[Zawgyi]

ဒီရာသီမွာ မန္ယူအသင္း ေအာင္ျမင္မႈရဖုိ႔အတြက္ လုိအပ္ေနတဲ့ ကစားသမားမ်ား

ဒီရာသီမွာ မန္ယူအသင္း ႐ုန္းကန္ေနရတာကို အားလုံးအသိပဲျဖစ္ၿပီး ထိပ္ဆုံး(၄)သင္းစာရင္း၀င္ဖုိ႔ေတာင္ မနည္းႀကိဳးပမ္းေနရတယ္။ ရာသီမစခင္တုန္းက မန္ယူအသင္းကုိ ပရိသတ္ေတြ အမ်ားႀကီး ေမွ်ာ္လင့္ထားေပမယ့္ ေမာ္ရင္ဟုိ Mourinho ရဲ႕အသင္းက ထင္သေလာက္ ျဖစ္မလာဘူး။ ၂၀၁၃ ခုႏွစ္မွာ မန္ယူဂႏၳ၀င္ နည္းျပႀကီး ဖာဂူဆန္ Sir Alex Ferguson အနားယူခဲ့ၿပီးေနာက္ပုိင္း မန္ယူအသင္းဟာ ဖလား(၄)ခု (FA ၊ လိဂ္ဖလား၊ ယူ႐ုိပါလိဂ္၊ ကြန္ျမဴနတီဒုိင္း)သာ ဆြတ္ခူးထားတယ္။ အခုအခ်ိန္မွာ ၂၀၁၈-၁၉ ရာသီက အစပုိင္းသာ ရွိေသးလုိ႔ မန္ယူအသင္းအတြက္ ျပင္ဆင္ခ်ိန္ရေသးတယ္လုိ႔ ဆုိရမယ္။ လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေတြ မျဖစ္မေန ေခၚယူရမွာျဖစ္ၿပီး ဘယ္လုိကစားသမားေတြ လုိအပ္လဲဆုိတာ sportskeeda အားကစား၀က္ဘ္ဆုိက္က အခုလုိ ေဖာ္ျပခဲ့ပါတယ္။

အူစမန္ဒမ္ဘီလီ Ousmane Dembélé (ဘာစီလုိနာ)

Ousmane-Dembélé-

Ousmane-Dembélé-

အသက္ (၂၁)ႏွစ္သာ ရွိေသးတဲ့ ျပင္သစ္ၾကယ္ပြင့္ အူစမန္ဒမ္ဘီလီဟာ ဒီရာသီမွာ ဘာစီလုိနာအသင္းအတြက္ (၁၄)ပဲြကစားၿပီး (၆)ဂုိးသြင္း၊ ဂုိးဖန္တီးမႈ (၂)ႀကိမ္လုပ္ထားတယ္။ ဒီအခ်က္အလက္ေတြထက္ ပုိအေရးပါတာက သူ႔ရဲ႕ ကစားပုံက မန္ယူအသင္းနဲ႔ အံ၀င္ႏုိင္တယ္ဆုိတဲ့ အခ်က္ပါပဲ။ မန္ယူတိုက္စစ္မွာ အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sanchez က အားကုိးလုိ႔ မရတာေၾကာင့္ အဲဒီေနရာကုိ ဒမ္ဘီလီက အစား၀င္ႏုိင္တဲ့ အရည္အေသြးရွိပါတယ္။ ေတာင္ပံႏွစ္ဖက္မွာလည္း ကစားႏုိင္တဲ့အျပင္ မန္ယူအသင္းမွာ ျပင္သစ္အသင္းေဖာ္ေတြျဖစ္တဲ့ ေပါ့ဘာ Pogba ၊ မာစီယဲလ္ Martial တို႔ရိွေနလုိ႔ အဆင္ေျပေလာက္တယ္။ ဒါေပမဲ့ ဘာစီလုိနာအသင္းက ဒမ္ဘီလီရဲ႕အသက္အရြယ္၊ ေျခစြမ္းအရ ေနာက္ထပ္အမ်ားႀကီး ေမွ်ာ္လင့္ႏုိင္ေျခရွိလုိ႔ အလြယ္တကူ လက္လႊတ္ခံဖုိ႔ မရွိလုိ႔ မန္ယူအတြက္ အခက္အခဲျဖစ္ႏုိင္တယ္။

အယ္လ္ဒါ၀ီယဲလ္ Toby Alderweireld (စပါး)

Toby-Alderweireld

Toby-Alderweireld

လာမယ့္ ဇန္န၀ါရီက်ရင္ ေမာ္ရင္ဟုိဟာ ေနာက္ခံလူတစ္ဦးကုိ မျဖစ္မေန ေခၚယူေတာ့မွာျဖစ္ၿပီး အဲဒီအတြက္ အသင့္ေတာ္ဆုံးက အယ္လ္ဒါ၀ီယဲလ္ပါပဲ။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး Centre Backs ေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္သလုိ လုိအပ္ရင္ ညာေနာက္ခံလူအျဖစ္လည္း ကစားႏုိင္သူပါ။ သူ႔ရဲ႕ ပရီးမီးယားလိဂ္အေတြ႕အႀကံဳကလည္း မန္ယူအသင္းခံစစ္ကုိ ေကာင္းေကာင္း အေထာက္အကူျဖစ္ေစႏုိင္တယ္။ အယ္လ္ဒါ၀ီယဲလ္ရဲ႕ စာခ်ဳပ္သက္တမ္းက လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ ကုန္ဆုံးမွာျဖစ္ၿပီး စိန္ေခၚမႈ အသစ္ေတြ ရင္ဆုိင္ဖုိ႔ အသင္းက ထြက္ခြာဖုိ႔ရွိေနပါတယ္။ စပါးအသင္းအေနနဲ႔လည္း လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ အယ္လ္ဒါ၀ီယဲလ္ကုိ အလြတ္နဲ႔ မဆုံး႐ႈံးရေစဖုိ႔အတြက္ ဇန္န၀ါရီအေျပာင္းအေရႊ႕ ေစ်းကြက္မွာ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးရရင္ ေရာင္းခ်သြားမယ့္အေနအထားပါပဲ။

ဂရစ္ဇ္မန္း Antoine Griezmann (အက္သလက္တီကုိ)

Antoine-Griezmann

Antoine-Griezmann

တိုက္စစ္နဲ႔ ကြင္းလယ္ကို ခ်ိတ္ဆက္ေပးမယ့္ကစားသမား မရွိတဲ့ မန္ယူအသင္း ျပႆနာအတြက္ ဂရစ္ဇ္မန္းက အေျဖတစ္ခုျဖစ္လာမွာပါ။ ေမာ္ရင္ဟုိ လုိခ်င္ေနတာကလည္း ကြင္းလယ္အထိ ဆင္းၿပီး ကြင္းလယ္လူေတြနဲ႔ ခ်ိတ္ဆက္ႏုိင္မယ့္သူ၊ တန္ျပန္တိုက္စစ္ေတြမွာ အေကာင္းဆုံး ကစားႏုိင္မယ့္သူမ်ိဳးျဖစ္ပါတယ္။ ဂရစ္ဇ္မန္းဟာ ၿပီးခဲ့တဲ့ဇြန္လကမွ အက္သလက္တီကုိအသင္းနဲ႔ (၅)ႏွစ္စာခ်ပ္သက္တမ္းတိုးခဲ့ေပမယ့္ မန္ယူအသင္းသာ သူ႔ရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးကုိ ေပးေခ်မယ္ဆုိရင္ အေျပာင္းအလဲျဖစ္လာႏုိင္တယ္။

လက္ရွိအေနအထားအရေတာ့ မန္ယူအသငး္ဟာ ျပင္ဆင္မႈေတြ လုပ္ရေတာ့မွာပါ။ လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕က်ရင္ ဒီကစားသမား(၃)ဦးထဲက ဘယ္သူေရာက္လာမလဲ၊ ဒါမွမဟုတ္ တျခားကစားသမားသစ္ေတြပဲ ေရာက္ရွိလာမလားဆုိတာကေတာ့ . . .

REF:sportskeeda
Photo:Squawka,Daily Post Nigeria,Inews
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီမှာ မန်ယူအသင်း အောင်မြင်မှုရဖို့အတွက် လိုအပ်နေတဲ့ ကစားသမားများ

ဒီရာသီမှာ မန်ယူအသင်း ရုန်းကန်နေရတာကို အားလုံးအသိပဲဖြစ်ပြီး ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့တောင် မနည်းကြိုးပမ်းနေရတယ်။ ရာသီမစခင်တုန်းက မန်ယူအသင်းကို ပရိသတ်တွေ အများကြီး မျှော်လင့်ထားပေမယ့် မော်ရင်ဟို Mourinho ရဲ့အသင်းက ထင်သလောက် ဖြစ်မလာဘူး။ ၂၀၁၃ ခုနှစ်မှာ မန်ယူဂန္ထဝင် နည်းပြကြီး ဖာဂူဆန် Sir Alex Ferguson အနားယူခဲ့ပြီးနောက်ပိုင်း မန်ယူအသင်းဟာ ဖလား(၄)ခု (FA ၊ လိဂ်ဖလား၊ ယူရိုပါလိဂ်၊ ကွန်မြူနတီဒိုင်း)သာ ဆွတ်ခူးထားတယ်။ အခုအချိန်မှာ ၂၀၁၈-၁၉ ရာသီက အစပိုင်းသာ ရှိသေးလို့ မန်ယူအသင်းအတွက် ပြင်ဆင်ချိန်ရသေးတယ်လို့ ဆိုရမယ်။ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ မဖြစ်မနေ ခေါ်ယူရမှာဖြစ်ပြီး ဘယ်လိုကစားသမားတွေ လိုအပ်လဲဆိုတာ sportskeeda အားကစားဝက်ဘ်ဆိုက်က အခုလို ဖော်ပြခဲ့ပါတယ်။

အူစမန်ဒမ်ဘီလီ Ousmane Dembélé (ဘာစီလိုနာ)

Ousmane-Dembélé-

Ousmane-Dembélé-

အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ပြင်သစ်ကြယ်ပွင့် အူစမန်ဒမ်ဘီလီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် (၁၄)ပွဲကစားပြီး (၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်လုပ်ထားတယ်။ ဒီအချက်အလက်တွေထက် ပိုအရေးပါတာက သူ့ရဲ့ ကစားပုံက မန်ယူအသင်းနဲ့ အံဝင်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ မန်ယူတိုက်စစ်မှာ အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez က အားကိုးလို့ မရတာကြောင့် အဲဒီနေရာကို ဒမ်ဘီလီက အစားဝင်နိုင်တဲ့ အရည်အသွေးရှိပါတယ်။ တောင်ပံနှစ်ဖက်မှာလည်း ကစားနိုင်တဲ့အပြင် မန်ယူအသင်းမှာ ပြင်သစ်အသင်းဖော်တွေဖြစ်တဲ့ ပေါ့ဘာ Pogba ၊ မာစီယဲလ် Martial တို့ရှိနေလို့ အဆင်ပြေလောက်တယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းက ဒမ်ဘီလီရဲ့အသက်အရွယ်၊ ခြေစွမ်းအရ နောက်ထပ်အများကြီး မျှော်လင့်နိုင်ခြေရှိလို့ အလွယ်တကူ လက်လွှတ်ခံဖို့ မရှိလို့ မန်ယူအတွက် အခက်အခဲဖြစ်နိုင်တယ်။

အယ်လ်ဒါဝီယဲလ် Toby Alderweireld (စပါး)

Toby-Alderweireld

Toby-Alderweireld

လာမယ့် ဇန်နဝါရီကျရင် မော်ရင်ဟိုဟာ နောက်ခံလူတစ်ဦးကို မဖြစ်မနေ ခေါ်ယူတော့မှာဖြစ်ပြီး အဲဒီအတွက် အသင့်တော်ဆုံးက အယ်လ်ဒါဝီယဲလ်ပါပဲ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး Centre Backs တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သလို လိုအပ်ရင် ညာနောက်ခံလူအဖြစ်လည်း ကစားနိုင်သူပါ။ သူ့ရဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံကလည်း မန်ယူအသင်းခံစစ်ကို ကောင်းကောင်း အထောက်အကူဖြစ်စေနိုင်တယ်။ အယ်လ်ဒါဝီယဲလ်ရဲ့ စာချုပ်သက်တမ်းက လာမယ့်နှစ်၊ နွေရာသီကျရင် ကုန်ဆုံးမှာဖြစ်ပြီး စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ အသင်းက ထွက်ခွာဖို့ရှိနေပါတယ်။ စပါးအသင်းအနေနဲ့လည်း လာမယ့်နှစ်၊ နွေရာသီကျရင် အယ်လ်ဒါဝီယဲလ်ကို အလွတ်နဲ့ မဆုံးရှုံးရစေဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားမယ့်အနေအထားပါပဲ။

ဂရစ်ဇ်မန်း Antoine Griezmann (အက်သလက်တီကို)

Antoine-Griezmann

Antoine-Griezmann

တိုက်စစ်နဲ့ ကွင်းလယ်ကို ချိတ်ဆက်ပေးမယ့်ကစားသမား မရှိတဲ့ မန်ယူအသင်း ပြဿနာအတွက် ဂရစ်ဇ်မန်းက အဖြေတစ်ခုဖြစ်လာမှာပါ။ မော်ရင်ဟို လိုချင်နေတာကလည်း ကွင်းလယ်အထိ ဆင်းပြီး ကွင်းလယ်လူတွေနဲ့ ချိတ်ဆက်နိုင်မယ့်သူ၊ တန်ပြန်တိုက်စစ်တွေမှာ အကောင်းဆုံး ကစားနိုင်မယ့်သူမျိုးဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ဇွန်လကမှ အက်သလက်တီကိုအသင်းနဲ့ (၅)နှစ်စာချပ်သက်တမ်းတိုးခဲ့ပေမယ့် မန်ယူအသင်းသာ သူ့ရဲ့စာချုပ်လျော်ကြေးကို ပေးချေမယ်ဆိုရင် အပြောင်းအလဲဖြစ်လာနိုင်တယ်။

လက်ရှိအနေအထားအရတော့ မန်ယူအသင်းဟာ ပြင်ဆင်မှုတွေ လုပ်ရတော့မှာပါ။ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ဒီကစားသမား(၃)ဦးထဲက ဘယ်သူရောက်လာမလဲ၊ ဒါမှမဟုတ် တခြားကစားသမားသစ်တွေပဲ ရောက်ရှိလာမလားဆိုတာကတော့ . . .

REF:sportskeeda
Photo:Squawka,Daily Post Nigeria,Inews
Naing Linn(Akhayar)
www.akhayar.com