[Zawgyi]

၂၀၁၈ ခုနစ္ရဲ႕ ကမာၻေပၚက တန္ဖုိးအႀကီးျမင့္ဆံုး စံအိမ္ႀကီးမ်ား

ကမာၻေပၚမွာ ၾကြယ္ဝခ်မ္းသာတဲ႔သူေတြဟာ ပစၥည္းေကာင္းေကာင္းေတြသံုးျပကာ ခ်မ္းသာၾကြယ္ဝမႈေတြကို သူထက္ငါအၿပိဳင္ ၾကြားဝါတတ္ၾကပါတယ္။ ပစၥည္းေကာင္းေကာင္း သံုးျပတတ္တဲ႔သူေတြလုိပဲ တန္ဖုိးအႀကီးဆံုးအိမ္ေတြကို ေဆာက္လုပ္ၿပီး ေကာင္းေကာင္းေနတဲ႔သူေတြလည္း ရွိပါတယ္။ လက္ဖ်ားခါေလာက္ေအာင္ တန္ဖိုးႀကီးမားတဲ႔ အခ်မ္းသာဆံုး စီးပြားေရးလုပ္ငန္းရွင္ သူေဌးႀကီးမ်ားနဲ႔ နာမည္ႀကီးေတြ ပိုင္ဆိုင္တဲ့ ေကာင္းေပညႊန္ေပဆိုတဲ႔ အိမ္ေတြကို ၾကည့္ၾကည့္လိုက္ရေအာင္။

(၁) Buckingham Palace

Buckingham Palace က London မွာတည္ရွိၿပီး အဂၤလန္ဧကရာဇ္ေတြရဲ႕ အုပ္ခ်ဳပ္ေရး ဌာနခ်ဳပ္တည္ရွိရာေနရာလည္းျဖစ္ၿပီး အဂၤလန္ဘုရင္မႀကီးနဲ႔ ေတာ္ဝင္မ်ဳိးႏြယ္ေတြ ေနထုိင္ရာ ေနရာလည္း ျဖစ္ပါတယ္။ Westminster ၿမိဳ႕မွာ တည္ရွိတဲ႔ ဒီနန္းေတာ္ႀကီးဟာ ၈၃၀,၀၀၀ စတုရန္းေပက်ယ္ဝန္းၿပီး အခန္းေပါင္း ၇၇၅ ခန္းပါဝင္ကာ ၇၈ ခန္းက ေရခ်ဳိခန္း၊ ၉၂ ခန္းက ရုံးခန္း၊ ၁၈၈ခန္းက ဝန္းထမ္းမ်ားအိပ္ခန္း၊ ၅၂ ခန္းက ေက်ာင္းအုပ္ႀကီးအိပ္ခန္း၊ ၁၉ ခန္းက ႏိုင္ငံေတာ္အခမ္းအနားမ်ားအတြက္ သီးသန္႔အသံုးျပဳတဲ႔အခန္းတို႔ပါဝင္ၾကၿပီး ရုပ္ရွင္ရုံေတြ၊ စာတုိက္ေတြ၊ ခဲြစိတ္ခန္းေတြ၊ လက္ဝတ္ရတနာဆိုင္ေတြနဲ႔ ေရကူးကန္ေတြပါ တည္ရွိပါတယ္။ ဒီနန္းေတာ္ႀကီးကို British ဧကရာဇ္ေတြအစဥ္အဆက္ပိုင္ဆိုင္တာျဖစ္ၿပီး အခုလက္ရွိမွာေတာ့ အဂၤလန္ဘုရင္မႀကီး Queen Elizabeth ပိုင္ဆုိင္ပါတယ္။ ဒီနန္းေတာ္ႀကီးရဲ႕ တန္ေၾကးကေတာ့ ေဒၚလာ ၁.၅၆ ဘီလီယံ တန္ပါတယ္။ ဒီ ၂၀၁၈ ခုနစ္မွာေတာ့ ဒီနန္းေတာ္ႀကီးဟာ ေစ်းအႀကီးဆံုးအိမ္အျဖစ္ စာရင္းဝင္ေနပါတယ္။

Buckingham Palace

Buckingham Palace

(၂) Antilla

India ႏိုင္ငံ Mumbai မွာရွိတဲ႔ Antilla ဆိုတဲ႔ ကိုယ္ပိုင္အိမ္ဟာ US ေဒၚလာ သန္းတစ္ေထာင္ေက်ာ္ပတ္ဝန္းက်င္ တန္ေၾကးရွိပါတယ္။ အဆိုပါ Mumbai မွာရွိတဲ႔အိမ္ဟာ ကမာၻ႔ေပၚက ေစ်းအႀကီးဆံုးအိမ္အျဖစ္ စံခ်ိန္ခ်ဳိးခဲ႔တဲ႔ အိမ္လည္းျဖစ္ပါတယ္။ ဒီအိမ္ႀကီးဟာ အထပ္ေပါင္း ၂၇ ထပ္ရွိၿပီး ေခတ္သစ္ Taj Mahal ပံုစံ တင္စားေခၚေဝၚၾကပါတယ္။ ဒီအိမ္ႀကီးအိမ္ေကာင္းရဲ႕ ပိုင္ရွင္ကေတာ့ Mukesh Ambani ျဖစ္ပါတယ္။ အိမ္ႀကီးရဲ႕အက်ယ္အဝန္းကေတာ့ ၄၀၀ စတုန္းေပ ပတ္ဝန္းက်င္ရွိၿပီး အိမ္ထဲမွာ ဇိမ္ခံပစၥည္းေတြ အေျမာက္အျမားရွိပါတယ္။

Antilla in Mumbai

Antilla in Mumbai

(၃) Villa Leopolda

၂၇ ထပ္အျမင့္ရွိတဲ႔ အိမ္ေဂဟာ Villa Leopolda ဟာ ဥေရာပမွာ တန္ဖိုးအႀကီးျမင့္ဆံုး အိမ္ေဂဟာျဖစ္ပါတယ္။ ဒီတန္ဖိုးႀကီးျမင့္တဲ႔ အိမ္ေဂဟာကို King Leopold ဟာ သူရဲ႕အမ်ဳိးသမီး Blanche Zélia Joséphine Delacroix (သို႔) Caroline Lacroix အတြက္ ၁၉၀၂ ခုနစ္မွာ တည္ေဆာက္ေပးခဲ႔တာ ျဖစ္ပါတယ္။ ဒီအိမ္ဟာ (၈၀၀) စတုရန္းေပရွိတဲ႔ အိမ္ရာျဖစ္ၿပီး French Riveria မွာ တည္ရွိပါတယ္။ ဒီ Villa ရဲ႕ အေကာင္းဆံုးေနရာကေတာ့ မ်က္ႏွာစာမွာ Private Beach ရွိၿပီး အဲ႔ဒီ Beach က France ေတာင္ပိုင္းမွာ အေကာင္းဆံုး Beach ျဖစ္ပါတယ္။ အိမ္ေဂဟာရဲ႕ တန္ေၾကးကေတာ့ ေဒၚလာ ၇၅၀ မီလီယံ ရွိပါတယ္။ ဒီအိမ္ေဂဟာႀကီးထဲမွာ ေရခ်ဳိးခန္း (၁၄) ခန္း၊ အိမ္ခန္း (၁၁) ခန္း၊ ႀကီးမားတဲ႔ ဥယ်ာဥ္ႀကီးနဲ႔ တျခားေသာ တန္ဖိုးႀကီး အသံုးအေဆာင္ေတြ အေျမာက္အျမား ရွိပါတယ္။

Villa Leopolda

Villa Leopolda

(၄) Four Fairfield Pond

Four Fairfield Pond ဟာ New York မွာတည္ရွိၿပီး လွပတဲ႔ ဒီအေဆာက္အဦးဟာ ၆၄,၀၀၀ စတုရန္းေပ က်ယ္ဝန္းၿပီး ကိုယ္ပိုင္ဓာတ္အားေပး စက္ရုံပါ တည္ရွိပါတယ္။ ဒါအျပင္ အိပ္ခန္းေပါင္း ၂၉ ခန္း၊ ေရခ်ဳိခန္းေပါင္း ၃၉ ခန္း၊ ေရကူးကန္သံုးကန္၊ ရဟူဒီဘုရားရွိခိုးေက်ာင္း၊ ၁၆၄ ခံုဆန္ Home Theater ၊ ဘတ္စကတ္ေဘာကစားကြင္းနဲ႔ ဘိုလင္းကစားရုံေတြပါ ပါဝင္ပါတယ္။ ဒီအိမ္ႀကီးရဲ႕ပိုင္ရွင္ကေတာ့ Renco Group ကို တည္ေထာင္သူ Ira Rennert ျဖစ္ပါတယ္။ တန္ေၾကးကေတာ့ ေဒၚလာ ၂၄၉ မီလီယံ ရွိပါတယ္။ ေစ်းအႀကီးဆံုးအိမ္စာရင္းထဲမွာ ပါဝင္တဲ႔အျပင္ အေမရိကန္ျပည္ေထာင္စုရဲ႕ ၁၉ ခုေျမာက္အႀကီးဆံုးအိမ္လည္းျဖစ္ပါတယ္။

Four Fairfield Pond

Four Fairfield Pond

H.H(Akhayar)

www.akhayar.com

[Unicode]

၂၀၁၈ ခုနစ်ရဲ့ ကမ္ဘာပေါ်က တန်ဖိုးအကြီးမြင့်ဆုံး စံအိမ်ကြီးများး

ကမ္ဘာပေါ်မှာ ကြွယ်ဝချမ်းသာတဲ့သူတွေဟာ ပစ္စည်းကောင်းကောင်းတွေသုံးပြကာ ချမ်းသာကြွယ်ဝမှုတွေကို သူထက်ငါအပြိုင် ကြွားဝါတတ်ကြပါတယ်။ ပစ္စည်းကောင်းကောင်း သုံးပြတတ်တဲ့သူတွေလိုပဲ တန်ဖိုးအကြီးဆုံးအိမ်တွေကို ဆောက်လုပ်ပြီး ကောင်းကောင်းနေတဲ့သူတွေလည်း ရှိပါတယ်။ လက်ဖျားခါလောက်အောင် တန်ဖိုးကြီးမားတဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများနဲ့ နာမည်ကြီးတွေ ပိုင်ဆိုင်တဲ့ ကောင်းပေညွှန်ပေဆိုတဲ့ အိမ်တွေကို ကြည့်ကြည့်လိုက်ရအောင်။

(၁) Buckingham Palace

Buckingham Palace က London မှာတည်ရှိပြီး အင်္ဂလန်ဧကရာဇ်တွေရဲ့ အုပ်ချုပ်ရေး ဌာနချုပ်တည်ရှိရာနေရာလည်းဖြစ်ပြီး အင်္ဂလန်ဘုရင်မကြီးနဲ့ တော်ဝင်မျိုးနွယ်တွေ နေထိုင်ရာ နေရာလည်း ဖြစ်ပါတယ်။ Westminster မြို့မှာ တည်ရှိတဲ့ ဒီနန်းတော်ကြီးဟာ ၈၃၀,၀၀၀ စတုရန်းပေကျယ်ဝန်းပြီး အခန်းပေါင်း ၇၇၅ ခန်းပါဝင်ကာ ၇၈ ခန်းက ရေချိုခန်း၊ ၉၂ ခန်းက ရုံးခန်း၊ ၁၈၈ခန်းက ဝန်းထမ်းများအိပ်ခန်း၊ ၅၂ ခန်းက ကျောင်းအုပ်ကြီးအိပ်ခန်း၊ ၁၉ ခန်းက နိုင်ငံတော်အခမ်းအနားများအတွက် သီးသန့်အသုံးပြုတဲ့အခန်းတို့ပါဝင်ကြပြီး ရုပ်ရှင်ရုံတွေ၊ စာတိုက်တွေ၊ ခွဲစိတ်ခန်းတွေ၊ လက်ဝတ်ရတနာဆိုင်တွေနဲ့ ရေကူးကန်တွေပါ တည်ရှိပါတယ်။ ဒီနန်းတော်ကြီးကို British ဧကရာဇ်တွေအစဉ်အဆက်ပိုင်ဆိုင်တာဖြစ်ပြီး အခုလက်ရှိမှာတော့ အင်္ဂလန်ဘုရင်မကြီး Queen Elizabeth ပိုင်ဆိုင်ပါတယ်။ ဒီနန်းတော်ကြီးရဲ့ တန်ကြေးကတော့ ဒေါ်လာ ၁.၅၆ ဘီလီယံ တန်ပါတယ်။ ဒီ ၂၀၁၈ ခုနစ်မှာတော့ ဒီနန်းတော်ကြီးဟာ ဈေးအကြီးဆုံးအိမ်အဖြစ် စာရင်းဝင်နေပါတယ်။

Buckingham Palace

Buckingham Palace

(၂) Antilla

India နိုင်ငံ Mumbai မှာရှိတဲ့ Antilla ဆိုတဲ့ ကိုယ်ပိုင်အိမ်ဟာ US ဒေါ်လာ သန်းတစ်ထောင်ကျော်ပတ်ဝန်းကျင် တန်ကြေးရှိပါတယ်။ အဆိုပါ Mumbai မှာရှိတဲ့အိမ်ဟာ ကမ္ဘာ့ပေါ်က ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်ချိုးခဲ့တဲ့ အိမ်လည်းဖြစ်ပါတယ်။ ဒီအိမ်ကြီးဟာ အထပ်ပေါင်း ၂၇ ထပ်ရှိပြီး ခေတ်သစ် Taj Mahal ပုံစံ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီအိမ်ကြီးအိမ်ကောင်းရဲ့ ပိုင်ရှင်ကတော့ Mukesh Ambani ဖြစ်ပါတယ်။ အိမ်ကြီးရဲ့အကျယ်အဝန်းကတော့ ၄၀၀ စတုန်းပေ ပတ်ဝန်းကျင်ရှိပြီး အိမ်ထဲမှာ ဇိမ်ခံပစ္စည်းတွေ အမြောက်အမြားရှိပါတယ်။

Antilla in Mumbai

Antilla in Mumbai

(၃) Villa Leopolda

၂၇ ထပ်အမြင့်ရှိတဲ့ အိမ်ဂေဟာ Villa Leopolda ဟာ ဥရောပမှာ တန်ဖိုးအကြီးမြင့်ဆုံး အိမ်ဂေဟာဖြစ်ပါတယ်။ ဒီတန်ဖိုးကြီးမြင့်တဲ့ အိမ်ဂေဟာကို King Leopold ဟာ သူရဲ့အမျိုးသမီး Blanche Zélia Joséphine Delacroix (သို့) Caroline Lacroix အတွက် ၁၉၀၂ ခုနစ်မှာ တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအိမ်ဟာ (၈၀၀) စတုရန်းပေရှိတဲ့ အိမ်ရာဖြစ်ပြီး French Riveria မှာ တည်ရှိပါတယ်။ ဒီ Villa ရဲ့ အကောင်းဆုံးနေရာကတော့ မျက်နှာစာမှာ Private Beach ရှိပြီး အဲ့ဒီ Beach က France တောင်ပိုင်းမှာ အကောင်းဆုံး Beach ဖြစ်ပါတယ်။ အိမ်ဂေဟာရဲ့ တန်ကြေးကတော့ ဒေါ်လာ ၇၅၀ မီလီယံ ရှိပါတယ်။ ဒီအိမ်ဂေဟာကြီးထဲမှာ ရေချိုးခန်း (၁၄) ခန်း၊ အိမ်ခန်း (၁၁) ခန်း၊ ကြီးမားတဲ့ ဥယျာဉ်ကြီးနဲ့ တခြားသော တန်ဖိုးကြီး အသုံးအဆောင်တွေ အမြောက်အမြား ရှိပါတယ်။

Villa Leopolda

Villa Leopolda

(၄) Four Fairfield Pond

Four Fairfield Pond ဟာ New York မှာတည်ရှိပြီး လှပတဲ့ ဒီအဆောက်အဦးဟာ ၆၄,၀၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ကိုယ်ပိုင်ဓာတ်အားပေး စက်ရုံပါ တည်ရှိပါတယ်။ ဒါအပြင် အိပ်ခန်းပေါင်း ၂၉ ခန်း၊ ရေချိုခန်းပေါင်း ၃၉ ခန်း၊ ရေကူးကန်သုံးကန်၊ ရဟူဒီဘုရားရှိခိုးကျောင်း၊ ၁၆၄ ခုံဆန် Home Theater ၊ ဘတ်စကတ်ဘောကစားကွင်းနဲ့ ဘိုလင်းကစားရုံတွေပါ ပါဝင်ပါတယ်။ ဒီအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ Renco Group ကို တည်ထောင်သူ Ira Rennert ဖြစ်ပါတယ်။ တန်ကြေးကတော့ ဒေါ်လာ ၂၄၉ မီလီယံ ရှိပါတယ်။ ဈေးအကြီးဆုံးအိမ်စာရင်းထဲမှာ ပါဝင်တဲ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ ၁၉ ခုမြောက်အကြီးဆုံးအိမ်လည်းဖြစ်ပါတယ်။

Four Fairfield Pond

Four Fairfield Pond

H.H(Akhayar)

www.akhayar.com