[Zawgyi]

ေခြ်းထြက္မ်ားရလြန္းတဲ့အေၾကာင္းရင္း (၃)ခ်က္နဲ႔ ကုသနည္းမ်ား

လူသားေတြရဲ႕ ခႏၶာကိုယ္ဆိုတာ ေရဓါတ္ေတြနဲ႔ အမ်ားဆံုးဖြဲ႕စည္းထားတဲ့ အရာပါ။ ခႏၶာကိုယ္ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္လုပ္ၿပီးတဲ့အခ်ိန္ပဲျဖစ္ျဖစ္၊ မ်ိဳး႐ိုးဗီဇေၾကာင့္ပဲျဖစ္ျဖစ္၊ ေနထိုင္စားေသာက္မႈေၾကာင့္ပဲျဖစ္ျဖစ္ ေခြ်းထြက္မ်ားတတ္ၾကပါတယ္။ ဒါေပမယ့္ ခႏၶာကိုယ္မွာ လိုအပ္တဲ့ပမာဏထက္ ေခြ်းအထြက္မ်ားၿပီး ေရဓါတ္ေတြဆံုးရံႈးတဲ့အခါ က်န္းမာေရးအတြက္ပါ အေႏွာင့္အယွက္ျဖစ္လာႏိုင္ပါတယ္။ အဲ့ဒါမို႔ ဘာ့ေၾကာင့္ေခြ်းထြက္မ်ားရလဲဆိုတဲ့ အဓိကအေၾကာင္းရင္း (၃) ခ်က္ကို ေလ့လာၾကည့္လိုက္တဲ့အခါ-

(၁) အေဖ၊ အေမ၊ အကိုေမာင္ဖြား မိဘမ်ိဳး႐ိုးေၾကာင့္ ေခြ်းထြက္လြန္ျခင္း

Primary Hyperhidrosis (PH) လို႔ ေခၚတဲ့ မိသားစုမ်ိဳး႐ိုးအလိုက္ ေခြ်းထြက္မ်ားတဲ့ အေျခအေနမ်ိဳးပါ။ ပညာရွင္ေတြကေတာ့ ဒီလိုမ်ိဳး႐ိုးအလိုက္ ေခြ်းထြက္မ်ားရတဲ့ အေၾကာင္းအရင္းကို တိတိပပ မသိၾကေပမယ့္ ေသခ်ာတာကေတာ့ ကိုယ့္ခႏၶာကိုယ္ထဲမွာ ရွိတဲ့ ဂလင္းအိတ္ေတြက ပိုႀကီးၿပီး ပိုမ်ားေနတာေၾကာင့္မဟုတ္ပါဘူးတဲ့။

(၂) ဆိုးဆိုးရြားရြားက်န္းမာေရးအေျခအေနတစ္ခုေၾကာင့္ေခြ်းထြက္လြန္ျခင္း

အဝလြန္တာေတြ၊ ဆီးခ်ိဳနဲ႔ သိုင္းရြိဳက္အက်ိတ္ႀကီးမားတဲ့ေရာဂါေတြေၾကာင့္လည္းျဖစ္တတ္ပါတယ္။

(၃) ေသာက္သံုးေနတဲ့ေဆးဝါးေတြေၾကာင့္ ေခြ်းထြက္လြန္ျခင္း

ႏွလံုးေဆး၊ ေသြးအားေကာင္းေဆးနဲ႔ တျခားပိုးသတ္ေဆးေတြေၾကာင့္လည္း ေခြ်းထြက္လြန္ေစပါတယ္။

အဲ့လို မ်ိဳး႐ိုးမိဘလိုက္တဲ့အေျခအေနမ်ိဳး၊ ေရာဂါတစ္ခုခုေၾကာင့္ ေခြ်းထြက္မ်ားတဲ့အျဖစ္မ်ိဳး မၾကာခနျဖစ္တဲ့အခါ သာမန္အေျခအေနမွာဆိုရင္ေတာ့ အရမ္းမဆိုးဝါးေပမယ့္ လူစည္ကားရာအရပ္မ်ိဳးေတြမွာေတာ့ လက္ေမာင္းေအာက္အက်ႌေပၚမွာပါ ေခြ်းကြက္ႀကီးထင္လာတာေတြ၊ လက္ေတြ၊ ေျခေထာက္ေတြမွာ ေခြ်းေၾကာင့္ ေျခဆီေတြထြက္လာတာေတြ၊ မ်က္ႏွာနဲ႔ ႏႈတ္ခမ္းေတြေပၚမွာ ေခြ်းေတြထြက္လာတာမ်ိဳးေတြက် ကိုယ့္လူမႈဝန္းက်င္မွာပါ ေနရထိုင္ရစိတ္မလံုျခံဳဘဲ ရွက္မိလာတတ္ပါတယ္။

အဲ့လိုျဖစ္ရျခင္းက ခႏၶာကိုယ္ထဲက PH ဓါတ္ေတြေၾကာင့္ျဖစ္လာတာျဖစ္ၿပီး ဒီလို မ်ိဳး႐ိုးေၾကာင့္ ေခြ်းထြက္မ်ားတာကို ေလွ်ာ့ခ်ေပးဖို႔ဆိုရင္ေတာ့ ကြ်မ္းက်င္ဆရာဝန္ေတြနဲ႔ ေဆးရံုေဆးခန္းေတြရဲ႕ ၫႊန္ၾကားခ်က္အရ ဝယ္ယူသံုးစြဲလို႔ရတဲ့ ေခြ်းတိတ္ေဆးေတြရွိပါတယ္။ ဒါေပမယ့္ အဲ့ဒီေဆးေတြဟာ Aluminium Chloride ပါဝင္မႈမ်ားတာေၾကာင့္ အလြန္အကြ်ံသံုးစြဲမိရင္ေတာ့ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္လာေစတဲ့ဆိုးက်ိဳးေတြရွိပါတယ္။

ေနာက္တစ္မ်ိဳးကာကြယ္ႏိုင္တာက ေခြ်းထြက္မ်ားတဲ့ ခ်ိဳင္းၾကားေနရာေတြကို Botox ထိုးျခင္းပါ။ ဒီႏိုင္ငံမွာေတာ့ သိပ္ေခတ္မစားေသးေပမယ့္ အေနာက္ႏိုင္ငံေတြမွာေတာ့ ထိုးလာၾကပါၿပီ။ အဓိကက ခႏၶာကိုယ္တြင္း ေခြ်းေပါက္က်ယ္တဲ့ေနရာေတြကို ထိုးတာျဖစ္ၿပီး ေခြ်းေပါက္ဂလင္းေတြကို အဲ့ဒီေဆးက ပိတ္ဆို႔ေစတာပါ။ ၾကာလာရင္ေတာ့ ႂကြက္သားေတြကို ထိခိုက္လာႏိုင္ပါတယ္။

ေနာက္တမ်ိဳးကေတာ့ Iontophorsis လို႔ေခၚတဲ့ ကုသနည္းပါ။ ေခြ်းအဆီထြက္မ်ားတဲ့ ေျခေထာက္ေတြ၊ လက္ေတြကို လွ်ပ္စီးေၾကာင္းေပ်ာ့ေပ်ာ့ေလးျဖတ္ထားတဲ့ Iontophorsis Device ကိုအသံုးျပဳထားတဲ့ ေရထဲစိမ္ေနရတဲ့နည္းပါ။

Miradry ဆိုတဲ့နည္းကေတာ့ အျပင္းထန္ဆံုး နည္းလမ္းပါပဲ။ Microwave စြမ္းအင္ကိုသံုးၿပီး ေခြ်းဂလင္းေတြကို အၿပီးပိုင္ ေခ်ဖ်က္လိုက္တာမ်ိဳးပါ။ အခ်ိန္ၾကာၾကာခံႏိုင္ေပမယ့္ ေစ်းလည္းအႀကီးဆံုးလို႔ ဆိုရမေလာက္ပါ။ တစ္ခါကုသရင္ US$ 2000 မွ 3000 ဝန္းက်င္ထိ ကုန္က်ပါတယ္။

ဒီနည္းလမ္းေတြကေတာ့ ႐ိုး႐ိုးသာမန္ေခြ်းထြက္တဲ့ပမာဏထက္ အလြန္အကြ်ံေခြ်းထြက္တတ္တဲ့သူေတြအတြက္ အဆင္အေျပဆံုး နည္းလမ္းေတြပဲျဖစ္ပါတယ္။ အဲ့ဒီလို ေခြ်းထြက္မ်ားလြန္းလို႔ ေရဓါတ္ဆံုးရံႈးတတ္တဲ့သူေတြကေတာ့ မၾကာခဏ ေရဓါတ္ျပန္လည္ျဖည့္တင္းေပးေနဖို႔ လိုပါတယ္။

EiEiKhineMinn (Akhayar)

[Uniocode]

ချွေးထွက်များရလွန်းတဲ့အကြောင်းရင်း (၃)ချက်နဲ့ ကုသနည်းများ

လူသားတွေရဲ့ ခန္ဓာကိုယ်ဆိုတာ ရေဓါတ်တွေနဲ့ အများဆုံးဖွဲ့စည်းထားတဲ့ အရာပါ။ ခန္ဓာကိုယ်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန်ပဲဖြစ်ဖြစ်၊ မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ်၊ နေထိုင်စားသောက်မှုကြောင့်ပဲဖြစ်ဖြစ် ချွေးထွက်များတတ်ကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ပမာဏထက် ချွေးအထွက်များပြီး ရေဓါတ်တွေဆုံးရှုံးတဲ့အခါ ကျန်းမာရေးအတွက်ပါ အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါမို့ ဘာ့ကြောင့်ချွေးထွက်များရလဲဆိုတဲ့ အဓိကအကြောင်းရင်း (၃) ချက်ကို လေ့လာကြည့်လိုက်တဲ့အခါ-

(၁) အဖေ၊ အမေ၊ အကိုမောင်ဖွား မိဘမျိုးရိုးကြောင့် ချွေးထွက်လွန်ခြင်း

Primary Hyperhidrosis (PH) လို့ ခေါ်တဲ့ မိသားစုမျိုးရိုးအလိုက် ချွေးထွက်များတဲ့ အခြေအနေမျိုးပါ။ ပညာရှင်တွေကတော့ ဒီလိုမျိုးရိုးအလိုက် ချွေးထွက်များရတဲ့ အကြောင်းအရင်းကို တိတိပပ မသိကြပေမယ့် သေချာတာကတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဂလင်းအိတ်တွေက ပိုကြီးပြီး ပိုများနေတာကြောင့်မဟုတ်ပါဘူးတဲ့။

(၂) ဆိုးဆိုးရွားရွားကျန်းမာရေးအခြေအနေတစ်ခုကြောင့်ချွေးထွက်လွန်ခြင်း

အဝလွန်တာတွေ၊ ဆီးချိုနဲ့ သိုင်းရွိုက်အကျိတ်ကြီးမားတဲ့ရောဂါတွေကြောင့်လည်းဖြစ်တတ်ပါတယ်။

(၃) သောက်သုံးနေတဲ့ဆေးဝါးတွေကြောင့် ချွေးထွက်လွန်ခြင်း

နှလုံးဆေး၊ သွေးအားကောင်းဆေးနဲ့ တခြားပိုးသတ်ဆေးတွေကြောင့်လည်း ချွေးထွက်လွန်စေပါတယ်။

အဲ့လို မျိုးရိုးမိဘလိုက်တဲ့အခြေအနေမျိုး၊ ရောဂါတစ်ခုခုကြောင့် ချွေးထွက်များတဲ့အဖြစ်မျိုး မကြာခနဖြစ်တဲ့အခါ သာမန်အခြေအနေမှာဆိုရင်တော့ အရမ်းမဆိုးဝါးပေမယ့် လူစည်ကားရာအရပ်မျိုးတွေမှာတော့ လက်မောင်းအောက်အကျႌပေါ်မှာပါ ချွေးကွက်ကြီးထင်လာတာတွေ၊ လက်တွေ၊ ခြေထောက်တွေမှာ ချွေးကြောင့် ခြေဆီတွေထွက်လာတာတွေ၊ မျက်နှာနဲ့ နှုတ်ခမ်းတွေပေါ်မှာ ချွေးတွေထွက်လာတာမျိုးတွေကျ ကိုယ့်လူမှုဝန်းကျင်မှာပါ နေရထိုင်ရစိတ်မလုံခြုံဘဲ ရှက်မိလာတတ်ပါတယ်။

အဲ့လိုဖြစ်ရခြင်းက ခန္ဓာကိုယ်ထဲက PH ဓါတ်တွေကြောင့်ဖြစ်လာတာဖြစ်ပြီး ဒီလို မျိုးရိုးကြောင့် ချွေးထွက်များတာကို လျှော့ချပေးဖို့ဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆေးရုံဆေးခန်းတွေရဲ့ ညွှန်ကြားချက်အရ ဝယ်ယူသုံးစွဲလို့ရတဲ့ ချွေးတိတ်ဆေးတွေရှိပါတယ်။ ဒါပေမယ့် အဲ့ဒီဆေးတွေဟာ Aluminium Chloride ပါဝင်မှုများတာကြောင့် အလွန်အကျွံသုံးစွဲမိရင်တော့ စပ်ဖျဉ်းဖျဉ်းဖြစ်လာစေတဲ့ဆိုးကျိုးတွေရှိပါတယ်။

နောက်တစ်မျိုးကာကွယ်နိုင်တာက ချွေးထွက်များတဲ့ ချိုင်းကြားနေရာတွေကို Botox ထိုးခြင်းပါ။ ဒီနိုင်ငံမှာတော့ သိပ်ခေတ်မစားသေးပေမယ့် အနောက်နိုင်ငံတွေမှာတော့ ထိုးလာကြပါပြီ။ အဓိကက ခန္ဓာကိုယ်တွင်း ချွေးပေါက်ကျယ်တဲ့နေရာတွေကို ထိုးတာဖြစ်ပြီး ချွေးပေါက်ဂလင်းတွေကို အဲ့ဒီဆေးက ပိတ်ဆို့စေတာပါ။ ကြာလာရင်တော့ ကြွက်သားတွေကို ထိခိုက်လာနိုင်ပါတယ်။

နောက်တမျိုးကတော့ Iontophorsis လို့ခေါ်တဲ့ ကုသနည်းပါ။ ချွေးအဆီထွက်များတဲ့ ခြေထောက်တွေ၊ လက်တွေကို လျှပ်စီးကြောင်းပျော့ပျော့လေးဖြတ်ထားတဲ့ Iontophorsis Device ကိုအသုံးပြုထားတဲ့ ရေထဲစိမ်နေရတဲ့နည်းပါ။

Miradry ဆိုတဲ့နည်းကတော့ အပြင်းထန်ဆုံး နည်းလမ်းပါပဲ။ Microwave စွမ်းအင်ကိုသုံးပြီး ချွေးဂလင်းတွေကို အပြီးပိုင် ချေဖျက်လိုက်တာမျိုးပါ။ အချိန်ကြာကြာခံနိုင်ပေမယ့် ဈေးလည်းအကြီးဆုံးလို့ ဆိုရမလောက်ပါ။ တစ်ခါကုသရင် US$ 2000 မှ 3000 ဝန်းကျင်ထိ ကုန်ကျပါတယ်။

ဒီနည်းလမ်းတွေကတော့ ရိုးရိုးသာမန်ချွေးထွက်တဲ့ပမာဏထက် အလွန်အကျွံချွေးထွက်တတ်တဲ့သူတွေအတွက် အဆင်အပြေဆုံး နည်းလမ်းတွေပဲဖြစ်ပါတယ်။ အဲ့ဒီလို ချွေးထွက်များလွန်းလို့ ရေဓါတ်ဆုံးရှုံးတတ်တဲ့သူတွေကတော့ မကြာခဏ ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနေဖို့ လိုပါတယ်။

EiEiKhineMinn (Akhayar)