[Zawgyi]

ဇန္န၀ါရီမွာ မန္ယူအသင္းေခၚယူဖို႔ ပစ္မွတ္ထားေနတဲ႔ ကစားသမားမ်ား

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ဟာ ေငြေၾကးအသံုးအစြဲၾကမ္းတဲ႔ နည္းျပဆိုတာ အားလံုးအသိပါ။ ေမာ္ရင္ဟို ဟာ ၂၀၁၆ ခုႏွစ္ကစၿပီး အခုအခ်ိန္အထိ ကစားသမားအေျပာင္းအေရႊ႕အတြက္သုံးစဲြခဲ့တဲ့ ေငြေၾကးက ေပါင္သန္း(၄၀၀)ေက်ာ္ရွိပါတယ္။ ျပီးခဲ႔တဲ႔ အေျပာင္းအေရႊ႕ကာလမွာ မန္ယူအသင္းဟာ ေမာ္ရင္ဟို ပစ္မွတ္ထားခဲ႔တဲ႔ ကစားသမားေတြကို မေခၚေပးႏိုင္ခဲ႔တာေၾကာင္႔ အသင္းရလဒ္ဆိုးရြားတဲ႔ပြဲေတြမွာ ေမာ္ရင္ဟို ဟာ ဒီအခ်က္ကို ေထာက္ျပေလ႔ရိွပါတယ္။ လက္ရိွမွာေတာ႔ မန္ယူအသင္းဟာ ေမာ္ရင္ဟို ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ကစားသစ္ေခၚယူဖို႔ အေျပာင္းအေရႊ႕စရိတ္လံုေလာက္စြာေပးမယ္ဆိုတဲ႔ အေျခအေနေတြရိွေနခဲ႔ပါျပီ။ ေမာ္ရင္ဟို ဟာလည္း သူ႔ရဲ႕ထံုးစံအတိုင္းေခၚယူဖို႔ ပစ္မွတ္ထားေနတဲ႔ ကစားသမားေတြရိွေနျပီး Akhayar Sports ပရိသတ္ေတြအတြက္ ဒီကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၄) အာေနာ္တိုဗစ္ Arnautovic

Arnautovic

Arnautovic

၀က္စ္ဟမ္းအသင္းရဲ႕ တိုက္စစ္ကစားသမား အာေနာ္တိုဗစ္ Arnautovic ဟာ ေမာ္ရင္ဟို ကာလရွည္ပစ္မွတ္ထားလာတဲ႔ ကစားသမားတစ္ဦးပါ။ အသင္းမွာ လူကာကူ Lukaku ၊ ဆန္းခ်က္ဇ္ Sanchez တို႔ ႐ုန္းကန္ေနရတာေၾကာင္႔ ေမာ္ရင္ဟို ဟာ အာေနာ္တိုဗစ္ ကို အခုခ်ိန္ထိ ပစ္မွတ္ထားေနရတာဆိုလည္း မမွားပါဘူး။ ၀က္စ္ဟမ္းအသင္းနည္းျပ ပယ္လီဂရီနီ Pellegrini ကေတာ႔ အာေနာ္တိုဗစ္ ဟာ အသင္းမွာ ေပ်ာ္ရႊင္ေနပါတယ္လို႔ ေျပာၾကားထားေပမယ္႔ ကစားသမားအေျပာင္းအေရႊ႕ဆိုတာ ဘာမွၾကိဳေျပာလို႔မရတာေၾကာင္႔ ဆက္ျပီးေစာင္႔ၾကည္႔သြားရဦးမွာပါ။

(၃) အယ္လ္ဒါ၀ီရယ္လ္ Alderweireld

Alderweireld

Alderweireld

စပါးအသင္းရဲ႕ ေနာက္ခံလူ အယ္လ္ဒါ၀ီရယ္လ္ Alderweireld ဟာ ေမာ္ရင္ဟို ကာလရွည္ပစ္မွတ္ထားေနတဲ႔ ကစားသမားတစ္ဦးပါပဲ။ ျပီးခဲ႔တဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ မန္ယူအသင္းကို အယ္လ္ဒါ၀ီရယ္လ္ ဟာ ေရာက္ရိွဖို႔နီးစပ္ခဲ႔ေပမယ္႔ စပါးအသင္းရဲ႕ မတန္တဆေစ်းေၾကာင္႔သာ အေျပာင္းအေရႊ႕ကျဖစ္မလာခဲ႔တာပါ။ အယ္လ္ဒါ၀ီရယ္လ္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ဒီႏွစ္ေဘာလံုးရာသီကုန္မွာ ကုန္ဆံုးမွာျဖစ္တာေၾကာင္႔ မန္ယူအသင္းအေနနဲ႔ လက္ရိွမွာ အယ္လ္ဒါ၀ီရယ္လ္ ကိုေခၚယူမယ္ဆိုရင္ ပံုမွန္ထက္ေလ်ာ႔နည္းတဲ႔ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွာျဖစ္ပါတယ္။

(၂) ကာေဟးလ္ Cahill

Cahill

Cahill

ေမာ္ရင္ဟိုနဲ႔ ခ်ယ္လ္ဆီးအသင္းမွာတုန္းက အတြဲညီခဲ႔တဲ႔ ေနာက္ခံလူ ကာေဟးလ္ Cahill ဟာလည္း ဒီစာရင္းမွာပါ၀င္ေနပါတယ္။ ဒါေပမယ္႔ ကာေဟးလ္ ဟာ အသက္(၃၂)ႏွစ္အရြယ္ရိွေနျပီျဖစ္တာေၾကာင္႔ မန္ယူအသင္းကိုေရာက္လာဖို႔ကေတာ႔ ရာခိုင္ႏႈန္းနည္းပါတယ္။

(၁) ကူလီဘလီ Koulibaly

Koulibaly

Koulibaly

နာပိုလီေနာက္ခံလူ ကူလီဘလီ Koulibaly ဟာ ေမာ္ရင္ဟိုရဲ႕ ထိပ္တန္းပစ္မွတ္ကစားသမားပဲျဖစ္ပါတယ္။ ေမာ္ရင္ဟို ဟာလည္း ကူလီဘလီ ကို ေနာက္ခံလူ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူမယ္ဆိုတဲ႔ သတင္းေတြေၾကာင္႔လည္း အေနအထားေတြဟာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။ မန္ယူအသင္းအေနနဲ႔လည္း ဒီတစ္ခါမွာေတာ႔ ေမာ္ရင္ဟိုရဲ႕ ဆႏၵကို ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ေပးႏိုင္မလားဆိုတာကို ေစာင္႔ၾကည္႔သြားရပါလိမ္႔မယ္။

Ref: Sportskeeda
Photo: The Boot Room , Evening Standard , Hoy Los Ángeles
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဇန်နဝါရီမှာ မန်ယူအသင်းခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားများ

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ ငွေကြေးအသုံးအစွဲကြမ်းတဲ့ နည်းပြဆိုတာ အားလုံးအသိပါ။ မော်ရင်ဟို ဟာ ၂၀၁၆ ခုနှစ်ကစပြီး အခုအချိန်အထိ ကစားသမားအပြောင်းအရွှေ့အတွက်သုံးစွဲခဲ့တဲ့ ငွေကြေးက ပေါင်သန်း(၄၀၀)ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းဟာ မော်ရင်ဟို ပစ်မှတ်ထားခဲ့တဲ့ ကစားသမားတွေကို မခေါ်ပေးနိုင်ခဲ့တာကြောင့် အသင်းရလဒ်ဆိုးရွားတဲ့ပွဲတွေမှာ မော်ရင်ဟို ဟာ ဒီအချက်ကို ထောက်ပြလေ့ရှိပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ မော်ရင်ဟို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသစ်ခေါ်ယူဖို့ အပြောင်းအရွှေ့စရိတ်လုံလောက်စွာပေးမယ်ဆိုတဲ့ အခြေအနေတွေရှိနေခဲ့ပါပြီ။ မော်ရင်ဟို ဟာလည်း သူ့ရဲ့ထုံးစံအတိုင်းခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေရှိနေပြီး Akhayar Sports ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၄) အာနော်တိုဗစ် Arnautovic

Arnautovic

Arnautovic

ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်ကစားသမား အာနော်တိုဗစ် Arnautovic ဟာ မော်ရင်ဟို ကာလရှည်ပစ်မှတ်ထားလာတဲ့ ကစားသမားတစ်ဦးပါ။ အသင်းမှာ လူကာကူ Lukaku ၊ ဆန်းချက်ဇ် Sanchez တို့ ရုန်းကန်နေရတာကြောင့် မော်ရင်ဟို ဟာ အာနော်တိုဗစ် ကို အခုချိန်ထိ ပစ်မှတ်ထားနေရတာဆိုလည်း မမှားပါဘူး။ ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ Pellegrini ကတော့ အာနော်တိုဗစ် ဟာ အသင်းမှာ ပျော်ရွှင်နေပါတယ်လို့ ပြောကြားထားပေမယ့် ကစားသမားအပြောင်းအရွှေ့ဆိုတာ ဘာမှကြိုပြောလို့မရတာကြောင့် ဆက်ပြီးစောင့်ကြည့်သွားရဦးမှာပါ။

(၃) အယ်လ်ဒါဝီရယ်လ် Alderweireld

Alderweireld

Alderweireld

စပါးအသင်းရဲ့ နောက်ခံလူ အယ်လ်ဒါဝီရယ်လ် Alderweireld ဟာ မော်ရင်ဟို ကာလရှည်ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ဦးပါပဲ။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းကို အယ်လ်ဒါဝီရယ်လ် ဟာ ရောက်ရှိဖို့နီးစပ်ခဲ့ပေမယ့် စပါးအသင်းရဲ့ မတန်တဆဈေးကြောင့်သာ အပြောင်းအရွှေ့ကဖြစ်မလာခဲ့တာပါ။ အယ်လ်ဒါဝီရယ်လ်ရဲ့ စာချုပ်သက်တမ်းဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့ လက်ရှိမှာ အယ်လ်ဒါဝီရယ်လ် ကိုခေါ်ယူမယ်ဆိုရင် ပုံမှန်ထက်လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

(၂) ကာဟေးလ် Cahill

Cahill

Cahill

မော်ရင်ဟိုနဲ့ ချယ်လ်ဆီးအသင်းမှာတုန်းက အတွဲညီခဲ့တဲ့ နောက်ခံလူ ကာဟေးလ် Cahill ဟာလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ ဒါပေမယ့် ကာဟေးလ် ဟာ အသက်(၃၂)နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် မန်ယူအသင်းကိုရောက်လာဖို့ကတော့ ရာခိုင်နှုန်းနည်းပါတယ်။

(၁) ကူလီဘလီ Koulibaly

Koulibaly

Koulibaly

နာပိုလီနောက်ခံလူ ကူလီဘလီ Koulibaly ဟာ မော်ရင်ဟိုရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားပဲဖြစ်ပါတယ်။ မော်ရင်ဟို ဟာလည်း ကူလီဘလီ ကို နောက်ခံလူ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း အနေအထားတွေဟာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ မန်ယူအသင်းအနေနဲ့လည်း ဒီတစ်ခါမှာတော့ မော်ရင်ဟိုရဲ့ ဆန္ဒကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးနိုင်မလားဆိုတာကို စောင့်ကြည့်သွားရပါလိမ့်မယ်။

Ref: Sportskeeda
Photo: The Boot Room , Evening Standard , Hoy Los Ángeles
Ko Kyue(Akhayar)
www.akhayar.com