[Zawgyi]

Deepika Padukone မဂၤလာေဆာင္မွ သင္ယူသင့္တဲ့ အလွအပျပင္ဆင္နည္းအသြယ္သြယ္

မဂၤလာပဲြေတြက်င္းပၾကတဲ႔ ရာသီမွာ မဂၤလာသတို႔သမီးေတြ အလွဆံုးျဖစ္ေအာင္ျပင္ဆင္ႏိုင္ဖို႔အတြက္ ေဘာလိဝုဒ္မင္းသမီး Deepika Padukone မဂၤလာေဆာင္တုန္းက ျပင္ဆင္ခဲ႔တဲ႔ မိတ္ကပ္ျပင္ဆင္ပံု တခ်ဳိ႕ကို ေလ့လာမႈလုိ႔ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။ သူမျပင္ဆင္ခဲ႔တဲ႔ ျပင္ဆင္ပံုေတြထဲကမွ ကိုယ္နဲ႔ ကိုက္ညီတာေတြရွိရင္ အတုခိုးျပင္ဆင္လို႔႔ရသလို သူျပင္ဆင္ပံုနဲ႔ ကိုယ္အိုင္ဒီယာနဲ႔လည္း ေပါင္းစပ္ကာ ဘယ္လိုျပင္ဆင္မလဲဆိုတာကို မိတ္ကပ္ဆရာနဲ႔လည္း တုိင္ပင္ၾကည့္လို႔ရပါတယ္။

ဆံပင္ပံုစံကို သက္ေသာင့္သက္သာရွိေအာင္ ျပင္ဆင္ပါ

Deepika Padukone ဟာ Italy မွာ မဂၤလာပဲြက်င္းပတုုန္းက ဆံပင္ကို အရုိးအရွင္းဆံုးပံုစံျဖစ္ေအာင္ ထံုးဖဲြ႔ျပင္ဆင္ထားတာ ေတြ႔ရပါတယ္။ ျပင္ဆင္ထားပံုကေတာ့ တကယ္ကို ရုိးရုိးရွင္းရွင္းေလးပဲ ျဖစ္ၿပီး ဆံပင္အားလံုးကို စုယူကာ ျမင့္ျမင့္ေလးခ်ည္ထားၿပီး ခပ္ေလ်ာေလ်ာေလးထံုးဖဲြ႔ထားတာ ျဖစ္ပါတယ္။ အဲ႔အေပၚမွာမွ Accessory ေလးေတြနဲ႔ အလွဆင္ထားပါတယ္။ သူမကို အဲ႔ဆံပင္ပံုစံေလးနဲ႔ ၾကည့္ရတာ ဆံထံုးေၾကာင့္ ေလးလံေနတာမ်ဳိးမရွိဘဲ သက္ေသာင့္သက္သာေလးနဲ႔ ေပါ့ေပါ့ပါးပါးရွိေနတာကို ေတြ႔ရပါတယ္။

ရုိးရာဓေလ့ထံုးတမ္းစဥ္လာအတုိင္း ျပင္ဆင္ျခင္း

တစ္ခါတစ္ေလ တခ်ဳိ႕ေတြကေတာ့ မဂၤလာပဲြမွာ လွဖို႔ပဖို႔ကို ဦးစားေပးၿပီး ျပင္ဆင္လုိက္တဲ့အခါ ရုိးရာဓေလ့ထံုးတမ္းစဥ္လာကို ေမ့ေလ်ာသြားကာ ျပင္ဆင္မိတတ္ၾကပါတယ္။ Deepika Padukone ဟာ Italy မွာ မဂၤလာပဲြ သြားေရာက္က်င္းပေပမယ့္ သူမတို႔ရဲ႕ ဓေလ့ထံုးတမ္းစဥ္လာကို မေမ့ေလ်ာဘဲ ဝတ္စားျပင္ဆင္ကာ မဂၤလာပဲြကို ဆင္ႏဲြသြားတာ ေတြ႔ရပါတယ္။ သူမရဲ႕ ဆံထံုးေပၚမွာ မဂၤလာပဲြမွာ ပန္ေလ့ရွိတဲ႔ ပန္းကံုးကို ပန္ဆင္သြားတာကလည္း သူမနဲ႔ အလြန္လိုက္ဖက္ညီၿပီး ခ်စ္စဖြယ္ေကာင္းေနပါတယ္။

 

သဘာဝက်က်ေလးျပင္ဆင္ျခင္း

မဂၤလာပဲြမွာ သတို႔သမီးေတြ အမွားအမ်ားဆံုးကေတာ့ အလွအပဆံုးနဲ႔ က်က္သေရအရွိဆံုးျဖစ္ေအာင္ ျပင္ဆင္ရင္း နဂိုရုပ္ေပ်ာက္သြားတတ္ၾကျခင္း ျဖစ္ပါတယ္။ Deepika Padukone ဟာ နဂိုရုပ္ေပ်ာက္ေအာင္ မျပင္ဘဲ သဘာဝက်က်ေလးျဖစ္ေအာင္ ပါးပါးေလးပဲ ျပင္ဆင္သြားတာ ေတြ႔ရပါတယ္။ တကယ္ေတာ့လည္း အရမ္းႀကီး ျပင္ထားဆင္ထားတာထက္ ပါးပါးေလးနဲ႔ သဘာဝက်က်ေလးျပင္တာက ဓာတ္ပံုေလးျပန္ၾကည့္ရင္ေတာင္ ရုိးအီသြားျခင္းမရွိဘဲ လွပေနမွာ အေသအခ်ာပါပဲ။ ဒါ့အျပင္ Deepika က Highlighter နဲ႔ Contouring ေတြ လုပ္မယ့္အစား သူမရဲ႕ေကာင္းမြန္တဲ႔ နဂိုအသားအေရကိုပဲ ပိုရုပ္လံုးၾကြလာေအာင္ ျပင္ဆင္ခဲ႔တာ ေတြ႔ရပါတယ္။

 

အလွဆံုးအစိတ္အပိုင္းေတြကုိ အသားေပးျပင္ဆင္ျခင္း

မဂၤလာပဲြမွာ သတို႔သမီးေတြအေနနဲ႔ လွခ်င္ေဇာအားႀကီးၿပီး မိတ္ကပ္ျပင္တဲ႔အခါ မ်က္ႏွာတစ္ခုလံုးကို Highlight ေတြ အရမ္းလုပ္ခို္င္းမိတာမ်ဳိး မွားျဖစ္္တတ္ပါတယ္။ Deepika ကေတာ့ မ်က္လံုးကို အသားနည္းနည္းေပးျပင္ၿပီး ႏႈတ္ခမ္းနီေတာက္ေတာက္ေလးဆိုးကာ ပါးနီေလးပါးပါးလိမ္းထားတဲ့ Makeup look မ်ဳိး ျပင္လိုက္တဲ႔အခါ သူမဝတ္ဆင္တဲ႔ မဂၤလာဝတ္စံုနဲ႔ အလြန္လိုက္ဖက္မႈ ရွိသြားတာကုိ ေတြ႔ရပါတယ္။ သူမရဲ႕ Konkani Wedding မွာဆိုရင္ မ်က္လံုးကို အသားေပးျပင္ၿပီး ႏႈတ္ခမ္းနီကို Nude ကာလာေလးပဲ ဆိုးထားပါတယ္။ Sindhi-Sikh Wedding မွာေတာ့ မ်က္လံုးကုိ Smokey Eye ျပင္ထားၿပီး ႏႈတ္ခမ္းနီကို ပန္းေရာင္ကိုမွ အလင္းဘက္ေဖာက္တဲ႔ အေရာင္ေလး ဆိုးထားပါတယ္။

ဒါေလးေတြကေတာ့ Deepika Padukone ရဲ႕ မဂၤလာပဲြေတြမွာ ျပင္ဆင္ခဲ႔တဲ့ မိတ္ကပ္ျပင္ဆင္ပံုေလးေတြ ျဖစ္ၿပီး ဒီႏွစ္ထဲမွာေဆာင္မယ့္ သတို႔သမီးေလာင္းေလးေတြအေနနဲ႔ သူမရဲ႕ျပင္ဆင္ပံုေလးေတြကို မွီျငမ္းၿပီး ကိုယ္မဂၤလာပဲြမွာ လူတိုင္းေငးေမာအားက်ရတဲ့ မဂၤလာသတို႔သမီးေလးျဖစ္ေအာင္ ျပင္ဆင္ဖို႔ အိုင္ဒီယာေကာင္းေတြ ရရွိသြားၿပီလိုိ႔ထင္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

Deepika Padukone မင်္ဂလာဆောင်မှ သင်ယူသင့်တဲ့ အလှအပပြင်ဆင်နည်းအသွယ်သွယ်

မင်္ဂလာပွဲတွေကျင်းပကြတဲ့ ရာသီမှာ မင်္ဂလာသတို့သမီးတွေ အလှဆုံးဖြစ်အောင်ပြင်ဆင်နိုင်ဖို့အတွက် ဘောလိဝုဒ်မင်းသမီး Deepika Padukone မင်္ဂလာဆောင်တုန်းက ပြင်ဆင်ခဲ့တဲ့ မိတ်ကပ်ပြင်ဆင်ပုံ တချို့ကို လေ့လာမှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ သူမပြင်ဆင်ခဲ့တဲ့ ပြင်ဆင်ပုံတွေထဲကမှ ကိုယ်နဲ့ ကိုက်ညီတာတွေရှိရင် အတုခိုးပြင်ဆင်လို့ရသလို သူပြင်ဆင်ပုံနဲ့ ကိုယ်အိုင်ဒီယာနဲ့လည်း ပေါင်းစပ်ကာ ဘယ်လိုပြင်ဆင်မလဲဆိုတာကို မိတ်ကပ်ဆရာနဲ့လည်း တိုင်ပင်ကြည့်လို့ရပါတယ်။

ဆံပင်ပုံစံကို သက်သောင့်သက်သာရှိအောင် ပြင်ဆင်ပါ

Deepika Padukone ဟာ Italy မှာ မင်္ဂလာပွဲကျင်းပတုန်းက ဆံပင်ကို အရိုးအရှင်းဆုံးပုံစံဖြစ်အောင် ထုံးဖွဲ့ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ပြင်ဆင်ထားပုံကတော့ တကယ်ကို ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်ပြီး ဆံပင်အားလုံးကို စုယူကာ မြင့်မြင့်လေးချည်ထားပြီး ခပ်လျောလျောလေးထုံးဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲ့အပေါ်မှာမှ Accessory လေးတွေနဲ့ အလှဆင်ထားပါတယ်။ သူမကို အဲ့ဆံပင်ပုံစံလေးနဲ့ ကြည့်ရတာ ဆံထုံးကြောင့် လေးလံနေတာမျိုးမရှိဘဲ သက်သောင့်သက်သာလေးနဲ့ ပေါ့ပေါ့ပါးပါးရှိနေတာကို တွေ့ရပါတယ်။

ရိုးရာဓလေ့ထုံးတမ်းစဉ်လာအတိုင်း ပြင်ဆင်ခြင်း

တစ်ခါတစ်လေ တချို့တွေကတော့ မင်္ဂလာပွဲမှာ လှဖို့ပဖို့ကို ဦးစားပေးပြီး ပြင်ဆင်လိုက်တဲ့အခါ ရိုးရာဓလေ့ထုံးတမ်းစဉ်လာကို မေ့လျောသွားကာ ပြင်ဆင်မိတတ်ကြပါတယ်။ Deepika Padukone ဟာ Italy မှာ မင်္ဂလာပွဲ သွားရောက်ကျင်းပပေမယ့် သူမတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာကို မမေ့လျောဘဲ ဝတ်စားပြင်ဆင်ကာ မင်္ဂလာပွဲကို ဆင်နွဲသွားတာ တွေ့ရပါတယ်။ သူမရဲ့ ဆံထုံးပေါ်မှာ မင်္ဂလာပွဲမှာ ပန်လေ့ရှိတဲ့ ပန်းကုံးကို ပန်ဆင်သွားတာကလည်း သူမနဲ့ အလွန်လိုက်ဖက်ညီပြီး ချစ်စဖွယ်ကောင်းနေပါတယ်။

 

သဘာဝကျကျလေးပြင်ဆင်ခြင်း

မင်္ဂလာပွဲမှာ သတို့သမီးတွေ အမှားအများဆုံးကတော့ အလှအပဆုံးနဲ့ ကျက်သရေအရှိဆုံးဖြစ်အောင် ပြင်ဆင်ရင်း နဂိုရုပ်ပျောက်သွားတတ်ကြခြင်း ဖြစ်ပါတယ်။ Deepika Padukone ဟာ နဂိုရုပ်ပျောက်အောင် မပြင်ဘဲ သဘာဝကျကျလေးဖြစ်အောင် ပါးပါးလေးပဲ ပြင်ဆင်သွားတာ တွေ့ရပါတယ်။ တကယ်တော့လည်း အရမ်းကြီး ပြင်ထားဆင်ထားတာထက် ပါးပါးလေးနဲ့ သဘာဝကျကျလေးပြင်တာက ဓာတ်ပုံလေးပြန်ကြည့်ရင်တောင် ရိုးအီသွားခြင်းမရှိဘဲ လှပနေမှာ အသေအချာပါပဲ။ ဒါ့အပြင် Deepika က Highlighter နဲ့ Contouring တွေ လုပ်မယ့်အစား သူမရဲ့ကောင်းမွန်တဲ့ နဂိုအသားအရေကိုပဲ ပိုရုပ်လုံးကြွလာအောင် ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။

 

အလှဆုံးအစိတ်အပိုင်းတွေကို အသားပေးပြင်ဆင်ခြင်း

မင်္ဂလာပွဲမှာ သတို့သမီးတွေအနေနဲ့ လှချင်ဇောအားကြီးပြီး မိတ်ကပ်ပြင်တဲ့အခါ မျက်နှာတစ်ခုလုံးကို Highlight တွေ အရမ်းလုပ်ခိုင်းမိတာမျိုး မှားဖြစ်တတ်ပါတယ်။ Deepika ကတော့ မျက်လုံးကို အသားနည်းနည်းပေးပြင်ပြီး နှုတ်ခမ်းနီတောက်တောက်လေးဆိုးကာ ပါးနီလေးပါးပါးလိမ်းထားတဲ့ Makeup look မျိုး ပြင်လိုက်တဲ့အခါ သူမဝတ်ဆင်တဲ့ မင်္ဂလာဝတ်စုံနဲ့ အလွန်လိုက်ဖက်မှု ရှိသွားတာကို တွေ့ရပါတယ်။ သူမရဲ့ Konkani Wedding မှာဆိုရင် မျက်လုံးကို အသားပေးပြင်ပြီး နှုတ်ခမ်းနီကို Nude ကာလာလေးပဲ ဆိုးထားပါတယ်။ Sindhi-Sikh Wedding မှာတော့ မျက်လုံးကို Smokey Eye ပြင်ထားပြီး နှုတ်ခမ်းနီကို ပန်းရောင်ကိုမှ အလင်းဘက်ဖောက်တဲ့ အရောင်လေး ဆိုးထားပါတယ်။

ဒါလေးတွေကတော့ Deepika Padukone ရဲ့ မင်္ဂလာပွဲတွေမှာ ပြင်ဆင်ခဲ့တဲ့ မိတ်ကပ်ပြင်ဆင်ပုံလေးတွေ ဖြစ်ပြီး ဒီနှစ်ထဲမှာဆောင်မယ့် သတို့သမီးလောင်းလေးတွေအနေနဲ့ သူမရဲ့ပြင်ဆင်ပုံလေးတွေကို မှီငြမ်းပြီး ကိုယ်မင်္ဂလာပွဲမှာ လူတိုင်းငေးမောအားကျရတဲ့ မင်္ဂလာသတို့သမီးလေးဖြစ်အောင် ပြင်ဆင်ဖို့ အိုင်ဒီယာကောင်းတွေ ရရှိသွားပြီလို့ထင်ပါတယ်။

H.H(Akhayar)

www.akhayar.com