[Zawgyi]

ပိုလွ ပိုေခ်ာဖို႔ India ဟင္းခတ္အေမႊးအႀကိဳင္ေတြသံုးၿပီး အသားအေရထိန္းသိမ္းၾကစို႔

India ႏိုင္ငံရွိ ဟင္းခတ္အေမႊးအႀကိဳင္ေတြဟာ ကမာၻ႕တစ္ဝွမ္းမွာ ထင္ရွားေက်ာ္ၾကားတဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြျဖစ္ကာ ဟင္းလ်ာေတြကို တမူထူးျခားေစတဲ႔အျပင္ တျခားေသာ ထူးျခားတဲ႔ အက်ဳိးေက်းဇူးေတြလည္း ရရွိေစပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ India ဟင္းေခတ္အေမႊးအႀကိဳင္ေတြကို အသားအေရလွပဖို႔အတြက္ အသံုးျပဳလို႔ ရတယ္ဆုိတာ သိပ္မသိၾကပါဘူး။

မြမ္ဘိုင္းအေျခစိုက္ အေရးျပားနဲ႔ အသားအေရကၽြမ္းက်င္ပညာရွင္ျဖစ္တဲ႔ Dr Rashmi Shetty ရဲ႕ေျပာၾကားခ်က္အရ ဖာလာေစ႔၊ သစ္ႀကံပိုးေခါက္နဲ႔ ၾကက္သြန္ျဖဴ ကဲ႔သို႔ေသာ္ India ဟင္းေခတ္အေမႊးအႀကိဳင္ေတြဟာ ကိုယ္ခံစြမ္းအားေတြ တိုးျမွင္႔ေပးပါတယ္။ အသားအေရေကာင္းျခင္းရရွိဖို႔အတြက္ဆို ကိုယ္ခံစြမ္းအားေတြေကာင္းၿပီး က်န္းမာေနဖို႔ကလည္း အေရးႀကီးပါေသးတယ္။ India ဟင္းေခတ္အေမႊးအႀကိဳင္အျဖစ္အသံုးျပဳတဲ႔ ပစၥည္းေတြဟာ ဇီဝရုပ္ျဖစ္ပ်က္မႈေတြ ပိုမိုေကာင္းမြန္ေစသလို ကိုယ္ခံအားကိုလညး္ ေကာင္းေစပါတယ္။ဒါေၾကာင္႔မို႔ အဆိုပါပစၥည္းေတြကို Detox ေဖ်ာ္ရည္ေတြျပဳလုပ္တဲ႔အခါမ်ဳိးမွာ ထည္႔သြင္းအသံုးျပဳသလို ဟင္းလ်ာေတြမွာလည္း အသံုးျပဳကာ က်န္းမာေရး၊ အသားအေရေကာင္းျခင္းေတြ ရရွိေအာင္ ျပဳလုပ္ၾကပါတယ္။ ဒါ့အျပင္ ေရွးတုန္းက လူႀကီးမိဘေတြ ေျပာၾကတာကေတာ့ မီးဖိုေခ်ာင္ဟာ အလွပအတြက္ ဘ႑ာသိုက္ေကာင္းေကာင္းႀကီး တစ္ခုသဖြယ္ ျဖစ္ပါတယ္။ ဘယ္လိုဟင္းေခတ္အေမႊးအႀကိဳင္ေတြက လွသည္ထက္ပိုလွေစဖို႔ အကူအညီအေထာက္အပံ႔ေပးလဲဆိုတာ သိရွိႏိုင္ေစဖို႔ ဖတ္ရႈေလ့လာၾကည္႔ရေအာင္။

(၁) သစ္ႀကံပိုးေခါက္

လူေတာ္ေတာ္မ်ားမ်ားက သစ္ႀကံပိုးေခါက္ကို အသံုးျပဳၾကေသာ္လည္း ေကာင္းက်ဳိးကိုေတာ့ အရမ္းႀကီး သတိမျပဳမိတတ္ၾကပါဘူူး။သစ္ႀကံပိုးေခါက္ဟာ Anti-bacterial ဂုဏ္သတၱိရွိၿပီး ေသြးလည္ပတ္မႈေကာင္းေစပါတယ္။ ထိုအရာကို ဝက္ျခံကုသတဲ႔အခါမွာလည္း အသံုးျပဳၾကပါတယ္။ သစ္ႀကံပိုးေခါက္အႏွစ္ကို ဝက္ျခံျဖစ္တဲ႔ေနရာမွာ လိမ္းေပးလို႔ရသလို မ်က္ႏွာတစ္ျပင္လံုး လိမ္းေပးရင္ေတာ့ အသားအေရကို ႏုပ်ဳိေစၿပီး ေသြးလည္ပတ္မႈ ေကာင္းေစပါတယ္။ သစ္ႀကံပိုးေခါက္ကို မလိမ္းခင္ တစ္ခုသတိျပဳရမွာကေတာ့ ကိုယ္အသားအေရနဲ႔ ဓာတ္တည့္မတည္႔ လက္ေပၚမွာ အနည္းငယ္စမ္းသပ္ၾကည့္ၿပီးမွ လိမ္းသင့္ပါတယ္။

Cinnamon

Cinnamon

(၂) နႏြင္း

နႏြင္းမွာ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ အရြယ္မတုိင္မီအိုမင္းရင္႔ေရာ္မႈကို ဆန္႔က်င္ႏိုင္တဲ႔ ဂုဏ္သတိၱရွိၿပီး ေရာဂါပိုးေတြေသေစႏိုင္တဲ႔ ဂုဏ္သတၱိေတြလည္းရွိပါတယ္။အလွအပအတြက္ အလွကုန္တစ္ခုအေနနဲ႔ အသံုးျပဳမယ္ဆိုရင္ အသားအေရအတြက္ လိမ္းတဲ႔ Cream အေနနဲ႔ အသံုးျပဳလို႔ ရပါတယ္။ အိႏၵိယဟင္းေတြ ေတာ္ေတာ္မ်ားမွာလည္း နႏြင္းက မပါမျဖစ္ ပါဝင္ပစၥည္းျဖစ္ၿပီး အသားအေရ ျဖဴစင္ဝင္းပလာေစဖို႔အတြက္ ကူညီေပးပါတယ္။နႏြင္းကို ပ်ားရည္နဲ႔ေရာၿပီး မ်က္ႏွာကို ေပါင္းတင္ေပးတဲ႔အခါ သိသာတဲ႔ အက်ဳိးရလဒ္ကို ရရွိေစပါတယ္။

Turmeric

Turmeric

(၃)ငရုတ္ေကာင္း

ငရုတ္ေကာင္းဟာ ဆဲလ္ေသေတြ ဖယ္ရွားေပးႏိုင္တဲ႔ အေကာင္းဆံုး အိမ္တြင္း အလွကုန္တစ္ခုျဖစ္ပါတယ္။ ဝက္ျခံေၾကာင္႔ျဖစ္ခဲ႔တဲ႔အမာရြတ္နဲ႔ အျပစ္အနာအဆာေတြကို ေပ်ာက္ကင္းေစၿပီး ၾကည္လင္ရွင္းသန္႔တဲ႔ အသားအေရ ရရွိဖို႔အတြက္ ငရုတ္ေကာင္းအႏွစ္နဲ႔ မ်က္ႏွာကို လိမ္းေပးၾကည္႔ပါ။ အမာအရြတ္ေတြကိုသာ သိသိသာသာ သက္သာေပ်ာက္ကင္းေစရုံမကဘဲ ဝက္ျခံေတြကိုလည္း သက္သာေစပါတယ္။ ငရုတ္ေကာင္းမႈန္႔နဲ႔ ဒိန္ခ်ဥ္အနည္းငယ္ကို ေရာစပ္ၿပီး အလွအပအတြက္လည္း အသံုးျပဳေပးလို႔ ရပါတယ္။

Black Pepper

Black Pepper

(၄) ခ်င္း

ခ်င္းက အသားအေရကို ႏုပ်ဳိေစၿပီး ေကာင္းမြန္တဲ႔ အသားအေရ ရရွိေစကာ ႏူးညံ့ေခ်ာေမြ႔လာေစပါတယ္။ ခ်င္းအႏွစ္ကို မ်က္ႏွာေပၚလာၿပီး အခ်ိန္အနည္းငယ္ၾကာေအာင္ ထားတဲ႔အခါ အမာအရြတ္ေတြ တျဖည္းျဖည္း သက္သာေပ်ာက္ကင္းၿပီး အသားအေရကို နဂို အတိုင္းျပန္လည္ေခ်ာေမြ႔လာေအာင္ ကူညီေပးပါတယ္။

Ginger

Ginger

India ဟင္းေခတ္ေမႊးအႀကိဳင္ေတြထဲက တခ်ဳိ႕ဟာ အိမ္မွာ အလြယ္တကူရႏိုင္တဲ႔ မီးဖိုေခ််ာင္သံုးပစၥည္းေတြျဖစ္လို႔ ေငြကုန္ေၾကးၾက နည္းနည္းနဲ႔ အလွေပၚ အလွဆင့္ေအာင္ လြယ္လင့္တကူ ျပဳျပင္ေျပာင္းလဲၾကည့္ရေအာင္။ ပရိသတ္ႀကီး သံုးတဲ႔ လွ်ဳိ႕ဝွက္နည္းလမ္းေကာင္းေတြ ရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ႔ဖို႔ မေမ့ပါနဲ႔ေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ပိုလှ ပိုချောဖို့ India ဟင်းခတ်အမွှေးအကြိုင်တွေသုံးပြီး အသားအရေထိန်းသိမ်းကြစို့

India နိုင်ငံရှိ ဟင်းခတ်အမွှေးအကြိုင်တွေဟာ ကမ္ဘာ့တစ်ဝှမ်းမှာ ထင်ရှားကျော်ကြားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်ကာ ဟင်းလျာတွေကို တမူထူးခြားစေတဲ့အပြင် တခြားသော ထူးခြားတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေပါတယ်။ လူတော်တော်များများဟာ India ဟင်းခေတ်အမွှေးအကြိုင်တွေကို အသားအရေလှပဖို့အတွက် အသုံးပြုလို့ ရတယ်ဆိုတာ သိပ်မသိကြပါဘူး။

မြမ္ဘိုင္းအေျခစိုက္ အရေးပြားနဲ့ အသားအရေကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Dr Rashmi Shetty ရဲ့ပြောကြားချက်အရ ဖာလာစေ့၊ သစ်ကြံပိုးခေါက်နဲ့ ကြက်သွန်ဖြူ ကဲ့သို့သော် India ဟင်းခေတ်အမွှေးအကြိုင်တွေဟာ ကိုယ်ခံစွမ်းအားတွေ တိုးမြှင့်ပေးပါတယ်။ အသားအရေကောင်းခြင်းရရှိဖို့အတွက်ဆို ကိုယ်ခံစွမ်းအားတွေကောင်းပြီး ကျန်းမာနေဖို့ကလည်း အရေးကြီးပါသေးတယ်။ India ဟင်းခေတ်အမွှေးအကြိုင်အဖြစ်အသုံးပြုတဲ့ ပစ္စည်းတွေဟာ ဇီဝရုပ်ဖြစ်ပျက်မှုတွေ ပိုမိုကောင်းမွန်စေသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ဒါကြောင့်မို့ အဆိုပါပစ္စည်းတွေကို Detox ဖျော်ရည်တွေပြုလုပ်တဲ့အခါမျိုးမှာ ထည့်သွင်းအသုံးပြုသလို ဟင်းလျာတွေမှာလည်း အသုံးပြုကာ ကျန်းမာရေး၊ အသားအရေကောင်းခြင်းတွေ ရရှိအောင် ပြုလုပ်ကြပါတယ်။ ဒါ့အပြင် ရှေးတုန်းက လူကြီးမိဘတွေ ပြောကြတာကတော့ မီးဖိုချောင်ဟာ အလှပအတွက် ဘဏ္ဍာသိုက်ကောင်းကောင်းကြီး တစ်ခုသဖွယ် ဖြစ်ပါတယ်။ ဘယ်လိုဟင်းခေတ်အမွှေးအကြိုင်တွေက လှသည်ထက်ပိုလှစေဖို့ အကူအညီအထောက်အပံ့ပေးလဲဆိုတာ သိရှိနိုင်စေဖို့ ဖတ်ရှုလေ့လာကြည့်ရအောင်။

(၁) သစ်ကြံပိုးခေါက်

လူတော်တော်များများက သစ်ကြံပိုးခေါက်ကို အသုံးပြုကြသော်လည်း ကောင်းကျိုးကိုတော့ အရမ်းကြီး သတိမပြုမိတတ်ကြပါဘူူး။သစ်ကြံပိုးခေါက်ဟာ Anti-bacterial ဂုဏ်သတ္တိရှိပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ ထိုအရာကို ဝက်ခြံကုသတဲ့အခါမှာလည်း အသုံးပြုကြပါတယ်။ သစ်ကြံပိုးခေါက်အနှစ်ကို ဝက်ခြံဖြစ်တဲ့နေရာမှာ လိမ်းပေးလို့ရသလို မျက်နှာတစ်ပြင်လုံး လိမ်းပေးရင်တော့ အသားအရေကို နုပျိုစေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ သစ်ကြံပိုးခေါက်ကို မလိမ်းခင် တစ်ခုသတိပြုရမှာကတော့ ကိုယ်အသားအရေနဲ့ ဓာတ်တည့်မတည့် လက်ပေါ်မှာ အနည်းငယ်စမ်းသပ်ကြည့်ပြီးမှ လိမ်းသင့်ပါတယ်။

Cinnamon

Cinnamon

(၂) နနွင်း

နနွင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ရောဂါပိုးတွေသေစေနိုင်တဲ့ ဂုဏ်သတ္တိတွေလည်းရှိပါတယ်။အလှအပအတွက် အလှကုန်တစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင် အသားအရေအတွက် လိမ်းတဲ့ Cream အနေနဲ့ အသုံးပြုလို့ ရပါတယ်။ အိန္ဒိယဟင်းတွေ တော်တော်များမှာလည်း နနွင်းက မပါမဖြစ် ပါဝင်ပစ္စည်းဖြစ်ပြီး အသားအရေ ဖြူစင်ဝင်းပလာစေဖို့အတွက် ကူညီပေးပါတယ်။နနွင်းကို ပျားရည်နဲ့ရောပြီး မျက်နှာကို ပေါင်းတင်ပေးတဲ့အခါ သိသာတဲ့ အကျိုးရလဒ်ကို ရရှိစေပါတယ်။

Turmeric

Turmeric

(၃)ငရုတ်ကောင်း

ငရုတ်ကောင်းဟာ ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး အိမ်တွင်း အလှကုန်တစ်ခုဖြစ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်ခဲ့တဲ့အမာရွတ်နဲ့ အပြစ်အနာအဆာတွေကို ပျောက်ကင်းစေပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေ ရရှိဖို့အတွက် ငရုတ်ကောင်းအနှစ်နဲ့ မျက်နှာကို လိမ်းပေးကြည့်ပါ။ အမာအရွတ်တွေကိုသာ သိသိသာသာ သက်သာပျောက်ကင်းစေရုံမကဘဲ ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။ ငရုတ်ကောင်းမှုန့်နဲ့ ဒိန်ချဉ်အနည်းငယ်ကို ရောစပ်ပြီး အလှအပအတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

Black Pepper

Black Pepper

(၄) ချင်း

ချင်းက အသားအရေကို နုပျိုစေပြီး ကောင်းမွန်တဲ့ အသားအရေ ရရှိစေကာ နူးညံ့ချောမွေ့လာစေပါတယ်။ ချင်းအနှစ်ကို မျက်နှာပေါ်လာပြီး အချိန်အနည်းငယ်ကြာအောင် ထားတဲ့အခါ အမာအရွတ်တွေ တဖြည်းဖြည်း သက်သာပျောက်ကင်းပြီး အသားအရေကို နဂို အတိုင်းပြန်လည်ချောမွေ့လာအောင် ကူညီပေးပါတယ်။

Ginger

Ginger

India ဟင်းခေတ်မွှေးအကြိုင်တွေထဲက တချို့ဟာ အိမ်မှာ အလွယ်တကူရနိုင်တဲ့ မီးဖိုချေျာင်သုံးပစ္စည်းတွေဖြစ်လို့ ငွေကုန်ကြေးကြ နည်းနည်းနဲ့ အလှပေါ် အလှဆင့်အောင် လွယ်လင့်တကူ ပြုပြင်ပြောင်းလဲကြည့်ရအောင်။ ပရိသတ်ကြီး သုံးတဲ့ လျှို့ဝှက်နည်းလမ်းကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ဖို့ မမေ့ပါနဲ့နော်။

H.H(Akhayar)

www.akhayar.com