[Zawgyi]

မန္ယူအသင္းမွာ ေမာ္ရင္ဟို Mourinho မွားယြင္းခဲ႔တဲ႔ အေျပာင္းအေရႊ႕မ်ား

ေမာ္ရင္ဟို Mourinho သူ႔ရဲ႕ နည္းျပဘ၀မွာ ျပဳလုပ္ခဲ႔တဲ႔ အေျပာင္းအေရႊ႕ေတြဟာ ေအာင္ျမင္တဲ႔ အေျပာင္းအေရႊ႕ေတြျဖစ္ခဲ႔တာမ်ားပါတယ္။ မွားယြင္းခဲ႔တဲ႔ အေျပာင္းအေရႊ႕ေတြရိွေပမယ္႔ ရွားတယ္လို႔ပဲေျပာရမွာပါ။ ဒါေပမယ္႔ မန္ယူနည္းျပဘ၀မွာေတာ႔ ေမာ္ရင္ဟို ျပဳလုပ္ခဲ႔တဲ႔ အေျပာင္းအေရႊ႕ေတြမွာ က်႐ံႈးမွားယြင္းခဲ႔တဲ႔ အေျပာင္းအေရႊ႕ေတြကပိုမ်ားေနပါတယ္။ ဒါေၾကာင္႔ Akhayar Sports ပရိသတ္ေတြအတြက္ မန္ယူအသင္းမွာ ေမာ္ရင္ဟို မွားယြင္းခဲ႔တဲ႔ အေျပာင္းအေရႊ႕ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၄) ဖရက္ဒ္ Fred

Fred

Fred

ဖရက္ဒ္ Fred ဟာ ေျခစြမ္းေကာင္းေပမယ္႔ မန္ယူအသင္းမွာေတာ႔ ေရွ႕ကေနာင္ေတာ္ ဘရာဇီးလ္သားေတြ အတိုင္း႐ုန္းကန္ေနရပါတယ္။ ေမာ္ရင္ဟို ဟာ ဖရက္ဒ္ ကို ရရိွဖို႔ မန္စီးတီးအသင္းနဲ႔ အျပိဳင္ၾကိဳးပမ္းခဲ႔ျပီး ေအာင္ျမင္ခဲ႔ေပမယ္႔ ကစားသမားကေတာ႔ မန္ယူအသင္းမွာ ႐ုန္းကန္ေနရတာပါ။

(၃) ဘာယီ Bailly

Bailly

Bailly

ဘာယီ Bailly ဟာ မန္ယူကုိစေရာက္ခါစမွာ ေျခစြမ္းျပႏိုင္ခဲ႔ေပမယ္႔ လက္ရိွမွာေတာ႔ ပံုမွန္ေနရာေပ်ာက္ဆံုးေနပါတယ္။ ဘာယီရဲ႕ အနာဂတ္ဟာလည္း လႈပ္ခတ္မႈေတြရိွေနျပီး အသင္းေျပာင္းေရႊ႕ေတာ႔မယ္ဆိုတဲ႔ အသံေတြလည္းထြက္ေနပါတယ္။ ဘာယီရဲ႕ လက္ရိွအေနအထားဟာ နည္းျပက ေနရာမေပးလို႔ ယံုၾကည္မႈေပ်ာက္ဆံုးေနတဲ႔ ပံုမ်ိဳးျဖစ္ေနတာေၾကာင္႔ နည္းျပေမာ္ရင္ဟို မွာတာ၀န္အရိွဆံုးလို႔ပဲ ေျပာရမွာပါ။

(၂) မစ္ခီတာရန္ Mkhitaryan

Mkhitaryan

Mkhitaryan

မစ္ခီတာရန္ Mkhitaryan ဟာ ေမာ္ရင္ဟို စိတ္ၾကိဳက္ေခၚယူခဲ႔တဲ႔ ကစားသမားတစ္ဦးပါ။ အသင္းကို ေရာက္ခါစမွာ ႐ုန္းကန္ခဲ႔ရေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ ေျခစြမ္းေကာင္းေတြကိုျပသႏိုင္ခဲ႔ပါတယ္။ ဒါေပမယ္႔ ေမာ္ရင္ဟို ဟာ သူေခၚထားတဲ႔ ကစားသမားကို သူမၾကိဳက္ဘူးလို႔ပဲ ယူဆရမွာျဖစ္ျပီး မစ္ခီတာရန္ ကို ဆန္းခ်က္ဇ္ Sanchez နဲ႔လဲခဲ႔ပါတယ္။

(၁) ဆန္းခ်က္စ္ Sanchez

Sanchez

Sanchez

မန္ယူပရိသတ္ေတြ ေမွ်ာ္လင္႔ခ်က္ၾကီးၾကီးထားခဲ႔တဲ႔ ဆန္းခ်က္ဇ္ Sanchez ဟာလည္းအသင္းမွာ ထင္သေလာက္ ျဖစ္မလာခဲ႔ပါဘူး။ ဆန္းခ်က္ဇ္ ဟာ ၾကိဳးစားကစားေပမယ္႔ အရာထင္မႈအားနည္းသလို သူကြင္းအတြင္းမွာ ပံုစံေကာင္းရေနတဲ႔ပြဲေတြမွာလည္း ေမာ္ရင္ဟို ဟာ မိနစ္(၇၀)ေက်ာ္ရင္ လူစားလဲေလ႔ရိွပါတယ္။ ေနာက္တစ္ခ်က္အေနနဲ႔ ဆန္းခ်က္ဇ္ ဟာ အသင္းမွာ ကစားသမား အမ်ားစုနဲ႔ ေႏြးေထြးတဲ႔ ဆက္ဆံေရးမရရိွတာကိုလည္း ထည္႔တြက္ရမွာပါ။ လက္ရိွမွာ အေျပာင္းအေရႊ႕သတင္းေတြမ်ိဳးစံုထြက္ေနတဲ႔ ဆန္းခ်က္ဇ္ ရဲ႕ မန္ယူကစားသမားဘ၀ ႐ုန္းကန္ရမႈဟာ ဘယ္သူ႔မွာ အျပစ္ရိွသလဲဆိုတာကို ေတြးခ်င္စရာပါပဲ။ ဒါေပမယ္႔ ျပဳျပင္ဖို႔ အခ်ိန္ေတြက်န္ေနေသးတာေၾကာင္႔ ဆန္းခ်က္ဇ္ ျပန္လာႏိုင္ဦးမလားဆိုတာ စိတ္၀င္စားစရာပါ။

Ref: Sportskeeda
Photo: Evening Standard , TheWorldNews.net , The Independent , sportbrief.co.zw
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းမှာ မော်ရင်ဟို Mourinho မှားယွင်းခဲ့တဲ့ အပြောင်းအရွှေ့များ

မော်ရင်ဟို Mourinho သူ့ရဲ့ နည်းပြဘဝမှာ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေဟာ အောင်မြင်တဲ့ အပြောင်းအရွှေ့တွေဖြစ်ခဲ့တာများပါတယ်။ မှားယွင်းခဲ့တဲ့ အပြောင်းအရွှေ့တွေရှိပေမယ့် ရှားတယ်လို့ပဲပြောရမှာပါ။ ဒါပေမယ့် မန်ယူနည်းပြဘဝမှာတော့ မော်ရင်ဟို ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ကျရှုံးမှားယွင်းခဲ့တဲ့ အပြောင်းအရွှေ့တွေကပိုများနေပါတယ်။ ဒါကြောင့် Akhayar Sports ပရိသတ်တွေအတွက် မန်ယူအသင်းမှာ မော်ရင်ဟို မှားယွင်းခဲ့တဲ့ အပြောင်းအရွှေ့တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၄) ဖရက်ဒ် Fred

Fred

Fred

ဖရက်ဒ် Fred ဟာ ခြေစွမ်းကောင်းပေမယ့် မန်ယူအသင်းမှာတော့ ရှေ့ကနောင်တော် ဘရာဇီးလ်သားတွေ အတိုင်းရုန်းကန်နေရပါတယ်။ မော်ရင်ဟို ဟာ ဖရက်ဒ် ကို ရရှိဖို့ မန်စီးတီးအသင်းနဲ့ အပြိုင်ကြိုးပမ်းခဲ့ပြီး အောင်မြင်ခဲ့ပေမယ့် ကစားသမားကတော့ မန်ယူအသင်းမှာ ရုန်းကန်နေရတာပါ။

(၃) ဘာယီ Bailly

Bailly

Bailly

ဘာယီ Bailly ဟာ မန်ယူကိုစရောက်ခါစမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်နေရာပျောက်ဆုံးနေပါတယ်။ ဘာယီရဲ့ အနာဂတ်ဟာလည်း လှုပ်ခတ်မှုတွေရှိနေပြီး အသင်းပြောင်းရွှေ့တော့မယ်ဆိုတဲ့ အသံတွေလည်းထွက်နေပါတယ်။ ဘာယီရဲ့ လက်ရှိအနေအထားဟာ နည်းပြက နေရာမပေးလို့ ယုံကြည်မှုပျောက်ဆုံးနေတဲ့ ပုံမျိုးဖြစ်နေတာကြောင့် နည်းပြမော်ရင်ဟို မှာတာဝန်အရှိဆုံးလို့ပဲ ပြောရမှာပါ။

(၂) မစ်ခီတာရန် Mkhitaryan

Mkhitaryan

Mkhitaryan

မစ်ခီတာရန် Mkhitaryan ဟာ မော်ရင်ဟို စိတ်ကြိုက်ခေါ်ယူခဲ့တဲ့ ကစားသမားတစ်ဦးပါ။ အသင်းကို ရောက်ခါစမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းကောင်းတွေကိုပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟို ဟာ သူခေါ်ထားတဲ့ ကစားသမားကို သူမကြိုက်ဘူးလို့ပဲ ယူဆရမှာဖြစ်ပြီး မစ်ခီတာရန် ကို ဆန်းချက်ဇ် Sanchez နဲ့လဲခဲ့ပါတယ်။

(၁) ဆန်းချက်စ် Sanchez

Sanchez

Sanchez

မန်ယူပရိသတ်တွေ မျှော်လင့်ချက်ကြီးကြီးထားခဲ့တဲ့ ဆန်းချက်ဇ် Sanchez ဟာလည်းအသင်းမှာ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဆန်းချက်ဇ် ဟာ ကြိုးစားကစားပေမယ့် အရာထင်မှုအားနည်းသလို သူကွင်းအတွင်းမှာ ပုံစံကောင်းရနေတဲ့ပွဲတွေမှာလည်း မော်ရင်ဟို ဟာ မိနစ်(၇၀)ကျော်ရင် လူစားလဲလေ့ရှိပါတယ်။ နောက်တစ်ချက်အနေနဲ့ ဆန်းချက်ဇ် ဟာ အသင်းမှာ ကစားသမား အများစုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမရရှိတာကိုလည်း ထည့်တွက်ရမှာပါ။ လက်ရှိမှာ အပြောင်းအရွှေ့သတင်းတွေမျိုးစုံထွက်နေတဲ့ ဆန်းချက်ဇ် ရဲ့ မန်ယူကစားသမားဘ၀ ရုန်းကန်ရမှုဟာ ဘယ်သူ့မှာ အပြစ်ရှိသလဲဆိုတာကို တွေးချင်စရာပါပဲ။ ဒါပေမယ့် ပြုပြင်ဖို့ အချိန်တွေကျန်နေသေးတာကြောင့် ဆန်းချက်ဇ် ပြန်လာနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။

Ref: Sportskeeda
Photo: Evening Standard , TheWorldNews.net , The Independent , sportbrief.co.zw
Ko Kyue(Akhayar)
www.akhayar.com