[Zawgyi] 

လက္တစ္ဖက္တည္းနဲ႔ ကိုင္ထားရင္ေတာင္ ေကာင္းေကာင္း Video Record လုပ္ေပးႏိုင္မယ့္ 3 Axis Stabilizer ပါတဲ့ 4K Camera ကို DJI က ထုတ္ျပလိုက္ပါၿပီ။ ဒီ Camera ကိုေတာ့ Osmo Pocket လို႔ နာမည္ေပးထားၿပီး တကယ္ပဲ ဘယ္သြားသြား သယ္သြားလို႔လြယ္တဲ့အ႐ြယ္အစားနဲ႔ပါ။ 

GoPro ကလည္း သိပ္မၾကာေသးခင္က Hero 7 Camera ေတြ ထုတ္ျပထားေပမယ့္ Action Camera ေတြအေနနဲ႔ပဲ သံုးလို႔ အဆင္ေျပမွာပါ။ Handheld Video ေတြအတြက္ေတာ့ အခုထြက္လာတဲ့ Osmo Pocket ကို မွီမယ္မထင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ DJI က Stabilization အပိုင္းမွာ ဆရာက်ၿပီးသားျဖစ္သလို ဒီ Osmo Pocket မွာလည္း 3 Axis Stabilizer ကို ထည့္ေပးထားတာေၾကာင့္ပါ။ 

ဒီ Osmo Pocket ကိုၾကည့္လိုက္ရင္ေတာ့ လက္ကိုင္တစ္ခုပါမယ္၊ အေပၚဖက္မွာေတာ့ Gimble ေပၚကို ထိုင္ေပးထားတဲ့ Camera တစ္လံုးပါမယ္။ ေသးၿပီး က်စ္က်စ္လစ္လစ္ရွိေတာ့ အိတ္ေတာ္ေတာ္မ်ားမ်ားထဲ သယ္သြားလို႔လြယ္တယ္။

Camera ကေတာ့ Vlog အတြက္ ႐ြတ္သမွ်အကုန္ပါ၊ Dual Mic Record ၊ 4K 60fps ၊ 140m Minutes Continous Record  အျပင္ 12MP ဓာတ္ပံုေတြကိုလည္း ႐ိုက္ေပးႏိုင္ဦးမွာပါ။ 

 

Osmo Pocket ရဲ႕ လက္ကိုင္မွာေတာ့ Universal Connector ဆိုတာပါလာပါတယ္။ အဲ့ဒီ Connector ကေန Accessory ေတြခ်ိတ္တာ၊ အားသြင္းတာအျပင္ iPhone ၊ Android Phone ေတြနဲ႔ပါ တစ္ခါတည္းတြဲရင္း Control လုပ္ၿပီး Video ေတြ၊ ဓာတ္ပံုေတြ႐ိုက္ႏိုင္ေအာင္ လုပ္ေပးထားပါတယ္။ အဲ့ဒီအတြက္လည္း Lightning Adapter နဲ႔ USB-C Adapter ေတြကို တစ္ခါတည္း ထည့္ေပးထားသလို တျခား Accessory ေတြကိုလည္း DJI က သီးသန္႔ေရာင္းေပးပါေသးတယ္။ Selfie ႐ိုက္ခ်င္တယ္၊ အျမင့္ကေန႐ုိက္ခ်င္တယ္ဆိုရင္လည္း Extension Rod ကို သပ္သပ္ဝယ္လို႔ရတာေၾကာင့္ ေတာ္ေတာ္ေလးကို သေဘာက်ဖို႔ေကာင္းတဲ့ 4K Camera တစ္လံုးလို႔ေျပာလို႔ရပါတယ္။ 

Personal Vlog ေတြ၊ ခရီးသြား Vlog ေတြအျပင္ Production အမ်ိဳးအမ်ိဳးမွာ လုိအပ္သလို သံုးလို႔ရတာေၾကာင့္ အေပ်ုာ္အတြက္ပဲျဖစ္ျဖစ္၊ စီးပြားေရးအတြက္ပဲ သံုးသံုး $350 ပဲဆိုေတာ့ ေစ်းကေတာ့ သိပ္မမ်ားဘူးလို႔ေျပာလို႔ရပါတယ္။ Akhayar ပရိသတ္ႀကီးထဲက Vlog ႐ို္က္ရတာ ဝါသနာပါသူေတြရွိေနရင္ေတာ့ ဒီ DJI Osmo Pocket က အခုပဲေျပးဝယ္ခ်င္စိတ္ေပါက္မယ့္ Gadget တစ္ခုပါပဲ။ 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

$350 တန် 3 Axis Stabilizer ပါတဲ့ 4K Camera ကို DJI ထုတ်ပြပြီ

လက်တစ်ဖက်တည်းနဲ့ ကိုင်ထားရင်တောင် ကောင်းကောင်း Video Record လုပ်ပေးနိုင်မယ့် 3 Axis Stabilizer ပါတဲ့ 4K Camera ကို DJI က ထုတ်ပြလိုက်ပါပြီ။ ဒီ Camera ကိုတော့ Osmo Pocket လို့ နာမည်ပေးထားပြီး တကယ်ပဲ ဘယ်သွားသွား သယ်သွားလို့လွယ်တဲ့အရွယ်အစားနဲ့ပါ။ 

GoPro ကလည်း သိပ်မကြာသေးခင်က Hero 7 Camera တွေ ထုတ်ပြထားပေမယ့် Action Camera တွေအနေနဲ့ပဲ သုံးလို့ အဆင်ပြေမှာပါ။ Handheld Video တွေအတွက်တော့ အခုထွက်လာတဲ့ Osmo Pocket ကို မှီမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ DJI က Stabilization အပိုင်းမှာ ဆရာကျပြီးသားဖြစ်သလို ဒီ Osmo Pocket မှာလည်း 3 Axis Stabilizer ကို ထည့်ပေးထားတာကြောင့်ပါ။ 

ဒီ Osmo Pocket ကိုကြည့်လိုက်ရင်တော့ လက်ကိုင်တစ်ခုပါမယ်၊ အပေါ်ဖက်မှာတော့ Gimble ပေါ်ကို ထိုင်ပေးထားတဲ့ Camera တစ်လုံးပါမယ်။ သေးပြီး ကျစ်ကျစ်လစ်လစ်ရှိတော့ အိတ်တော်တော်များများထဲ သယ်သွားလို့လွယ်တယ်။

Camera ကတော့ Vlog အတွက် ရွတ်သမျှအကုန်ပါ၊ Dual Mic Record ၊ 4K 60fps ၊ 140m Minutes Continous Record  အပြင် 12MP ဓာတ်ပုံတွေကိုလည်း ရိုက်ပေးနိုင်ဦးမှာပါ။ 

 

Osmo Pocket ရဲ့ လက်ကိုင်မှာတော့ Universal Connector ဆိုတာပါလာပါတယ်။ အဲ့ဒီ Connector ကနေ Accessory တွေချိတ်တာ၊ အားသွင်းတာအပြင် iPhone ၊ Android Phone တွေနဲ့ပါ တစ်ခါတည်းတွဲရင်း Control လုပ်ပြီး Video တွေ၊ ဓာတ်ပုံတွေရိုက်နိုင်အောင် လုပ်ပေးထားပါတယ်။ အဲ့ဒီအတွက်လည်း Lightning Adapter နဲ့ USB-C Adapter တွေကို တစ်ခါတည်း ထည့်ပေးထားသလို တခြား Accessory တွေကိုလည်း DJI က သီးသန့်ရောင်းပေးပါသေးတယ်။ Selfie ရိုက်ချင်တယ်၊ အမြင့်ကနေရိုက်ချင်တယ်ဆိုရင်လည်း Extension Rod ကို သပ်သပ်ဝယ်လို့ရတာကြောင့် တော်တော်လေးကို သဘောကျဖို့ကောင်းတဲ့ 4K Camera တစ်လုံးလို့ပြောလို့ရပါတယ်။ 

Personal Vlog တွေ၊ ခရီးသွား Vlog တွေအပြင် Production အမျိုးအမျိုးမှာ လိုအပ်သလို သုံးလို့ရတာကြောင့် အပျေုာ်အတွက်ပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက်ပဲ သုံးသုံး $350 ပဲဆိုတော့ ဈေးကတော့ သိပ်မများဘူးလို့ပြောလို့ရပါတယ်။ Akhayar ပရိသတ်ကြီးထဲက Vlog ရိုက်ရတာ ဝါသနာပါသူတွေရှိနေရင်တော့ ဒီ DJI Osmo Pocket က အခုပဲပြေးဝယ်ချင်စိတ်ပေါက်မယ့် Gadget တစ်ခုပါပဲ။ 

Min Than Htike (Akhayar)

www.akhayar.com