[Zawgyi]

မန္စီးတီးအသင္းေခၚယူလိုေနတဲ႔ ကြင္းလယ္ကစားသမား (၃)ဦး

မန္စီးတီးအသင္းဟာ လက္ရိွပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးအသင္းဆိုတာ အားလံုးအသိပါပဲ။ ေနရာတစ္ခုအတြက္ ကစားသမားေကာင္း(၂)ဦးရိွေနသလို ကစားသမားေတြအားလံုးဟာလည္း ေျခစြမ္းေကာင္းမြန္ၾကျပီး လက္ရိွမွာ ပံုစံေကာင္းရေနၾကပါတယ္။ ဒါေပမယ္႔ အသင္းရဲ႕ နည္းျပ ဂြါဒီယိုလာ Guardiola ကေတာ႔ အားရေသးပံုမရဘဲ အသင္းရဲ႕ကြင္းလယ္ကို အားျဖည္႔ဖို႔ၾကိဳးစားေနပါတယ္။ ဒါေၾကာင္႔ Akhayar Sports ပရိ္သတ္ေတြအတြက္ မန္စီးတီးအသင္းေခၚယူလိုေနတဲ႔ ကြင္းလယ္ကစားသမား (၃)ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။

(၃) ၀ိုင္ဂယ္ Weigl

Weigl

Weigl

ေဒါ႔မြန္အသင္းရဲ႕ ဂ်ာမနီလူငယ္ကစားသမား ၀ိုင္ဂယ္ Weigl ဟာ ဒီစာရင္းမွာ ပါ၀င္ေနပါတယ္။ လက္ရိွမွာ ၀ိုင္ဂယ္ ကိုေခၚယူဖို႔ အာဆင္နယ္အသင္းက စိတ္၀င္စားေနသလို မန္စီးတီးအသင္းနဲ႔ ၀ိုင္ဂယ္ရဲ႕ သတင္းေတြဟာ သိပ္မထြက္တာေၾကာင္႔ ျဖစ္လာႏိုင္ေျခနည္းတယ္လို႔ ယူဆရပါလိမ္႔မယ္။

(၂) ဖရန္ကီ ဒီယြန္း Frenkie De Jong

Frenkie-De-Jong

Frenkie-De-Jong

ေအဂ်က္စ္အသင္းရဲ႕ နယ္သာလန္လူငယ္ ၾကယ္ပြင္႔ ဒီယြန္း Frenkie De Jong ကိုေတာ႔ ဥေရာပထိပ္တန္းကလပ္အသင္းတိုင္း လိုိလိုကေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ ဒီယြန္း ကိုေခၚယူႏိုင္ဖို႔အတြက္ မန္စီးတီးအသင္းဟာ ေရပန္းစားေနျပီး ထိပ္ဆံုးမွာရိွေနသလို သူ႔ရဲ႕ကစားဟန္အရလည္း ဂြါဒီယိုလာရဲ႕ အသင္းမွာဆို အခုထက္ပိုျပီးေတာက္ပလာႏိုင္ပါတယ္။ မန္စီးတီးအသင္းဟာ ဒီယြန္း ကို ကလပ္အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ႔ ေပါင္(၇၅)သန္းနဲ႔ ေခၚယူဖို႔ရိွေနသလို ဂြါဒီယိုလာရဲ႕ ထိပ္တန္းပစ္မွတ္ကစားသမားလည္း ျဖစ္ေနတာေၾကာင္႔ ဘာေတြျဖစ္လာမလဲဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

(၁) အစၥကို Isco

Isco

Isco

ဂြါဒီယိုလာ စပိန္သားတစ္ေယာက္ျဖစ္တာဟာ အစၥကို Isco မန္စီးတီးအသင္းကို ေရာက္လာႏိုင္တဲ႔ အေၾကာင္းအရင္းေတြထဲကတစ္ခုပါ။ မန္စီးတီးအသင္းဟာ အစၥကို ရဲ႕ ရီးယဲလ္အသင္း အေျခအေနကို အၿမဲေစာင္႔ၾကည္႔ေနတဲ႔ အသင္းျဖစ္ျပီး ေျခစြမး္လည္းေကာင္း ၊ အေတြ႔အၾကံဳလည္းရိွသလို ဒီယြန္းေလာက္လည္း ေငြသံုးစြဲရမွာမဟုတ္တာေၾကာင္႔ အစၥကို ဟာ ဒီစာရင္းရဲ႕ ထိပ္ဆံုးေနရာမွာရိွေနတာပါ။ လက္ရိွမွာလည္း အစၥကို ဟာ ရီးယဲလ္အသင္းကေန ထြက္ခြာဖို႔ ရိွတယ္လို႔ သတင္းေတြထြက္ေပၚေနတာေၾကာင္႔ အေနအထားေတြဟာ ေစာင္႔ၾကည္႔ခ်င္စရာပါပဲ။

Ref: Sportskeeda
Photo: VICE Sports , 101 Great Goals , Sporting News , Sportskeeda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်စီးတီးအသင်းခေါ်ယူလိုနေတဲ့ ကွင်းလယ်ကစားသမား (၃)ဦး

မန်စီးတီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းဆိုတာ အားလုံးအသိပါပဲ။ နေရာတစ်ခုအတွက် ကစားသမားကောင်း(၂)ဦးရှိနေသလို ကစားသမားတွေအားလုံးဟာလည်း ခြေစွမ်းကောင်းမွန်ကြပြီး လက်ရှိမှာ ပုံစံကောင်းရနေကြပါတယ်။ ဒါပေမယ့် အသင်းရဲ့ နည်းပြ ဂွါဒီယိုလာ Guardiola ကတော့ အားရသေးပုံမရဘဲ အသင်းရဲ့ကွင်းလယ်ကို အားဖြည့်ဖို့ကြိုးစားနေပါတယ်။ ဒါကြောင့် Akhayar Sports ပရိသတ်တွေအတွက် မန်စီးတီးအသင်းခေါ်ယူလိုနေတဲ့ ကွင်းလယ်ကစားသမား (၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

(၃) ဝိုင်ဂယ် Weigl

Weigl

Weigl

ဒေါ့မွန်အသင်းရဲ့ ဂျာမနီလူငယ်ကစားသမား ဝိုင်ဂယ် Weigl ဟာ ဒီစာရင်းမှာ ပါဝင်နေပါတယ်။ လက်ရှိမှာ ဝိုင်ဂယ် ကိုခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေသလို မန်စီးတီးအသင်းနဲ့ ဝိုင်ဂယ်ရဲ့ သတင်းတွေဟာ သိပ်မထွက်တာကြောင့် ဖြစ်လာနိုင်ခြေနည်းတယ်လို့ ယူဆရပါလိမ့်မယ်။

(၂) ဖရန်ကီ ဒီယွန်း Frenkie De Jong

Frenkie-De-Jong

Frenkie-De-Jong

အေဂျက်စ်အသင်းရဲ့ နယ်သာလန်လူငယ် ကြယ်ပွင့် ဒီယွန်း Frenkie De Jong ကိုတော့ ဥရောပထိပ်တန်းကလပ်အသင်းတိုင်း လိုလိုကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီယွန်း ကိုခေါ်ယူနိုင်ဖို့အတွက် မန်စီးတီးအသင်းဟာ ရေပန်းစားနေပြီး ထိပ်ဆုံးမှာရှိနေသလို သူ့ရဲ့ကစားဟန်အရလည်း ဂွါဒီယိုလာရဲ့ အသင်းမှာဆို အခုထက်ပိုပြီးတောက်ပလာနိုင်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီယွန်း ကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၇၅)သန်းနဲ့ ခေါ်ယူဖို့ရှိနေသလို ဂွါဒီယိုလာရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားလည်း ဖြစ်နေတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

(၁) အစ္စကို Isco

Isco

Isco

ဂွါဒီယိုလာ စပိန်သားတစ်ယောက်ဖြစ်တာဟာ အစ္စကို Isco မန်စီးတီးအသင်းကို ရောက်လာနိုင်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါ။ မန်စီးတီးအသင်းဟာ အစ္စကို ရဲ့ ရီးယဲလ်အသင်း အခြေအနေကို အမြဲစောင့်ကြည့်နေတဲ့ အသင်းဖြစ်ပြီး ခြေစွမ်းလည်းကောင်း ၊ အတွေ့အကြုံလည်းရှိသလို ဒီယွန်းလောက်လည်း ငွေသုံးစွဲရမှာမဟုတ်တာကြောင့် အစ္စကို ဟာ ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေတာပါ။ လက်ရှိမှာလည်း အစ္စကို ဟာ ရီးယဲလ်အသင်းကနေ ထွက်ခွာဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အနေအထားတွေဟာ စောင့်ကြည့်ချင်စရာပါပဲ။

Ref: Sportskeeda
Photo: VICE Sports , 101 Great Goals , Sporting News , Sportskeeda
Ko Kyue(Akhayar)
www.akhayar.com