[Zawgyi]

McDonald’s Salad ကိုစားၿပီး လူေပါင္း ၃၉၅ ေယာက္ အျပင္းဖ်ားနာမႈျဖစ္ပြား

မၾကာေသးခင္က ဖက္ဒရယ္က်န္းမာေရးအရာရွိေတြရဲ႕ အစီရင္ခံေဖာ္ျပခ်က္ေတြအရ ေမလမွာ McDonald’s ကေရာင္းခ်တ႔ဲ Salads တစ္မ်ဳိးကို စားသံုးၿပီး Cyclospora ကပ္ပါးေရာဂါပိုး ကူးစက္မႈေပါင္း ၁၀၉ ခု ျဖစ္ပြားခဲ႔တာကို ေတြ႔ရွိရပါတယ္။ အဆိုပါကူးစက္မႈကတစ္ဆင္႔ ဖ်ားနာမႈ ျဖစ္ပြားခဲ႔တာနဲ႔ပတ္သက္ၿပီး ဓာတ္ခဲြစမ္းသပ္ေလ့လာခဲ႔ရာကေန ဖ်ားနာမႈေပါင္း ၃၉၅ ခုျဖစ္ပြားခဲ႔တယ္လို႔ အေမရိကန္အစားအစာနဲ႔ ေဆးဝါးစီမံခန္႔ခဲြမႈရဲ႕ ေၾကညာခ်က္အရ သိရွိခဲ႔ရပါတယ္။

McDonlad's Salad

McDonlad’s Salad

မသန္႔ရွင္းမလတ္ဆတ္တဲ႔ အစားအစာေတြနဲ႔ ေရေတြထဲကေနပါဝင္လာတဲ႔ Cyclospora ကပ္ပါးေကာင္ဟာ ဒီလိုဖ်ားနာမႈေတြ ျဖစ္ပြားရတဲ႔ အဓိကတရားခံပါပဲ။ ဒီကပ္ပါးေကာင္ေၾကာင့္ အူလမ္းေၾကာင္းကိုထိခိုက္ေစႏိုင္ၿပီး တစ္ပတ္အတြင္းမွစကာ ေရာဂါလကၡဏာမ်ား သိသိသာသာ ျဖစ္ေပၚလာပါတယ္။ ေရာဂါထိန္းခ်ဳပ္ကာကြယ္မႈအဖဲြ႔အစည္းရဲ႕ ေျပာၾကားခ်က္ေတြအရ သိသိသာသာျဖစ္ပြားတဲ႔ ေရာဂါလကၡဏာကေတာ့ မၾကာခဏဝမ္းေလ်ာျခင္းပဲ ျဖစ္ပါတယ္။ အဆိုပါ ကပ္ပါးေရာဂါပိုး ကူးစက္ဝင္ေရာက္မႈခံရတဲ႔သူေတြက အစားစာခ်င္စိတ္ေပ်ာက္ဆံုးျခင္း၊ ကိုယ္အေလးခ်ိန္ေလ်ာ့က်လာျခင္း၊ ဗုိက္ေအာင့္ျခင္း၊ မအီမသာျဖစ္ကာ ပ်ဳိ႕အန္ျခင္းနဲ႔ ပင္ပန္းႏြမ္းနယ္ျခင္းေတြ ခံစားရတာကို ေတြ႔ရပါတယ္။ အျခားေသာေရာဂါလကၡဏာေတြအေနနဲ႔ ေခါင္းကိုက္ျခင္း၊ ဖ်ားနာျခင္း၊ ခႏၶာကိုယ္ကိုက္ခဲျခင္းနဲ႔ တုပ္ေကြးကဲ့သို႔ ေရာဂါလကၡဏာမ်ား ျဖစ္ပြားတာကိုလည္း ေတြ႔ရပါတယ္။ ဖ်ားနာျခင္း ျဖစ္တဲ႔အခါမွာ ရက္အနည္းငယ္ကေန လအနည္းငယ္အထိၾကာေအာင္ ျဖစ္တတ္ၿပီး နာက်င္မႈေဝဒနာကိုလည္း ခံစားရတတ္ပါတယ္။ Cyclospora ကပ္ပါးေကာင္ေၾကာင့္ျဖစ္ေပၚတဲ႔ ဖ်ားနာျခင္းကို ပဋိဇီဝေဆးနဲ႔ ကုသလို႔ရပါတယ္။

ဒီကပ္ပါးေကာင္ပါဝင္ေကာင္း ပါဝင္ႏိုင္ခဲ႔တဲ႔ McDonald’s Salads စားသံုးျခင္းေၾကာင့္ ျပည္နယ္ေပါင္း ၁၅ ခုမွာ ဖ်ားနာမႈေတြ ျဖစ္ပြားခဲ႔ပါတယ္။ ဖ်ားနာမႈ ျဖစ္ပြားခဲ႔တဲ့ ျပည္နယ္ ၁၅ ခုကေတာ့ Connecticut ၊ Florida ၊ Iowa ၊ Illinois ၊ Indiana ၊ Kentucky ၊ Michigan ၊ Minnesota ၊ Montana ၊ Nebraska ၊ Ohio ၊South Dakota ၊ Tennessee Virginia နဲ႔ Wisconsin ျပည္နယ္တို႔ပဲ ျဖစ္ပါတယ္။ Connecticut ၊ Michigan ၊ Tennessee နဲ႔ Virginia ျပည္နယ္က လူေတြကေတာ့ ခရီးသြားေနစဥ္ McDonald’s Salads ကို Illinois ျပည္နယ္မွာ ဝယ္ယူစားသံုးခဲ႔အၿပီးမွာ ဖ်ားနာခဲ႔ျခင္း ျဖစ္ပါတယ္။ Florida ျပည္နယ္ရွိ လူနာေတြကေတာ့ Kentucky မွာ Salad ကို ဝယ္ယူစားေသာက္ခဲ့ျခင္းေၾကာင့္ ဖ်ားနာမႈကို ခံစားခဲ႔ရျခင္း ျဖစ္ပါတယ္။

McDonld's Salad

McDonld’s Salad

ဒီလိုဖ်ားနာမႈေတြ ျဖစ္ပြားခဲ႔တာန႔ဲပတ္သက္ၿပီး FDA ရဲ႕ ေျပာၾကားခ်က္ေတြအရေတာ့ McDonald’s ရဲ႕ Salad ေတြထဲမွာ ပါဝင္တဲ႔ ဆလတ္ရြက္နဲ႔ ဥနီေတြဟာ မလတ္ဆတ္ပဲ သက္တမ္းကုန္ဆံုးခါနီးျဖစ္ေနတဲ႔အတြက္ေၾကာင့္ စားသံုးမိတဲ႔လူေတြဟာ Cyclospora ကပ္ပါးပိုးဝင္ေရာက္ျခင္းကို ခံစားရတာျဖစ္တယ္လို႔ စစ္ေဆးရရွိခဲ့တာျဖစ္ပါတယ္။

အဲလိုစစ္ေဆးရရွိခဲ႔ၿပီးတဲ႔ေနာက္မွာ FDA က McDonald’s ကို တင္သြင္းတဲ႔ ဟင္းသီးဟင္းရြက္ေတြရဲ႕ မူလအရင္းအျမစ္ေတြအထိပါ ဆက္လက္စံုစမ္းမႈေတြ ျပဳလုပ္သြားမယ္ဆိုၿပီး ေၾကညာခဲ႔ပါတယ္။ ဒီလုိျဖစ္စဥ္ေတြ ျဖစ္ပြားခဲ႔တာကို သိရွိၿပီးတဲ႔ေနာက္မွာပဲ McDonald’s ဘက္ကေန Salad ကို ဆက္လက္မေရာင္းခ်ေတာ့ဘဲ ခ်က္ခ်င္းဖယ္ရွားလိုက္ၿပီး ဟင္းသီးဟင္းရြက္ေတြကို မွာယူေနက်ေနရာကေန ခ်က္ခ်င္းရပ္တန႔္ကာ အျခားေနရာကေန ေျပာင္းလဲတင္သြင္းခဲ႔႔ပါတယ္။ ေစ်းကြက္ထဲမွာ ျပန္႔ႏွံသြားတဲ႔ Salad ေတြကို ျပန္လည္သိမ္းဆည္းၿပီး Cyclospora ကပ္ပါးကူးစက္မႈမခံရေစဖို႔အတြက္ စုိက္ပ်ဳိးေရးနဲ႔စားနပ္ရိကၡာလံုျခံဳေရးစစ္ေဆးေရးအဖဲြ႔က က်န္းမာေရးအဖဲြ႔ေတြနဲ႔ ပူးေပါင္းကာ အေရးေပၚသတိေပးခ်က္ေတြ ထုတ္ျပန္ေပးခဲ႔ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

McDonald’s Salad ကိုစားပြီး လူပေါင်း ၃၉၅ ယောက် အပြင်းဖျားနာမှုဖြစ်ပွား

မကြာသေးခင်က ဖက်ဒရယ်ကျန်းမာရေးအရာရှိတွေရဲ့ အစီရင်ခံဖော်ပြချက်တွေအရ မေလမှာ McDonald’s ကရောင်းချတဲ့ Salads တစ်မျိုးကို စားသုံးပြီး Cyclospora ကပ်ပါးရောဂါပိုး ကူးစက်မှုပေါင်း ၁၀၉ ခု ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။ အဆိုပါကူးစက်မှုကတစ်ဆင့် ဖျားနာမှု ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဓာတ်ခွဲစမ်းသပ်လေ့လာခဲ့ရာကနေ ဖျားနာမှုပေါင်း ၃၉၅ ခုဖြစ်ပွားခဲ့တယ်လို့ အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲမှုရဲ့ ကြေညာချက်အရ သိရှိခဲ့ရပါတယ်။

McDonlad's Salad

McDonlad’s Salad

မသန့်ရှင်းမလတ်ဆတ်တဲ့ အစားအစာတွေနဲ့ ရေတွေထဲကနေပါဝင်လာတဲ့ Cyclospora ကပ်ပါးကောင်ဟာ ဒီလိုဖျားနာမှုတွေ ဖြစ်ပွားရတဲ့ အဓိကတရားခံပါပဲ။ ဒီကပ်ပါးကောင်ကြောင့် အူလမ်းကြောင်းကိုထိခိုက်စေနိုင်ပြီး တစ်ပတ်အတွင်းမှစကာ ရောဂါလက္ခဏာများ သိသိသာသာ ဖြစ်ပေါ်လာပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်မှုအဖွဲ့အစည်းရဲ့ ပြောကြားချက်တွေအရ သိသိသာသာဖြစ်ပွားတဲ့ ရောဂါလက္ခဏာကတော့ မကြာခဏဝမ်းလျောခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ကပ်ပါးရောဂါပိုး ကူးစက်ဝင်ရောက်မှုခံရတဲ့သူတွေက အစားစာချင်စိတ်ပျောက်ဆုံးခြင်း၊ ကိုယ်အလေးချိန်လျော့ကျလာခြင်း၊ ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ကာ ပျို့အန်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားရတာကို တွေ့ရပါတယ်။ အခြားသောရောဂါလက္ခဏာတွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်းနဲ့ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ ဖြစ်ပွားတာကိုလည်း တွေ့ရပါတယ်။ ဖျားနာခြင်း ဖြစ်တဲ့အခါမှာ ရက်အနည်းငယ်ကနေ လအနည်းငယ်အထိကြာအောင် ဖြစ်တတ်ပြီး နာကျင်မှုဝေဒနာကိုလည်း ခံစားရတတ်ပါတယ်။ Cyclospora ကပ်ပါးကောင်ကြောင့်ဖြစ်ပေါ်တဲ့ ဖျားနာခြင်းကို ပဋိဇီဝဆေးနဲ့ ကုသလို့ရပါတယ်။

ဒီကပ်ပါးကောင်ပါဝင်ကောင်း ပါဝင်နိုင်ခဲ့တဲ့ McDonald’s Salads စားသုံးခြင်းကြောင့် ပြည်နယ်ပေါင်း ၁၅ ခုမှာ ဖျားနာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဖျားနာမှု ဖြစ်ပွားခဲ့တဲ့ ပြည်နယ် ၁၅ ခုကတော့ Connecticut ၊ Florida ၊ Iowa ၊ Illinois ၊ Indiana ၊ Kentucky ၊ Michigan ၊ Minnesota ၊ Montana ၊ Nebraska ၊ Ohio ၊South Dakota ၊ Tennessee Virginia နဲ့ Wisconsin ပြည်နယ်တို့ပဲ ဖြစ်ပါတယ်။ Connecticut ၊ Michigan ၊ Tennessee နဲ့ Virginia ပြည်နယ်က လူတွေကတော့ ခရီးသွားနေစဉ် McDonald’s Salads ကို Illinois ပြည်နယ်မှာ ဝယ်ယူစားသုံးခဲ့အပြီးမှာ ဖျားနာခဲ့ခြင်း ဖြစ်ပါတယ်။ Florida ပြည်နယ်ရှိ လူနာတွေကတော့ Kentucky မှာ Salad ကို ဝယ်ယူစားသောက်ခဲ့ခြင်းကြောင့် ဖျားနာမှုကို ခံစားခဲ့ရခြင်း ဖြစ်ပါတယ်။

McDonld's Salad

McDonld’s Salad

ဒီလိုဖျားနာမှုတွေ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး FDA ရဲ့ ပြောကြားချက်တွေအရတော့ McDonald’s ရဲ့ Salad တွေထဲမှာ ပါဝင်တဲ့ ဆလတ်ရွက်နဲ့ ဥနီတွေဟာ မလတ်ဆတ်ပဲ သက်တမ်းကုန်ဆုံးခါနီးဖြစ်နေတဲ့အတွက်ကြောင့် စားသုံးမိတဲ့လူတွေဟာ Cyclospora ကပ်ပါးပိုးဝင်ရောက်ခြင်းကို ခံစားရတာဖြစ်တယ်လို့ စစ်ဆေးရရှိခဲ့တာဖြစ်ပါတယ်။

အဲလိုစစ်ဆေးရရှိခဲ့ပြီးတဲ့နောက်မှာ FDA က McDonald’s ကို တင်သွင်းတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ မူလအရင်းအမြစ်တွေအထိပါ ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်သွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာကို သိရှိပြီးတဲ့နောက်မှာပဲ McDonald’s ဘက်ကနေ Salad ကို ဆက်လက်မရောင်းချတော့ဘဲ ချက်ချင်းဖယ်ရှားလိုက်ပြီး ဟင်းသီးဟင်းရွက်တွေကို မှာယူနေကျနေရာကနေ ချက်ချင်းရပ်တန့်ကာ အခြားနေရာကနေ ပြောင်းလဲတင်သွင်းခဲ့ပါတယ်။ ဈေးကွက်ထဲမှာ ပြန့်နှံသွားတဲ့ Salad တွေကို ပြန်လည်သိမ်းဆည်းပြီး Cyclospora ကပ်ပါးကူးစက်မှုမခံရစေဖို့အတွက် စိုက်ပျိုးရေးနဲ့စားနပ်ရိက္ခာလုံခြုံရေးစစ်ဆေးရေးအဖွဲ့က ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။

H.H(Akhayar)

www.akhayar.com