[Zawgyi]

အမ်ိဳးသမီးမ်ားအတြက္ စိတ္ခြန္အားေတြရရွိေစနိုင္မယ့္ အိႏိၵယဇာတ္ကား၄ကား

မိန္းကေလးေတြ အတြက္စိတ္ခြန္အားေတြကိုရရွိေစနိုင္မယ့္ အိႏိၵယဇာတ္ကား ၄ ကားကိုေဖာ္ျပေပးလိုက္ပါတယ္။ ဇာတ္ကားတစ္ခုစီအလိုက္ေပးခ်င္တဲ့ ဘဝသင္ခန္းစားေတြအရမ္းေကာင္းတာမို႔ ရံုးပိတ္ရက္လိုအားလပ္ရက္ေတြမွာ ၾကည့္သင့္တဲ့ဇာတ္ကားေတြလည္းျဖစ္ပါတယ္။ မိန္းကေလးေတြမွာ ကိုယ္ပိုင္အရည္ခ်င္းေတြတစ္ေယာက္တစ္မ်ိဳးရွိတက္ေပမယ့္လည္း ဒီလိုအရာေတြဟာ တိမ္ျမဳပ္ေနတက္ပါတယ္။ ဒါေတြကိုေဖာ္ေဆာင္ဖို႔အတြက္ က ပတ္ဝန္းက်င္ရဲ ႔တြန္းအားတစ္ခုလို သလိုအခက္အခဲေတြေတြ႔လာမွ ေပၚလာတက္တာေတြျဖစ္တဲ့ အတြက္ ဒီလိုဇာတ္ကားေတြကိုၾကည့္ျခင္းအားျဖင့္ ကိုယ့္ရဲ ႔ ကိုယ္ပိုင္အရည္အခ်င္းေတြကို ဘယ္လိုေတြ အသံုးခ်သင့္သလဲ ဆိုတာကိုေလ့လာေတြ႔ရွိနိုင္ပါတယ္။ ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ မင္းသမီးႀကီးသွ်ရီေဒဝီ ရဲ ႔ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဇာတ္ကားနွစ္ကားပါဝင္ပါတယ္။

Secrect Superstar (2017)

ဒီဇာတ္ကားကေတာ့ သီခ်င္းဆိုတာကိုဝါသနာပါတဲ့ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ မိခင္ကသမီးျဖစ္သူရဲ ႔ ဝါသနာကိုအားေပးေသာ္လည္း ဖခင္ျဖစ္သူကမိန္းကေလးအရြယ္ေရာက္ရင္ ပညာတက္စရာလည္း မလိုဘူး ပိုက္ဆံရွာစရာလည္း မလိုဘူး ဘာဝါသနာကိုမွလည္း အားေပးစရာမလိုဘူး ေယာက္က်ားေပးစားလိုက္ရင္ ၿပီးေရာဆိုတဲ့ စိတ္ထားမ်ိဳးနဲ႔ သမီးျဖစ္သူကို ဆက္ဆံေျပာဆိုလာတဲ့ အခါ သူတို႔ ရဲ႕မိသားစုသံုးေယာက္ၾကားျပႆနာေတြကဘယ္လိုေတြျဖစ္လာမွာလဲ ? သီခ်င္းဆိုတာကိုဝါသပါတဲ့ ဆယ္ေကာ်္သက္ေကာင္မေလးကေရာ ဖခင္လုပ္သူတားျမစ္ေနတဲ့ ၾကားကေနသူ႔ရဲ ႔ဝါသနာေတြကိုဘယ္လိုအေကာင္အထည္ေဖာ္သြားမလဲ ဆိုတာ စိတ္ဝင္စားစရာပါ။ ဒါေၾကာင့္ ဒီဇာတ္ကားေလးကိုၾကည့္ရႈရင္း စိတ္ခြန္အားတစ္ခု ကိုရရွိၾကလိမ့္မယ္လို႔ထင္ပါတယ္။

Dangal (2016)

ဖခင္ျဖစ္တဲ့သူက နပန္းသမားျဖစ္ခဲ့ဖူးတဲ့ အတြက္တေန႔က်လို႔သားေတြေမြးလာတဲ့ အခါမွာသူကိုယ္တိုင္ကေလးေတြကို နပန္းသင္ေပးၿပီးေတာ့ နိုင္ငံဂုဏ္ေဆာင္နိုင္တဲ့ ကေလးေတြျဖစ္ေအာင္သင္ၾကားေပမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ မိန္းမ.ူၿပီးကတည္းက ကေလးေတြတစ္ေယာက္ၿပီးတစ္ေယာက္ေမြးလာလိုက္တာ မိန္းကေလးေတြခ်ည္းပဲ သားေယာက္က်ားေလးမပါတဲ့ အတြက္စိတ္ဓါတ္ေတြက်လာတဲ့ ဖခင္တစ္ဦး အျဖစ္ မင္းသားအမရာခမ္း ကပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။

တေန႔မွာေတာ့ေမြးထားတဲ့ သမီးေတြထဲ ကနွစ္ေယာက္က ေက်ာင္းမွာ သူငယ္ခ်င္းေယာက္က်ားေလးေတြကစၾကလို႔ ပညာျပန္ေပးလိုက္တာ ေယာက္က်ားေလးမိဘေတြကသူတို႔သားေတြဒါဏ္ရာေတြရကုန္ၾကတဲ့ အတြက္ ဖခင္ျဖစ္သူ ကိုလာတိုင္ၾကေတာ့ ဖခင္ျဖစ္သူက ဘယ္လိုေတြ သေဘာက်ၿပီးသမီးမိန္းကေလးေတြကို ဘာေတြသင္ေပးေတာ့မလဲ ဆိုတာစိတ္ဝင္စားၾကမယ္လို႔ထင္ပါတယ္။ သားမေမြးထားေပမယ့္လည္း အေဖေသြားပါတဲ့ သမီးေတြကို နပန္းပညာေတြသင္ေပးမွာလားဆိုတာကို စိတ္ဝင္စားသူေတြဒီဇာတ္ကားေလးကိုၾကည့္သင့္ပါတယ္။ မိန္းကေလးေတြျဖစ္တဲ့ သမီးေတြကေရာ ဖခင္ရဲ ႔သင္ၾကားမႈေတြကို လိုက္နာနိုင္ၾကပါ့မလား ။ နိုင္ငံဂုဏ္ေဆာင္ဖို႔ အတြက္ေရာျဖစ္နုိင္ပါ့မလားဆိုတာ။

English Vinglish (2012)

ဒီဇာတ္ကားကေတာ့ကြယ္လြန္သြားၿပီျဖစ္တဲ့  မင္းသမီးႀကီးသွ်ရီေဒဝီ ရဲ ႔ ဇာတ္ကားပဲျဖစ္ပါတယ္။ ဇာတ္ကားထဲမွာ အိမ္ေထာင္ရွင္အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ တစ္ေန႔တစ္ေန႔ အိမ္ေထာင္တာဝန္ေတြကိုပဲ ထမ္းေဆာင္ေနတဲ့ အခါ ကိုယ့္အတြက္အခ်ိန္ေတာင္မေပးနိုင္လို႔ အဂၤလိပ္စကားကိုေကာင္းေကာင္းမေျပာတက္ေတာ့ ပိုက္ဆံရွာနိုင္တဲ့ လင္ေယာက္က်ား ကနွိမ္သလို နိုင္ငံျခားေက်ာင္းတက္ေနၾကတဲ့ သမီးကပါနွိမ္လာတဲ့ အတြက္ အဂၤလိပ္စကားကိုလင္ေယာက္က်ားမသိေအာင္ ခိုးၿပီးေတာ့ သင္ယူတဲ့ အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကို ရိုက္ကူးထားတဲ့ ဇာတ္ကားပဲျဖစ္ပါတယ္။

Mom (2017)

ဒီဇာတ္ကားကေတာ့ မိခင္စိတ္ဓါတ္အျပည့္ရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကို ရိုက္ကူးထားတာျဖစ္ပါတယ္။ လင္ပါသမီးေလးကို ေစာ္ကားသြားတဲ့ ေယာက္က်ားေတြကို ရဲကသက္ေသမရွိလို႔ ျပန္လႊတ္လိုက္ေပမယ့္လည္း ဒီအမႈတစ္ခုလံုးကို မိန္းမသားတစ္ေယာက္အေနနဲ႔ ဘယ္လိုေတြေျဖရွင္းသြားမွာလဲ …

ရန္သူေတြဟာ ရဲလက္ကေနလြတ္ေပမယ့္ လည္း သူ႔ရဲ႕သမီးျဖစ္သူအတြက္ ဘယ္လိုေတြျပန္လည္တုန္႕ျပန္သြားမလဲ ဆိုတာစိတ္ဝင္စား စရာေကာင္းလြန္းလွပါတယ္။ မိခင္စိတ္စိတ္ရွိတဲ့ မိန္းမေတြဟာသူ႔တို႔ရဲ႔ရင္ေသြးလို႔သတ္မွတ္ထားၿပီဆိုရင္ အဲ့လိုလူေတြအတြက္ လူေတာင္သတ္ရဲတယ္ဆိုတာကို ဒီဇာတ္ကားၾကည့္ရင္းနဲ႔လည္း သိရွိနိုင္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:moviesilo

www.akhayar.com

[Unicode]

အမျိုးသမီးများအတွက် စိတ်ခွန်အားတွေရရှိစေနိုင်မယ့် အိန္ဒိယဇာတ်ကား၄ကား

မိန်းကလေးတွေ အတွက်စိတ်ခွန်အားတွေကိုရရှိစေနိုင်မယ့် အိန္ဒိယဇာတ်ကား ၄ ကားကိုဖော်ပြပေးလိုက်ပါတယ်။ ဇာတ်ကားတစ်ခုစီအလိုက်ပေးချင်တဲ့ ဘဝသင်ခန်းစားတွေအရမ်းကောင်းတာမို့ ရုံးပိတ်ရက်လိုအားလပ်ရက်တွေမှာ ကြည့်သင့်တဲ့ဇာတ်ကားတွေလည်းဖြစ်ပါတယ်။ မိန်းကလေးတွေမှာ ကိုယ်ပိုင်အရည်ချင်းတွေတစ်ယောက်တစ်မျိုးရှိတက်ပေမယ့်လည်း ဒီလိုအရာတွေဟာ တိမ်မြုပ်နေတက်ပါတယ်။ ဒါတွေကိုဖော်ဆောင်ဖို့အတွက် က ပတ်ဝန်းကျင်ရဲ့တွန်းအားတစ်ခုလို သလိုအခက်အခဲတွေတွေ့လာမှ ပေါ်လာတက်တာတွေဖြစ်တဲ့ အတွက် ဒီလိုဇာတ်ကားတွေကိုကြည့်ခြင်းအားဖြင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ဘယ်လိုတွေ အသုံးချသင့်သလဲ ဆိုတာကိုလေ့လာတွေ့ရှိနိုင်ပါတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မင်းသမီးကြီးသျှရီဒေဝီ ရဲ့ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားနှစ်ကားပါဝင်ပါတယ်။

Secrect Superstar (2017)

ဒီဇာတ်ကားကတော့ သီချင်းဆိုတာကိုဝါသနာပါတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် မိခင်ကသမီးဖြစ်သူရဲ့ ဝါသနာကိုအားပေးသော်လည်း ဖခင်ဖြစ်သူကမိန်းကလေးအရွယ်ရောက်ရင် ပညာတက်စရာလည်း မလိုဘူး ပိုက်ဆံရှာစရာလည်း မလိုဘူး ဘာဝါသနာကိုမှလည်း အားပေးစရာမလိုဘူး ယောက်ကျားပေးစားလိုက်ရင် ပြီးရောဆိုတဲ့ စိတ်ထားမျိုးနဲ့ သမီးဖြစ်သူကို ဆက်ဆံပြောဆိုလာတဲ့ အခါ သူတို့ ရဲ့မိသားစုသုံးယောက်ကြားပြဿနာတွေကဘယ်လိုတွေဖြစ်လာမှာလဲ ? သီချင်းဆိုတာကိုဝါသပါတဲ့ ဆယ်ကောျ်သက်ကောင်မလေးကရော ဖခင်လုပ်သူတားမြစ်နေတဲ့ ကြားကနေသူ့ရဲ့ဝါသနာတွေကိုဘယ်လိုအကောင်အထည်ဖော်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ဒါကြောင့် ဒီဇာတ်ကားလေးကိုကြည့်ရှုရင်း စိတ်ခွန်အားတစ်ခု ကိုရရှိကြလိမ့်မယ်လို့ထင်ပါတယ်။

Dangal (2016)

ဖခင်ဖြစ်တဲ့သူက နပန်းသမားဖြစ်ခဲ့ဖူးတဲ့ အတွက်တနေ့ကျလို့သားတွေမွေးလာတဲ့ အခါမှာသူကိုယ်တိုင်ကလေးတွေကို နပန်းသင်ပေးပြီးတော့ နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ ကလေးတွေဖြစ်အောင်သင်ကြားပေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိန်းမ.ူပြီးကတည်းက ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာလိုက်တာ မိန်းကလေးတွေချည်းပဲ သားယောက်ကျားလေးမပါတဲ့ အတွက်စိတ်ဓါတ်တွေကျလာတဲ့ ဖခင်တစ်ဦး အဖြစ် မင်းသားအမရာခမ်း ကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

တနေ့မှာတော့မွေးထားတဲ့ သမီးတွေထဲ ကနှစ်ယောက်က ကျောင်းမှာ သူငယ်ချင်းယောက်ကျားလေးတွေကစကြလို့ ပညာပြန်ပေးလိုက်တာ ယောက်ကျားလေးမိဘတွေကသူတို့သားတွေဒါဏ်ရာတွေရကုန်ကြတဲ့ အတွက် ဖခင်ဖြစ်သူ ကိုလာတိုင်ကြတော့ ဖခင်ဖြစ်သူက ဘယ်လိုတွေ သဘောကျပြီးသမီးမိန်းကလေးတွေကို ဘာတွေသင်ပေးတော့မလဲ ဆိုတာစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ သားမမွေးထားပေမယ့်လည်း အဖေသွေားပါတဲ့ သမီးတွေကို နပန်းပညာတွေသင်ပေးမှာလားဆိုတာကို စိတ်ဝင်စားသူတွေဒီဇာတ်ကားလေးကိုကြည့်သင့်ပါတယ်။ မိန်းကလေးတွေဖြစ်တဲ့ သမီးတွေကရော ဖခင်ရဲ့သင်ကြားမှုတွေကို လိုက်နာနိုင်ကြပါ့မလား ။ နိုင်ငံဂုဏ်ဆောင်ဖို့ အတွက်ရောဖြစ်နိုင်ပါ့မလားဆိုတာ။

English Vinglish (2012)

ဒီဇာတ်ကားကတော့ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသမီးကြီးသျှရီဒေဝီ ရဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့တစ်နေ့ အိမ်ထောင်တာဝန်တွေကိုပဲ ထမ်းဆောင်နေတဲ့ အခါ ကိုယ့်အတွက်အချိန်တောင်မပေးနိုင်လို့ အင်္ဂလိပ်စကားကိုကောင်းကောင်းမပြောတက်တော့ ပိုက်ဆံရှာနိုင်တဲ့ လင်ယောက်ကျား ကနှိမ်သလို နိုင်ငံခြားကျောင်းတက်နေကြတဲ့ သမီးကပါနှိမ်လာတဲ့ အတွက် အင်္ဂလိပ်စကားကိုလင်ယောက်ကျားမသိအောင် ခိုးပြီးတော့ သင်ယူတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

Mom (2017)

ဒီဇာတ်ကားကတော့ မိခင်စိတ်ဓါတ်အပြည့်ရှိတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လင်ပါသမီးလေးကို စော်ကားသွားတဲ့ ယောက်ကျားတွေကို ရဲကသက်သေမရှိလို့ ပြန်လွှတ်လိုက်ပေမယ့်လည်း ဒီအမှုတစ်ခုလုံးကို မိန်းမသားတစ်ယောက်အနေနဲ့ ဘယ်လိုတွေဖြေရှင်းသွားမှာလဲ …

ရန်သူတွေဟာ ရဲလက်ကနေလွတ်ပေမယ့် လည်း သူ့ရဲ့သမီးဖြစ်သူအတွက် ဘယ်လိုတွေပြန်လည်တုန့်ပြန်သွားမလဲ ဆိုတာစိတ်ဝင်စား စရာကောင်းလွန်းလှပါတယ်။ မိခင်စိတ်စိတ်ရှိတဲ့ မိန်းမတွေဟာသူ့တို့ရဲ့ရင်သွေးလို့သတ်မှတ်ထားပြီဆိုရင် အဲ့လိုလူတွေအတွက် လူတောင်သတ်ရဲတယ်ဆိုတာကို ဒီဇာတ်ကားကြည့်ရင်းနဲ့လည်း သိရှိနိုင်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:moviesilo

www.akhayar.com