[Zawgyi]

ဖုန္းကို အႏၱရာယ္မ်ားတဲ႔ ဒီ္လိုေနရာေတြမွာ ထားမိေနတုန္းပဲလား

ဒီေန႔ေခတ္ႀကီးထဲမွာ ဖုန္းကို လူႀကီး၊ လူငယ္မေရြး လက္ကမခ်တမ္းကိုင္ေနၾကတာ ေတြ႔ရမွာပါ။ ဘယ္ေလာက္ထိေတာင္ စဲြစဲြလန္းလန္း အသံုးျပဳေနၾကသလဲဆိုေတာ့ အိမ္သာသြားရင္ေတာင္ ဖုန္းကို ခ်စ္သူလိုမ်ဳိး မခဲြႏိုင္ မခြာရက္္္ျဖစ္ၿပီး အိမ္သာထဲအထိေတာင္ ယူေဆာင္ၿပီး အသံုးျပဳေနတာေတြ႔ရပါတယ္။ အဲေလာက္ထိေတာင္ တမ္းတမ္းစဲြျဖစ္ေနတဲ႔ဖုန္းကို ယူခ်င္တဲ႔ေနရာကေနယူၿပီး ထားခ်င္တဲ႔ေနရာမွာ ထားတာမ်ဳိးေတြလည္းရွိသလို အမႈမဲ့အမွတ္မဲ႔ မထားသင္႔တဲ႔ေနရာေတြမွာ ေမ့ေလ်ာ့ၿပီး ထားတာကိုလည္းေတြ႔ရပါတယ္။ မထားသင္႔တဲ႔ေနရာ၊ မသိမ္းသင္႔တဲ႔ေနရာေတြမွာ ေမ့ေလ်ာၿပီး ထားမိသိမ္းမိလို႔ က်န္းမာေရး ဆိုးရြားစြာ ထိခုိက္ေစႏိုင္တာကို ေတြ႔ရွိရတဲ႔အတြက္ ဒီလိုေနရာေတြမွာ မထားမိ၊ မသိမ္းမိေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အိတ္ကပ္

လူေတြက အိတ္ကပ္ထဲမွာ ဖုန္းကိုထည့္ထားရင္ အလြယ္တကူယူၿပီး ထုတ္သံုးလို႔ရတဲ႔အတြက္ အျမဲလိုလို ထည့္ထားတတ္ၾကပါတယ္။ အိတ္ကပ္ထဲမွာ ထည့္ထားလို႔ အလြယ္တကူ ထုတ္သံုးလို႔ရတာမွန္ေပမယ့္လည္း အဆုိးဆံုး သိမ္းဆည္္းမိတဲ႔ ေနရာျဖစ္တယ္ဆိုတာကိုလည္း သတိျပဳသင့္ပါတယ္။ ဘာေၾကာင့္ အဆုိးဆံုး သိမ္းဆည္းတဲ႔ ေနရာျဖစ္ရတာလဲဆိုေတာ့ ဖုန္းက Wireless Netwok နဲ႔ ခ်ိတ္ဆက္ထားတဲ႔အတြက္ အိတ္ကပ္ထဲမွာ ထည္႔လိုက္တဲ႔အခါ ပိုက္ဆံအိတ္ထဲမွာ ထည့္ထားတာထက္ ဓာတ္ေရာင္ျခည္ေတြ ပိုမိုထြက္ရွိတဲ့အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ ဖုန္းကို အိတ္ကပ္ထဲမွာ အျမဲလိုလို ထည္႔ထားရင္ အခ်ိန္ၾကာလာတဲ႔အခါ ဖုန္းကထြက္ရွိလာတဲ႔ ဓာတ္ေရာင္ျခည္ေတြေၾကာင္႔ အသားပိုေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါဓာတ္ေရာင္ျခည္က DNA ေျပာင္းလဲမႈကိုျဖစ္ေစတဲ႔အတြက္ အဖိုမ်ဳိးေအာင္မႈႏႈန္းကို ထိခိုက္လာႏိုင္ပါတယ္။ ကမာၻ႔က်န္းမာေရးနဲ႔ ႏိုင္ငံတကာ ကင္ဆာသုေတသန ေလ့လာေရးအဖဲြ႕အစည္းက ရွာေဖြ႔ေတြ႔ရွိခဲ႔တာကေတာ့ ဖုန္းကထြက္တဲ႔ ဓာတ္ေရာင္ျခည္ေၾကာင့္ ကင္ဆာျဖစ္ပြားေစႏိုင္တာပဲ ျဖစ္ပါတယ္။

In Pocket

In Pocket

(၂) အိပ္ရာထဲ(သို႔) ေခါင္းအံုးေအာက္ထားျခင္း

ဖုန္းကိုခ်စ္သူလို႔ မခဲြႏိုင္မခြာရက္ျဖစ္လို႔ အိမ္သာထဲ ယူသြားသလိုမ်ဳိး အိပ္ရာထဲလည္း ယူေဆာင္ သြားတတ္ၾကပါတယ္။ အဲဒီလို ယူေဆာင္သြားတာက မေကာင္းတဲ႔ အျပဳအမူပါပဲ။ ဖုန္းကို အိပ္ရာထဲယူေဆာင္သြားလုိ႔ မေတာ္တဆ ေခါင္းအံုေအာက္ ေရာက္သြားရင္ ဖုန္းကထြက္ရွိတဲ႔ ဓာတ္ေရာင္ျခည္က ဦးေခါင္းကို ထိခိုက္ေစႏိုင္ပါတယ္။ ဖုန္းက ထြက္ရွိတဲ႔ ဓာတ္ေရာင္ျခည္ဟာ Microwave က ထြက္ရွိတဲ႔ ဓာတ္ေရာင္ျခည္နဲ႔ ပမာဏ အတူတူနီးပါးရွိပါတယ္။ ဒါေၾကာင့္မို႔ အေမရိကန္ ကင္ဆာအဖဲြ႕အစည္းက ဖုန္းအသံုးျပဳမႈနဲ႔ အိပ္ရာထဲ ယူေဆာင္ထားမႈေၾကာင္႔ ဦးေႏွာက္ကင္ဆာျဖစ္လာမွာကို စိုးရိမ္ပူပန္ေနၾကပါတယ္။ ဒါ့အျပင္ ဖုန္းမ်က္ႏွာျပင္ကထြက္ရွိတဲ့ LED အလင္းေရာင္ေလးက Melatonin ထြက္ရွိမႈႏႈန္းနဲ႔ ဇီဝနာရီလို႔ေခၚတဲ႔ Circadian Rhythms ကို အေႏွာင္႔အယွက္ျဖစ္ေစၿပီး အိပ္ေရးပ်က္တာ၊ ေန႔နဲ႔ည လဲြမွားတာေတြ ျဖစ္လာႏုိင္တာကိုလည္း ေတြ႔ရပါတယ္။

In your bed or under your pillow

In your bed or under your pillow

(၃) အားသြင္းၿပီးထားျခင္း

Pcmag.Com ရဲ႕အဆိုအရ အားအျပည့္ျဖစ္ေအာင္ ဖုန္းကို အားသြင္းၿပီး ထားျခင္းက ဖုန္းရဲ႕ဘက္ထရီကိုလည္း ထိခိုက္ေစႏိုင္သလို အားသြင္းထားတဲ႔ အရွိန္ေၾကာင္႔ ဖုန္းက ပူလာၿပီး အခန္႔မသင့္ရင္ ေပါက္ကဲြေစႏိုင္ပါတယ္။ ေပါက္ကဲြမႈ ျဖစ္လို႔ ဖုန္းပ်က္စီးသြားတာက ျပႆနာမဟုတ္ေသာ္လည္း မေတာ္တဆ လူပါထိခိုက္မိရင္ တန္ဖိုးထက္လက္ခမ်ားတယ္ဆိုသလိုမ်ဳိး အႏၱရာယ္မ်ားလွပါတယ္။

Plugged In

Plugged In

(၄) မ်က္ႏွာနဲ႔ နီးကပ္စြာထားျခင္း

ဖုန္းကို မ်က္္ႏွာနဲ႔ နီးကပ္စြာထားၿပီး အသံုးျပဳျခင္းက ဘာနဲ႔တူလဲဆိုရင္ ဖုန္းေပၚရွိ ဘတ္တီးရီးယားေတြကို မ်က္ႏွာဆီသို႔ လဲြေျပာင္းေပးလိုက္တာနဲ႔ တူညီပါတယ္။အဲဒီလုိ လဲြေျပာင္းေပးလိုက္တဲ႔အခါ ဝက္ျခံ ထြက္လာျခင္း၊အသားအေရေရာင္ရမ္းနီျမန္းလာျခင္းနဲ႔ အေရးအေၾကာင္းေတြပါ ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ဖုန္းေျပာၿပီး အသားအေရျပႆနာ ဝယ္ယူျခင္းမျဖစ္ေစဖို႔အတြက္ဆုိ မ်က္ႏွာနဲ႔ ကပ္ၿပီးေျပာမယ့္အစား နားၾကပ္နဲ႔ တပ္ၿပီးေျပာတဲ႔ အေလ့အက်င့္ျဖစ္ေအာင္ ႀကိဳးစားၿပီး ျပဳလုပ္ထားသင့္ပါတယ္။

Close to your face

Close to your face

H.H(Akhayar)

www.akhayar.com

[Unicode]

ဖုန်းကို အန္တရာယ်များတဲ့ ဒီ်လိုနေရာတွေမှာ ထားမိနေတုန်းပဲလား

ဒီနေ့ခေတ်ကြီးထဲမှာ ဖုန်းကို လူကြီး၊ လူငယ်မရွေး လက်ကမချတမ်းကိုင်နေကြတာ တွေ့ရမှာပါ။ ဘယ်လောက်ထိတောင် စွဲစွဲလန်းလန်း အသုံးပြုနေကြသလဲဆိုတော့ အိမ်သာသွားရင်တောင် ဖုန်းကို ချစ်သူလိုမျိုး မခွဲနိုင် မခွာရက်ဖြစ်ပြီး အိမ်သာထဲအထိတောင် ယူဆောင်ပြီး အသုံးပြုနေတာတွေ့ရပါတယ်။ အဲလောက်ထိတောင် တမ်းတမ်းစွဲဖြစ်နေတဲ့ဖုန်းကို ယူချင်တဲ့နေရာကနေယူပြီး ထားချင်တဲ့နေရာမှာ ထားတာမျိုးတွေလည်းရှိသလို အမှုမဲ့အမှတ်မဲ့ မထားသင့်တဲ့နေရာတွေမှာ မေ့လျော့ပြီး ထားတာကိုလည်းတွေ့ရပါတယ်။ မထားသင့်တဲ့နေရာ၊ မသိမ်းသင့်တဲ့နေရာတွေမှာ မေ့လျောပြီး ထားမိသိမ်းမိလို့ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်စေနိုင်တာကို တွေ့ရှိရတဲ့အတွက် ဒီလိုနေရာတွေမှာ မထားမိ၊ မသိမ်းမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အိတ်ကပ်

လူတွေက အိတ်ကပ်ထဲမှာ ဖုန်းကိုထည့်ထားရင် အလွယ်တကူယူပြီး ထုတ်သုံးလို့ရတဲ့အတွက် အမြဲလိုလို ထည့်ထားတတ်ကြပါတယ်။ အိတ်ကပ်ထဲမှာ ထည့်ထားလို့ အလွယ်တကူ ထုတ်သုံးလို့ရတာမှန်ပေမယ့်လည်း အဆိုးဆုံး သိမ်းဆည်းမိတဲ့ နေရာဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ဘာကြောင့် အဆိုးဆုံး သိမ်းဆည်းတဲ့ နေရာဖြစ်ရတာလဲဆိုတော့ ဖုန်းက Wireless Netwok နဲ့ ချိတ်ဆက်ထားတဲ့အတွက် အိတ်ကပ်ထဲမှာ ထည့်လိုက်တဲ့အခါ ပိုက်ဆံအိတ်ထဲမှာ ထည့်ထားတာထက် ဓာတ်ရောင်ခြည်တွေ ပိုမိုထွက်ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဖုန်းကို အိတ်ကပ်ထဲမှာ အမြဲလိုလို ထည့်ထားရင် အချိန်ကြာလာတဲ့အခါ ဖုန်းကထွက်ရှိလာတဲ့ ဓာတ်ရောင်ခြည်တွေကြောင့် အသားပိုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါဓာတ်ရောင်ခြည်က DNA ပြောင်းလဲမှုကိုဖြစ်စေတဲ့အတွက် အဖိုမျိုးအောင်မှုနှုန်းကို ထိခိုက်လာနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးနဲ့ နိုင်ငံတကာ ကင်ဆာသုတေသန လေ့လာရေးအဖွဲ့အစည်းက ရှာဖွေ့တွေ့ရှိခဲ့တာကတော့ ဖုန်းကထွက်တဲ့ ဓာတ်ရောင်ခြည်ကြောင့် ကင်ဆာဖြစ်ပွားစေနိုင်တာပဲ ဖြစ်ပါတယ်။

In Pocket

In Pocket

(၂) အိပ်ရာထဲ(သို့) ခေါင်းအုံးအောက်ထားခြင်း

ဖုန်းကိုချစ်သူလို့ မခွဲနိုင်မခွာရက်ဖြစ်လို့ အိမ်သာထဲ ယူသွားသလိုမျိုး အိပ်ရာထဲလည်း ယူဆောင် သွားတတ်ကြပါတယ်။ အဲဒီလို ယူဆောင်သွားတာက မကောင်းတဲ့ အပြုအမူပါပဲ။ ဖုန်းကို အိပ်ရာထဲယူဆောင်သွားလို့ မတော်တဆ ခေါင်းအုံအောက် ရောက်သွားရင် ဖုန်းကထွက်ရှိတဲ့ ဓာတ်ရောင်ခြည်က ဦးခေါင်းကို ထိခိုက်စေနိုင်ပါတယ်။ ဖုန်းက ထွက်ရှိတဲ့ ဓာတ်ရောင်ခြည်ဟာ Microwave က ထွက်ရှိတဲ့ ဓာတ်ရောင်ခြည်နဲ့ ပမာဏ အတူတူနီးပါးရှိပါတယ်။ ဒါကြောင့်မို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဖုန်းအသုံးပြုမှုနဲ့ အိပ်ရာထဲ ယူဆောင်ထားမှုကြောင့် ဦးနှောက်ကင်ဆာဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ဒါ့အပြင် ဖုန်းမျက်နှာပြင်ကထွက်ရှိတဲ့ LED အလင်းရောင်လေးက Melatonin ထွက်ရှိမှုနှုန်းနဲ့ ဇီဝနာရီလို့ခေါ်တဲ့ Circadian Rhythms ကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်ရေးပျက်တာ၊ နေ့နဲ့ည လွဲမှားတာတွေ ဖြစ်လာနိုင်တာကိုလည်း တွေ့ရပါတယ်။

In your bed or under your pillow

In your bed or under your pillow

(၃) အားသွင်းပြီးထားခြင်း

Pcmag.Com ရဲ့အဆိုအရ အားအပြည့်ဖြစ်အောင် ဖုန်းကို အားသွင်းပြီး ထားခြင်းက ဖုန်းရဲ့ဘက်ထရီကိုလည်း ထိခိုက်စေနိုင်သလို အားသွင်းထားတဲ့ အရှိန်ကြောင့် ဖုန်းက ပူလာပြီး အခန့်မသင့်ရင် ပေါက်ကွဲစေနိုင်ပါတယ်။ ပေါက်ကွဲမှု ဖြစ်လို့ ဖုန်းပျက်စီးသွားတာက ပြဿနာမဟုတ်သော်လည်း မတော်တဆ လူပါထိခိုက်မိရင် တန်ဖိုးထက်လက်ခများတယ်ဆိုသလိုမျိုး အန္တရာယ်များလှပါတယ်။

Plugged In

Plugged In

(၄) မျက်နှာနဲ့ နီးကပ်စွာထားခြင်း

ဖုန်းကို မျက်နှာနဲ့ နီးကပ်စွာထားပြီး အသုံးပြုခြင်းက ဘာနဲ့တူလဲဆိုရင် ဖုန်းပေါ်ရှိ ဘတ်တီးရီးယားတွေကို မျက်နှာဆီသို့ လွဲပြောင်းပေးလိုက်တာနဲ့ တူညီပါတယ်။အဲဒီလို လွဲပြောင်းပေးလိုက်တဲ့အခါ ဝက်ခြံ ထွက်လာခြင်း၊အသားအရေရောင်ရမ်းနီမြန်းလာခြင်းနဲ့ အရေးအကြောင်းတွေပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဖုန်းပြောပြီး အသားအရေပြဿနာ ဝယ်ယူခြင်းမဖြစ်စေဖို့အတွက်ဆို မျက်နှာနဲ့ ကပ်ပြီးပြောမယ့်အစား နားကြပ်နဲ့ တပ်ပြီးပြောတဲ့ အလေ့အကျင့်ဖြစ်အောင် ကြိုးစားပြီး ပြုလုပ်ထားသင့်ပါတယ်။

Close to your face

Close to your face

H.H(Akhayar)

www.akhayar.com