[Zawgyi]

အဓိက ဆုဖလားအားလုံးနီးပါး ရယူခဲ့ၾကတဲ့ နာမည္ေက်ာ္ကစားသမားမ်ား

ေဘာလုံးသမားတစ္ဦးအတြက္ ဆုဖလားေအာင္ျမင္မႈဆုိတာက အဲဒီကစားသမားတစ္ဦးရဲ႕ သမုိင္းမွတ္တုိင္ပဲျဖစ္ပါတယ္။ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ကုိ ျပန္ၾကည့္ရင္ အဓိက ဆုဖလားေတြ ေတာ္ေတာ္မ်ားမ်ား ရယူခဲ့ၾကတဲ့ ကစားသမားေတြ အမ်ားႀကီးပါပဲ။ ဒါေပမဲ့ Nothing is Perfect ဆုိတဲ့ စကားအတိုင္း ကြက္လပ္ေလးေတြေတာ့ ရွိၾကပါတယ္။ ဥပမာ လက္ရွိကမၻာ႔အေကာင္းဆုံး ေဘာလုံးသမားစာရင္း၀င္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ မက္ဆီ Messi တို႔ဆုိရင္ ကလပ္အသင္းနဲ႔အတူ သူတို႔မရဖူးတဲ့ အဓိက ဆုဖလားဆုိတာ မရွိသေလာက္ပါပဲ။ ဒါေပမဲ့ ႏွစ္ေယာက္စလုံးက ကမၻာ႔ဖလားကုိေတာ့ မကုိင္ေျမႇာက္ႏိုင္ေသးပါဘူး။ အခုေဖာ္ျပမွာက အဓိက ဆုဖလားအားလုံးနီးပါး ရခဲ့ဖူးတဲ့ နာမည္ေက်ာ္ကစားသမားေတြ အေၾကာင္းျဖစ္ၿပီး တခ်ိဳ႕ကစားသမားေတြဆုိရင္ ကမၻာ႔ဖလား၊ ခ်န္ပီယံလိဂ္စတဲ့ ေအာင္ျမင္မႈေတြ ရယူခဲ့ေပမယ့္ မရဖူးေသးတဲ့ ဆုဖလားေတြ ရွိေနဆဲပါ။ သူတို႔ေတြက ဘယ္သူေတြလဲဆုိတာ ၾကည့္လုိက္ရေအာင္ . .

Juan Mata – Manchester United
ေဘာလုံးေလာကမွာ ေက်ာ္ၾကားသင့္သေလာက္ မေက်ာ္ၾကားတ့ဲ Underrated Players ေတြထဲမွာ မာတာ Juan Mata ဟာ တစ္ဦးပါအ၀င္ပါ။ ထိပ္တန္းအဆင့္ရွိ ကြင္းလယ္တိုက္စစ္ကစားသမား ျဖစ္သလုိ၊ သူရခဲ့တဲ့ ဆုဖလားမွတ္တမ္းေတြအရ မာတာရဲ႕ အေနအထားက တစ္ဦးခ်င္းအေကာင္းဆုံး ဆုတံဆိပ္တစ္ခုခု ရသင့္ေနသူျဖစ္ပါတယ္။ ကမၻာ႔ဖလား၊ ခ်န္ပီယံလိဂ္၊ ယူ႐ုိပါလိဂ္၊ FA ဖလား၊ ယူ႐ို၊ လိဂ္ဖလား အစရွိတဲ့ ဆုဖလားေတြ အမ်ားႀကီး ဆြတ္ခူးခဲ့ၿပီး သူ မရဖူးေသးတာဆုိလုိ႔ ဥေရာပစူပါဖလားနဲ႔ အမွတ္ေပးဖလားသာ က်န္ပါေတာ့တယ္။ ဒါ့အျပင္ မာတာဟာ အဓိက ဆုဖလားအားလုံးနီးပါးရခဲ့ဖူးတဲ့ ရွားရွားပါးပါး စပိန္ကစားသမားေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။

Mata

Mata

Valencia
Copa del Rey: 2007–08

Chelsea
FA Cup: 2011–12
UEFA Champions League: 2011–12
UEFA Europa League: 2012–13

Manchester United
FA Cup: 2015–16
EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

Spain
FIFA World Cup: 2010
UEFA European Championship: 2012

Zlatan Ibrahimovic – LA Galaxy
ေမာ္ဒန္ေဘာလုံးေလာကမွာ ဆြီဒင္၀ါရင့္တိုက္စစ္မွဴးႀကီး အီဘရာဟီမုိဗစ္ Zlatan Ibrahimovic ဆုိတာက ထိပ္တန္းစာရင္း၀င္ တိုက္စစ္မွဴးတစ္ဦးဆုိတာ ဘယ္သူမွ မျငင္းႏုိင္ပါဘူး။ သိပ္မၾကာေသးခင္ကမွ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ သြငး္ဂုိး(၅၀၀)ျပည့္ခဲ့ၿပီး အသက္နဲ႔မလုိက္တဲ့ ေျခစြမ္းမ်ိဳး ျပသေနသူလည္းျဖစ္ပါတယ္။ မတူညီႏုိင္တဲ့ ႏုိင္ငံ(၅)ခုမွာ အဓိက ဆုဖလားေပါင္း(၃၃)ခု ရယူႏုိင္ခဲ့တဲ့မွတ္တမ္းေကာင္းကုိ ပုိင္ဆုိင္ထားေပမယ့္ အီဘရာဟီမုိဗစ္အတြက္ ကြက္လပ္ျဖစ္ေနတာက ခ်န္ပီယံလိဂ္ဖလားနဲ႔ ရီးမီးယားလိဂ္ဖလားပါ။ လာလီဂါ၊ စီးရီးေအ၊ ျပင္သစ္လီဂူး၊ ယူ႐ုိပါလိဂ္အစရွိတဲ့ ဆုဖလားေတြ ရယူခဲ့သူ အီဘရာဟီမုိဗစ္အတြက္ ဒီကြက္လပ္(၂)ခုကုိ ျဖည့္ႏုိင္ဖို႔က မလြယ္ေလာက္ေတာ့ပါဘူး။

Zlatan-Ibrahimovic

Zlatan-Ibrahimovic

Ajax
Eredivisie: 2001–02, 2003–04
KNVB Cup: 2001–02
Johan Cruyff Shield: 2002

Inter Milan
Serie A: 2006–07, 2007–08, 2008–09
Supercoppa Italiana: 2006, 2008

Barcelona
La Liga: 2009–10
Supercopa de España: 2009, 2010
UEFA Super Cup: 2009
FIFA Club World Cup: 2009

A.C. Milan
Serie A: 2010–11
Supercoppa Italiana: 2011

Paris Saint-Germain
Ligue 1: 2012–13, 2013–14, 2014–15, 2015–16
Coupe de France: 2014–15, 2015–16
Coupe de la Ligue: 2013–14, 2014–15, 2015–16
Trophée des Champions: 2013, 2014, 2015

Manchester United
EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

Maxwell
ဘာစီလုိနာ၊ PSG နာမည္ေက်ာ္ ေနာက္ခံကစားသမားေဟာင္း မက္ဇ္၀ဲလ္ Maxwell ကေတာ့ ေဘာလုံးေလာကမွာ မရွိေတာ့ေပမယ့္ သူရရွိခဲ့တဲ့ ဆုဖလားမွတ္တမ္းေတြက မယုံႏုိင္ေလာက္ေအာင္ပါပဲ။ ကစားသမားဘ၀တစ္ေလွ်ာက္ ဥေရာပေျမမွာ ဆုဖလားေပါင္း (၃၆)ခုအထိ ဆြတ္ခူးခဲ့ၿပီး သူကစားခဲ့တဲ့ကလပ္အသင္းတိုင္းနဲ႔ အဓိက ဆုဖလားေတြ ရယူႏုိင္ခဲ့သူျဖစ္ပါတယ္။ ေဘာလုံးေလာကမွာ က်င္လည္ခဲ့စဥ္က မက္ဇ္၀ဲလ္ဟာ ဆုတံဆိပ္အမ်ားဆုံးရရွိခဲ့သူ (ကလပ္အသင္းနဲ႔ ဖလား ၃၃ခု၊ တစ္ဦးခ်င္းဆု ၅ခု)အျဖစ္ မွတ္တမ္းစုိက္ထူခဲ့သူလည္းျဖစ္ပါတယ္။

Maxwell

Maxwell

Ajax
Eredivisie (2): 2001–02, 2003–04
KNVB Cup (1): 2001–02
Johan Cruyff Shield (1): 2002

Internazionale
Serie A (3): 2006–07, 2007–08, 2008–09
Supercoppa Italiana (2): 2006, 2008

Barcelona
La Liga (2): 2009–10, 2010–11
Copa del Rey (1): 2011–12
Supercopa de España (2): 2009, 2010
UEFA Champions League (1): 2010–11
UEFA Super Cup (1): 2009
FIFA Club World Cup (2): 2009, 2011

Paris Saint-Germain
Ligue 1 (4): 2012–13, 2013–14, 2014–15, 2015–16
Coupe de France (3): 2014–15, 2015–16, 2016–17
Coupe de la Ligue (4): 2013–14, 2014–15, 2015–16, 2016–17
Trophée des Champions (3): 2013, 2015, 2016

Dani Alves – Paris Saint Germain
မက္ဇ္၀ဲလ္ကုိ ေက်ာ္ျဖတ္ၿပီး လက္ရွိေဘာလုံးေလာကမွာ အဓိကဖလားနဲ႔ ဆုတံဆိပ္ အမ်ားဆုံးရရွိခဲ့သူအျဖစ္ ရပ္တည္ေနသူက ဒန္နီအဲလ္ဗတ္စ္ Dani Alves ျဖစ္ပါတယ္။ ကစားသမားဘ၀တစ္ေလွ်ာက္ ဆုဖလားေပါင္း (၄၃)ခုအထိ ရယူခဲ့ၿပီး သူကလည္း မက္ဇ္၀ဲလ္လုိပဲ ကစားတဲ့အသင္းတိုင္းနဲ႔ ဆုဖလား ရယူႏုိင္ခဲ့သူပါ။ ကမၻာ႔ဖလားကုိသာ ဆြတ္ခူးခဲ့ရင္ေတာ့ ဒန္နီအဲလ္ဗတ္စ္ရဲ႕ ကစားသမားဘ၀က ျပည့္စုံသြားၿပီလုိ႔ ဆုိရမယ္ . .

Dani-Alves

Dani-Alves

Sevilla
Copa del Rey: 2006–07
Supercopa de España: 2007
UEFA Cup: 2005–06, 2006–07
UEFA Super Cup: 2006

Barcelona
La Liga: 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16
Copa del Rey: 2008–09, 2011–12, 2014–15, 2015–16
Supercopa de España: 2009, 2010, 2011, 2013
UEFA Champions League: 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011, 2015
FIFA Club World Cup: 2009, 2011, 2015

Juventus
Serie A: 2016–17
Coppa Italia: 2016–17

Paris Saint-Germain
Ligue 1: 2017–18
Coupe de France: 2017–18
Coupe de la Ligue: 2017–18
Trophée des Champions: 2017, 2018

REF:sportskeeda
Photo:twitter,The Sun,Scoopnest.
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အဓိက ဆုဖလားအားလုံးနီးပါး ရယူခဲ့ကြတဲ့ နာမည်ကျော်ကစားသမားများ

ဘောလုံးသမားတစ်ဦးအတွက် ဆုဖလားအောင်မြင်မှုဆိုတာက အဲဒီကစားသမားတစ်ဦးရဲ့ သမိုင်းမှတ်တိုင်ပဲဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင် အဓိက ဆုဖလားတွေ တော်တော်များများ ရယူခဲ့ကြတဲ့ ကစားသမားတွေ အများကြီးပါပဲ။ ဒါပေမဲ့ Nothing is Perfect ဆိုတဲ့ စကားအတိုင်း ကွက်လပ်လေးတွေတော့ ရှိကြပါတယ်။ ဥပမာ လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားစာရင်းဝင် စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Messi တို့ဆိုရင် ကလပ်အသင်းနဲ့အတူ သူတို့မရဖူးတဲ့ အဓိက ဆုဖလားဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ နှစ်ယောက်စလုံးက ကမ္ဘာ့ဖလားကိုတော့ မကိုင်မြှောက်နိုင်သေးပါဘူး။ အခုဖော်ပြမှာက အဓိက ဆုဖလားအားလုံးနီးပါး ရခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမားတွေ အကြောင်းဖြစ်ပြီး တချို့ကစားသမားတွေဆိုရင် ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်စတဲ့ အောင်မြင်မှုတွေ ရယူခဲ့ပေမယ့် မရဖူးသေးတဲ့ ဆုဖလားတွေ ရှိနေဆဲပါ။ သူတို့တွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင် . .

Juan Mata – Manchester United
ဘောလုံးလောကမှာ ကျော်ကြားသင့်သလောက် မကျော်ကြားတဲ့ Underrated Players တွေထဲမှာ မာတာ Juan Mata ဟာ တစ်ဦးပါအဝင်ပါ။ ထိပ်တန်းအဆင့်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဖြစ်သလို၊ သူရခဲ့တဲ့ ဆုဖလားမှတ်တမ်းတွေအရ မာတာရဲ့ အနေအထားက တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်တစ်ခုခု ရသင့်နေသူဖြစ်ပါတယ်။ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ FA ဖလား၊ ယူရို၊ လိဂ်ဖလား အစရှိတဲ့ ဆုဖလားတွေ အများကြီး ဆွတ်ခူးခဲ့ပြီး သူ မရဖူးသေးတာဆိုလို့ ဥရောပစူပါဖလားနဲ့ အမှတ်ပေးဖလားသာ ကျန်ပါတော့တယ်။ ဒါ့အပြင် မာတာဟာ အဓိက ဆုဖလားအားလုံးနီးပါးရခဲ့ဖူးတဲ့ ရှားရှားပါးပါး စပိန်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

Mata

Mata

Valencia
Copa del Rey: 2007–08

Chelsea
FA Cup: 2011–12
UEFA Champions League: 2011–12
UEFA Europa League: 2012–13

Manchester United
FA Cup: 2015–16
EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

Spain
FIFA World Cup: 2010
UEFA European Championship: 2012

Zlatan Ibrahimovic – LA Galaxy
မော်ဒန်ဘောလုံးလောကမှာ ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် Zlatan Ibrahimovic ဆိုတာက ထိပ်တန်းစာရင်းဝင် တိုက်စစ်မှူးတစ်ဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သိပ်မကြာသေးခင်ကမှ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သွင်းဂိုး(၅၀၀)ပြည့်ခဲ့ပြီး အသက်နဲ့မလိုက်တဲ့ ခြေစွမ်းမျိုး ပြသနေသူလည်းဖြစ်ပါတယ်။ မတူညီနိုင်တဲ့ နိုင်ငံ(၅)ခုမှာ အဓိက ဆုဖလားပေါင်း(၃၃)ခု ရယူနိုင်ခဲ့တဲ့မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပေမယ့် အီဘရာဟီမိုဗစ်အတွက် ကွက်လပ်ဖြစ်နေတာက ချန်ပီယံလိဂ်ဖလားနဲ့ ရီးမီးယားလိဂ်ဖလားပါ။ လာလီဂါ၊ စီးရီးအေ၊ ပြင်သစ်လီဂူး၊ ယူရိုပါလိဂ်အစရှိတဲ့ ဆုဖလားတွေ ရယူခဲ့သူ အီဘရာဟီမိုဗစ်အတွက် ဒီကွက်လပ်(၂)ခုကို ဖြည့်နိုင်ဖို့က မလွယ်လောက်တော့ပါဘူး။

Zlatan-Ibrahimovic

Zlatan-Ibrahimovic

Ajax
Eredivisie: 2001–02, 2003–04
KNVB Cup: 2001–02
Johan Cruyff Shield: 2002

Inter Milan
Serie A: 2006–07, 2007–08, 2008–09
Supercoppa Italiana: 2006, 2008

Barcelona
La Liga: 2009–10
Supercopa de España: 2009, 2010
UEFA Super Cup: 2009
FIFA Club World Cup: 2009

A.C. Milan
Serie A: 2010–11
Supercoppa Italiana: 2011

Paris Saint-Germain
Ligue 1: 2012–13, 2013–14, 2014–15, 2015–16
Coupe de France: 2014–15, 2015–16
Coupe de la Ligue: 2013–14, 2014–15, 2015–16
Trophée des Champions: 2013, 2014, 2015

Manchester United
EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

Maxwell
ဘာစီလိုနာ၊ PSG နာမည်ကျော် နောက်ခံကစားသမားဟောင်း မက်ဇ်ဝဲလ် Maxwell ကတော့ ဘောလုံးလောကမှာ မရှိတော့ပေမယ့် သူရရှိခဲ့တဲ့ ဆုဖလားမှတ်တမ်းတွေက မယုံနိုင်လောက်အောင်ပါပဲ။ ကစားသမားဘဝတစ်လျှောက် ဥရောပမြေမှာ ဆုဖလားပေါင်း (၃၆)ခုအထိ ဆွတ်ခူးခဲ့ပြီး သူကစားခဲ့တဲ့ကလပ်အသင်းတိုင်းနဲ့ အဓိက ဆုဖလားတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဘောလုံးလောကမှာ ကျင်လည်ခဲ့စဉ်က မက်ဇ်ဝဲလ်ဟာ ဆုတံဆိပ်အများဆုံးရရှိခဲ့သူ (ကလပ်အသင်းနဲ့ ဖလား ၃၃ခု၊ တစ်ဦးချင်းဆု ၅ခု)အဖြစ် မှတ်တမ်းစိုက်ထူခဲ့သူလည်းဖြစ်ပါတယ်။

Maxwell

Maxwell

Ajax
Eredivisie (2): 2001–02, 2003–04
KNVB Cup (1): 2001–02
Johan Cruyff Shield (1): 2002

Internazionale
Serie A (3): 2006–07, 2007–08, 2008–09
Supercoppa Italiana (2): 2006, 2008

Barcelona
La Liga (2): 2009–10, 2010–11
Copa del Rey (1): 2011–12
Supercopa de España (2): 2009, 2010
UEFA Champions League (1): 2010–11
UEFA Super Cup (1): 2009
FIFA Club World Cup (2): 2009, 2011

Paris Saint-Germain
Ligue 1 (4): 2012–13, 2013–14, 2014–15, 2015–16
Coupe de France (3): 2014–15, 2015–16, 2016–17
Coupe de la Ligue (4): 2013–14, 2014–15, 2015–16, 2016–17
Trophée des Champions (3): 2013, 2015, 2016

Dani Alves – Paris Saint Germain
မက်ဇ်ဝဲလ်ကို ကျော်ဖြတ်ပြီး လက်ရှိဘောလုံးလောကမှာ အဓိကဖလားနဲ့ ဆုတံဆိပ် အများဆုံးရရှိခဲ့သူအဖြစ် ရပ်တည်နေသူက ဒန်နီအဲလ်ဗတ်စ် Dani Alves ဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက် ဆုဖလားပေါင်း (၄၃)ခုအထိ ရယူခဲ့ပြီး သူကလည်း မက်ဇ်ဝဲလ်လိုပဲ ကစားတဲ့အသင်းတိုင်းနဲ့ ဆုဖလား ရယူနိုင်ခဲ့သူပါ။ ကမ္ဘာ့ဖလားကိုသာ ဆွတ်ခူးခဲ့ရင်တော့ ဒန်နီအဲလ်ဗတ်စ်ရဲ့ ကစားသမားဘဝက ပြည့်စုံသွားပြီလို့ ဆိုရမယ် . .

Dani-Alves

Dani-Alves

Sevilla
Copa del Rey: 2006–07
Supercopa de España: 2007
UEFA Cup: 2005–06, 2006–07
UEFA Super Cup: 2006

Barcelona
La Liga: 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16
Copa del Rey: 2008–09, 2011–12, 2014–15, 2015–16
Supercopa de España: 2009, 2010, 2011, 2013
UEFA Champions League: 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011, 2015
FIFA Club World Cup: 2009, 2011, 2015

Juventus
Serie A: 2016–17
Coppa Italia: 2016–17

Paris Saint-Germain
Ligue 1: 2017–18
Coupe de France: 2017–18
Coupe de la Ligue: 2017–18
Trophée des Champions: 2017, 2018

REF:sportskeeda
Photo:twitter,The Sun,Scoopnest.
Naing Linn(Akhayar)
www.akhayar.com