[Zawgyi]

အေမရိကန္ေဒၚလာ (၆၅.၂) သန္းနဲ႔ ေရာင္းထြက္သြားတဲ့ Juin-Octobre 1985 ပန္းခ်ီကား

စက္တင္ဘာလ (၃ဝ) ရက္ေန႔တုန္းက ေဟာင္ေကာင္ႏုိင္ငံရဲ႕ ပန္းခ်ီကားေလလံတင္ပြဲမွာ တရုတ္ – ဆရာႀကီး Zao Wou-Ki ရဲ႕  Juin-Octobre 1985 ပန္းခ်ီကားကုိ ေဟာင္ေကာင္ေဒၚလာ ၅၁ဝ.၃၇၁ သန္း (အေမရိကန္ေဒၚလာ ၆၅.၂ သန္း) နဲ႔ ေရာင္းထြက္ခဲ့ပါတယ္။ Juin-Octobre 1985 ဟာ အာရွတုိက္ရဲ႕ ေစ်းအႀကီးဆုံးေလလံတင္ပန္းခ်ီကားျဖစ္တဲ့အျပင္ အရွည္ ၃၃ေပ (၁ဝ မီတာ) ရွိၿပီး ဧရိယာဟာ ၃ဝဝ စတုရန္းေပရွိတယ္လုိ႔ သိရပါတယ္။

အရင္တုန္းက စံခ်ိန္တင္ခဲ့တာကလည္း ဆရာႀကီး Zao Wou-Ki ရဲ႕ 29.01.64 ပန္းခ်ီကားပဲျဖစ္ပါတယ္။ ၂ဝ၁၇ခုႏွစ္တုန္းက 29.01.64 ပန္းခ်ီကားကုိ ေဒၚလာ (၂၆) သန္းနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ စံခ်ိန္ခ်ိဳးဖ်က္သြားတဲ့ Juin-Octobre 1985 ပန္းခ်ီကားဟာ 29.01.64 ပန္းခ်ီကားထက္ ႏွစ္ဆခြဲနီးပါး ေစ်းႏႈန္းပုိႀကီးတာျဖစ္ပါတယ္။

Juin-Octobre 1985 ဆီေဆးပန္းခ်ီကားကုိ ထုိင္ဝမ္လုပ္ငန္းရွင္ Chang Qiu Dun က ေဒၚလာ (၂.၅) သန္းနဲ႔ ၂ဝဝ၅ခုႏွစ္တုန္းက ဝယ္ယူခဲ့ၿပီး (၆၅.၂) သန္းနဲ႔ ျပန္ေရာင္းႏုိင္ခဲ့လုိ႔ (၂၈) ဆေလာက္ ပုိျမတ္တယ္လုိ႔ ဆုိႏုိင္ပါတယ္။ စက္တင္ဘာလ (၃ဝ) ရက္ေန႔တုန္းက က်င္းပခဲ့တဲ့ ေဟာင္ေကာင္ေလလံပြဲမွာ ေဒၚလာ (၂ဝဝ) သန္းနီးပါး အေရာင္းအဝယ္ျဖစ္ခဲ့ၿပီး သမုိင္းဝင္ေလလံပြဲျဖစ္ခဲ့ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အမေရိကန်ဒေါ်လာ (၆၅.၂) သန်းနဲ့ ရောင်းထွက်သွားတဲ့ Juin-Octobre 1985 ပန်းချီကား

စက်တင်ဘာလ (၃ဝ) ရက်နေ့တုန်းက ဟောင်ကောင်နိုင်ငံရဲ့ ပန်းချီကားလေလံတင်ပွဲမှာ တရုတ် – ဆရာကြီး Zao Wou-Ki ရဲ့  Juin-Octobre 1985 ပန်းချီကားကို ဟောင်ကောင်ဒေါ်လာ ၅၁ဝ.၃၇၁ သန်း (အမေရိကန်ဒေါ်လာ ၆၅.၂ သန်း) နဲ့ ရောင်းထွက်ခဲ့ပါတယ်။ Juin-Octobre 1985 ဟာ အာရှတိုက်ရဲ့ ဈေးအကြီးဆုံးလေလံတင်ပန်းချီကားဖြစ်တဲ့အပြင် အရှည် ၃၃ပေ (၁ဝ မီတာ) ရှိပြီး ဧရိယာဟာ ၃ဝဝ စတုရန်းပေရှိတယ်လို့ သိရပါတယ်။

အရင်တုန်းက စံချိန်တင်ခဲ့တာကလည်း ဆရာကြီး Zao Wou-Ki ရဲ့ 29.01.64 ပန်းချီကားပဲဖြစ်ပါတယ်။ ၂ဝ၁၇ခုနှစ်တုန်းက 29.01.64 ပန်းချီကားကို ဒေါ်လာ (၂၆) သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ စံချိန်ချိုးဖျက်သွားတဲ့ Juin-Octobre 1985 ပန်းချီကားဟာ 29.01.64 ပန်းချီကားထက် နှစ်ဆခွဲနီးပါး ဈေးနှုန်းပိုကြီးတာဖြစ်ပါတယ်။

Juin-Octobre 1985 ဆီဆေးပန်းချီကားကို ထိုင်ဝမ်လုပ်ငန်းရှင် Chang Qiu Dun က ဒေါ်လာ (၂.၅) သန်းနဲ့ ၂ဝဝ၅ခုနှစ်တုန်းက ဝယ်ယူခဲ့ပြီး (၆၅.၂) သန်းနဲ့ ပြန်ရောင်းနိုင်ခဲ့လို့ (၂၈) ဆလောက် ပိုမြတ်တယ်လို့ ဆိုနိုင်ပါတယ်။ စက်တင်ဘာလ (၃ဝ) ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ ဟောင်ကောင်လေလံပွဲမှာ ဒေါ်လာ (၂ဝဝ) သန်းနီးပါး အရောင်းအဝယ်ဖြစ်ခဲ့ပြီး သမိုင်းဝင်လေလံပွဲဖြစ်ခဲ့ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com