[Zawgyi]

ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ရရိွခဲ႔ျခင္းမရိွတဲ႔ ပရီးမီးယားလိဂ္ နာမည္ေက်ာ္ တိုက္စစ္မႈးမ်ား

ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ရယူဖို႔ဆိုတာ ဒီလိဂ္မွာကစားတဲ႔ တိုက္စစ္မႈးတိုင္းရဲ႕ အိမ္မက္တစ္ခုပါ။ ဒါေပမဲ႔ ဒီဆုကိုရဖို႔ဆိုတာ စြမ္းေဆာင္ရည္အျပင္ ကံတရားရဲ႕ ပံပိုးမႈပါလိုအပ္တာကိုေတာ႔ လက္ခံရပါလိမ္႔မယ္။ ဘာလို႔ ဒီလိုေျပာလဲဆိုရင္ ပရီးမီးယားလိဂ္မွာ ကာလရွည္ေျခစြမ္းျပကစားႏိုင္ခဲ႔ျပီး ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို တစ္ခါမွ ရရိွခဲ႔ျခင္းမရိွတဲ႔ နာမည္ေက်ာ္ တိုက္စစ္မႈးေတြရိွေနလို႔ပါပဲ။ ပရိသတ္ေတြ အတြက္ ဒီတိုက္စစ္မႈးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၄) ဘားကင္႔ Bergkamp

Bergkamp

Bergkamp

အျမင္႔ေၾကာက္တတ္တဲ႔ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႈး ဘားကင္႔ Bergkamp ဟာ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ရရိွခဲ႔ျခင္းမရိွခဲ႔သူပါ။ ၁၉၉၅ ခုႏွစ္ေနာက္ပိုင္း အာဆင္နယ္အသင္းရရိွခဲ႔တဲ႔ ေအာင္ျမင္မႈေတြမွာ ဘားကင္႔ရဲ႕ စြမ္းေဆာင္ရည္ေတြက အဓိကက်တဲ႔ေနရာမွာရိွေနခဲ႔တာပါ။ ဘားကင္႔ဟာ အာဆင္နယ္အသင္းမွာ ေကာင္းမြန္တဲ႔ေျခစြမ္းကို (၄)ရာသီေလာက္ ျပသႏိုင္ခဲ႔ေပမယ္႔ ဒီဆုနဲ႔ေတာ႔လြဲေခ်ာ္ခဲ႔ပါတယ္။

(၃) ေတာရက္စ္ Torres

Torres

Torres

လီဗာပူးလ္ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမား ေတာရက္စ္ Torres ဟာ သူ႔ရဲ႕အေကာင္းဆံုးအခ်ိန္ေတြတုန္းက အသင္းရဲ႕တိုက္စစ္ကိုဦးေဆာင္ျပီး အေကာင္းဆံုးေျခစြမ္းေတြ ျပသႏိုင္ခဲ႔သူပါ။ ေတာရက္စ္ဟာ လီဗာပူးလ္အသင္းမွာ အေကာင္းဆံုးေျခစြမ္းကို (၃)ရာသီဆက္ျပသႏိုင္ခဲ႔ေပမယ္႔ ဒီဆုနဲ႔ေတာ႔လြဲေခ်ာ္ခဲ႔ပါတယ္။ ေနာက္ပိုင္းမွာေတာ႔ ေတာရက္စ္ဟာ ခ်ယ္လ္ဆီးအသင္းကို ေျပာငး္ေရႊ႕ကစားခဲ႔ျပီး ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ႔ရပါတယ္။

(၂) ေရာ္ဘီေဖာင္လာ Robbie Fowler

Robbie-Fowler

Robbie-Fowler

လီဗာပူးလ္အသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မႈး ေရာ္ဘီေဖာင္လာ Robbie Fowler ဟာလည္း ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုနဲ႔လြဲေခ်ာ္ခဲ႔သူပါ။ ေရာ္ဘီေဖာင္လာဟာ လီဗာပူးလ္အသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး (၁၂၈)ဂိုးထိ သြင္းယူခဲ႔ေပမယ္႔ ဒီဆုကိုမရရိွခဲ႔တာကေတာ႔ အံအားသင္႔စရာလို႔ပဲ ေျပာရပါလိမ္႔မယ္။

(၁) ရြန္နီ Rooney

Rooney

Rooney

ပရီးမီးယားလိဂ္သြင္းဂိုး(၂၀၈)ဂိုး အထိသြင္းယူခဲ႔ျပီး ပရီးမီးယားလိဂ္သမိုင္းရဲ႕ ဒုတိယဂိုးသြင္းအမ်ားဆံုးကစားသမား ရြန္နီ Rooney ဟာ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုနဲ႔ကံမစပ္ခဲ႔ဘူး လို႔ပဲေျပာရမွာပါ။ မန္ယူအသင္းနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို (၅)ၾကိမ္အထိရရိွခဲ႔တဲ႔ ရြန္နီဟာ ရာသီတိုင္းမွာအသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပကစားႏိုင္ခဲ႔ေပမယ္႔ အသင္းမွာ တိုက္စစ္မႈးစစ္စစ္အျဖစ္ ကစားရတဲ႔ရာသီက ရွားပါးတာေၾကာင္႔ ဒီဆုနဲ႔ ေ၀းခဲ႔ရပါတယ္။

Ref:  Sportskeeda
Photo: Superstarfloraluk.com , Fanpop , Red Bull , Pinterest , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့ခြင်းမရှိတဲ့ ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှုးများ

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူဖို့ဆိုတာ ဒီလိဂ်မှာကစားတဲ့ တိုက်စစ်မှုးတိုင်းရဲ့ အိမ်မက်တစ်ခုပါ။ ဒါပေမဲ့ ဒီဆုကိုရဖို့ဆိုတာ စွမ်းဆောင်ရည်အပြင် ကံတရားရဲ့ ပံပိုးမှုပါလိုအပ်တာကိုတော့ လက်ခံရပါလိမ့်မယ်။ ဘာလို့ ဒီလိုပြောလဲဆိုရင် ပရီးမီးယားလိဂ်မှာ ကာလရှည်ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို တစ်ခါမှ ရရှိခဲ့ခြင်းမရှိတဲ့ နာမည်ကျော် တိုက်စစ်မှုးတွေရှိနေလို့ပါပဲ။  ပရိသတ်တွေ အတွက် ဒီတိုက်စစ်မှုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၄) ဘားကင့် Bergkamp

Bergkamp

Bergkamp

အမြင့်ကြောက်တတ်တဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှုး ဘားကင့် Bergkamp ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့ခြင်းမရှိခဲ့သူပါ။ ၁၉၉၅ ခုနှစ်နောက်ပိုင်း အာဆင်နယ်အသင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေမှာ ဘားကင့်ရဲ့ စွမ်းဆောင်ရည်တွေက အဓိကကျတဲ့နေရာမှာရှိနေခဲ့တာပါ။ ဘားကင့်ဟာ အာဆင်နယ်အသင်းမှာ ကောင်းမွန်တဲ့ခြေစွမ်းကို (၄)ရာသီလောက် ပြသနိုင်ခဲ့ပေမယ့် ဒီဆုနဲ့တော့လွဲချော်ခဲ့ပါတယ်။

(၃) တောရက်စ် Torres

Torres

Torres

လီဗာပူးလ် ပရိသတ်တွေရဲ့ အချစ်တော်ကစားသမား တောရက်စ် Torres ဟာ သူ့ရဲ့အကောင်းဆုံးအချိန်တွေတုန်းက အသင်းရဲ့တိုက်စစ်ကိုဦးဆောင်ပြီး အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့သူပါ။ တောရက်စ်ဟာ လီဗာပူးလ်အသင်းမှာ အကောင်းဆုံးခြေစွမ်းကို (၃)ရာသီဆက်ပြသနိုင်ခဲ့ပေမယ့် ဒီဆုနဲ့တော့လွဲချော်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တောရက်စ်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

(၂) ရော်ဘီဖောင်လာ Robbie Fowler

Robbie-Fowler

Robbie-Fowler

လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှုး ရော်ဘီဖောင်လာ Robbie Fowler ဟာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့လွဲချော်ခဲ့သူပါ။ ရော်ဘီဖောင်လာဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၂၈)ဂိုးထိ သွင်းယူခဲ့ပေမယ့် ဒီဆုကိုမရရှိခဲ့တာကတော့ အံအားသင့်စရာလို့ပဲ ပြောရပါလိမ့်မယ်။

(၁) ရွန်နီ Rooney

Rooney

Rooney

ပရီးမီးယားလိဂ်သွင်းဂိုး(၂၀၈)ဂိုး အထိသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းရဲ့ ဒုတိယဂိုးသွင်းအများဆုံးကစားသမား ရွန်နီ Rooney ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ကံမစပ်ခဲ့ဘူး လို့ပဲပြောရမှာပါ။ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၅)ကြိမ်အထိရရှိခဲ့တဲ့ ရွန်နီဟာ ရာသီတိုင်းမှာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် အသင်းမှာ တိုက်စစ်မှုးစစ်စစ်အဖြစ် ကစားရတဲ့ရာသီက ရှားပါးတာကြောင့် ဒီဆုနဲ့ ဝေးခဲ့ရပါတယ်။

Ref:  Sportskeeda
Photo: Superstarfloraluk.com , Fanpop , Red Bull , Pinterest , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com