ပစ္မွတ္ထားေနတယ္ဆုိတဲ့ ခန္႔မွန္းသတင္းေတြကလည္း အေျပာင္းအေရႊ႕ေစ်းကြက္ စၿပီဆုိရင္ အၿမဲတမ္း ထြက္ေပၚေလ့ရွိတယ္။ ကြန္တီအေနနဲ႔ ရီးယဲလ္နည္းျပရာထူးကုိ လက္ခံခဲ့ရင္ အီကာဒီကုိ မျဖစ္မေနေခၚယူဖုိ႔ တာ၀န္ရွိသူေတြကုိ ေတာင္းဆုိမယ့္အေနအထားပါပဲ။

မားကုိ႔စ္အလြန္ဆုိ Marcos Alonso (ခ်ယ္လ္ဆီး)

Conte-and-Marcos-Alonso

Conte-and-Marcos-Alonso

ဒါကေတာ့ ထူးထူးျခားျခား ေျပာစရာမလုိပါဘူး။ မားကုိ႔စ္အလြန္ဆုိကုိ ခ်ယ္လ္ဆီးအသင္းဆီ ေရာက္ေအာင္ ေခၚယူခဲ့တဲ့ ကြန္တီဟာ ရီးယဲလ္အသင္းနည္းျပျဖစ္လာရင္ သူနဲ႔အတြဲညီခဲ့တဲ့ မားကုိ႔စ္အလြန္ဆုိကုိ မရရေအာင္ ေခၚဦးမွာပါပဲ။ အခု ဘယ္ေနာက္ခံလူ မာဆယ္လုိ Marcelo ကလည္း ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အသံေတြထြက္ေနတာေၾကာင့္ တကယ္လုိ႔ သူ႔ကုိ ဆုံး႐ႈံးလုိက္ရရင္ ဘယ္သူနဲ႔အစားထုိးမလဲဆုိတာ ရီးယဲလ္အသင္း ႀကိဳျပင္ဆင္ေနေလာက္ပါၿပီ။ မားကုိ႔စ္အလြန္ဆုိကလည္း ရီးယဲလ္အသင္းမွာ ကြန္တီနဲ႔ လက္တဲြဖုိ႔ ဆႏၵရွိေနမွာပါ။

ေနမာ Neymar (PSG)

Neymar

Neymar

ေနမာနဲ႔ ရီးယဲလ္အသင္းတို႔ရဲ႕ အေျပာင္းအေရႊ႕ပုံျပင္က ၿပီးခဲ့တဲ့ရာသီကတည္းက ထြက္ေပၚခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ PSG အသင္းကလည္း သူတို႔ရဲ႕ အဓိက ကစားသမားကုိ လက္လႊတ္မခံလုိဘဲ မတန္တဆ ေၾကးရမွသာ ေရာင္းခ်မယ့္အေနအထားေၾကာင့္ ရီးယဲလ္ အခက္ေတြ႕ႏုိင္တယ္။

ဟာဇက္ Hazard (ခ်ယ္လ္ဆီး)

Hazard-and-Conte

Hazard-and-Conte

ရီးယဲလ္အသင္းအတြက္ နံပါတ္(၁)ပစ္မွတ္ပါပဲ။ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕ကတည္းက ရီးယဲလ္ကုိ ဟာဇက္ ေျပာင္းေရႊ႕ဖုိ႔ နီးစပ္ခဲ့ၿပီး အေျပာင္းအေရႊ႕ မျဖစ္ခဲ့ဘူး။ ဟာဇက္ကုိယ္တိုင္ကလည္း ရီးယဲလ္ကုိ ေျပာင္းေရႊ႕ဖုိ႔ ဆႏၵရွိေနတာေၾကာင့္ လာမယ့္ဇန္န၀ါရီ ဒါမွမဟုတ္ လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ ဟာဇက္ရဲ႕ ရီးယဲလ္အိပ္မက္ေတြက အမွန္တကယ္ျဖစ္လာဖုိ႔ ရွိေနတယ္။

ပရိသတ္ႀကီးေရ .. လက္ရွိ ရီးယဲလ္အသငး္ရဲ႕အေနအထားအရ ကစားသမားသစ္ မျဖစ္မေန ေခၚယူအားျဖည့္ရမွာပါ။ ဒီကစားသမားေတြက ရီးယဲလ္အသင္းအတြက္ တကယ္လုိအပ္ေနတဲ့ ကစားသမားေတြျဖစ္လုိ႔ ကြန္တီသာ နည္းျပျဖစ္လာရင္ ဘယ္သူေတြ ရီးယဲလ္ေရာက္မလဲဆုိတာ စိတ္၀င္စားစရာေကာင္းေနပါေတာ့တယ္ . .

REF:sportskeeda
Photo:Getty Images,Boston Herald,Sportsnet,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်နည်းပြသစ် ဖြစ်လာရင် ကွန်တီ Antonio Conte ခေါ်ယူဖို့ ရှိနေတဲ့ ကစားသမားများ

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဓိက ပြိုင်ဘက် ဘာစီလိုနာကို (၅-၁)ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြလိုပယ်တက်ဂီ Julen Lopetegui ရဲ့ အနာဂတ်က အဆုံးသတ်ဖို့ ပိုနီးစပ်လာပါပြီ။ ဒီနေ့ (တနင်္လာ)မှာပဲ ရီးယဲလ်အသင်း ဘုတ်အဖွဲ့ဟာ လိုပယ်တက်ဂီကို ရာထူးက ထုတ်ပယ်ပြီး ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ Antonio Conte ကို နည်းပြသစ်ခန့်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတယ်။ အခြေအနေတွေအရလည်း ရီးယဲလ်နည်းပြဖြစ်ဖို့ ကွန်တီဟာ ရာခိုင်နှုန်းများနေပါပြီ။ တကယ်လို့ ရီးယဲလ်နည်းပြသစ်အဖြစ် ကွန်တီသာ ခန့်အပ်ခံခဲ့ရရင် ဘယ်သူတွေကို ခေါ်ယူအားဖြည့်မလဲဆိုတာ ခန့်မှန်းကြည့်လိုက်ရအောင် . . . .

အီကာဒီ Mauro Icardi (အင်တာမီလန်)

Mauro-Icardi

Mauro-Icardi

ရီးယဲလ်အသင်းဟာ တိုက်စစ်မှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဘန်ဇီမာ Karim Benzema နေရာကို ထိပ်တန်းအဆင့် ကစားသမားတစ်ဦးနဲ့ အစားထိုးဖို့ အရင်ကတည်းက ပြင်ဆင်ခဲ့တာပါ။ အဲဒီအတွက် အီကာဒီကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ ခန့်မှန်းသတင်းတွေကလည်း အပြောင်းအရွှေ့ဈေးကွက် စပြီဆိုရင် အမြဲတမ်း ထွက်ပေါ်လေ့ရှိတယ်။ ကွန်တီအနေနဲ့ ရီးယဲလ်နည်းပြရာထူးကို လက်ခံခဲ့ရင် အီကာဒီကို မဖြစ်မနေခေါ်ယူဖို့ တာဝန်ရှိသူတွေကို တောင်းဆိုမယ့်အနေအထားပါပဲ။

မားကို့စ်အလွန်ဆို Marcos Alonso (ချယ်လ်ဆီး)

Conte-and-Marcos-Alonso

Conte-and-Marcos-Alonso

ဒါကတော့ ထူးထူးခြားခြား ပြောစရာမလိုပါဘူး။ မားကို့စ်အလွန်ဆိုကို ချယ်လ်ဆီးအသင်းဆီ ရောက်အောင် ခေါ်ယူခဲ့တဲ့ ကွန်တီဟာ ရီးယဲလ်အသင်းနည်းပြဖြစ်လာရင် သူနဲ့အတွဲညီခဲ့တဲ့ မားကို့စ်အလွန်ဆိုကို မရရအောင် ခေါ်ဦးမှာပါပဲ။ အခု ဘယ်နောက်ခံလူ မာဆယ်လို Marcelo ကလည်း ဂျူဗင်တပ်စ်အသင်းနဲ့ အသံတွေထွက်နေတာကြောင့် တကယ်လို့ သူ့ကို ဆုံးရှုံးလိုက်ရရင် ဘယ်သူနဲ့အစားထိုးမလဲဆိုတာ ရီးယဲလ်အသင်း ကြိုပြင်ဆင်နေလောက်ပါပြီ။ မားကို့စ်အလွန်ဆိုကလည်း ရီးယဲလ်အသင်းမှာ ကွန်တီနဲ့ လက်တွဲဖို့ ဆန္ဒရှိနေမှာပါ။

နေမာ Neymar (PSG)

Neymar

Neymar

နေမာနဲ့ ရီးယဲလ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ပုံပြင်က ပြီးခဲ့တဲ့ရာသီကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ PSG အသင်းကလည်း သူတို့ရဲ့ အဓိက ကစားသမားကို လက်လွှတ်မခံလိုဘဲ မတန်တဆ ကြေးရမှသာ ရောင်းချမယ့်အနေအထားကြောင့် ရီးယဲလ် အခက်တွေ့နိုင်တယ်။

ဟာဇက် Hazard (ချယ်လ်ဆီး)

Hazard-and-Conte

Hazard-and-Conte

ရီးယဲလ်အသင်းအတွက် နံပါတ်(၁)ပစ်မှတ်ပါပဲ။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကတည်းက ရီးယဲလ်ကို ဟာဇက် ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး အပြောင်းအရွှေ့ မဖြစ်ခဲ့ဘူး။ ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့်ဇန်နဝါရီ ဒါမှမဟုတ် လာမယ့်နှစ်၊ နွေရာသီကျရင် ဟာဇက်ရဲ့ ရီးယဲလ်အိပ်မက်တွေက အမှန်တကယ်ဖြစ်လာဖို့ ရှိနေတယ်။

ပရိသတ်ကြီးရေ .. လက်ရှိ ရီးယဲလ်အသင်းရဲ့အနေအထားအရ ကစားသမားသစ် မဖြစ်မနေ ခေါ်ယူအားဖြည့်ရမှာပါ။ ဒီကစားသမားတွေက ရီးယဲလ်အသင်းအတွက် တကယ်လိုအပ်နေတဲ့ ကစားသမားတွေဖြစ်လို့ ကွန်တီသာ နည်းပြဖြစ်လာရင် ဘယ်သူတွေ ရီးယဲလ်ရောက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတော့တယ် . .

REF:sportskeeda
Photo:Getty Images,Boston Herald,Sportsnet,Evening Standard
Naing Linn(Akhayar)
www.akhayar.com