[Zawgyi]



အေးမြတ်သူ

ဖွေးဖွေး

ဝတ်မှုန်ရွှေရည်

ခင်လေးနွယ်


ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

အသက် ၃၀နှစ် ဝန်းကျင် လို့တောင်မထင်ရတဲ့ အချောအလှဆယ်လီမမများ

အနုပညာရှင်တွေထဲမှာမှ လန်ထွက်နေတဲ့ အလှအပတွေကို ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ ဆယ်လီမမတွေရှိကြပါတယ်။ သူတို့တွေကတော့ အေးမြတ်သူ ၊ ခင်လေးနွယ် ၊ ဝတ်မှုန်ရွှေရည်၊ ဖွေးဖွေး တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့အသက်တွေဟာ အသက် ၃၀နှစ် နားပတ်ဝန်းကျင်တွေဖြစ်ကြပေမယ့်လည်း အခုချိန်ထိကို ကျောင်းသူလုပ်ရတဲ့ ဇာတ်ဝင်ခန်းတွေရိုက်ကူးရင် ဆယ်ကျော်သက် မိန်းကလေးတွေ အလားတွေ့ရှိရပြီး နုပျိုလန်းဆန်းကြတဲ့ မင်းသမီးတွေပဲဖြစ်ပါတယ်။

အေးမြတ်သူ

ဖွေးဖွေး

ဝတ်မှုန်ရွှေရည်

ခင်လေးနွယ်

အခုဖော်ပြခဲ့တဲ့ မင်းသမီးလေးယောက်စလုံးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်ရင်းဘဝကို ဖြတ်သန်းနေကြသူတွေဖြစ်ပါတယ်။ အသက်တွေကတော့ ၃၀ နှစ် ကျော်သူတွေနဲ့ ၃၀ နှစ် ဝန်းကျင်တွေပေမယ့်လည်း အချစ်ရေး ကိုဦးစားမပေးဘဲ အလုပ်တွေကိုသာ ဦးစားပေးလုပ်ဆောင်တတ်ကြတဲ့ အနုပညာရှင် ဆယ်လီမမတွေဆိုရင်လည်း မမှားပါဘူး။  ၄ ယောက်စလုံးကတော့ ဖက်ရှင်ဆိုရင်လည်း အလန်းစားတွေပဲဝတ်ဆင်တတ်ကြတာဖြစ်ပါတယ်။သူတို့တွေထဲက ပရိသတ်ကြီးကရော ဘယ်သူ့ကို ချစ်ပြီးအားပေးလည်း ဆိုတာကိုပြောခဲ့ဦးနော်။

ကြည်သာ (Akhayar)

Photo Credit: Phway Phway Facebook(Amazing Grace)၊ Witt Hmone Shwe Yi Facebook Page ၊ Khin Lay Nwe Facebook ၊ Myat Lay Facebook

www.akhayar.com