သင့္ပတ္ဝန္းက်င္မွာေတြ႔ျမင္ရႏိုင္တဲ့ စမတ္ဖုန္း User ၃မ်ိဳးအေၾကာင္း

[ Zawgyi ]

ပံုမွန္အားျဖင့္ေတာ့ စမတ္ဖုန္းအသံုးျပဳသူ အေတာ္မ်ားမ်ားဟာ ဖုန္းတစ္လံုးကို သံုးရတာ လံုးဝအဆင္မေျပေလာက္ေအာင္ ေလးလံလာတဲ့အခါ ဒါမွမဟုတ္ ေပ်ာက္ဆံုးပ်က္စီးသြားတဲ့အခါမွသာ အသစ္ေျပာင္းလဲၾကတာကို စစ္တမ္းအခ်ိဳ႕အရ သိရွိရပါတယ္။ ေနာက္ထပ္ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ကြ်န္ေတာ္တို႔ပတ္ဝန္းက်င္မွာေတြ႕ျမင္ရေလ့ရိွတဲ့ စမတ္ဖုန္းေတြကို မၾကာခဏဆိုသလို ေျပာင္းလဲအသံုးျပဳတတ္တဲ့ User ၃မ်ိဳးအေၾကာင္းပဲျဖစ္ပါတယ္။

ဒီလိုမၾကာခဏ ဖုန္းေျပာင္းသံုးတတ္တဲ့ User ေတြကို ေလ့လာၾကည့္တဲ့အခါမွာ ၃မ်ိဳးေတြ႔ရွိရၿပီး သင္ေရာ ဘယ္လို အမ်ိဳးအစားထဲပါဝင္မလဲဆိုတာ ပါဝင္ေဆြးေႏႊးဖို႔အတြက္ ဖိတ္ေခၚလိုက္ပါတယ္။

၁. ဘာမွန္းေသခ်ာမသိပဲ ဂုဏ္တုဂုဏ္ျပိဳင္အေနနဲ႔အသံုးျပဳသူေတြျဖစ္ပါတယ္ (40%)

ဒီလို အသံုးျပဳသူေတြကိုေတာ့ Apple နဲ႔ Samsung အသံုးျပဳသူေတြထဲမွာသိသိသာသာေတြ႔ျမင္ရမွာပါ။
Apple ID ဆိုတာဘာမွန္းမသိပဲ iPhone X ကိုင္ေနတတ္ၾကသလို Note Pen ပါလို႔ဆိုတာထက္ Display ၾကီးလို႔ Note ဝယ္တာဆိုတဲ့ Samsung User ေတြလည္းရွိေနတာကို စိတ္မေကာင္းဖြယ္ေတြ႕ရွိရပါတယ္။

၂. ဖုန္းေၾကာ္ျငာေတြရဲ႕လႊမ္းမိုးျခင္းခံရသူမ်ား (30%)

အြန္လိုင္းမွာ တစ္ေန႔တျခား မျမင္ခ်င္ေလာက္ေအာင္ေတြ႔ေနရတာကေတာ့ ဘယ္ဖုန္းက ကင္မရာ ဘယ္လုိၾကီးေတာင္ေကာင္းတာပါ ၊ ဒီဖုန္းနဲ႔ ဆယ္ဖီ ဆြဲလိုက္ရင္ ဘယ္လိုေတြေတာင္ လွသြားမွာ ဆိုတဲ့ေၾကာ္ျငာေတြပဲျဖစ္ပါတယ္။ ဒီေၾကာ္ျငာေတြျမင္ရတာနဲ႔ ၃၀ ရာခိုင္ႏႈန္းေသာ စမတ္ဖုန္းအသံုးျပဳသူေတြဟာ ကိုယ့္မွာရွိေနတဲ့ဖုန္း ဘယ္ေလာက္ေကာင္းေန ေကာင္းေန ဒီဖုန္းမွမရရင္ စားမဝင္အိပ္မေပ်ာ္တဲ့အတြက္ နည္းအမ်ိဳးမ်ိဳးနဲ႔ ရေအာင္ဝယ္ၾကပါေတာ့တယ္။ ဒါနဲ႔တင္ၿပီးလားဆိုေတာ့ မၿပီးေသးပါဘူး။ ေနာက္တစ္မ်ိဳးထြက္လာရင္ ထပ္ဝယ္ဦးမွာပါ။ကိုယ့္ထဲမွာအဲ့လိုသူငယ္ခ်င္းေတြရွိရင္ ေစာင့္ၾကည့္ပါ။

၃ နည္းပညာအသီးအပြင့္ေတြကိုေကာင္းမြန္စြာအသံုးခ်သူမ်ား (30%)

ဖုန္းရဲ႕ Specification ေတြဟာ လက္ရွိအသံုးျပဳေနတဲ့ Software ေတြကို ေကာင္းမြန္စြာ ေထာက္ပံ့ေပးႏိုင္ျခင္းမရွိေတာ့ပဲ စြမ္းေဆာင္ရည္က်ဆင္းလာတဲ့အတြက္ ၊ ဒါမွမဟုတ္ OS Update ထပ္မရႏိုင္ေတာ့တဲ့အတြက္ ေျပာင္းလဲၾကပါတယ္။ ကိုယ္တိုင္ကလည္း ဖုန္းနဲ႔ပတ္သက္တဲ့ နည္းပညာအေၾကာင္းေတြ ေသခ်ာနားလည္သလို ဖုန္းမွာပါဝင္မယ့္ Specification ေတြကလည္း ဘယ္ေလာက္ ေကာင္းေကာင္းအလုပ္လုပ္ႏိုင္တယ္ဆိုတာ ေသေသခ်ာခာ်ကိုသိေနပါတယ္။ ၄င္းတို႔ဟာ ဖုန္းကို ကြန္ပ်ဴတာတစ္လံုးေလာက္အသံုးဝင္ေအာင္ကို ခိုင္းတတ္ၾကသူမ်ားျဖစ္ပါတယ္။ ဒီလူေတြအတြက္ေတာ့ Apple ပဲကိုင္ကိုင္ Samsung ပဲကိုင္ကိုင္ သာသာယာယာာပါပဲ။ ဘာဖုန္းကိုင္ကိုင္ အေကာင္းဆံုးေရြးခ်ယ္ၿပီး အေကာင္းဆံုးအသံုးခ်မယ့္သူေတြပဲျဖစ္ပါတယ္။

ကဲ သင္ေရာ အေပၚမွာ ေဖာ္ျပတဲ့ အမ်ိဳးအစားေတြထဲမွာ အမွတ္စဥ္ ဘယ္ေလာက္မွာပါဝင္ေနလဲ ? သင့္သူငယ္ခ်င္းေတြကေရာ ဘယ္လို အမွတ္စဥ္ေတြမွာ အမ်ားဆံုးပါေနတာေတြ႔ရလဲ ? Comment မွာ အေျဖေလးေပးခဲ့ႏိုင္ပါတယ္။

Phone Hay Ko ( Akhayar )

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[ Unicode ]

ပုံမှန်အားဖြင့်တော့ စမတ်ဖုန်းအသုံးပြုသူ အတော်များများဟာ ဖုန်းတစ်လုံးကို သုံးရတာ လုံးဝအဆင်မပြေလောက်အောင် လေးလံလာတဲ့အခါ ဒါမှမဟုတ် ပျောက်ဆုံးပျက်စီးသွားတဲ့အခါမှသာ အသစ်ပြောင်းလဲကြတာကို စစ်တမ်းအချို့အရ သိရှိရပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့မြင်ရလေ့ရှိတဲ့ စမတ်ဖုန်းတွေကို မကြာခဏဆိုသလို ပြောင်းလဲအသုံးပြုတတ်တဲ့ User ၃မျိုးအကြောင်းပဲဖြစ်ပါတယ်။

ဒီလိုမကြာခဏ ဖုန်းပြောင်းသုံးတတ်တဲ့ User တွေကို လေ့လာကြည့်တဲ့အခါမှာ ၃မျိုးတွေ့ရှိရပြီး သင်ရော ဘယ်လို အမျိုးအစားထဲပါဝင်မလဲဆိုတာ ပါဝင်ဆွေးနွှေးဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

၁. ဘာမှန်းသေချာမသိပဲ ဂုဏ်တုဂုဏ်ပြိုင်အနေနဲ့အသုံးပြုသူတွေဖြစ်ပါတယ် (40%)

ဒီလို အသုံးပြုသူတွေကိုတော့ Apple နဲ့ Samsung အသုံးပြုသူတွေထဲမှာသိသိသာသာတွေ့မြင်ရမှာပါ။
Apple ID ဆိုတာဘာမှန်းမသိပဲ iPhone X ကိုင်နေတတ်ကြသလို Note Pen ပါလို့ဆိုတာထက် Display ကြီးလို့ Note ဝယ်တာဆိုတဲ့ Samsung User တွေလည်းရှိနေတာကို စိတ်မကောင်းဖွယ်တွေ့ရှိရပါတယ်။

၂. ဖုန်းကြော်ငြာတွေရဲ့လွှမ်းမိုးခြင်းခံရသူများ (30%)

အွန်လိုင်းမှာ တစ်နေ့တခြား မမြင်ချင်လောက်အောင်တွေ့နေရတာကတော့ ဘယ်ဖုန်းက ကင်မရာ ဘယ်လိုကြီးတောင်ကောင်းတာပါ ၊ ဒီဖုန်းနဲ့ ဆယ်ဖီ ဆွဲလိုက်ရင် ဘယ်လိုတွေတောင် လှသွားမှာ ဆိုတဲ့ကြော်ငြာတွေပဲဖြစ်ပါတယ်။ ဒီကြော်ငြာတွေမြင်ရတာနဲ့ ၃၀ ရာခိုင်နှုန်းသော စမတ်ဖုန်းအသုံးပြုသူတွေဟာ ကိုယ့်မှာရှိနေတဲ့ဖုန်း ဘယ်လောက်ကောင်းနေ ကောင်းနေ ဒီဖုန်းမှမရရင် စားမဝင်အိပ်မပျော်တဲ့အတွက် နည်းအမျိုးမျိုးနဲ့ ရအောင်ဝယ်ကြပါတော့တယ်။ ဒါနဲ့တင်ပြီးလားဆိုတော့ မပြီးသေးပါဘူး။ နောက်တစ်မျိုးထွက်လာရင် ထပ်ဝယ်ဦးမှာပါ။ကိုယ့်ထဲမှာအဲ့လိုသူငယ်ချင်းတွေရှိရင် စောင့်ကြည့်ပါ။

၃ နည်းပညာအသီးအပွင့်တွေကိုကောင်းမွန်စွာအသုံးချသူများ (30%)

ဖုန်းရဲ့ Specification တွေဟာ လက်ရှိအသုံးပြုနေတဲ့ Software တွေကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိတော့ပဲ စွမ်းဆောင်ရည်ကျဆင်းလာတဲ့အတွက် ၊ ဒါမှမဟုတ် OS Update ထပ်မရနိုင်တော့တဲ့အတွက် ပြောင်းလဲကြပါတယ်။ ကိုယ်တိုင်ကလည်း ဖုန်းနဲ့ပတ်သက်တဲ့ နည်းပညာအကြောင်းတွေ သေချာနားလည်သလို ဖုန်းမှာပါဝင်မယ့် Specification တွေကလည်း ဘယ်လောက် ကောင်းကောင်းအလုပ်လုပ်နိုင်တယ်ဆိုတာ သေသေချာခာျကိုသိနေပါတယ်။ ၎င်းတို့ဟာ ဖုန်းကို ကွန်ပျူတာတစ်လုံးလောက်အသုံးဝင်အောင်ကို ခိုင်းတတ်ကြသူများဖြစ်ပါတယ်။ ဒီလူတွေအတွက်တော့ Apple ပဲကိုင်ကိုင် Samsung ပဲကိုင်ကိုင် သာသာယာယာာပါပဲ။ ဘာဖုန်းကိုင်ကိုင် အကောင်းဆုံးရွေးချယ်ပြီး အကောင်းဆုံးအသုံးချမယ့်သူတွေပဲဖြစ်ပါတယ်။

ကဲ သင်ရော အပေါ်မှာ ဖော်ပြတဲ့ အမျိုးအစားတွေထဲမှာ အမှတ်စဉ် ဘယ်လောက်မှာပါဝင်နေလဲ ? သင့်သူငယ်ချင်းတွေကရော ဘယ်လို အမှတ်စဉ်တွေမှာ အများဆုံးပါနေတာတွေ့ရလဲ ? Comment မှာ အဖြေလေးပေးခဲ့နိုင်ပါတယ်။

Phone Hay Ko ( Akhayar )

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။