[Zawgyi] 






3D Photos on iPhone X




Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Facebook Feature အသစ်ဖြစ်လာတဲ့ 3D Photos

ဖုန်းထဲက ဓာတ်ပုံကစိတ်ဝင်စားဖို့ကောင်းလို့ ခေါင်းကို စောင်းကြည့်မိတာ ဖြစ်ဖူးကြမှာပါ။ စောင်းကြည့်ရတဲ့အကြောင်းအရင်းကတော့ ကိုယ်မမြင်ရတဲ့အပိုင်းကအရာတစ်ခုခုကို သိချင်တဲ့စိတ်ကြောင့် အလိုလိုစောင်းကြည့်မိတာပါ။ စောင့်ကြည့်ပေမယ့် ဓာတ်ပုံတွေက 2D ပဲဖြစ်နေတာကြောင့် ဘယ်ဖက်ကိုစောင်းကြည့်ကြည့် ဒီပုံပဲမြင်နေရတာပါ။ 

3D Photos Now Rolling out on Facebook and in VR

Today we're starting to roll out 3D photos in both News Feed and VR. 3D photos bring scenes to life with depth and movement. Simply take a photo in Portrait mode using your compatible dual-lens smartphone, then share as a 3D photo on Facebook where you can scroll, pan and tilt to see the photo in realistic 3D.Everyone will be able to see 3D photos in News Feed and VR today, and the ability to create and post 3D photos starts rolling out today to some users, and will be available to everyone in the coming weeks. Learn more here: http://bit.ly/2Pu0Bsr

Posted by Facebook 360 on Thursday, 11 October 2018

အခု Facebook က ထုတ်ပြလိုက်တဲ့ Feature ကတော့ သာမန် 2D ဓာတ်ပုံတွေကို 3D ဖြစ်အောင် ပြောင်းပေးမယ့် Feature ပါ။ အခုလိုပြောင်းပေးဖို့ကိုတော့ Facebook က AI ကိုအသုံးပြုထားပါတယ်။ 3D ဓာတ်ပုံကို ဖုန်းတိုင်းမှာတော့ လုပ်လို့မရသေးပေမယ့် Dual Camera ပါတဲ့ iPhone တွေနဲ့ဆိုရင်တော့ စမ်းသပ်ကြည့်လို့ရနေပါပြီ။ 

3D Photos on iPhone X

3D Photo အလုပ်လုပ်ပုံက ရိုးရှင်းပါတယ်။ Dual Camera ပါတဲ့ဖုန်းတွေက ဓာတ်ပုံရိုက်တဲ့အခါ Depth Data ကို ရအောင်ယူပေးနိုင်တာကြောင့် ပုံထဲက လူ ဒါမှမဟုတ် အရာဝတ္ထုတွေရဲ့ အကွာအဝေးတွေကို အကြမ်းဖျဉ်းမှတ်သားပေးနိုင်တာက အခုလို 3D ဓာတ်ပုံ ဖန်တီးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ Facebook က iPhone 7 Plus လိုမျိုးကနေ ရလာတဲ့ ဓာတ်ပုံကို 3D ဓာတ်ပုံတစ်ပုံဖြစ်အောင် ဖန်တီးပေးနိုင်ပြီး Post အနေနဲ့ တင်လို့ရစေပါတယ်။ 

လက်ရှိအချိန်မှာတော့ iPhone 7 Plus ၊ iPhone 8 Plus နဲ့ iPhone X/XS Model အသစ်တွေမှာ 3D Photo ကို စမ်းသပ်လို့ရနေပါပြီ။ နောက်ပိုင်းမှာတော့ ဖုန်းတွေအများကြီးအတွက် ဒီ 3D Photo Feature ကို အသုံးပြုလို့ရအောင် လုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။ 

Ref: The Verge | Tech Crunch 

Min Than Htike (Akhayar)

www.akhayar.com