[Zawgyi]

(၃၅) နှစ်ကျော်တဲ့အထိ အပျိုကြီးတစ်ကိုယ်တည်းရှိနေတဲ့ ကိုရီးယားဆယ်လီမမများ


Han Ye Seul




Son Ye Jin





Song ji hyo


Song-Ji-Hyo


Jang Na ra


Jang-Nara

Jang-Nara


Gong Hyo Jin


gong-hyo-jin


Ha Ji Won


Ha Ji Won


Photo Credit:AllKpop

ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

အသက် ၃၅ ကျော်တဲ့ အထိ အပျိုကြီးတစ်ကိုယ်တည်းရှိနေကြတဲ့ ကိုးရီးယား အမျိုးသမီးအနုပညာရှင်များ

အသက် ၃၅ နှစ်ကျော်တဲ့ အထိ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်ရှိနေတဲ့ ကိုရီးယားအမျိုးသမီးအနုပညာရှင်တချို့ ကိုဖော်ပြပေးချင်ပါတယ်။ သူတို့ တွေက အသက် ၃၅ နှစ်ကျော်အမျိုးသမီးတွေလို့သာဆိုပေမယ့် လည်း နုပျိုဆဲ လှပနေဆဲ အမျိုးသမီးအနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

Han Ye Seul

Han Ye Seul ဟာ အသက် ၃၆ နှစ်ရှိပါပြီ။ သူမ ကိုတော့ စက်တင်ဘာလ ၁၈ ရက်နေ့ ၁၉၈၁ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်ကျော်လို့တောင်မထင်ရဘဲနုပျိုလှပနေတဲ့Han Ye Seul

သူမပါဝင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ Sitcom Nonstop 4(2003) ၊ Couple or Trouble(2006) ၊ Tazza(2008)၊ Birth of a Beauty(2014) အစရှိတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။

Son Ye Jin

Son Ye Jin ကတော့ ကိုရီးယားမင်းသမီးတွေထဲက အပျိုကြီးမမနောက်ထပ်တစ်ယောက်ဖြစ်ပါတယ်။ သူမကို ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့ အသက်ဟာ အခုဆိုရင် ၃၆ နှစ်ရှိပါပြီ။

လှပနေဆဲ မင်းသမီးတစ်လက် Soe Ye Jin

လှပနေဆဲ မင်းသမီးတစ်လက် Son Ye Jin

ကိုရီးယားနိုင်ငံ ရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး ပါဝင်ထားတဲ့ ဇာတ်ကားတွေကတော့ The Classic(2003)၊ Summer Scent(2003)၊ A Moment to Remember (2004)၊ April Snow( 2005) ၊ Alone in Love(2006)၊ My Wife Got Married(2008) အစရှိတဲ့ ဇာတ်ကားများစွာ မှာ ပါဝင်ခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

Song ji hyo

Song ji hyo ကတော့ Running Man ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။ သူမကိုတော့ သြဂုတ်လ ၁၅ ရက်နေ့ ၁၉၈၁ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်လို့ အခုဆိုရင် အသက်က ၃၆ နှစ်ရှိပြီဖြစ်ပါတယ်။

Song-Ji-Hyo

သူမပါဝင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ Princess Hours(2006) ၊ Jumong (2006) ၊ A Frozen Flower (2008) ၊ New World(2013) နဲ့ TV Series တွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Jang Na ra

Jang Na ra ဆိုတဲ့ မင်းသမီးလေးကိုလည်း မြန်မာပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။ သူမပါဝင်ထားတဲ့ဇာတ်ကားတွေကို MRTV4နိုင်ငံခြား ဇာတ်လမ်းတွဲ တွေထဲမှာလည်း ကြည့်ဖူးကြမှာပါ။

Jang-Nara

Jang-Nara

သူမ ကိုတော့ မတ်လ ၁၈ ရက်နေ့ ၁၉၈၁ခုနှစ်မှာမွေးဖွားခဲ့တဲ့ အတွက် အခုဆိုရင်တော့ အသက်က ၃၇ နှစ်ပြည့်ပြီးသွားပြီဖြစ်ပါတယ်။ သူမပါဝင်ပြီးအောင်မြင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကတော့ Successfi Story of a Bright Girl(2002) ၊ My Love Patzzi(2002)၊ Fated to Love You(2014) အစရှိတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

Gong Hyo Jin

Gong Hyo Jin ကိုတော့ ဧပြီလ ၄ ရက်နေ့ ၁၉၈၀ ခုနှစ်မှာမွေးဖွားခဲ့တဲ့ အတွက် အခုဆိုရင်တော့ အသက်က ၃၈ နှစ်ရှိပါပြီ။

gong-hyo-jin

သူမဟာကိုရီးယားမှာအောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူမပါဝင်ထားတဲ့ ဇာတ်ကားတွေကတော့ Thank You(2007)၊ Pasta(2010)၊The Greatest Love(2011)၊ Master’s Sun (2013)၊ It’s Okay,That’s Love(2014) ၊ The Producers(2015) အစရှိတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

Ha Ji Won

Ha Ji Won ကိုတော့ ဇွန်လ ၂၈ ရက်နေ့ ၁၉၇၈ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာလည်း ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ကိုယ်တည်းအပျိုကြီး ဘဝ နဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

Ha Ji Won

သူမ ပါဝင်ခဲ့တဲ့ ဇာတ်ကားတွေကတော့Empress Ki(2013) ၊ Melodrama Something Happened in Bali(2004) ၊ Secret Garden(2010) နဲ့ Hospital Ship(2017) စတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

Photo Credit:AllKpop

ကြည်သာ (Akhayar)

www.akhayar.com